Showing posts with label phone hardware ပိုင်းဆိုင်ရာ. Show all posts
Showing posts with label phone hardware ပိုင်းဆိုင်ရာ. Show all posts

Sunday, 21 September 2014

Mobile Hardware Servie Digital Multi Meter အသုံးပြုနည်း

image
-Mobile Hardware Service လေ့လာသူများအတွက် Digital Multi Meter အသုံးပြုနည်းဖြစ်ပါတယ်။
‘Myanmar Mobile Phone Hardware Solution’ Facebook Group မှာ Ko Htut တင်ထားတဲ့ Knowledge Note ကိုပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။
Myanmar Mobile Application Store မှ Mobile Hardware လေ့လာသူများ ဗဟုသုတရစေရန်ပြန်လည်မျှဝေပေးလိုက်ပါတယ်။ Digital Multi Meter တစ်လုံးမှာ တိုင်းတာလို့ရတဲ့ယေဘူယျစနစ်တွေကတော့
AC Voltage
DC Voltage
AC Current
DC Current
Risistance
Diode
Capacitor (n F)
Temperature (ံC)
Continuity Measurement ( အစိတ်အပိုင်းတစ်ခုနှင့်တစ်ခု အဆက်အသွယ် ရှိမရှိတိုင်း၊Circuit လမ်းကြောင်းပြတ်မပြတ် တိုင်းတာခြင်း စသည့်စနစ်တွေကို တိုင်းတာသော အခါ ကောင်းမွန်ပါက တတီတီ နှင့် အသံမြည် အချက်ပြသောစနစ် (Buzzer Alarm)
Battery Test အစရှိသည်တို့ဖြစ်ပါသည်။
(မှတ်ချက်။ ။ဖော်ပြပါ ယေဘူယျ အချက်များတွင်ပဲ မိမိ အသုံးပြုသော မီတာအမျိုးအစား၊ မော်ဒယ်လ်ကိုလိုက်ကာ အနည်းငယ်ကွဲလွဲနိုင်ပါသည်။)
အချို့ Digital Multimeter များတွင် AC V,DC V,A အစရှိသည်တို့ တိုင်းတာသော အခါတွင် Auto Range စနစ်ပါရှိသည် (ထိုစနစ်ပါရှိသော Digital Multimeter မျိုးသည် ပိုမိုကောင်းမွန်သလို ဈေးလည်း အလွန်ကြီးပါသည်။ထိုစနစ်ရဲ့အားသာချက်ကတော့ မီတာမှ V,A,Ohm တို့ကို အလိုအလျောက်ဖော်ပြပေးခြင်းပဲဖြစ်ပါတယ်။)
DC Voltage Range
200mV (100 μV မှ 200mV ထိ )
2000mV (1mV မှ 2000mV ထိ)
20V (10mV မှ 20V ထိ)
200V (100mV မှ 200V ထိ)
500V (1V မှ 500V ထိ) တိုင်းတာနိုင်ပါသည်။
AC Voltage Range
200V (100mV မှ 200V ထိ)
DC Current Range
200 μ A (0.1 μA မှ 200 μA ထိ)
2000 μA (1 μA မှ 2000 μA ထိ)
20mA (10 μA မှ 20mA ထိ)
200mA (100 μA မှ 200mA ထိ)
10A (10mA မှ 10A ထိ) တိုင်းတာနိုင်ပါသည်။
ၽResistance Ohm (Ω) Range
200 Ω (0.1 Ω မွ 200 Ω ထိ)
2000 Ω (1 Ω မွ 2000 Ω ထိ)
20K Ω (10 Ω မွ 20K Ω ထိ)
200K Ω (100 Ω မွ 200K Ω ထိ)
20M Ω (10K Ω မွ 20M Ω ထိ)
200M Ω (100K Ω မှ 200M Ω ထိ) တိုင်းတာနိုင်ပါသည်။
(eg။ ။360 Ω ရှိသော resistor တစ်လုံးအား 200 Ω Range တွင် တိုင်းတာသောအခါ မီတာ စကေးတွင် 358,359 Ωခန့်ပြသပါမည်။20k Ω Range တွင်တိုင်းပါက 0.36 Ω ပြသပါမည်။)
Diode တိုင်းခြင်း
Digital Multimeter တွေမှာ Diode တိုင်းရန်အတွက် သီးသန့် Diode Range (scale) ပါရှိပါသည်။ကောင်းမွန်သော Diode တစ်ခုအား Diode Range မှာထားပြီးတိုင်းပါက 518,519,714,713 အစရှိသဖြင့် ဖော်ပြပါမည်။
Diode Range တွင်ထားပါက မီတာတွင် 1 (သို့) 0L ပေါ်ပါမည်။
မီတာတစ်လုံးနှင့်တစ်လုံးကြား အနည်းငယ်ကွဲလွဲနိုင်ပါသည်။
(သတိပြုရန်။ ။Digital Multimeter တွင် Diode Scale တွင်တိုင်းတာပါက မီတာ Probe တံ အနီတွင် (+V) မီတာ Probe တံ အနက်တွင် (-V) ရောက်ရှိနေပါမည်။
ယခုအချက်သည် Analog Multimeter နှင့် ပြောင်းပြန် အချက်ဖြစ်ပါသည်။
ထို့ကြောင့် Digital Multimeter ဖြင့် Diode တိုင်းတာလျှင် Diode ၏ Cathode (-)တွင် မီတာ Probe တံ အနက်ကိုထား ပြီး Anode (+) တွင် မီတာ Probe တံ အနီကိုထားပြီးတိုင်းရပါမည်။မှားတိုင်းမိပါက မီတာတွင်ဘာမှ မပြပါ 1 (သို့) 0L သာပြပါမည်။
Batter တိုင်းခြင်း
Battery တိုင်းသော အခါ မီတာလက်တံ အနီ အနက် တို့ကိုမှန်ကန်စွာ ထားပြီး တိုင်းတာရပါမည်။မှားယွင်းပါက ကိန်းဂဏန်းများ၏ ရှေ့တွင် – ပြနေပါမည်။
ဒါလေးတွေလဲ သိထားသင့်ပါတယ်…….
အောက်မှာပုံတင်ပေးထားပါတယ် Unit တွေပါ။
image
image

