အဆိုပါ လူသားနှစ်ဦးသည် အာကာသ အတွင်း၌ မိမိတို့ ဝတ်ဆင်လေ့ ရှိသည့် အရွယ်အစား ကြီးမားသော အာကာသဝတ်စုံ မဟုတ်သည့် အာကာသ ဝတ်စုံများကို ဝတ်ဆင်ထား ခဲ့ကြောင်း၊ သို့ရာတွင် အဆိုပါ လူသားနှစ်ဦး၏ ပုံစံကို မြင်တွေ့ရသည်မှာ လုံခြုံမှုရှိသည့် ပုံစံဖြစ်ကြောင်း၊ ၄င်းတို့နှစ်ဦးသည် မြေပြင်ပေါ်တွင် လမ်းလျှောက်နေသည့် ပုံစံဖြင့် အင်္ဂါဂြိုဟ် ပေါ်တွင် လမ်းလျှောက်ကာ မိမိတို့၏ Viking Explorer အင်္ဂါဂြိုဟ်ဆင်း ယာဉ်ဆီသို့ ဦးတည် လျှောက်လှမ်း လာခဲ့ကြောင်း Coast to Coast ရေဒီယိုဌာနမှ တစ်ဆင့် ဂျက်ကီက ပြောကြားသည်။
အဆိုပါ ထူးဆန်းသည့် မြင်ကွင်းနှင့် ပတ်သက်၍ အဖြေထုတ်နိုင်ရန် ကြိုးပမ်းခဲ့သည်မှာ ၂၇ နှစ်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း၊ အဆိုပါ မြင်ကွင်းကို မိမိတွေ့မြင် ခဲ့ချိန်တွင် Viking Explorer ယာဉ်အတွင်း၌ မိမိ၏ လုပ်ဖော် ကိုင်ဖက် ခြောက်ဦးလည်း ရှိနေခဲ့ကြောင်း သူမက ထပ်လောင်း ပြောကြားသည်။
Viking Explorer အာကာသယာဉ်သည် အင်္ဂါဂြိုဟ်၏ ပုံရိပ်များကို ရိုက်ကူးထားသည့် ဓာတ်ပုံ များအား ကမ္ဘာမြေသို့ ပထမဆုံး ပြန်လည် ပေးပို့ခဲ့သည့် ယာဉ်ဖြစ်ပြီး ၄င်းယာဉ်ကို ၁၉၇၅ ခုနှစ် သြဂုတ် ၂ဝ ရက်တွင် အင်္ဂါဂြိုဟ်ပေါ်သို့ လွှတ်တင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Ref: IBS
မြ၀တီ
https://www.facebook.com/mwdmedia?fref=nf
No comments:
Post a Comment