Monday, 6 October 2014

ပြန်ပေးဆွဲခံရသည့် ထွေအုပ်စာရေးမကို တာကာငွေသိန်း ၄၀ ဖြင့်ပြန်ရွေးရန် တောင်းဆို

ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက်က ပြန်ပေး
ဆွဲခံခဲ့ရသည့် မြို့နယ်ထွေအုပ် စာရေးမ
 မဖြူ(ခ) လိုင်လာကို ဘင်္ဂလားဒေ့ရှ်တာကာငွေ
သိန်းလေးဆယ်ဖြင့် ပြန်ရွေးရန် ပြန်ပေးဆွဲ
သူများက တောင်းခံခဲ့ကြောင်း ခင်ပွန်း ဖြစ်သူ
ဦးအီနုစ်ကပြောသည်။



‘‘ကျွန်တော့်ဖုန်းကို ဆက်ပြီးတော့ ဇနီးကို ပြန်လိုချင်ရင် ဘင်္ဂလားဒေ့ရှ်တာကာငွေ သိန်းလေးဆယ်(မြန်မာငွေကျပ် သိန်းလေးရာကျော်)ကို ဘဏ်စာရင်းအကောင့်ထဲကို ထည့်ပေးဖို့ ပြောပါတယ်။ အဲဒီလိုငွေတောင်းခံတဲ့ အကြောင်းကို သက်ဆိုင်ရာ တာဝန်ရှိသူတွေကိုလည်း တင်ပြထားပါတယ်။ ကျွန်တော့်မှာလက်ရှိ ပိုင်ဆိုင်မှုက အဲဒီိလောက်မရှိပါဘူး’’ဟု ၎င်းကပြောသည်။

ပြန်ပေးဆွဲခံရခြင်းနှင့် ပတ်သက်၍ ရရှိသောသတင်းအချက်အလက်များကို ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း သိရသည်။ မဖြူ (ခ) လိုင်လာသည် ပုစွန်ကန်တဲတွင်း အိပ်နေစဉ် အမည်မသိ လက်နက်ကိုင်ဘင်္ဂါလီအဖွဲ့က ပြန်ပေးဆွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

7Day News Daily

No comments:

Post a Comment