Thursday, 2 October 2014

အိမ်ထောင်ရေးမှာ တကယ်ပျော်ရွှင်ရသူစုံတွဲများ ပြုမူလေ့ရှိတဲ့ အမူအကျင့်များ









တစ်ဦးနဲ့တစ်ဦး နားလည်မှုရှိရှိ၊ သစ္စာရှိရှိ ချစ်ခင်ကြင်နာတတ်တဲ့အတွဲဟာ များသောအားဖြင့် မြဲကြပါတယ်။ အဲ့ဒီလိုမြဲတဲ့အတွဲတွေ၊ အိမ်ထောင်ရှင်တွေမှာ တွေ့ရလေ့ရှိတဲ့ အမူအကျင့်လေးတွေကတော့

၁။ အိပ်ယာအတူဝင်တတ်ကြတယ်။

အိမ်ထောင်သည်တွေဟာ ယူပြီးစအချိန်ကာလတွေမှာသာ အိပ်ယာအတူဝင်တတ်ကြတာပါ။ အိမ်ထောင်ကျပြီး တစ်နှစ်လောက်ဆို တစ်ယောက်က အရင်အိပ်နှင့်တယ်။ နောက်တစ်ယောက်က တီဗီရှေ့ကျန်ခဲ့တဲ့ အဖြစ်မျိုးတွေ များလာတတ်ကြပါတယ်။ အိပ်ယာအတူဝင်တယ်ဆိုတာ လိင်ကိစ္စအတွက် ပြောနေခြင်း မဟုတ်ပါဘူး။ အနည်းဆုံး ညတိုင်းအိပ်ယာအတူဝင်တယ်ဆိုတာ နေ့တစ်နေ့ကို အတူတူ အဆုံးသတ်တဲ့ သဘောပါပဲ။ အိပ်ခါနီး စကားလေး တပြောပြောနဲ့ လုပ်တတ်တဲ့ အတွဲတွေ၊ တစ်ယောက်ရင်ခွင်ထဲ တစ်ယောက်ဝင်ပြီး ကြည်ကြည်နူးနူး အိပ်တတ်တဲ့ အတွဲမျိုးတွေဟာ ဘယ်လောက်ကြာကြာ ပြတ်ဖို့ခဲယဉ်းပါတယ်။

၂။အကြိုက်တွေ တူကြတယ်။

ကိုယ်ဘာလုပ်မယ်၊ သူဘာလုပ် ဆိုတာမျိုး အထူးတိုင်ပင်စရာ မလိုပဲ အကြိုက်ချင်း၊ သဘောထားချင်း တိုက်ဆိုင်နေတတ်ကြတဲ့ အတွဲမျိုးတွေပေါ့။ ညှိလုပ်နေရာတာမျိုး မဟုတ်ပဲ နှစ်ယောက်သား အမြဲတမ်း တူညီနေတတ်တာမျိုးကို ပြောတာပါ။

၃။တစ်ဦးနဲ့တစ်ဦး ကြင်ကြင်နာနာ ရှိကြတယ်။

တွဲတာ နှစ်နဲ့ချီလာလို့ တစ်ယောက်လက်တောင် တစ်ယောက်မကိုင်တော့တာမျိုး၊ အိမ်ထောင်သက်တမ်းရှိလာလို့ နဖူးလေးနမ်းတာ၊ ပါးလေးနမ်းတာ၊ ပွေ့ဖက်တာမျိုးတွေ နည်းလာတာမျိုး မရှိပဲ ချစ်ခင်ကြင်နာစကအတိုင်း တစ်ဦးနဲ့တစ်ဦး မြတ်မြတ်နိုးနိုး ရှိနေတတ်ကြတယ်။

၎။တစ်ဦးနဲ့တစ်ဦး ဆူပူကြိမ်းမောင်းနေတာမျိုးတွေ မလုပ်ကြဘူး။

အကြောင်းမရှိ ကိုယ်စိတ်မရှည်တိုင်း ကိုယ့်ချစ်သူကို အော်လိုက်၊ ငေါက်လိုက် စတာတွေ ဘယ်တော့မှ မလုပ်ဘူး။ တစ်ဖက်လူရဲ့ လုပ်ရပ်က စိတ်အနှောင့်အယှက်ဖြစ်ရင်တောင် ဘာ့ကြောင့်ဒီလိုဖြစ်ရသလဲဆိုတာ ပွင့်ပွင့်လင်းလင်း မေးတယ်၊ ပြောတယ်။ အပြစ်တင်တာမျိုး တတ်နိုင်သလောက် မလုပ်ကြဘူး။