Saturday, 20 September 2014

PM8029

                                       PM8029
HUAWEI ဖုန်းတော်တော်များများမှာPOWER SUPPLY အတွက်အသုံးပြုထားတဲ့ ICလေးပါ။ဖုန်းတစ်လုံးမှာ
အဓိကနေရာမှတာဝန်ယူထားပြီးအပျက်အစီးလဲများပါတယ်။ POWER SECTION ပိုင်းမှာ 8029 အပြင်အခြား
ပန့် ပိုးပစ္စည်းများများစွာပါဝင်ပါတယ်။ယင်းတို့ အထဲမှအဓိကအပျက်များဆုံးပစ္စည်းများနဲ့ ဆက်စပ်အလုပ်လုပ်
ပုံနှင့်တည်နေရာတို့ ကိုလေ့လာရလွယ်ကူအောင်ရုပ်ပုံလေးများနဲ့ ဖော်ပြထားပါတယ်။
Short circuit error ရှာပုံအသေးစိတ်လဲရေးပေးထားပါတယ်။ဒီပုံလေးတွေကိုလေ့လာကြည့်ပါ။
POWER IC8029 နဲ့ တွဲဖက်ပြီး power ပိုင်းကိုထောက်ပန့် ပေးတဲ့ပစ္စည်းလေးတွေရဲ့ဆက်စပ်အလုပ်လုပ်ပုံကို ပြထားတဲ့ Sechmatic Diagram လေးပါ။
အောက်မှာပြထားတဲ့ပုံလေးကတော့ Power section ပိုင်းမှာပါဝင်တဲ့ပစ္စည်းလေးတွေရဲ့ Circuit Diagram ပုံလေးပါ။



ဒီပုံလေးတွေက PCB BOARD ပေါ်မှာမြင်တွေ့ ရမဲ့ပစ္စည်းလေးတွေရဲ့ Layout Diagram ပုံလေးတွေပါ။


