Friday, 3 October 2014

Android OS application များကို full version ဖြစ်အောင်လုပ်ပေးမယ်-Lucky Patcher v4.8.2 Apk


Android application တွေကို fullversion ဖြစ်အောင်လုပ်ပေးမယ့်LuckyPatcher ဆော့ဖ်ဝဲ လေးတစ်ခုပါ။
တချို့သောAndroid apk တွေဟာဆိုရင်"လိုင်စင်ကီး"တောင်းတာတို့ဝယ်ခိုင်းတာတို့ ပြီးတော့မျက်စိနောက်
စရာကြော်ငြာတွေပါနေတာမျိုးတွေရှိတတ်ပါတယ်။အဲလိုမျိုးဖြစ်နေတဲ့apkတွေကိုအခုဒီsoftwareလေးကFull
Versionဖြစ်အောင် ပြုလုပ်ပေးပါလိမ့်မယ်။Android apk တွေကို လိုင်စင်ကီးတောင်းရင် ဒါလေးနဲ့ ထပ်မတောင်းတော့အောင် ဖြုတ်ပေးလို့ရပါတယ်​။ဒါ့အပြင် Google Ads ဖြုတ်တာတို့ License Verfication ဖြုတ်တာတို့မှာပါတော်တော်အဆင်ပြေစေပါတယ်။android apk တွေကို full version ဖြစ်အောင်လုပ်ပေးနိုင်တဲ့ဆော့ဖ်ဝဲ လို့တောင်မှနာမည်ကြီးပါတယ်။အဲ တခုရှိတာက ဒီဆော့ဖ်ဝဲကိုသုံးမယ်ဆိုရင်တော့မိမိတို့ဖုန်းဟာRooted ဖြစ်ထားရပါမယ်Root ဖြစ်ပြီးသားဖုန်းတွေပဲအသုံးပြုလို့ရမှာပါ။
apk file size 3.7 MB လောက်ပဲရှိပြီး androidversion2.0 နှင့်အထက်ဖုန်းများ ဒီဆော့ဖ်ဝဲ ကိုအသုံးပြုနိုင်ပါတယ်။Ram manager pro ​ဆော့ဖ်​ဝဲအားလိုင်​စင်​ဖြုတ်​ပုံကို​အောက်​မှာပုံနဲ့ရှင်းပြ​ပေးထားပါတယ်​ ။ အရင်​ဆုံးLucky pacther apk ​ကိုဖွင့်​ဝင်​ပါ။ပြီးရင်​ကိုယ်​လိုင်​စင်​ဖြုတ်​မယ့်​apkကို​ရွေးလိုက်​ ပါ။ကျ​နော်​အခု Ram manager pro ​ဆောဖ့်​ဝဲအားလိုင်​စင်​ဖြုတ်​ပုံကိုဥပမာရှင်းပြ​ပေးပါမယ်​။Post ကိုကြိုက်တယ်ဆိုရင် share ဖြင့်ကူညီးပေးပါဗျာ။

Lucky Patcher is a great Android tool to remove ads, modify Permissions, bypass premium applications license verification, and more.
You can use this patcher to break some apps Android Market License Verification or other Verifications.
To use this application, you need a rooted device.
All credits to ChelpuS.
Know:
Although stable, functioning of Lucky Patcher can’t be guaranteed at 100%.
So you are solely responsible of use of this application.
Under no circumstances will Netbew be responsible for any problems caused to your device (rebooting loop, unstable system, etc…).


image
image
image
image
image
image

အဆင့် ၁ အောက်မှာ Download Here ဆိုတာကိုနှိပ်ကိုက်ပါ။
အဆင့် ၂ Adfly မှာ 5 seconds လောက်စောင့် ပေးပါ။
အဆင့် ၃ << SKIP AD>> ကို နှိပ်ပေးပါ။
အဆင့် ၄ Download link ကျလာပါလိမ့်မယ်။
အဆင့် ၅ ဖိုင့်လေးကိုဒေါင်းပေးလိုက်ပါ။
အဆင့် ၆ အဆင်ပြေပါသွားပြီး
 Download Here

အတုအစစ်ခွဲရန် ခက်ခဲလာသည့် ကျပ်တစ်သောင်းတန် ငွေစက္ကူအတုများ

စစ်ဆေးရန်နှင့် ပြည်သူများ ငွေတုငွေစစ်ခွဲခြားနိုင်ရေး ထုတ်ပြန်ပေးရန် လိုအပ်နေ

ငွေကြိုးနှင့် ကြာပန်းပုံရေစာ ပါဝင်နေပြီး မျက်နှာပြင်ပါ ကြမ်းတမ်းနေမှုကြောင့် ခွဲခြားရခက်သော်လည်း ကြာပန်းပုံရေစာ ပိတ်နေမှုကြောင့် အတုအဖြစ်ခွဲနိုင်ကာ ပုဂ္ဂလိကဘဏ်တစ်ခုမှ အပေါက်ဖောက်လိုက်သည့် ငွေတုနှင့် အစစ်ပုံအား ယှဉ်တွဲတွေ့ရစဉ်