၅။နှစ်ဦးသားဆုံချိန်တိုင်း အနမ်းလေးပေးပြီး ချစ်တယ်ဆိုတဲ့အကြောင်း ပြောတယ်။

အချိန်တွေ ကြာသွားလို့ ချစ်တယ်ဆိုတာ ပြောစရာမလိုတော့ဘူးလို့ ထင်ရင်မှားပါလိမ့်မယ်။ မြဲတဲ့အတွဲတွေဟာ သူတို့ဘယ်လောက်ချစ်တဲ့အကြောင်း အမြဲပြောလေ့ရှိသူတွေပါ။ တွေ့တဲ့အခါတိုင်းလည်း အနမ်းပန်းတစ်ပွင့်လောက်တော့ ခြွေလိုက်တာချည်းပါပဲ။

၆။တစ်ဦးနဲ့တစ်ဦး ဘယ်တော့မှ မေ့မနေကြဘူး။

အလုပ်တွေ ဘယ်လောက်ရှုပ်ရှုပ်၊ ဘယ်လောက် အရေးကြီးတဲ့ အလုပ်တွေလုပ်လုပ် ကိုယ့်ချစ်သူကို သတိတရရှိတတ်ကြတယ်။ သတိရနေတယ်ဆိုတဲ့အကြောင်းလည်း တစ်နည်းနည်းနဲ့ ကိုယ့်ချစ်သူကို အသိပေးတတ်ကြတယ်။

၇။ဘယ်သွားသွား အတူတူ ပဲ။

အတတ်နိုင်ဆုံး နှစ်ဦးသားအတူတူ အပြင်သွားတတ်ကြတယ်။ အတူရှိနေရအောင်လည်း ကြိုးစားတတ်ကြတယ်။

၈။သူ့သူငယ်ချင်း၊ ကိုယ့်သူငယ်ချင်းတွေနဲ့လည်း အဆင်ပြေအောင် နေကြတယ်။

ဟိုဘက်၊ ဒီဘက် အသိမိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ အဆင်ပြေအောင် နေကြတယ်။ ဒါမှရေရှည်မှာ အဆင်ပြေမယ်လို့လည်း သူတို့တွေးကြတယ်။

၉။လုပ်ရိုးလုပ်စဉ်တွေကို ချိုးဖောက်ပြီး ချစ်တတ်ကြတယ်။

နေ့တိုင်း ဒီအချိန်ပဲ ဖုန်းခေါ်တာမျိုး မဟုတ်ပဲ အရမ်းသတိရတဲ့အချိန် ဘယ်အချိန်မဆို ဖုန်းခေါ်တယ်။ တစ်ဦးနဲ့တစ်ဦး ချိန်းမထားပဲ တွေ့လိုက်ကြတယ်။ အမှတ်တရလေးတွေ ဖန်တီးကြတယ်။

၁၀။နှစ်ဦးသားဆုံတဲ့အချိန်တိုင်း ကျန်တာတွေကို မေ့ထားတတ်ကြတယ်။

နှစ်ယောက်ဆုံပြီဆိုတာနဲ့ လက်ထဲက ဖုန်းတွေကို ခပ်ဝေးဝေးထားလိုက်ကြတယ်။ တစ်ဦးကိုတစ်ဦး အလေးထားတယ်။ ကျန်တာတွေအားလုံးကို လျစ်လျူရှုပစ်လိုက်ကြတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar

သီတင်းကျွတ်ရင် ဖတ်စေချင်(စုံတွဲများအတွက် အထူးသီးသန့်)














သီတင်းကျွတ်ရင် မင်္ဂလာဆောင်တွေ လာပါတော့မယ်။ ခေတ်လူငယ်တွေအတွက် ခေတ်ဆေးပညာအရ အကြံပေးပါရစေ။ ခေတ်လူငယ်တွေထဲမှာ မိဘစကား သိပ်နားမထောင်သူတွေလဲရှိတယ်။ မိဘစကားနားမထောင်ရင် ဆရာဝန့်စကားလဲ လိုက်နာမယ်တော့ မထင်ပါ။ ဒါပေမဲ့ အိမ်ထောင်ပြုတာမှာတော့ ကိုယ့်သဘောချည်းမပြီးတာကို သိလာပါလိမ့်မယ်။ ကိုယ့်အိမ်ထောင်ဘက်၊ ဆွေတွေမျိုးတွေ စသူတွေမပါရင် မြန်မာ့ထုံးစံမှာ အိမ်ထောင်ပြုတဲ့အရာ မပြည့်စုံပါ။ နားထောင်ရမှာတွေ တိုးလာပါပြီ။ ဆရာဝန့်စကားလဲ နဲနဲလေးဖြစ်ဖြစ် နားထောင်ကြည့်ကြပါ။