အခုဆက်ပြီးတော့ Short လုံးဝဖြစ်နေတဲ့ ဖုန်းတစ်လုံးကို Power Supply အသုံးပြုပြီး ပျက်စီးနေတဲ့အစိတ်အပိုင်းလေး
တွေကိုရှာကြည့်ရအောင်။ဒီနေရာမှာ Short circuit ဖြစ်ပြီဆိုတာနဲ့  power ic ကိုအလောတစ်ကြီးမဖြုတ်လိုကါပါနဲ့ ။
ပထမဆုံး power supply မှာရှိတဲ့ voltage control ကို “0” အထိလျှော့ချလိုက်ပါ။ပြီးရင်ပုံမှာပြထားတဲ့အတိုင်းဆက်
သွယ်လိုက်ပါ။
Voltage control ကိုတစ်ဖြည်းဖြည်းတင်ပေးပါ။ 2v လောက်ရောက်ရင် power section ပိုင်းမှာအဓိကလောင်နေတဲ့
ပစ္စည်းလေးကိုလက်သန်းထိပ်ကလေးနဲ့ အာရုံခံလို့ ရသွားပါပြီ။ဒါဟာလူသိနည်းသေးတဲ့အလွယ်ကူဆုံးနည်းလမ်းပါ။
ဖုန်းတစ်လုံးနဲ့ တစ်လုံး IC ချင်းတူပေမယ့် Design ထုပ်တဲ့နေရာမှာကွဲလွဲမှုတွေရှိတာကြောင့်ပုံသေမှတ်ထားလို့ 
မဖြစ်ပါဘူး။ PM8029 ရဲ့ pin no5 မှာ Ground လိုင်းနဲ့ ခွထားတဲ့ diode လေး short ဖြစ်တတ်ပါတယ်။
အောက်ကပုံလေးမှာအနီကွက်လေးတွေဝိုင်းပြထားတဲ့နေရာတွေမှာပုံမှန် 3.3v ရှိရပါမယ်။
အ၀င်လိုင်းမှာခံထားတဲ့ MOSFET KNW32 လဲ Short ဖြစ်တတ်ပါတယ်။
လည်းကောင်း Q201 သည်၊စက်တိုင်းတွင်တပ်ဆင်ထားခြင်းမရှိပါ။power button မှတဆင့် start signal ကို on/off
လုပ်ပေးသော Transistor နှင့်မှားယွင်းတတ်ပါတယ်။အောက်တွင်မြင်ရသောပုံမှာ MOSFET မဟုတ်ပါ။ POWER
Button မှတဆင့်start signal ကို on/off  လုပ်ပေးတဲ့ switch transistor ပါ။
ခုဏကအတိုင်းလက်သန်းလေးနဲ့ တို့ ကြည့်တဲ့အခါအကြီးဆုံး short ဖြစ်နေတဲ့ပစ္စည်းဟာအရင်ဆုံးပူတက်လာမှာပါ။
ယင်းပစ္စည်းကိုပတ်လမ်းမှဖယ်ပြီးမီတာဖြင့်တိုင်းကြည့်ပါ။ short လွတ်သွားလျှင်ထိုပစ္စည်းနဲ့ အလားတူရှာပြီးလဲပေးရပါမယ်။
Short ရှိနေသေးရင်အထက်ပါနည်းအတိုင်းတစ်ဆင့်ချင်းရှာသွားပါ။IC လောင်ခြင်းမအပအလွန်ဆုံးငါးနေရာလောက်ဆို
Error တွေ့ ပါပြီ။
နောက်ဆုံးအဆင့်ကတော့ IC ဖြုပ်လဲတဲ့အဆင့်ပါပဲ။ခက်ခဲမှုများစွာရှိသောအပိုင်းပါ။
Heat gun တွေရဲ့အပူထုပ်မှုအားကတစ်လုံးနဲ့ တစ်လုံးမတူညီပါဘူး။ဒါကြောင့်မိမိတို့ အသုံးပြုမယ့်
Heat gun ရဲ့ခဲပျော်မှတ်ကိုချိန်ညှိပြီးသုံးပါလို့ အကြံပေးချင်ပါတယ်။အဓိကသတိထားရမှာ လေအား
ဖြစ်တယ်၊လေသိပ်များနေရင် ic ဘေးနားက ပစ္စည်းသေးသေးလေးတွေလွင့်စဉ်သွားနှိင်ပါတယ်။လေနဲ
နေရင်လဲခဲတော်တော်နဲ့ မပျော်ပဲ တစ်ခြား IC တွေပါ over heat ဖြစ်တတ်ပါတယ်။ဒီနေရာမှာတော့
အလေ့အကျင့်နဲ့ ကျွမ်းကျင်မှုပိုင်းရောက်သွားပါပြီ။နောက်တစ်ခုက ပါဝါပိုင်းနဲ့ ပတ်သက်တဲ့ error
ရှာနည်းလေးတွေ ဆရာဦးမောင်နှိင်ဆိုက်ကယူလာတဲ့ဟာရှိပြီးသားမို့ အဲဒီအကြောင်းကိုလဲဆက်ပြီး
လေ့လာပါလို့ အကြံပြုပါရစေ။
ဝါသနာရှင်အပေါင်းအဆင်ပြေကြပါစေ။

DISPLAY မလာသော်

HUAWEI U8818 Display မလင်းခြင်း။ supply နဲ့ နိုးလိုက်တယ်။apm ထောင်နေတယ်။screen မှာပထမအလင်းရောင်လေးရေးရေးလေးတွေ့ တယ်။ရုပ်မပါဘူး။display ကိုဖြုတ်ပြီးပြန်နီုးတယ်။ampပုံမှန်အတိုင်းပဲရှိနေတာတွေ့ ရတယ်။ဒါဆို display မှာအပြစ်လို့ ယူဆပြီးdisplay ခွာတယ်။ display နောက်မှာတိတ်အမဲနဲ့ ကပ်ထားတဲ့ တိတ်ကိုခွာမယ်။အောက်မှာရှိတဲ့ circuit ကိုစစ်ပါမယ်။သန့် ရှင်းရေးလုပ်ပါမယ်။သူ့ ကိုပြန်တပ်ပြီးနိုးတယ်။အရင်အတိုင်းပဲဖြစ်တယ်။apm ထောင်တယ်။သန့် ရှင်းရေးလုပ်ထားတဲ့ circuit ကိုလက်နဲ့ အပူရှိ-မရှိစစ်တယ်။အပူမရှိဘူး။ဒါဆိုသဘောပေါက်ပြီ။ခဲချက်တွေလွတ်နေတာ။အဲ့ ဒိ circuit ပါတဲ့ အပိုင်းလေးကိုဓါးနဲ့ လှပ်ယူလိုက်တယ်။display ကိုမထိအောင်သတိထားတယ်။ထင်းရှူးဆီနဲနဲနဲ့ လေနဲနဲ၊အပူကခဲပျော်မှတ်-ပေးပြီးသန့် ရှင်းရေးလုပ်။ပြန်တပ်။နိုးGOOD
credit to ဆရာကိုမောင်နှိင်