အတုအစစ်ခွဲခြားရန် ခက်ခဲလာသည့် ကျပ်တစ်သောင်းတန် ငွေစက္ကူအတုများ မကြာခဏ တွေ့ရှိနေပြီး ငွေတုများအား ပြည်သူများခွဲခြားနိုင်မှု မရှိခြင်းကြောင့် နစ်နာမှုများ ကြုံတွေ့နေရသဖြင့် စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်နိုင်ရန်နှင့် ငွေတုငွေစစ်အား ပြည်သူများခွဲခြားနိုင်ရန် မြန်မာနိုင်ငံဗဟိုဘဏ်က ထုတ်ပြန်ပေးရန် လိုအပ်လာနေကြောင်း သတင်းရရှိသည်။


“ဘဏ်မှာ ငွေသွားလွှဲတဲ့အချိန်မှာ ကျွန်တော့်ပိုက်ဆံ တစ်သောင်းကျပ်တန်ကို အတုဆိုပြီး သိမ်းမယ်လုပ်တယ်။ ကျွန်တော်က သိမ်းတော့မသိမ်းပါနဲ့။ သုံးမရအောင်လုပ်ပြီး ပြန်ပေးပါပြောမှ အပေါက်ဖောက်ပြီး ပြန်ပေးတယ်။ ဒီပိုက်ဆံကို ဘယ်အချက်ကြောင့် အတုဆိုတာသိအောင် နှစ်ရက်လောက် စဉ်းစားလိုက်ရတယ်။ ကျွန်တော်တို့ နည်းမျိုးစုံကိုင်ကြည့်တယ်။ အကုန်နီးပါးတူတယ်။ ၁ဝဝဝဝ လို့ရေးထားတဲ့ စာလုံးကလည်း ဖောင်းကြွပါပါတယ်” ဟု ကျပ်တစ်သောင်းတန် ငွေစက္ကူအတုအား တွေ့ရှိခဲ့သူတစ်ဦးက ရှင်းလင်းပြောကြားသည်။


အစစ်နှင့် အလွန်တူသည့် တစ်သောင်းကျပ်တန် အတုများတွင် ရေစာ (water-mark) ပါဝင်ခြင်း၊ ငွေကြိုးပါဝင်ခြင်းနှင့် ယခင်ကထွက်ရှိသည့် ငွေတုများကဲ့သို့ မျက်နှာပြင် ချောမွေ့နေခြင်းမရှိဘဲ နေရာတိုင်းနီးပါးတွင် အစစ်နှင့် ခွဲရခက်အောင် ကြမ်းတမ်းနေခြင်း စသည့်အချက်များကြောင့် ကျပ်တစ်သောင်းတန် ငွေစက္ကူ အစစ်နှင့် ခွဲရခက်လာခြင်းဖြစ်ကြောင်း Myanmar Property Market place လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။


“ကျွန်တော်က ဘဏ်လောကက မဟုတ်ပေမယ့် ကျွန်တော့်အစ်ကိုက ဘဏ်လောကကပါ။ ဒီပိုက်ဆံအတုကို တွေ့တဲ့အချိန်မှာ ကျွန်တော်တို့ဝိုင်းစစ်ဆေးတော့ ဒီပိုက်ဆံမှာ ငွေကြိုးနဲ့ ကြာပန်းပုံရေစာကပဲ သိသိသာသာ ကွာခြားနေတယ်။ ကျွန်တော်တို့ ဒီပိုက်ဆံကို တွေ့ခဲ့တာက လှည်းတန်းမှာရှိတဲ့ ဈေးဝယ်စင်တာတစ်ခုမှာ တွေ့ခဲ့တာပါ” ဟု Myanmar Property Market place မှ တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၁၄ ရက်တွင် ပြောကြားသည်။


အဆိုပါ ငွေအတုနှင့် အစစ်အား နှိုင်းယှဉ်ကြည်မှုအရ အရှေ့မျက်နှာတွင်ပါဝင်သည့် ရောင်ပြန်ကြိုးမှာ ဘယ်ညာရှုထောင့်ပြောင်း၍ လှုပ်ပြီးကြည့်ပါက အစစ်တွင် အရောင်ပြောင်း၍ ငွေစက္ကူအတုတွင် အရောင်ပြောင်းလဲမှုမရှိကြောင်း သိရသည်။


“ဘဏ်ဝန်ထမ်းတွေ အနေနဲ့တော့ အခုအချိန်ထိ ခွဲခြားနိုင်နေတုန်းပါပဲ။ သာမန်လူတွေကတော့ သတိထားသင့်တယ်” ဟု ဘဏ်နှင့်ငွေကြေးဆိုင်ရာ အကြံပေးလုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာက ပြောကြားသည်။


ထို့ပြင် ကြာပန်းပုံ ရေစာနေရာတွင် အထူအပါး ကွာခြားခြင်း၊ အချောအကြမ်းကွာခြားခြင်းကို တွေ့ရှိရပြီး ငွေစက္ကအစစ်မှာ ပါး၍ကြမ်းတမ်းပြီး အတုမှာထူထဲ၍ ချောမွေ့နေသည်။ ယင်းအပြင် ငွေစက္ကူအတု၏ရေစာမှာ ပိုမိုကြီးမားနေပြီး အလင်းရောင်တွင်ကြည့်ရှုပါက အတုမှာ ပို၍အလင်းပိတ်သည်ဟု Myanmar Property Marketplace တွင် ဖော်ပြထားချက်အရ သိရသည်။