(က) လိင်ကတဆင့်ကူးစက်ရောဂါတွေဆိုတာ -
၁။ (ဂနိုရီးယား)
၂။ (ဆစ်ဖလစ်)
၃။ (ကလာမိုင်ဒီးယား)
၎။ လိင်လမ်း-ရေယုံ
၅။ (ထရွိုင်ကိုမိုးနပ်စ်)
၆။ (ရှန်ကာရွိုက်)
၇။ LGV (လင်ဖိုဂရင်ညူလိုမား-ဗနီးရီးယမ်း)
၈။ PID တင်ပါးဆုံတွင်း အင်္ဂါများရောင်ခြင်း
၉။ အသဲရောင် (ဘီ)
၁ဝ။ HIV/AIDS ခုခံအားကျရောဂါတွေဖြစ်ပါတယ်။

သူ့မှာ ကူးစက်ရောဂါတွေရှိသလား။ ကိုယ့်မှာကော အဲတာတွေကင်းရှင်းရဲ့လား။ လိင်ကတဆင့် ကူးစက်ရောဂါတွေကို စစ်ဆေးသင့်တယ်။ အများစုရောဂါတွေက ရောဂါ မပြဘဲ ပိုးရှိနေတာမျိုး ဖြစ်နိုင်တယ်။ သိလိုက်တာနဲ့ ဆေးကုလိုက်ရင် အိမ်ထောင်ပြုတဲ့ အချိန်မှာ အိမ်ထောင်ဘက်ကို ဒုက္ခမပေးနိုင်တော့ပါ။ တချို့ရောဂါတွေက သောက်ဆေးနဲ့ ရတယ်။ တချို့လဲ ဆေး ၃ လုံးထိုးတာနဲ့ပြီးတယ်။ ရောဂါရှိမှန်း မသိဘဲ အိမ်ထောင်ပြုလိုက်ရင် ဇနီး-ခင်ပွန်းကိုသာမက မွေးလာမဲ့ ကလေးတွေကိုပါ ဒုက္ခပေးမယ်။

(ခ) လက်မထပ်ခင် သွေးအုပ်စုစစ်ခြင်း
“အေ-ဘီ-အို” သွေးအုပ်စုမတူသူတွေ လက်ထပ်လို့ ဘာမှမဖြစ်ပါ။ Rh-ve ရှိသူအချင်ချင်း အိမ်ထောင်ပြုတာ စိုးရိမ်စရာ မရှိပါ။ မိန်းမက RH-ve နဲ့ ယောက်ျားက RH+ve ဖြစ်နေရင် သူတို့ကနေမွေးမဲ့ကလေးဟာ RH+ve ဖြစ်ဘို့ အခွင့်အလမ်း ၅ဝ% ရှိနိုင်တယ်။ အဲလို ဖြစ်နေရင်တော့ ပြဿနာတက်မယ်။ ကလေးရဲ့သွေးနဲ့ မအေသွေးတွေ အမျိုးမတူကြဘူး။

ကလေးအတွက် အန္ကရာယ်ရှိမယ်။ မိခင်ရဲ့ ဆန့်ကျင်တဲ့ (အင်တီဘော်ဒီ) တွေက တိုက်ခိုက်ခံရတော့ သွေးနီဥတွေ နည်းပြီး သွေးအားနည်းမယ်၊ ဖြစ်ရိုးဖြစ်စဉ်မဟုတ်တဲ့ အသားဝါရောဂါရမယ်၊ ဦးနှောက်ညံ့မယ်၊ ကြာရင် နှလုံးရောဂါရမယ်။ ဗိုက်ထဲမှာတင် သေနိုင်တယ်။ မွေးပြီး မကြာခင်လဲ သေနိုင်တယ်။ မွေးလာတဲ့ ကလေးမှာ သွေးရောဂါ ရမယ်ဆိုရင် သွေးလဲတာ လုပ်ရတယ်။

