၂ဝ၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့ ည ၁၁ နာရီခွဲအချိန် စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက်၊ ကားလေးဝင်းအနီးတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ မုံရွာမြို့၊ အမှတ်(၁၄)ယာဉ်ထိန်းဒုတိယရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူသွားရောက် စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ မုံရွာ-မန္တလေးကားလမ်းအတိုင်း မြောက်မှတောင်သို့ မုံရွာမြို့နယ်၊ မြေနဲကျေးရွာနေ အာကာထွန်း(၂၃)နှစ်မောင်းနှင်ပြီး ကူတောပလ္လင်ကျေးရွာနေ ကျော်သီဟနိုင်(၂၃)နှစ် လိုက်ပါလာသည့် 6F/**** CALDINA အဖြူရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းအရှေ့ဘက်ရှိ တမာပင်အားဝင်ရောက်တိုက်မိခဲ့ကြောင်း သိရှိရသည်။
ထိုသို့တိုက်မိမှုကြောင့် အာကာထွန်းနှင့် ကျော်သီဟနိုင်တို့တွင် ဒဏ်ရာများအသီးသီးရရှိကာ အခင်းဖြစ်နေရာတွင် ၂ ဦးစလုံး သေဆုံးသွား သောကြောင့် အာကာထွန်းအား မုံရွာမြို့မရဲစခန်း ယာဉ်(ပ)၁၅၁/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃ဝ၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
https://www.facebook.com/yezarnimedia?fref=nf
No comments:
Post a Comment