“သာမန်လူတွေကတော့ သိချင်မှသိမှာလေ။ ကျွန်တော်တို့ ဘဏ်ဝန်ထမ်းတွေကတော့ သိတယ်။ အစစ်လားအတုလားဆိုတာ ချက်ချင်းခွဲနိုင်အောင် ကျွမ်းကျင်တယ်လေ။ ဗဟိုဘဏ်ကိုလည်း လှမ်းမေးကြည့်ပါ။ သူတို့မှာ အတုအစစ်ခွဲတဲ့ နည်းတွေက အများကြီးပါ။ သူတို့က ပင်တိုင်ပဲလေ။ သူတို့ဆီမှာ သတင်းအစုံအလင် ရောက်တယ်။ အတုနဲ့အစစ် ခွဲရခက်တယ်ဆိုတာတော့ အခုမှကြားဖူးတယ်။ ကျွန်တော်တို့ကတော့ မခက်ဘူးထင်တာပဲ။ အရင်တုန်းက စူပါဒေါ်လာတောင် ပေါ်ဖူးတယ်။ ဒါကလည်း စစ်လိုက်ရင်သိတာပဲ။ အတုအစစ်ခွဲတဲ့ စက်တွေလည်း ရှိနေတာပဲ။ အတုက အတုပါပဲ။ အခု ကျွန်တော်တို့ ငွေစက္ကူတွေ ထုတ်နေတာကလည်း ဂျာမနီနည်းပညာနဲ့ ထုတ်နေတာပါ။ အဆင့်မြင့်ပါတယ်။ နောက်ပြီး အတုက ဘယ်လိုမှ စက္ကူ နှစ်ထပ်နဲ့ မဖြစ်နိုင်ဘူး။ စက်ကြီးတွေက အကြီးကြီးတွေ၊ ကုန်ကျစရိတ်က အရမ်းများသွားမယ်” ဟု ကမ္ဘောဇဘဏ်ဒုဥက္ကဋ္ဌနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အကြံပေးဖြစ်သူ ဦးသန်းလွင်က စက်တင်ဘာ ၁၄ ရက်က ပြောကြားသည်။


    ကျပ် ၅ဝဝဝ တန်ငွေစက္ကူအတုများမှာ မကြာခဏ တွေ့ရှိနေရသဖြင့် ပြည်သူများ သတိပြုနိုင်ရန် ကျပ် ၅ဝဝဝ တန် ငွေစက္ကူအတုနှင့် အစစ်အကြား ကွာခြားချက်များအား ထုတ်ပြန်ပေးထားပြီး ငွေစက္ကူအတုတွင် စက္ကူထောင့်ဖြတ်ရာ ပါရှိခြင်း၊ ငွေစက္ကူ၏ ဘယ်ဘက်ထောင့်အလယ်၌ ဗဟိုဘဏ်မှ ရိုက်နှိပ်ဖော်ပြထားသည့် လုံခြုံရေးအမှတ်အသားဖြစ်သည့် ရေစာမပါရှိခြင်း၊ လုံခြုံ ရေးအမှတ်အသား တစ်ခုဖြစ်သည့် ငွေကြိုးပေါ်တွင် ငွေစက္ကူတန်ဖိုးအား ဖော်ပြသည့်စာသား မပါရှိခြင်း၊ ငွေစက္ကူ၏ ညာဘက်ထောင့်အလယ်၌ ဗဟိုဘဏ်က ရိုက်နှိပ်ထားသည့် ရေစာမပါရှိခြင်း စသည့်ခြားနားချက်များရှိကြောင်း . . . . .


ထိုသို့ သုံးသပ်ချက်အရ ငွေတုငွေစစ် ခွဲခြားရာတွင် ပြည်သူများအတွက် အသိပညာပေးရန်နှင့် အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးရန် လိုအပ်သည့်အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဒုဥက္ကဋ္ဌဒေါက်တာဆက်အောင်အား ဖုန်းဖြင့်ဆက်သွယ် မေးမြန်းသည့်အပြင် စာဖြင့်ပါ ဆက်သွယ်မေးမြန်းခဲ့သော်လည်း တုံ့ပြန်ဖြေဆိုမှု မရှိချေ။


ထိုသို့ ဘဏ်ဝန်ထမ်းများသာ အတုနှင့်အစစ် ခွဲခြားနိုင်နေပြီး သာမန်ပြည်သူများအနေနှင့် ခွဲခြားနိုင်မှုမရှိပါက နစ်နာမှုများနှင့် စိတ်မကောင်းစရာအဖြစ်များ တွေ့ကြုံရနိုင်ပြီး ကျပ်တစ်သောင်းတန်များအား သေချာစွာစစ်ဆေးသင့်ကြောင်း ဦးသန်းလွင်က ပြောကြားသည်။