လူတွေမှာ Rh (+) ဖြစ်သူ 90.35% နဲ့ Rh (-) ဖြစ်သူ 9.65% ရှိတယ်။ (အာရ်အိတ်ခ်ျ) အနုတ်ရှိသူတွေက အာရှမှာက ပိုများတယ်။ Rh -ve ကိုယ်ဝန်ဆောင်ကို Rhogam ဆေးထိုးပေးရတယ်။ Anti-D globulin (RhoGAM) ဆေးပေးရင် မိခင် ၉၉% မှာ Anti-Rh (အင်တီဘော်ဒီ) တွေ ဖြစ်မလာစေနိုင်ဘူး။ ကိုယ်ဝန် ၂၈ ပါတ်မှာနဲ့ မွေးပြီး ၇၂ နာရီအတွင်းပေးတယ်။ ပဌမကိုယ်ဝန်မှာ မဆိုးတာများတယ်။ ဒုတိယကလေးဆိုရင် RH+ve ဖြစ်ဘို့ ၂၅-၅ဝ% ရှိတယ်။ ပဌမ ကိုယ်ဝန်ဆောင်တုံးက သွေးထဲမှာ ဖြစ်နေခဲ့ပြီးသား (အင်တီဘော်ဒီ) တွေက များနေပြီမို့ ဒုတိယကိုယ်ဝန် ဖြစ်နေတဲ့ အထဲကကလေးကို ဆိုးဆိုးဝါးဝါး တိုက်ခိုက်တော့မယ်။ မွေးစကလေးမှာ ဒီရောဂါဖြစ်မှာကို ဗိုက်ထဲကတည်းက သွေးလဲတာနဲ့ ကုနိုင်သေးတယ်။

(ဂ) ခေတ်လူငယ်တွေအတွက် အကြံပေးချက်
ကူးစက်ရောဂါတွေနဲ့ သွေးအုပ်စုအပြင် သိစရာတွေရှိပါသေးတယ်။ ကျန်းမာရေးမေးခွန်းတွေ ဖြေနေတာကြာလာတော့ ကနေ့မြန်မာလူငယ်တွေ၊ လူကြီးတွေမှာ ဘာဖြစ်နေတယ်ဆိုတာ ကောင်းကောင်းသိပါတယ်။
• ရာသီ မမှန်သူတွေ OG ပြပါ။
• မင်္ဂလာဆောင်ရက်နဲ့ ရာသီလာမဲ့ရက် တိုက်ဆိုင်လို့ ရာသီရက်ပြောင်းချင်ရင်လဲ လုပ်ပေးနိုင်ပါတယ်။
• သားအိမ်ဝ (သားအိမ်ခေါင်း) ကင်ဆာ ကာကွယ်ဆေး ထိုးထားပါ။
• တယောက်ယောက်မှာ (ဘီ) ပိုးရှိနေရင် ကျန်တဲ့သူ (ဘီ) ကာကွယ်ဆေးထိုးပါ။
• အသက်ငယ်လွန်းသူတွေနဲ့ ကြီးလွန်းသူတွေ လက်ထပ်ကြရင် သူများတွေထက် ပိုဂရုစိုက်ပါ။
• ကိုယ်ဝန်ရှိ-မရှိ ဆီးစစ်ပါ။ နောက်မှ ဆရာဝန်ကိုလှမ်းမေးလို့ ဖြေနေရတာ မနည်းလှပါ။
• လက်မထပ်ခင်က တားဆေး၊ အရေးပေါ်တားဆေး၊ ဖျက်ဆေး သောက်ထားဘူးရင် ကိုယ့်ကျန်းမာရေးရာဇဝင်ကို မမေ့ပါနဲ့။
• တခုခုဖြစ်ရင် ယုံကြည်စိတ်ချတဲ့ ဆရာဝန်ကိုရှာပါ။ ဆရာဝန်ကတော့ ကျေးဇူးပြုပြီး မညာပါနဲ့။
• ယောက်ျားလေးများလဲ ဆက်ဆံရေးကိစ္စတွေမှာ အားနည်းချက်ရှိနေတယ်ဆိုရင် ဆရာဝန်ကိုမေးဘို့ မရှက်ပါနဲ့။
• ကိုယ်ဝန်မယူချင်သေးရင် ကိုယ်ဝန်တားနည်း-တားဆေးတွေကို စနစ်တကျသုံးတတ်ဘို့ ကြိုတင်သိထားပါ။

