Tuesday 2 December 2014

တာင်/မြောက်လမ်းဆုံ၌ ယာဉ်တိုက်မှုဖြစ်ပွားခဲ့သဖြင့် (၁)ဦးသေ၊ (၅)ဦးဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၂

၁.၁၂.၂၀၁၄ ရက်နေ့ ၁၈၁၀ အချိန်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ပြည်ထောင်စု လမ်းအတိုင်း မြောက်မှတောင်သို့မောင်းနှင်လာသော 7G---- အနက်ရောင် အငှားယာဉ်သည် တောင်/မြောက်လမ်းဆုံမီးပွိုင့်အရောက် အမှတ်(၂)လမ်းအတိုင်း အနောက်မှအရှေ့သို့ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်နေသူများ ဖြစ်သည့် ကိုစိုးသီဟ၊(၂၈)နှစ်စီးနင်းပြီး နောက်မှ ကိုဇော်ဝင်း၊ (၂၂)နှစ်လိုက်ပါလာသော စက်ဘီးအားဝင်ရောက်တိုက်မိပြီး မောင်းနှင် ထွက်ပြေးသွားခဲ့ရာ တောင်/မြောက်လမ်းဆုံအလွန်အရောက် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်နေ ကိုမြထွန်း၊ (၂၆)နှစ်စီးနင်းသွားနေသော ဆိုက္ကားအား ထပ်မံတိုက်မိကာ မောင်းနှင်ထွက်ပြေးသွားခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် စက်ဘီးနှင့်ဆိုက္ကားတို့ပျက်စီးခဲ့ပြီး စက်ဘီးစီးနင်းသူ ကိုစိုးသီဟနှင့် နောက်မှလိုက်ပါလာသူ ကိုဇော်ဝင်းတို့တွင် ပွန်းပဲ့နာကျင် ဒဏ်ရာများ၊ ဆိုက္ကားနင်းသူ ကိုမြထွန်းနှင့် ဆိုက္ကားပေါ်ပါလာသူ(၃)ဦးအနက် ကျား(၁)ဦး၊ မ(၁)ဦးတို့တွင် ဖူးရောင်နာကျင်ဒဏ်ရာများရရှိခဲ့ပြီး ကျန်အမျိုးသမီး (၁)ဦးမှာ ပါးစပ်သွေးထွက်၊ နောက်စေ့ဖူးရောင်နှင့် ဖူးရောင်ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့သဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သဖြင့် ယာဉ်တိုက်မှုဖြစ်ပြီး မောင်းနှင် ထွက်ပြေးသွားသူ ယာဉ်မောင်း(စုံစမ်းဆဲ)အား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မ ရဲစခန်း ယာဉ်(ပ)၆၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/၂၇၉/၂၀၂ ဖြင့် အမှုဖွင့်အရေးယူကာ စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

No comments:

Post a Comment