“ကျွန်တော်တို့ ဗဟိုဘဏ်ကိုမေးကြည့်တော့ နယ်စပ်တွေမှာ နွားတွေဘာတွေ သွားရောင်းပြီး ငွေတုတွေရတယ်။ အဲဒါကို ဗဟိုဘဏ်သွားအပ်တဲ့အခါမှာ ပြဿနာလေးတွေ ဖြစ်တယ်ဆိုတာမျိုးတော့ ပြောဖူးတယ်။ အဲဒီလိုဆိုတော့ ဗဟိုဘဏ်ဒုဥက္ကဋ္ဌလာတော့ မေးကြည့်တယ်။ ဗဟိုဘဏ်မှာတော့ ငွေစက္ကူ အတုနဲ့အစစ် ခွဲတဲ့စက်ကြီးတော့ ဝယ်ထားတယ်လို့ သိရတယ်။ ဟိုတုန်းကတော့ ကျွန်တော်တို့မှာ ဆန်ရှင်ရှိနေတော့ ကျွန်တော်တို့ ဂျာမနီကဝယ်ထားတဲ့ စက်တွေရဲ့ ဆေးတွေရော၊ အပိုပစ္စည်းတွေရော ဆယ်နှစ်လောက် ဝယ်လို့မရတာ ဖြစ်ခဲ့ဖူးတယ်။ ၂ဝ၁၁ နောက်ပိုင်းလွှတ်တော်တွေ ပြန်စချိန်မှာ အမေရိကန်ရဲ့ ဆန်ရှင်ကလည်း တဖြည်းဖြည်း လျော့လာတဲ့အချိန်မှာ ဆေးတွေ အပိုပစ္စည်းတွေ ပြန်ဝယ်လို့ရလာတယ်။ နိုင်ငံတကာအဆင့်မီ ငွေထုတ်လာနိုင်ပါတယ်။ သို့သော်လည်း သူတို့ထပ်ပြောတာက အမေရိကန်ဒေါ်လာမှာတောင် အတုအစစ်ဆိုတာ ရှိတာပဲ။ တုတယ်ဆိုတာကတော့ အဖိုးတန်တဲ့ပစ္စည်းမှာ တုတာပဲလေ။ တစ်သောင်းတန်၊ ငါးထောင်တန်ပဲ တုတာပေါ့လေ။ တစ်ထောင်တန်တို့ ငါးရာတန်တို့ကတော့ တုခဲတာပေါ့။ ၁ဝဝ ကျပ်တန်ဆိုရင် အတုတောင် မလုပ်ဖူးလို့ ကျွန်တော်တို့ အကြမ်းဖျင်းတော့ သိထားပါတယ်” ဟု ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က စက်တင်ဘာ ၁၄ ရက်တွင် ပြောကြားသည်။


မြန်မာနိုင်ငံတွင် ဒုတိယတန်ဖိုးအမြင့်ဆုံး ငွေစက္ကူဖြစ်သည့် ကျပ် ၅ဝဝဝ တန် ငွေစက္ကူအား ၂ဝဝ၉ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် စတင်သုံးစွဲခဲ့ပြီး ကျပ် ၁ဝဝဝဝ တန် ငွေစက္ကူကို ၂ဝ၁၂ ခုနှစ် ဇွန် ၁၅ ရက်မှစတင်၍ ပြည်သူများအကြား လှည့်လည်သုံးစွဲနိုင်ရန် ထုတ်ဝေခဲ့ခြင်းဖြစ်သည်။


ကျပ် ၅ဝဝဝ တန်ငွေစက္ကူအတုများ မကြာခဏတွေ့ရှိပြီးနောက် အစစ်နှင့်ခွဲခြားရခက်လာသည့် ကျပ် ၁ဝဝဝဝ တန် ငွေစက္ကူအတုများ ပြည်သူများအကြားတွင် ပျံ့နှံ့လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ကျပ် ၅ဝဝဝ တန်ငွေစက္ကူအတုများမှာ မကြာခဏ တွေ့ရှိနေရသဖြင့် ပြည်သူများ သတိပြုနိုင်ရန် ကျပ် ၅ဝဝဝ တန် ငွေစက္ကူအတုနှင့် အစစ်အကြား ကွာခြားချက်များအား ထုတ်ပြန်ပေးထားပြီး ငွေစက္ကူအတုတွင် စက္ကူထောင့်ဖြတ်ရာ ပါရှိခြင်း၊ ငွေစက္ကူ၏ ဘယ်ဘက်ထောင့်အလယ်၌ ဗဟိုဘဏ်မှ ရိုက်နှိပ်ဖော်ပြထားသည့် လုံခြုံရေးအမှတ်အသားဖြစ်သည့် ရေစာမပါရှိခြင်း၊ လုံခြုံ ရေးအမှတ်အသား တစ်ခုဖြစ်သည့် ငွေကြိုးပေါ်တွင် ငွေစက္ကူတန်ဖိုးအား ဖော်ပြသည့်စာသား မပါရှိခြင်း၊ ငွေစက္ကူ၏ ညာဘက်ထောင့်အလယ်၌ ဗဟိုဘဏ်က ရိုက်နှိပ်ထားသည့် ရေစာမပါရှိခြင်း စသည့်ခြားနားချက်များရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ထုတ်ပြန်ထားမှုအရ သိရသည်။