-----
Print

IOS 5 LCD Error

ios 5 ဖုန်တွေမှာရေ၀င်လို့ ပဲဖြစ်ဖြစ်၊အမြင့်တစ်နေရာကလွတ်ကျတာပဲဖြစ်ဖြစ် LCD မှာအစဉ်းကြောင်းလေးတွေဖြစ်နေရင်။အဖုန်းဖွင့်ပြီးသန့် ရှင်းရေးလုပ်တာတီု့ ပုံမှာပြထားတဲ့အပိုင်းလေးတွေစစ်တာတို့ လုပ်ကြည့်ပါ။
Ko Aung's photo.
Ko Aung's photo.
2Like · ·
Print

SAMSUNG S3 NO NETWORK

SAMSUNG S3 ဖုန်းတွေမှာ GSM Signal (No Network) အဖြစ်များပါတယ်။တကယ်လို့  တိုင်လုံးဝမတက်ရင်အောက်ကပုံလေးမှာပြထားတဲ့အပိုင်းလေးတွေကိုစစ်ရပါမယ်။လိုအပ်ရင်အိုင်စီလေးတွေကိုအပူပေးကြည့်ရပါမယ်။ N/W---NETWORK IC, PA---POWER AMPILIFIRE IC Net work signal ကိုအားပိုမိုကောင်းမွန်အောင်ချဲ့ထွင်ပေးတဲ့အပိုင်းပါ။
Photo: SAMSUNG S3 ဖုန်းတွေမှာ GSM Signal (No Network) အဖြစ်များပါတယ်။တကယ်လို့  တိုင်လုံးဝမတက်ရင်အောက်ကပုံလေးမှာပြထားတဲ့အပိုင်းလေးတွေကိုစစ်ရပါမယ်။လိုအပ်ရင်အိုင်စီလေးတွေကိုအပူပေးကြည့်ရပါမယ်။ N/W---NETWORK IC, PA---POWER AMPILIFIRE IC Net work signal ကိုအားပိုမိုကောင်းမွန်အောင်ချဲ့ထွင်ပေးတဲ့အပိုင်းပါ။

POWER SECTION


HUAWEI U8825D ကို ဥပမာထား၍
စက်တစ်တလုံးနိုးစေမည့် မရှိမဖြစ် အခြေခံ အချက်များ။ credit to ဆရာဦးမောင်နှိင်




ပထမဦးစွာစက်သားကိုပုံပါအတိုင်းsupply နှင့်တပ်ထားရပါမည်။
ထိုသို့တပ်ထားသည့်အနေအထားတွင်အောက်ဖေါ်ပြပါ conector တွင် 1.4V ရှိ/မရှိ ပထမဦးစွာ စစ်ရပါမည်။
 
























 



၎င်းpinသည်socket၏ပါဝါခလုတ်အလယ်သို့ရောက်ပါသည်။
ထိုပါဝါခလုတ်၏ဘေးအဝိုင်းသည်ground ဖြစ်ပါသည်။အဓိပ္ပါယ်
ကတော့ပါဝါနိုးရန်ပါဝါအိုင်စီမှထွက်လာသည့်signalကိုground ချပေးလိုက်ခြင်းသာဖြစ်ပါသည်။
 


 
 
 


ပါဝါခလုတ်နှိပ်လိုက်လျှင်3.7Vမှ0V ပြောင်းခြင်းကိုသိရှိရန်အတွက်
supplyတွင်testဘက်သို့လှည့်၍  test  မီတာတိုင်းရန်   လက်တံ
အနီဖြင့်ထောက်ရပါမည်။ထိုအခါsupplyမှvoltကြည့်သည့်digital
ဒိုင်ခွက် တွင်ပါဝါမနိုးမှီ 3.7V ပြနေပြီး၊ ပါဝါနိုးသည်နှင့် 0V  သို့
ပြောင်းပြခြင်းဖြင့် Poweric ပါဝါခလုတ်သို့တလိုင်း၊transistorသို့တလိုင်းဆက်သွယ်မှု့
ကောင်းမွန်ကြောင်းစစ်ရန်လိုအပ်ပါသည်။





 
 
