Sunday, 16 November 2014

ချောင်းသာကမ်းခြေတွင် ရေနစ်သေဆုံး

ပုသိမ် နိုဝင်ဘာ ၁၅

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့နယ် ချောင်းသာကမ်းခြေ အမှတ်(၁) ရက်ကွက် အုန်းတော အတွင်းရှိ တည်းခိုခန်းတွင် ရောက်ရှိ တည်းခိုလျက်ရှိသော မောင်---(၂ဝ)နှစ် ရန်ကုန်မြို့ သင်္ဃန်းကျွန်း မြို့နယ်နေသူသည် နိုဝင်ဘာ ၁၂ ရက်က အစ်ကို၊ အစ်မဖြစ်သူ တို့နှင့်အတူ အုန်းတော ကမ်းခြေတွင် ရေဆင်းကူး ရာမှ ပင်လယ် ရေဆွဲအားကြောင့် ရေနက်ပိုင်းသို့ ရောက်ရှိပြီး နစ်မြုပ်သွား ခဲ့ကြောင်း သိရသည်။

ရေနစ်သူ ပြန်လည်တွေ့ရှိနိုင်ရေးအတွက် ချောင်းသာနယ်မြေရဲစခန်းမှ ရေပြင်အသက်ကယ်အဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကမ်းခြေတစ်လျှောက် လိုက်လံရှာဖွေလျက်ရှိရာ နိုဝင်ဘာ ၁၃ ရက် နံနက်တွင် အလောင်းအား ကမ်းခြေသောင်ပြင်၌ ပြန်လည်တွေ့ရှိသဖြင့် ချောင်းသာနယ်မြေရဲစခန်းက သေမှု သေခင်းဖြင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မောင်မောင်မြင့်(IPRD)

The Mirror Daily
https://www.facebook.com/TheMirrorDaily

No comments:

Post a Comment