ကိုယ်ရောစိတ်ပါ ကျန်းမာသန်စွမ်းပြီး ဥာဏ်ပညာ ထက်မြက်ထူးချွန်တဲ့၊ စိတ်ထားလဲကောင်းကြတဲ့ မြန်မာနိုင်ငံသားတွေကို မွေးထုတ်ပေးကြပါ။ ဒါမှ ကနေ့ ရင်ဆိုင်နေကြရတဲ့ ဒုက္ခသုက္ခတွေကို ဖြေရှင်း ကယ်တင်နိုင်မဲ့သူတွေ ပေါ်ပေါက်လာပါမယ်။ အားကိုးပါရစေ။

ဖိုးသူတော်(www.phothutaw.com)
Credit :  ဒေါက်တာတင့်ဆွေ

ဆရာရှင့် အပြင်မှာ ကိစ္စပြီးရင် ကိုယ်ဝန် ရှိနိုင်သေးရဲ့လား









မေး။ ။ ဆရာ ဆူဒိုနင်ရှင့်…

သမီး သိလိုသည့် အချက်အလက်များကို အနည်းငယ် မေးမြန်းလိုပါသည်ရှင့်…

သမီးက အိမ်ထောင်ကျပြီးသူတစ်ယောက် ဖြစ်ပါတယ်။ အိမ်ထောင်သက်ကတော့ ခြောက်လပြည့်ပါတော့မယ်။ ပွင့်ပွင့်လင်းလင်း မေးရမယ်ဆိုရင် ယောက်ျားနဲ့ မိန်းမ ဆက်ဆံကြတဲ့အခါမှာ ယောက်ျားလေးက သူ့ကိစ္စ ပြီးတဲ့အခါ အပြင်မှာ ပြီးတယ်ပဲ ဆိုပါတော့။ အဲ့လို ဆိုလို့ ရှိရင် မိန်းကလေးမှာ ကိုယ်ဝန် မရှိနိုင်ဘူးလို့ မှတ်သားခဲ့ဖူးပါတယ်။

တကယ်လည်း သမီးတို့ လင်မယား အဲ့လိုပဲ နေထိုင်ပါတယ်။ (သမီးက ဆေးသောက်ရမှာ ကြောက်လို့ပါ။) ဒါပေမယ့် တစ်ကြိမ်ကို တစ်ခါပဲ ဆက်ဆံတာပါ။ (ပြောရမယ် ဆိုရင်တော့ တစ်ရက်ကို တစ်ကြိမ်၊ တစ်ကြိမ်ကို တစ်ခါပဲလို့ ဆိုလိုတာပါရှင့်။)

အူအတက်ရောင်ခြင်း ...အကြောင်း



ဗိုက်နာသည့်အကြောင်းများစွာရှိသည့်ထဲ့မှ အူအတက်ရောင်ခြင်းကြောင့် ဗိုက်နာခြင်း တစ်မျိုးလည်းရှိပါသည် ။ အူအတက်ရောင်လျှင် ဗိုက်နာသည့်နေရာက

ခရီးသွားစဉ် အဖြစ်များသော ကျန်းမာရေး ပြသာနာများ




ဝမ်းလျှောခြင်း
ခရီးသွားစဉ် အဖြစ်များဆုံး ကျန်းမာရေး ပြဿနာကတော့ ဝမ်းလျှောခြင်းပါ။ ဒါကြောင့် ခရီးသွားနေစဉ်ကာလမှာ ဝမ်းလျှောတာကို ကာကွယ်ဖို့ အစားအသောက်တွေကို သန့်ရှင်းအောင် အထူးဂရုစိုက်သင့်ပါတယ်။ စနစ်တကျနဲ့ သေချာ ကျက်အောင် ချက်ပြုတ်ပြင်ဆင် ထားတာ မဟုတ်တဲ့ ဘယ်လိုအစာကိုမှ

သင်သိထားသင့်သည့် တုပ်ကွေးရောဂါနှင့် ရိုးရိုး အအေးမိရောဂါ ကွာခြားချက်

…………………



ရိုးရိုး အအေးမိသောရောဂါ မှာ တဖြည်းဖြည်းဖြစ်စေပါသည် ။ တုပ်ကွေးရေးဂါမှာ ရုတ်တရက် ဖြစ်စေပါသည်။

ရိုးရိုးအအေးမိသောရောဂါမှာ အဖျားရောဂါ မပြ ၊ အဖျားရောဂါ အသင့်အတင့်ဘဲ ဖြစ်ပေါ်တက်ပါသည်။( ၃၈ စင်တီဂရိတ် အောက်သာရှိ )
တုပ်ကွေးရောဂါမှာ အဖျားကြီးခြင်း ဖြစ်ပေါ်ပါသည် ။ ( ၃၈ နှင့် ၄၁ စင်တီဂရိတ် အကြားတွင် ဖြစ်ပေါ် )