အထက်ပါ 3.7V မှ 0V ပြောင်းသည့် လိုင်းနှင့် 3.4V ထွက်သည့်လိုင်းသည်power icမှထွက်
လာသောလိုင်းဖြစ်သည်။  ထိုနေရာvoltများမတွေ့ပါကtransistorပျက်လျှင်၊ ၎င်း    ဘေးမှ    
diode ပျက်လျှင်၊ထိုvoltများကိုတွေ့ရမည်မဟုတ်ပါ။ထို့အတူ power ic  ခဲလွတ်ခြင်းနှင့်
ပျက်ခြင်းတခုခုဆိုလျှင်လည်းထိုvoltကိုတွေ့ရမည်မဟုတ်ပါ။စက်နိုးပြီဆိုရင်တော့ 3.4v
နေရာမှာ 3.6v,3.7vရှိလာပြီး0vသို့ပြောင်းသည့်နေရာတွင် တောက်ရှောက်  0v အဖြစ်
ရောက်သွားပါမည်။ အားလုံးကောင်းပြီဆိုလျှင် ရှေ့ဆက်ပါမည်။

 
 
 
 
 
အထက်ပါပုံထည်းကအတိုင်း volt များရှိ/မရှိ  စစ်ရပါမည်။ထိုနေရာများတွင် 3.6V/3.7V
ပြနေမည်ဆိုပါက power ic ခဲချက်များလွတ်နေခြင်းဟု သတ်မှတ်ပါမည်။ဒါမှမဟုတ်မည်သည့်
 
volt မှမပြပဲရှိနေလျှင်batteryconector မှtransistor,diodeတို့ကြောင့် ဖြစ်ပါသည်။
3.3Vပြရမည့်အစားတလုံးသို့မဟုတ်နှစ်လုံး၊သုံးလုံးလောက်က0Vဖြစ်နေခဲ့လျှင်ထို 0V ပြနေသောအစိတ်အပိုင်းများ shortကြောင့်သာဖြစ်သည်။ထို 0V ပြနေသည့်  အပိုင်းကို 
 
 ဖြုတ်လိုက်လျှင် အစားထိုးပြန်မတပ်မှီ ထိုနေရာများတွင်3.6V,3.7V ကို   တွေ့ရမည်ဖြစ်ပြီး
 
 
 
အစားထိုးတပ်၍  ပြန်တိုင်းမည်ဆိုလျှင် 3.3V,3.4V  ကိုပြန်တွေ့ရပါလိမ့်မည်။
 
     3.3Vပြရမည့် အစားတလုံးသို့မဟုတ်နှစ်လုံး၊သုံးလုံး လောက်က
 
0Vဖြစ်နေခဲ့လျှင်ထို0Vပြနေသောအစိတ်အပိုင်းများshortကြောင့်သာဖြစ်သည်။
 
ထို0Vပြနေသည့်အပိုင်းကိုဖြုတ်လိုက်လျှင်အစားထိုးပြန်မတပ်မှီထိုနေရာများတွင်
 
3.6V,3.7Vကိုတွေ့ရမည်ဖြစ်ပြီးအစားထိုးတပ်၍ ပြန်တိုင်းမည် ဆိုလျှင် 3.3V,3.4V
 
ကိုပြန်တွေ့ရပါလိမ့်မည်။ဒီအပိုင်းအားလုံးအဆင်ပြေပြီဆိုလျှင်crystalကိုဆက်စစ်ပါမည်။
 
စက်တလုံးနိုးခြင်းမနိုးခြင်း၏အရေးအကြီးဆုံးအစိတ်အပိုင်းဖြစ်သည်။ထိုcrystal  အလုပ်

မလုပ်လျှင် လုံးဝ နိုးမည် မဟုတ်ပါ။



 
 
 
 
 
 
 
32.768 KHz ခုန်လှိုင်းကို ထုတ်ပေးပါသည်။XTAK32_IN ဆိုသောဘက်တွင်00.1v,00.2v တခုခုရှိနေရပါမည်။ထိုနေရာvolt မတွေ့ခဲ့လျှင်Power ic မှoscillationမထွက်ခြင်း သို့မဟုတ် C321 short ဖြစ်နေခြင်းတို့ကြောင့်ဖြစ်ပါသည်။
 
 
 
 
 
ပါဝါခလုတ်မနှိပ်မှီ XTAL32K_OUT ဆိုသောဘက်သို့ supply test ဘက်မှလက်တံအနီကို
ထောက်ထားပြီးပါဝါခလုတ်နှိပ်ပါ။ထိုအခါcrystalကောင်းမည်ဆိုပါကထိုနေရာတွင်စက္ကန့်
ပိုင်းလောက်00.1V,00.2Vကိုတွေ့ရပါလိမ့်မည်။အမှန်တကယ်crystalကောင်မကောင်း
ဆိုသည်မှာ Oscilloscope ဖြင့်တိုင်းမှအတိအကျသိနိုင်ပါသည်။ကျွန်တော့် နည်းလမ်းမှာ        
အဆင်အပြေဆုံးနှင့်အလွယ်ကူဆုံး ဟု့ပြောရပါလိမ့်မည်။