ထို့ပြင် ငွေစက္ကူအတုသည် သာမန်စက္ကူဖြင့် ရိုက်နှိပ်ထားသဖြင့် စာလုံးဆေးသား ကြည်လင်ပြတ်သားမှု မရှိခြင်း၊ စက္ကူသား သိပ်သည်းကျစ်လျစ်မှု မရှိသည့်အတွက် ရာသီဥတုနှင့် ရေစိုဒဏ်မခံနိုင်ခြင်း၊ ငွေစက္ကူပါနံပါတ်များမှာ နေရောင်အောက်တွင် နီရဲတောက်ပမှု မရှိခြင်း၊ ရေစာမှာလည်း အလင်းရောင်အောက်တွင် ကြည့်ရှုပါက ပေါ်လွင်ပြတ်သားမှု မရှိခြင်း၊ လုံခြုံရေးကြိုးမှာလည်း ငွေစက္ကူတွင် ဒေါင်လိုက်ထည့်သွင်းထားခြင်း မရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကထုတ်ပြန်သည့် ငွေစက္ကူအတုနှင့်အစစ် ခွဲနည်းအရ သိရသည်။ ကျပ် ၅ဝဝဝ တန်ငွေစက္ကူများကို ကျပ် ၂၈ဝဝ ဘီလျံကျော်အထိ ထုတ်လုပ်ထားပြီး ပြင်ပလောကနှင့် စီးပွားရေးလောကတွင် ငွေတုများ ပျံ့နှံ့နေနိုင်သဖြင့် အတုအစစ်ခွဲခြားနိုင်ရန် ပညာပေးခြင်း၊ အမှုဖွင့်တိုင်ကြား အရေးယူခြင်းများ ပြုလုပ်နေကြောင်း ယခင်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်က ၂ဝ၁၃ ခုနှစ် အစောပိုင်းတွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်၌ ဆွေးနွေးထားသည်။


မည်သူမဆို ငွေစက္ကူကိုဖြစ်စေ၊ ဘဏ်ငွေလက်မှတ်ကိုဖြစ်စေ လိမ်လည်အတုပြုလျှင်ဖြစ်စေ သို့မဟုတ် အတုပြုမှန်း မိမိသိလျက်နှင့် ထိုသို့လိမ်လည် အတုပြုလုပ်သည့် လုပ်ငန်းအဆင့်ဆင့်တွင် အဆင့်တစ်ခုခုကို ပါဝင်ပြုလုပ်ပါက ထိုသူအား ရာဇသတ်ကြီးပုဒ်မ ၄၈၉ (က) အရ ထောင်ဒဏ်တစ်သက်တစ်ကျွန်းကို ဖြစ်စေ၊ ၁ဝ နှစ်အထိထောင်ဒဏ်ကို ဖြစ်စေ၊ တစ်မျိုးမျိုးကိုဖြစ်စေ ချမှတ်အရေးယူနိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း၊ ထို့ပြင် ငွေစက္ကူကိုဖြစ်စေ၊ ဘဏ်ငွေလက်မှတ်ကိုဖြစ်စေ အတုမှန်းသိလျက် အစစ်အမှန်အဖြစ် အသုံးပြုပါက ရာဇသတ်ကြီးပုဒ်မ ၄၈၉ (ခ) အရ ထောင်ဒဏ်တစ်သက်တစ်ကျွန်းကို ဖြစ်စေ၊ ၁ဝ နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးကိုဖြစ်စေ ချမှတ်အရေးယူနိုင်သည့်အပြင် ငွေဒဏ်လည်းချ မှတ်နိုင်ကြောင်း၊ ငွေစက္ကူများအား အတုပြုလုပ်ထားမှန်းသိလျက် သုံးစွဲရန်ကြံရွယ်ကာ လက်ဝယ်ထားပါက ထောင်ဒဏ်ခုနစ်နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်အရေးယူနိုင်သည်ဟု ပြဌာန်းထားကြောင်း သိရသည်။


http://news-eleven.com/local

ဖတ်ပါ၊ မှတ်ပါ၊ လိုက်နာပါ


 
(၁)။စာမဖတ် တတ်သော သူသည် “မျက်မမြင်” နှင့် တူ၏။

(၂)။စာဖတ်တတ်ပါလျက် မဖတ်သော သူသည် အသွား ရှိပါလျက် မခုတ်ဘဲထားသော “ဓား”နှင့်တူ၏။


(၃)။စာဖတ်ပါလျက် မှတ်သားခြင်း မရှိသောသူသည် “ရေပြင်၌ ရေးထားသော အရုပ်” နှင့် တူ၏။


(၄)။မှတ်သားပါလျက် ကျိုးကြောင်းမှန်မှား မစဉ်းစားသော သူသည် အစာအာဟာရကို ညက်ညက် ၀ါးမစားဘဲ မျိုချ၍ ၀ါးစားသော သူနှင့်တူ၏။


(၅)။ကျိုးကြောင်းမှန်မှား စဉ်းစားပြီး၊ အမှန်ကို သိပါလျက် လက်ခံကျင့်သုံးခြင်း မရှိသောသူသည် ဟင်းလျာ၏
အရသာကို မြည်းစမ်းကြည့်ပြီး၊ ကောင်းမှန်းသိပါလျက် “မစားသုံးသော သူ”နှင့် တူ၏။


(ဗုဒ္ဓဓမ္မလောက စာစောင်မှ-)
-【လေးအိမ်စု အရှင်ဝိစိတ္တသာရ၏ စကားလက်ဆောင် တရားလက်ဆောင်မှ-】

 

