Thursday, 6 November 2014

ရည်းစားစကား အပြောခံရတဲ့ မိန်းကလေးနှစ်ဦး ရဲစခန်းတိုင်၍ အသတ်ခံရ


စစ်ကိုင်းတိုင်း ဒေသကြီး၊ ကန့်ဘလူမြို့ ၌
 နိုဝင်ဘာ ၃ ရက် ည ၉ နာရီက သမီးရည်း
စား စကား လိုက်ပြောစဉ် လက်မခံဘဲ
ရဲစခန်း သို့ တိုင်ကြားခြင်း အပေါ် မကျေနပ်
၍ ဓားဖြင့် ခုတ်သဖြင့် အမျိုးသမီး နှစ်ဦး


အခင်းဖြစ် နေရာတွင် သေဆုံး သွားကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ ကန့်ဘလူမြို့၊ အမှတ်(၂) ရပ်ကွက်နေ မတင်မြင့်ဝေ (ခ) ဘုတ်အီး သည် တစ်ရပ်တည်း နေ သူငယ်ချင်း ဖြစ်သူ မသန်းသန်းမိုး၊ ဆန်းမင်းထွန်း တို့နှင့်အတူ ဦးချို ၏ နေအိမ်၌ ရှိနေစဉ် တစ်ရပ်တည်းနေ သန်းမင်းနိုင် (ခ) ငဖြိုး (ဘ) ဦးကျော်မြင့် ရောက်ရှိလာပြီး မတင်မြင့်ဝေ (ခ) ဘုတ်အီး ကို ရည်းစားစကား လိုက်ပြောစဉ် မတင်မြင့်ဝေ က လက်မခံဘဲ ရဲစခန်းသို့ တိုင်ကြားခဲ့ခြင်း အပေါ် မကျေမနပ် ဖြစ်ကာ အသင့် ပါလာသည့် ဓားဖြင့် ခုတ်ခဲ့ရာ မတင်မြင့်ဝေ နှင့် မသန်းသန်းမိုး တို့နှစ်ဦးမှာ အခင်းဖြစ် နေရာတွင် သေဆုံးသွားပြီး ဆန်းမင်းထွန်း မှာ လည်ပင်းပြတ်ရှ ဒဏ်ရာ၊ ယာလက်ဖျံ ပြတ်ရှ ဒဏ်ရာများ ရရှိခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ တရားခံ သန်းမင်းနိုင် ကို ကန့်ဘလူမြို့၊ မြို့မရဲစခန်း က (ပ) အမှတ်၂၈၉/၂ဝ၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၂/ ၃၂၆အရ အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

ပြည်ချစ်သား

No comments:

Post a Comment