 
 
 
အကယ်၍ XTAL32K_OUTတွင်voltမတွေ့ခဲ့လျှင် crystal ပျက်ခြင်း သို့မဟုတ် C320 short
ကျခြင်းတို့ကြောင့်ဖြစ်ပါသည်။၎င်းတို့ကိုလဲပေးလိုက်လျှင် အားလုံးအဆင်ပြေပြီး အောက်ပါ
ပုံအတိုင်း volt ထွက် တွေ့ရပြီဆိုလျှင်၎င်း စက်သားသည် ကောင်းမွန်စွာ  နိုးနေခြင်းကို
တွေ့ရပါလိမ့်မည်။
 
 
 
 
 
 
စက်သားတွင်နိုးသွားသည်ဆိုသည်နှင့်ပထမပြနေသော3.3v/3.4v တို့သည် အသီးသီ3း.6v/3.7v
သို့ပြောင်း၍ power ic မှထပ်မံထွက်လာသောvolt အသီးသီးကိုတွေ့ရှိရမည်ဖြစ်သည်။
 
 
 
 
 
ထိုကဲ့သို့ volt အသီးသီးကို စုံလင်စွာတွေ့ရှိမှသာ ပထမအဆင့်စက်နိုးသုံးသပ်ချက်ရရှိပါမည်။
ဒုတိယသုံးသပ်ချက်ကို ဆက်လေ့လါပါမည်။ဒီအပိုင်းကတော့ cpu နှင့် emmc အပိုင်းပါ။အောက်ပါ
ပုံထည်းမှာတွေ့ရသလို volt များထွက်ခြင်းရှိ-မရှိကိုစစ်ရပါမည်။
 
 
 
 
ဒီအပိုင်းကို စစ်ကြည့်ရခြင်းအကြောင်းရင်းမှာ-တချို့သောစက်များတွင် ပါဝါခလုတ်သို့ 1.4v
ထွက်ရှိသော်လည်းစက်နိုးလိုက်လျှင် 0.3 amp အထိတက်ပြီး ပြန်လွှတ်လျှင် amp ပြန်ကျခြင်းနှင့်
transistor 0v ပြောင်းမည့်ငုတ်တွင် 3.7v ထွက်ရမည့်အစား volt လုံးဝမရှိခြင်း။
Power ic တွင် မူရင်းရှိရမည့် 3.3v/3.4v တို့အစား 3.6v/3.7v တို့ကိုသာတွေ့ရှိခြင်း။ တချို့စက်
များတွင်amp တက်လိုက်ကျလိုက်ရှိနေပြီး ရုတ်တရက်ကြည့်လျှင်စက်နိုးသည်ဟုထင်ရသော်လည်း
Display ရုပ်မပေါ်သည့်အခါ backlight အပိုင်းကို လွဲမှားစွာ ကိုင်တွယ်မိခြင်းကြောင့်အဆင်မပြေ
သည် များကြုံရသည့်အတွက် cpu နှင့် emmc အပိုင်းသို့ volt ထွက်စစ်ကြည့်၇ခြင်းဖြစ်ပါသည်။
တချို့သောစက်များတွင်power ic ဝန်းကျင်တွင် 3.6v,3.7v ကိုသာ တွေ့ရပြီး0v ပြောင်းရမည့် transistorငုတ်တွင်လည်းမည်သည့်voltမှမတွေ့ပဲရှိနေပြီးpowerခလုတ်တွင်1,4vထွက်ပြီးpower
နိုးလျှင်0.3ampလောက်တက်ပြီးပြန်လွှတ်လျှင်ampပြန်ကျသောစက်များသည်          
powericreheat လုပ်ခြင်းနှင့်ဖြေရှင်းနိုင်သော်လည်း များသောအားဖြင့် crystal    မဆွဲတော့သည့်အတွက် power ic လဲမှသာလျှင် ကောင်းသည်ကိုတွေ့ရပါသည်။

အခုလို သဘောကို နားလည်ပြီဆိုရင်တော့ မိမိကိုင်သောစက်သည် နိုးမည်။မနိုးဘူးဟူသော
သဘောကို ရပြီဟု ထင်ပါသည်။ထိုက်သင့်သလောက်နားလည်သွားသည်နှင့် မည်သည့်စက်ကို
မဆို ချင့်ချိန်စွာ ကိုင်နိုင်လာလိမ့်မည်ဟုယုံကြည်ပါသည်။
 
အောင်မြင်ကြပါစေ။

HUAWEI EMMC လဲခြင်း

eMMC လဲနည်း



 