မိမိဝယ်တဲ့ iPhone iCloud Lock ပါမပါ စမ်းမယ် Check Activation Lock Status

Apple ကတော့ iCloud Activation lock
Check tools ကိုထပ်မံဖြည့်စွပ်နေပါပြီ။
iCloud Activation ကို IOS 7မှာစတင်
ခဲ့ပြီးယခု IOS 8 မှာပါဆက်လက်အသုံးပြုနေ
ဦးမှာဖြစ်ပါတယ်။ Apple ရှိနေသရွေ့သုံးနေဦး
မယ့်သဘောပါ။ ယခုလို check tools ကို
iCloud.com မှာဝင်ကြည့်နိုင်မှာဖြစ်ပါတယ်။
iDevice IMEI ဖြည့်စွပ်ဝင်ကြည့်ရမှာပါ
ဒီလိုကြည့်နိုင်ခြင်းအားဖြင့်ရောင်းဝယ်မှုပြုတဲ့နေရာမှာ iCloud Activation lock ကျခြင်းမှကာ
ကွယ်ပေးနိုင်ပါတယ်။ user တွေဟာဖုန်းဝယ်
တဲ့အခါမှာတဆင့်ပြန်ဝယ်သူတွေများပါတယ်
အဲ့ဒါကြောင့်လည်း Apple ID အဟောင်းတွေ
ပါနေတာမသိကြပဲ restore လုပ်ကြတဲ့အခါမှာ
iCloud Activation Lock ထိတော့တာပါပဲ။
အသစ်ဝယ်တဲ့အခါမှာလည်းမိမိစစ်ဆေးချင်ရင်
iCloud.com ထဲတွင် iCloud Activation
Check Tools နဲ့စစ်ဆေးပြီး iDevice တွင်
Apple ID နဲ့Activated လုပ်ထားခြင်းရှိမရှိ
စစ်ဆေးနိုင်ပါတယ်။ ယခင်ကဒီလိုစစ်ဆေးနိုင်
ခြင်းမရခဲ့ပါဘူး။ စစ်ဆေးလို့ Activated လုပ်
ထားရင်လည်းအလွယ်တကူသိရှိပြီးဖြတ်ထုတ်နိုင်
ပါတယ်။ ဒါကြောင့် iOS user တွေအနေနဲ့
ရောင်းဝယ်မှုပြုတဲ့နေရာမှာဒီအချက်ကိုသတိ
ထားစေလိုပါတယ်။ မဝယ်ခင် iDevice ရဲ့
Setting ထဲမှ iCloud Account,
Apple ID များကိုဖြတ်ပြီးမှဝယ်ယူကြနိုင်ရန်
နှင့်မိမိ Apple ID များကိုလည်းမမေ့လျော့
ကြဖို့သတိပေးပါရစေခင်ဗျာ။ ဒီလင့်ထဲတွင်
ဝင်ရောက်စစ်ဆေးနိုင်ပါတယ်။ PC မှ
Latest Firefox , internet explorer
တို့ဖြင့်သာဝင်ရောက်နိုင်မှာဖြစ်ပါတယ်။

Check tools link>
လိုအပ်မှုရှိရင်လည်းနားလည်ပေးစေလိုပါတယ်
IOS knowledge bank mm Admin team
Credit> iPhoneHacks >iosknowledgebank.mm

Iphone5ကိုဘယ်လို..ဖြုတ်ရမလဲဆိုတာမ့သိသေးသူများအတွက်.


Iphone5 ကိုတစ်ခုချင်းဖြတ်မယ်ဆိုရင်..လိုအပ်တာလေးတွေကတော့
၁။Iphone အတွက်သီးသန့်.၀က်အူလည့်..တစ်ချောင်းဖြစ်ပါတယ်.(Android ဖုန်းတွေမှာသုံးတဲ့.ဟာနဲ့မတူပါဘူး)
၂။ စုပ်ကွက်တစ်ခုရယ်ဖြစ်ပါတယ်

အဆင့်(၁)...စုပ်ခွပ်ကို.homekey ရဲ့..အထက်နားလေးကပ်ပြီး..ထားရမှာဖြစ်ပါတယ်..တစ်ခြားနေရာမှာ.ထားလို့မရပါဘူး







































အဆင့်(2)..နည်းနည်းဟလာပြီဆိုရင်..လက်သည်းသို့မဟုတ်..ကော်ပြားတစ်ခုခုသုံးပြီး..
 ခွါရမှာပါ(ခွါနေစဉ်မှာ..အလွာ၂လွာ.ရှိထားလို့..၂လွာလုံးပါအောင်ခွါရမှာပါ.တစ်လွာပါပြီး.
တစ်လွာကျန်မနေအောင်.သေချာဂရုစိုက်.ရပါ့မယ်)
.အပေါ်မှာ.နားရောက်လာရင်..သတိထားရပါတော့မယ်..အကုန်လုံး.မ.ခွါရပါဘူး..ဘာကြောင့်လဲဆို
တော့.Camera,LCD& Touch..etc Socket..တွေရှိနေလို့ပါ.အဲဒါလေးတွေကို..သေချာဖြုတ်ပြီးမှ..ခွါရမှာဖြစ်ပါတယ်

.ဂရုစိုက်ရမယ့်နေရာဖြစ်ပါတယ်..
အဆင့်(၁)..စုပ်ခွက်ကို..နေရာ.ထားပုံ
 
အဆင့်(2)..ဖြည်းဖြည်းချင်း..ခွါနေပုံ
.
ဒါလေးကတော့..homekey ရဲ့..ခလုပ်လေးဖြစ်ပါတယ်.
..အခုမှ..ပညာသင်ရှိသေးတဲ့အတွက်..လိုတာ..မှားတာရှိခဲ့ရင်..နားလည်ခွင့်
လွတ်ပေးကြပါ....
အာလုံးပဲ..အဆင်ပြေ..ကြပါစေ..

