Thursday 18 September 2014

မိန်းကလေးတို့အတွက်ECee2 အကြောင်း


Ecee2ပြီးခဲ့တဲ့ ​မေလ ၁၀ ရက်​​နေ့က သမီးချစ်​သူနဲ့ အတူ​နေဖြစ်​ပါတယ်​။ ECee 2 ကိုလည်း​ သောက်​ခဲ့တယ်​။ ဒီလ ၇ ရက်​​နေ့မှာလည်း အတူ​နေဖြစ်​ခဲ့တယ်​။ ​ဆေး မသောက်ခဲ့ပါဘူး ရာသီလာမဲ့ရက်​နဲ့ နီး​နေလို့ပါ။ ၁၁ ရက်​​နေ့က စပြီး ရာသီ၃ ရက်​လာပါတယ်​။ အရမ်းကို နည်းပါတယ်​။ ၃ ရက်​စလုံး ​သွေးစွန်းရုံပါ။ စိတ်​ နည်းနည်း ထင့်​​နေပါတယ်။ ဆရာ မြန်​မြန်​​လေး အ​ကြောင်းပြန်​ပါ။
အဲဒီ့စာဖတ်ပြီး စိတ်က အတော်နောက်သွားတယ်။ ပါးစပ်နဲ့ တစ်လုံး ပြောထည့်လိုက်ရ မကောင်းဘဲ ရှိတော့မယ်။ မြန်မြန်လေး အကြောင်းပြန်ပါဆိုတာက ပါသေးတယ်။ 
စာမဖတ် ပေမဖတ်နဲ့ ထင်ရာတွေ လျှောက်လုပ်နေပြီးမှ စိတ်က ထင့်သေးဆိုပဲ။ ဒါဖြင့် ညည်း ဘာလို့ နန့်သေးလဲအေလို့ မေးလိုက်ချင်စိတ်ကို မနည်း မျိုသိပ်ပြီး အောက်ပါအတိုင်း ပြန်လိုက်ပါတယ်။
ECee2 က အမြဲ သောက်သုံးရတာ မဟုတ်ဘူး။ မုဒိန်းကျင့်ခံရတဲ့ မိန်းမမျိုးတွေ သောက်ဖို့ ထုတ်ထားတာ။
ရာသီလာနေသမျှ ဘာမှ မဖြစ်ပါဘူး။ အတူနေဖို့ စိတ်မထိန်းနိုင်ရင် အမြဲသုံးတဲ့ သားဆက်ခြားနည်း တစ်ခုခုကို သုံးသင့်ပါတယ်။
HIV ပိုးကတော့ ကိုယ်ဝန်ထက် ကြောက်စရာ ကောင်းတယ်ဆိုတာလည်း သတိရှိသင့်ပါတယ်။ ပိုးရှိတဲ့သူဟာ ချိုပေါက်မနေပါ။ ဖာသယ်မဆီ သွားတာ ဘယ်လောက်မှ မကြာမှန်း ညည်းလည်း ယောက်ျားနဲ့ အိပ်ဖူးနေတာပဲ။ သဘောပေါက်ပေါ့။
အဲဒီ့ ECee 2 ကို သောက်ခိုင်းတဲ့ ယောက်ျားသားများကလည်း စာမဖတ်ဘဲ လူပြောသူပြောနဲ့ ကိုယ်ချစ်လှပါချေရဲ့ဆိုတဲ့ မိန်းကလေးကို ဇွတ်တိုက်ကြပါတယ်။
ဆေးသောက်တဲ့ မိန်းမသားတွေကတော့ နှာခေါင်း မပါရင် ဘာဖြစ်ညာဖြစ်လို့ အစဉ်တစိုက် အပြောခံခဲ့ကြရသူများပီပီ ယောက်ျားလုပ်တဲ့သူ တိုက်တဲ့ဆေးကို မစိမစစ် မမေးမစမ်းဘဲ ပါးစပ်ထဲ ထည့်ကြတယ်။
သူ့လူနဲ့ သူ ဟုတ်နေလျက်ကနဲ့ အမေလေး အဘလေး လာလာအော်နေတဲ့အပြင် မြန်မြန်လေး ဖြေပေးပါဆိုတာမျိုးနဲ့ ကြုံရတဲ့အခါ ကောင်းတော့ နင်တို့ နှစ်ယောက် ကောင်းတာ၊ ငါ့ကျမှ မြန်မြန်လေးလုပ်မနေနဲ့၊ ကောင်းတာလေးတွေ စားမြုံ့ပြန် တွေးပြီး မှိန်းသာနေလိုက်ကြတော့ဟာလို့ ပြောချင်စိတ်က ပေါက်ပေါက်လာတယ်။ အဟုတ်ပြောတာ။
အမှန်တော့ ECee 2 ဆေးဘူးလေးထဲက စာရွက်ထိပ်ဆုံးမှာ ရေးထားပါတယ်။ Use upon doctor’s prescription only (ဆရာဝန်က သောက်ခိုင်းမှသာ သောက်ပါ)တဲ့။
အောက်ဆုံးက သတိပေးချက် (Warnings) ထဲမှာလည်း It is neither recommended for routine use as a contraceptive… (သန္ဓေတားဆေးအဖြစ် ပုံမှန်အသုံးပြုခြင်းကို အားမပေး)ဆိုတာလည်း ပါပါတယ်။
သည်ဆေးဟာ တစ်သက်လုံးနေမှ တစ်ခါလောက် သောက်ရမယ့်ဆေးဆိုတာလောက် သဘောပေါက်သင့်တယ်။ ဒါမှမဟုတ်လည်း ၄-၅-၁၀ နှစ်လောက်နေမှ တစ်ခါလောက် သောက်ရတာမျိုး။ ပဲလှော်စားသလို အားတိုင်းသောက်ဖို့ လိုနေပြီဆိုရင် တခြားနည်း ပြောင်းသုံးသင့်ပါတယ်။ ပုံမှန် သန္ဓေ တားဆေးအဖြစ် အားမပေးဘူးဆိုတဲ့ စာကို မလိုအပ်ဘဲနဲ့ အတိအလင်း ထည့်ရေးထားမှာ မဟုတ်တာကို မမေ့သင့်ဘူး။
သည်လောက်တော့ သိသင့်ကြပါတယ်။
ကျန်းမာရေးဆိုဒ်တစ်ခုမှ..ပြန်လည်တင်ပြပါသည်

No comments:

Post a Comment