Huawei C8812 ပြုတ်ကျခြင်း၊ ရေ၀င်ခြင်းမရှိဘဲ အလိုအလျောက် Power သေပြီး Power Supply နှင့်ချိတ်၍ Power ခလုတ်နှိပ်လိုက်လျှင် 40mA တွင် ရပ်နေလျှင် EMMC IC ကြောင့်ဖြစ်သည်။ EMMC လဲရမည်သိလျက်နှင့် မည်သို့လဲရမည်ကို မသိသေးသူများအတွက် ဤ Post အား တင်ပေးလိုက်ပါသည်။

Step-1 ၀ါဂွမ်းကို BGA ကော်ချွတ်ဆေးစွတ်၍ EMMC ကို ထိထိမိမိ ဖုံးအုပ်ထားပါ။ ပြီးလျှင် Circuit အား Zip အိတ်ဖြင့် မိနစ်(၂၀)ခန့် လေလုံအောင်ပိတ်ထားပါ။

Step-2 EMMC ဘေးကပ်လျက်တွင် CPU ရှိသည်။ EMMC ဖြုတ်နေချိန်တွင် CPU ခဲလွတ်သွားနိုင်သည်။ ထို့ကြောင့် ၀ါဂွမ်းကို ရေစွတ်၍ CPU ပေါ်တွင် ဖုံးအုပ်ထားပါ။ (သံပြားနှင့်ဖုံးအုပ်ထားလျှင် စိတ်မချရ၍ ၀ါဂွမ်းကို ရေစွတ်သုံးရခြင်းဖြစ်သည်။)



Step-3 အပူချိန်ကို 370 (လေမှုတ်Gun တစ်လုံးနှင့်တစ်လုံး အပူချိန်မတူပါ၊ ခဲပျော်မှတ်ရောက်သည်အထိ ချိန်ညှိပါ၊) လေကို 5,6 လောက်ထားပါ။

Step-4 EMMC ပတ်ဝန်းကျင်က Componentများ ခဲပျော်၊မပျော် ဇာဂနာနှင့် စမ်းကြည့်ပါ။ ခဲပျော်လျှင် EMMCကို စတင်ခွာလို့ရပါပြီ။ ခွာသောအချိန်တွင် ပုံပါ No.23ဓါးဖြင့် IC နှင့် Circuit ကြားသို့ ထိုးထည့်ပြီး ဖြည်းညှင်းစွာ ကလန့်ပါ။ ကလန့်သောအချိန်တွင် စိတ်ရှည်ရပါမည်။ တစ်နေရာတည်းကို မကလန့်ပါနှင့်။ အထက်၊အောက် မျှ၍ ကလန့်ပေးပါ။

Step-5 EMMC ခွာပြီးလျှင် Circuit ပေါ်ရှိ ငုတ်များပြုတ်နေတတ်သည်။ထိုငုတ်များသည် အလုပ်လုပ်သော ငုတ်များ ဟုတ်၊မဟုတ် မှန်ဘီလူးဖြင့် အကြမ်းဖျင်း စစ်ဆေးနိုင်ပါသည်။ အလုပ်လုပ်သောငုတ်များ မဟုတ်လျှင် EMMC IC အသစ်တစ်လုံး လဲလှယ်ပေးပါ။

အားလုံးအောင်မြင်ကြပါစေ။ ကျေးဇူးတင်ပါသည်။





samsung note 2 lcd repair

SAMSUNG NOTE 2  lcd လဲမယ်ဆိုရင်
ဖုန်းတွေကိုအတွင်းပိုင်းပြုပြင်မယ်ဆို၇င်စိတ်လောပြီးလုပ်လို့ မ၇ပါဘူး၊အထူးသဖြင့် PBC board နဲ့ အတူတွဲထားတဲ့ power button,volume up/down ,lcd connector ,rf cable ,screws ,touch connector အစရှိတဲ့ပစ္စည်းလေးတွေကိုဂရုစိုက်ပြီးကိုင်တွယ်တတ်ဖို့ လိုပါတယ်။ volume ကြိုးပြားလေးပြတ်သွားရင်တောင်ပြန်အစားထိုးရတာအချိန်ကုန်ပြီး၊အခက်အခဲလဲရှိတတ်ပါတယ်။ဒါကြောင့်တန်ဖိုးကြီးမှားတဲ့
samsung ဖုန်းတွေမှာအခက်အခဲမရှိအောင်ပုံလေးတွေနဲ့ တစ်ဆင့်ချင်းရှင်းပြထားပါတယ်။

ပုံမှာမြင်တွေ့ ရတဲ့ lcd ကွဲနေတဲ့ note2 ဖုန်းကိုခုလိုတစ်ဆင့်ချင်းဖြုတ်ကြရအောင်။

အရင်ဆုံးနောက်ဖုန်းနဲ့  battery ဖြုတ်ပါမယ်၊ပြီးရင်ပုံမှာပြထားတဲ့အတိုင်း screws တွေဖြုပ်ပါ။