ရိုးရိုးအအေးမိခြင်းမှာ ခေါင်းကိုက်ခြင်း မရှိပါ ။ တုပ်ကွေးရောဂါမှာ ခေါင်းကိုက်ခြင်း ဖြစ်ပေါ်ခံစားနေရပါသည် ။

ရိုးရိုး အအေးမိခြင်းမှာ ခန္ဓာကိုယ့်ကြွက်သားများ ကိုက်ခဲခြင်းသည် သာမန်အသင့်အတင့်သာရှိနေတတ်ပြီး မောပန်းခြင်းလည်း အသင့်အတင့်သာ ဖြစ်ပေါ်ပြီး တုပ်ကွေးသမားများမှာ ကြွက်သားများ ပြင်းထန်းနာကျင်တတ်ပါသည် ။ မောပန်းခြင်းတွင် ပြင်းထန်းစွာ ဖြစ်ပေါ်တတ်ပါသည် ။

ရိုးရိုးအအေးမိခြင်းကြောင့် လည်ခြောင်းနာခြင်း ဖြစ်ပေါ်တက်ပြီး ချောင်းဆိုးသည့် လက္ခဏာများသောအားဖြင့် မရှိတတ်ပါဘူး ။ တုပ်ကွေးရောဂါတွင် လည်ခြောင်းနာခြင်း တစ်ခါတရံသာဖြစ်တတ်ပြီး ချောင်းဆိုးခြင်းများ ဖြစ်ပေါ်ပါသည် ။

ရိုးရိုးအအေးမိခြင်းတွင် နှာချေခြင်းများ ဖြစ်ပေါ်တတ်ပြီး တုပ်ကွေးရောဂါဖြစ်သူတွင် ရံဖန်ရံခါသာ ဖြစ်ပေါ်တတ်ပါသည် ။

ရိုးရိုးအအေးမိခြင်းဖြစ်ပေါ်သည့် ကြာမြင့်သည့် ရက်မှာ အကြမ်းအားဖြင့် ၃ - ၄ ရက်သာ ဖြစ်ပေါ်စေတတ်ပြီး ။

တုပ်ကွေးရောဂါ၏ ကြာမြင့်သည့်ရက်မှာ အကြမ်းအားဖြင့် ၇ - ၁၀ ရက်အထိ ဖြစ်ပေါ်ခံစားရနိုင်တတ်သည် ။

ကျန်းမာရေးအသိများရရှိပြီး အသက်ရာကျော်ရှည်ပါစေ ။


Credit - Mg Mandalay`s Facebook 

Huawei ဖုန်း Android Version 4.1.1 တွေမှာ root လုပ်စရာမလိုဘဲ Myanmar Fontထည့်မယ်

Huawei ဖုန်း Android Version 4.1.1 တွေမှာ root လုပ်စရာမလိုဘဲ Myanmar Font ထည့်လို့ ရတဲ့နည်းလေးပါ တစ်ချို့ မသိတဲ့သူတွေကမသိသေးပါဘူး ဒါကြောင့်လိုအပ်မယ်ထင်လို့  တင်ပေးလိုက်ပါတယ် အရင်ဆုံး ဖုန်းထဲမှာTheme တစ်ခုကို Download ဆွဲရပါမယ် Themeထဲမှာ မြန်မာFontပါပြီးသားပါ 7.87MBရှိပါတယ်

Themeကိုဒီမှာဒေါင်းလော့ရယူပါ

ပြီးတော့ ဒေါင်းလော့ဆွဲပြီးသား ဖိုင်လေးကိုSD Card ထဲက HWThemes ဆိုတဲ့ Folder ထဲကိုထည့်လိုက်ပါ  ပြီးရင် မိမိ ဖုန်းရဲ့ Theme ထဲမှာ Elegance ဆိုတဲ့ Theme တစ်ခုရောက်နေပါလိမ့်မယ် အဲ့ဒီ့ Theme ကို Apply လုပ်လိုက်ပါ ပြီးရင် Theme With Font ဆိုတာလေးရွေးပေးလိုက်ပါ...ဒါဆိုရင်မြန်မာ Font ကိုသုံးလို့ရပါပြီ... အဆင်မပြေတာရှိရင်တော့
 khingsoeomg@gmail.comသို့ မေးမြန်းနိင်ပါသည်။

 Admin ခိုင်စိုး(ရောသမမွှေ)