တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ဒုတိယနေ့ဖြစ်သော နိုဝင်ဘာ ၁ ရက်နေ့က မီးပုံးပျံတစ်ခု ပျက်ကျခဲ့၍ ဒဏ်ရာရသူ ၁၄ ဦးမှ ၂ ဦးသေဆုံးခဲ့ပြီး ၃ ဦးမှာ စိုးရိမ်ရသော အနေအထားတွင် ရှိကြောင်း တောင်ကြီးမြို့ စ၀်စံထွန်းဆေးရုံမှ သိရသည်။
အမျိုးသမီးနှစ်ယောက်နှင့် အမျိုးသားတစ်ယောက်မှာ စိုးရိမ်ရသောကြောင့် အရေးပေါ်ဆေးဝါး ကုသမှု ခံယူနေရကြောင်း စ၀်စံထွန်းဆေးရုံမှ တာဝန်ရှိသူ သူနာပြုအရာရှိတစ်ဦးကပြောသည်။
“ယမ်းတွေမှန်ပြီး အသားတွေလောင်သွားတာ။ ကျန်တဲ့သူတွေက သိပ်မစိုးရိမ်ရပါဘူး” ဟု သူနာပြုအရာရှိ က ဆိုသည်။
နိုဝင်ဘာ ၁ ရက်နေ့ နံနက် ၁ နာရီခန့်က ဦးကြီးခမ်းရက်ကွက် ကိုယ်စားပြုယှဉ်ပြိုင်သည့် ခွန်တန်မီး ညမီးကျည် အမျိုးအစားလွှတ်တင်ခဲ့ပြီး ပေ ၂၀၀ ခန့်အမြင့်ရောက်မှ ပြန်လည်ပျက်ကျခဲ့ပြီး ပွဲကြည့် သူ ၁၄ ယမ်းလောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီတွဲဖက် အတွင်းရေးမှုး ဦးတင်ဝင်းက ပြောသည်။
အလားတူဖြစ်ရပ်မျိုး ဖြစ်ပွားမည်စိုးရိမ်သောကြောင့် ကျန်ရှိသည့် မီးပုံးပျံ လွှတ်တင်ပွဲများတွင် ပွဲကြည့်ပရိတ်သတ်များ အန္တရာယ်မရှိအောင် တာဝန်ရှိသူများမှ မီးပုံးပျံကွင်းထဲအထိ လိုက်လံ သတိပေးနှိုးဆော်
ပေးနေကြောင်း တောင်ကြီးဒေသခံ သတင်းထောက်တစ်ဦးကပြောသည်။
မီးပုံးပျံ ပျက်ကျသောကြောင့် ဒဏ်ရာရခဲ့သူ ၁၄ ဦးအတွက် တန်ဆောင်တိုင်ပွဲတော် ကျင်းပရေး ကော်မတီအဖွဲ့က ငွေ ၁၂ သိန်း ၈ သောင်း လှူထားကြောင်းသိရသည်။
ဘုန်းလျှံမင်း
The Union Daily
http://uniondaily.net/News/DetailView.aspx?id=3363&path=%2FDefault.aspx
No comments:
Post a Comment