ပြီးရင် lcd နဲ့ တွဲလျက် pbc board တစ်ခုလုံးကိုအသာမတင်ပေးလိုက်ပါ။

ဒီပုံအတိုင်းရပြီဆိုရင်ဖုန်းရဲ့အပေါ်ပိုင်းမှာအနီရောင်အကွင်းလေးပြထားတဲ့ screw လေးဖြုပ်လိုက်ပါ။နောက်အရေးကြီး
တဲ့တစ်ခုက power button လေးပါတဲ့ကြိုးပြားလေးပါ၊ဒီကောင်လေးခွာရင်အောက်မှာကော်ရှိတဲ့အတွက်ထိန်းပြီးခွါ
ပေးဖို့ လိုပါတယ်၊လိုအပ်ရင် သင်နာလေးနဲနဲဆွတ်ပေးပါ။ပြီးရင် lcd connector နဲ့ ear phone jack ပေါက်တို့ တစ်ဆင့်ချင်းဖြုတ်သွားပါ။

vibrator နဲ့  charging strip တို့ ဆက်ဖြုတ်ပါ။ front camera နဲ့ buzzer တို့ ဖြုတ်ပါ။


အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်တော့ကွဲနေတဲ့lcdကိုခွါပြီးအသစ်လဲရုံပါပဲ။ဈေးနှုန်းကတော့ 135000 ရှိပါတယ်။
အားလုံးပဲအဆင်ပြေကြပါစေ။

SAMSUNG S3 CHARGING ERROR


                                     

SAMSUNG S3 တွေမှာ CHARGING အ၀င်နဲတဲ့ error မျိုးကြုံရင်အောက်မှာပြထားတဲ့
ပုံလေးကိုလေ့လာကြည့်ပါ။
 

ပုံမှာမျဉ်းလေးတွေက usb connector နဲ့  charger components  လေးတွေကို
မီတာနဲ့ တိုင်းရင်အဆက်အသွယ်ရှိနေရမယ့်အပိုင်းပါ။
တကယ်လို့ ဒီ(၃) နေရာမှာ connection ပြတ်နေရင် jumper ကျော်ပေးနှိင်ပါတယ်။
Charging လုံးဝမ၀င်တာဆိုရင်အောက်ကပုံလေးကိုကြည့်ပါ။




ဒီပုံမှာပြထားတဲ့ charging diode လေး open ဖြစ်နေရင် charging ၀င်မှာမဟုတ်ပါဘူး။
ဒီ diode လေးကိုလဲပေးရပါမယ်။
battery ရဲ့အပေါင်းငုတ်ကနေ charging ic ကိုလာတဲ့လမ်းကြောင်းကို
စစ်ရပါမယ်။
ပုံမှာမြင်ရတဲ့ u506 ic ကcharging control ic ပါ။
ဒီ အိုင်စီကိုအပူနဲနဲပေးကြည့်ရပါမယ်။
တကယ်လို့  charge volt ၀င်လာတဲ့အချိန်လည်းကောင်းအိုင်စီပူလာရင်တော့
လဲပေးမှရမဲ့အနေအထားဖြစ်သွားပါပြီ
အားလုံးပဲအဆင်ပြေကြပါစေ
Print

IOS 5 home button error

I ဖုန်းတွေမှာအဖြစ်များတဲ့ HOME Button လေးပြုပြင်မယ်ဆိုရင်လွယ်ကူအောင်ပုံလေးတွေနဲ့ ရှင်းပြထားပါတယ်။
ဒီပုံလေးကတော့I ဖုန်း 5ရဲ့ပုံလေးပါ။



အောက်မှာပြထားတဲ့အတိုင်း lcd panel မှာတွဲလျှက်ရှိနေတဲ့ contact ငုတ်လေးကို ကော်ပတ်နုနုလေးနဲ့ 
အသာပွတ်ပြီးသန့် ရှင်းရေးလုပ်ပေးရပါမယ်။coil ကောင်းမကောင်းစစ်ရပါမယ်၊မကောင်းရင်လဲပေး
ရပါမယ်။



ပြီးရင်အောက်မှာပြထား mother board ပေါ်ကcontact points ကိုလဲသန့် ရှင်းရေးလုပ်ပေးပါ။



ဒီအပိုင်းလောက်ပဲအရင်လုပ်ကြည့်ပြီးစမ်းကြည့်ပါ 70% ပြန်ကောင်းနှိင်ပါတယ်။
ဒါနဲ့ မှအဆင်မပြေရင်အောက်ကပုံမှာပြထားတဲ့ အတိုင်း
charging dock strip ပါဝင်တဲ့အပိုင်းကိုဖြုတ်ရပါမယ်။



Connector ကိုသန့် ရှင်းရေးလုပ်ပေးပြီး၊အောက်ကပုံမှာပြထားတဲ့ ic လေးကိုအပူအနည်းငယ်
ပေးကြည့်ပါ။လိုအပ်တဲ့သန့် ရှင်းရေးလုပ်ပြီးရင်ပြန်စမ်းကြည့်ပါ၊မရရင်ထို ic လေးလဲပေးရပါမည်။