Thursday, 2 October 2014

နာမည်ကျော် အနုပညာရှင်များ၏ အလှဖန်တီးရှင် နှစ်ဦး ငွေဆောင်တွင် ရေနစ်သေဆုံး












 ငွေဆောင်အ ပန်းဖြေကမ်းခြေတွင် ရေနစ်သေဆုံးခဲ့သည့် မိတ်ကပ်ဖန်တီးရှင်နှစ်ဦး၏ ရုပ်အလောင်း များကို ရန်ကုန်မြို့တွင် မီးသင်္ဂြိုဟ်ရန် ပြန် လည်သယ်ဆောင်ခဲ့သည်။

အဆိုပါ မိတ်ကပ်ဖန်တီးရှင်နှစ်ဦးဖြစ် သည့် ဖြူစင်နှင့် မငယ်တို့သည် တေးစီးရီး ဗီစီဒီရိုက်ကူးရေးအတွက် တေးသံရှင် ဝိုင်းစု ခိုင်သိန်း၊ စန္ဒီမြင့်လွင်တို့နှင့်အတူ ငွေဆောင် ကမ်းခြေသို့လိုက်ပါသွားစဉ် စက်တင်ဘာ ၂၁ ရက်၌ ရေနစ်သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။

''အလောင်းတွေကိုတော့ ရန်ကုန်ကို ပြန်သယ်လာပါပြီ။ အစ်မတို့လဲ အရမ်းကိုစိတ် မကောင်းဖြစ်ရပါတယ်။ မငယ်ကိုဖြစ်ဖြစ်ချင်း အလောင်း ပြန်မတွေ့ဘူးပြောလို့ အရမ်းကို စိတ်မကောင်းဖြစ်ပြီးတော့ ဆုတောင်းနေရ တယ်''ဟု မိတ်ကပ်ဖန်တီးရှင် မြတ်နိုးကျော် က ပြောသည်။

ယင်းတို့၏ ရုပ်အလောင်းများကို စက် တင်ဘာ ၂၂ရက် ညနေ့ပိုင်းတွင် ရန်ကုန်သို့ ပြန်လည် သယ်ဆောင်လာခြင်းဖြစ်ကာ ကွယ်လွန်သူ နှစ်ဦးအနက် ဖြူစင်အား စက်တင်ဘာ ၂၃ ရက် ညနေ ၃ နာရီအချိန်က ရေဝေး သုသာန်၌ မီးသင်္ဂြိုဟ်ခဲ့ပြီး မငယ်အား စက် တင်ဘာ ၂၅ ရက်တွင် ရေဝေးသုသာန်၌ပင် သင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။

''မိုးတွင်းဆိုတော့ ကမ်းခြေမှာလှိုင်းကြီး တတ်ပါတယ်။ တော်တော်များများအပန်းဖြေ တဲ့သူတွေကလည်း မိုးတွင်းဆိုရင်သိပ်မလာ တတ်ကြဘူး။ သူတို့နှစ်ယောက်ကတော့ တေး သံရှင်နှစ်ယောက်နဲ့ အတူတူပါလာတာပါ။ လှိုင်းကြီးလာတော့ ရေထဲရောက်နေတဲ့ သူ ကို လှိုင်းကရိုက်တဲ့သဘောဖြစ်ပြီးတော့ မြုပ် သွားတာပါ။ သူတို့တွေဘယ်ဟိုတယ်မှာတည်း တယ်ဆိုတာကိုတော့ ကျွန်တော်မပြောတော့ ပါဘူး''ဟု ငွေဆောင်အပန်းဖြေကမ်းခြေရှိ ဟိုတယ်ပိုင်ရှင်တစ်ဦးကပြော သည်။

ငွေဆောင်ကမ်းခြေတွင် ရေနစ်သေဆုံး ခဲ့သည် မိတ်ကပ်ဖန်တီးရှင်တစ်ဦးသည် ရေ နစ်ပြီး တစ်နာရီခန့်အကြာတွင် အလောင်း ပြန်တွေ့ခဲ့ပြီး နောက်တစ်ဦးမှာ စက်တင်ဘာ ၂၂ရက် မနက်၁ဝနာရီအချိန်တွင် တွေ့ရှိခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့လဲ ရေနစ်နေတယ်ဆိုတာ သိသိချင်းအတင်း ရေထဲပြေးဆင်းသွားတာ။ အချိန်မမီလိုက်ဘူး။ မိနစ်ပိုင်းအတွင်းဖြစ် သွားတာ''ဟု ငွေဆောင်ကမ်းခြေတွင် နေ ထိုင်သူတစ်ဦးက ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ငွေဆောင် မြို့နယ်ရဲစခန်းသို့ဆက်သွယ်မေးမြန်းရာတွင် ဖြေဆိုခြင်း မရှိခဲ့ပါ။

 ဖိုးသူတော် (www.phothutaw.com)
Credit: Democracytoday

ယောင်္ကျားတွေက မိန်းကလေးကိုကြည့်ရင် ရင်တွေ တင်တွေကြည့်တယ်၊ မိန်းမတွေကရော ယောင်္ကျားတွေကို ဘာတွေ ပြန်ကြည့်သလဲ ??











သင် အမျိုးသမီးတွေကို ကြည့်တဲ့အခါ သူတို့ရဲ့ ရင်သားတွေ၊ တင်ပါးနဲ့ တင်ပါးဆုံတွေကို ကြည့်မိတတ်ပါတယ်။ ဒါဆို သူတို့က သင့်ရဲ့ဘယ်အရာကိုများ အဓိကထားကြည့်ကြသလဲ။ သင်ခု ဖျတ်ခနဲတွေးလိုက်တဲ့ နေရာတော့ မဟုတ်ပါဘူး။

လန်ဒန်ကုမ္ပဏီ Think Eye Tracking ရဲ့ လေ့လာချက်တစ်ခုမှာ ရေချိုးဝတ်စုံနဲ့ ယောက်ျားလေးတစ်ယောက်ရဲ့ဓါတ်ပုံကို ကြည့်တဲ့လူတွေရဲ့မျက်လုံးရွေ့ရှားမှုများကို လိုက်လံလေ့လာခဲ့ပါတယ်။ ယောက်ျားလေးတွေအနေနဲ့ အချိန်အများကြီး အကုန်ခံပြီး တစိမ့်စိမ့်ကြည့်တဲ့အချိန်မှာ (ဘာကို ကြည့်နေတတ်ကြတယ်ဆိုတာ ယောက်ျားလေးတွေသိကြပါတယ်) အမျိုးသမီးတွေကတော့ အဲဒီနေရာကို အချိန်ကုန်ခံပြီး မကြည့်တတ်ကြပါဘူး။ အဲဒီအစား သူတို့က အမျိုးသားတွေရဲ့ ဗိုက်ချပ်သားတွေ နောက်ပြီး သူ့ မျက်နှာ၊ ပခုံးနဲ့ လက်မောင်းကြွက်သားတွေကိုသာ အာရုံစူးစိုက်ကြည့်တတ်ကြပါတယ်တဲ့။

အမျိုးသမီးတွေဟာ သူတို့အတွက် အထောက်အပံ့ ရနိုင်တဲ့သူ၊ အကာအကွယ်ပြုနိုင်တဲ့သူတွေ ဟုတ်သလားဆိုတာကို လိုက်ကြည့်တတ်ကြပါတယ်။ သင့်လိင်အင်္ဂါကိုတော့ အဓိက မဟုတ်ပါဘူး။ ကျောက်ခေတ်အမျိုးသမီးတွေရဲ့ ဦးနှောက်စဉ်းစားဥာဏ်လိုပါပဲ။ သူတို့က ကောင်လေးတစ်ယောက်ကို သုံးသပ်ပြီဆိုရင် ဒီကောင်လေးက သစ်ပင်တွေတက်ပြီး ငါအတွက် အသီးလေးများ ခူးပေးနိုင်မလား၊ ငါ့အတွက် သားကောင်များ လိုက်ဖမ်းပေးနိုင်မှာလားဆိုတာကိုပဲ သူတို့ သိချင်နေတတ်ကြပါတယ်။

သင့် ဗိုက်သား၊ ပခုံးနဲ့ လက်မောင်းဟာ ကျွန်တော်တို့ ကျောက်ခေတ်ဘိုးဘွားတွေအတွက် အမျိုးသမီးတစ်ယောက်ကို ကာကွယ်စောင့်ရှောက်ရာမှာ အဓိက အသုံးပြုတဲ့ ကြွက်သားတွေဖြစ်နေတဲ့အတွက် သူမက သင့်ရဲ့ အဲဒီအရည်အချင်းတွေကို စိတ်ဝင်စားတာဖြစ်ပါတယ်။ ဒါပေမဲ့ အခုကျွန်တော်တို့ခေတ်က အမဲလိုက်ပြီး သားကောင်တွေ လိုက်ဖမ်းတဲ့ ခေတ်မဟုတ်တော့ပေမဲ့ အမျိုးသမီးတွေက သူတို့နဲ့ ဆန့်ကျင်ဘက်လိင်ဖြစ်တဲ့ ယောက်ျားတွေမှာရှိတဲ့ အဲဒီအရည်အချင်းတွေကို စိတ်ဝင်စားနေကြဆဲပဲဖြစ်ပါတယ်။

သင့်မျက်နှာအမူအရာကနေတဆင့် အမျိုးသမီးတွေက ဥာဏ်ရည်ဥာဏ်သွေးနဲ့ ကြင်နာတတ်တဲ့စိတ်ကို သိရအောင်လည်း လိုက်လံကြည့်ရှုတတ်ပါတယ်။ ကဲ အခု သင်ဘာလုပ်ရမှာလဲ ဆိုတာတဲ့ အထောက်အပံ့တွေ ရသွားပြီမလား။ သင့်မှာ အဲ့ဒီအချက်အတွက်ရော ပြည့်စုံမှုရှိနေပြီလား။

ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar