Friday 31 October 2014

ဦးအောင်သောင်းကို အမည်မည်း စာရင်းသွင်း

မြန်မာနိုင်ငံက လက်ရှိအာဏာရ နိုင်ငံရေး ပါတီအတွင်း သြဇာ ကတ္တိမကြီးမားသူ တယောက် ဖြစ်သလို လက်ရှိ လွှတ်တော် ကိုယ်စား လှယ်တဦး လည်းဖြစ်တဲ့ ဦးအောင်သောင်းကို အမေရိကန် အစိုးရရဲ့ အရေးယူပိတ်ဆို့မှု ချမှတ်ခံရသူ အမည်မည်းစာရင်း (Blacklist)မှာ ထည့်သွင်း လိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာနက သောကြာနေ့မှာ ကြေညာ လိုက်ပါတယ်။

ဦးအောင်သောင်းဟာ မြန်မာနိုင်ငံမှာ မကြာသေးခင်ကစတင် လုပ်ဆောင်လာတဲ့  နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ အားနည်း သွားအောင် အကြမ်းဖက် ဖိနှိပ်မှုတွေနဲ့ အဂတိ လိုက်စားမှုတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသလို  သူဟာ အတိုက်အခံ ဒီိမိုကရေစီ အင်အားစုတွေ     ကို နှိမ်နှင်းရာမှာ ပါဝင် ပတ်သက်ခဲ့သူ ဖြစ်တယ်လို့ အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက် မှာ ဖေါ်ပြထားပါတယ်။

အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေကို ထောက်ခံမှု ပေးနေသလို အစဉ်တစိုက်လေ့လာ စောင့်ကြည့်လျှက်ရှိကြောင်းနဲ့ ဦးအောင်သောင်းဟာ ဒီဖြစ်စဉ်တွေကို ဆန့်ကျင်ဖို့ ကြိုးပမ်းနေသူ ဖြစ်တယ်လို့ ဆိုပါတယ်။

အရေးယူပိတ်ဆို့မှု အစီအစဉ်အရ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ဦးအောင်သောင်း ရဲ့ ပိုင်ဆိုင်မှု အားလုံးကို ထိန်းချုပ် လိုက်ပြီး အမေရိကန်နိုင်ငံ သားတွေ အနေနဲ့ သူနဲ့အကျိုးတူ စီးပွားရေး လုပ်ခွင့်မရှိတော့ပါဘူး။

အခုချမှတ်တဲ့ အရေးယူပိတ်ဆို့မှဟာ ဦးအောင်သောင်း တဦးတည်းနဲ့သာ သက်ဆိုင်ပြီး၊ တခြားအစိုးရအဖွဲ့အစည်းတွေ၊ သူနဲ့ပတ်သက်တဲ့ အသင်းအဖွဲ့တွေနဲ့ သက်ဆိုင်ခြင်းမရှိဘူးလို့ အမေရိကန်အစိုးရရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အသက် ၇၃ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဦးအောင်သောင်းဟာ အရင်စစ်အစိုးရ လက်ထက်က စက်မှုဝန်ကြီး တာဝန်ယူခဲ့ပြီး အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီမှာ အယူအစွဲပြင်းထန်တဲ့ ခေါင်းဆောင်တဦးဖြစ်ပါတယ်။ အရင် စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှုးကြီးသန်းရွှေနဲ့ နီးစပ်သူတဦးအဖြစ် လူသိများပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/article/2503884.html

ဦးအောင်သောင်း (တောင်သာ မဲဆန္ဒနယ်) သတင်းဓာတ်ပုံ-www.pyithuhluttaw.gov.mm

Gay ဖြစ်ရသည်ကို ဂုဏ်ယူမိကြောင်း Apple CEO တင်မ်ကွတ်ဆို

31 October 2014 05:20(+0630) (လွန်ခဲ့သော 16 နာရီ ခန့်က)

Apple ၏ အမှုဆောင် အရာရှိချုပ် (CEO) ဖြစ်သူ တင်မ်ကွတ်က မိမိအနေဖြင့် မိန်းမလျာ (gay) တစ်ဦးဖြစ်ရသည့် အတွက် ဂုဏ်ယူမိကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောဆို လိုက်ပြီဖြစ်သည်။

မိမိတို့၏ အခြေအနေ အမှန်အား ဖွင့်ဟရန် ခက်ခဲနေသူများ အတွက် ယခုကဲ့သို့ လူသိရှင်ကြား ကြေညာချက်ဖြင့် အကူအညီပေးရန် ရည်ရွယ်သည်ဟု တင်မ်ကွတ်က ဆိုသည်။

ယခုသီတင်းပတ်အတွင်း မစ္စတာတင်မ်ကွတ်သည် ၎င်း၏ မွေးရပ်ဇာတိဖြစ်သည့် အလာဘားမား ပြည်နယ်တွင် မိန်းမလျာများနှင့် လိင်ပြောင်း လဲထားသူများ၏ အခွင့်အရေး ရရှိစေရန်လည်း စိန်ခေါ်မှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

တင်မ်ကွတ်သည် အလာဘားမားပြည်နယ်တွင် တစ်ချိန်က မာတင်လူသာကင်း မိန့်ခွန်းပြောစဉ်က လိင်သဘာဝအပေါ်မူတည်၍ တန်းတူအခွင့်အရေးများ ပေးရန် တောင်းဆိုခဲ့မှုကိုလည်း ကိုးကားပြောဆိုခဲ့သည်။

ထို့ပြင်တင်မ်ကွတ်က ယူကေရှိ LGBT များအနေဖြင့် အလုပ်သို့ရောက်သည့်အခါ တွင် အလုံပိတ်ဗီရိုထဲ၌ ၀င်နေရသည်က သာ၍ ဘေးကင်းလုံခြုံလိမ့်မည်ဟု ခံစားနေကြရကြောင်းလည်း ထုတ်ဖော်ပြောဆိုခဲ့သည်။

**LGBT = lesbian, gay, bisexual and transgender

Ref:BBC
စည်သူကျော်စွာ

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal?ref=br_tf

Facebook ပို့စ်ကြောင့် ဆရာတဦး အသရေဖျက်မှုဖြင့် တရားစွဲခံရ


မြ၀တီမြို့တွင် အသက်မပြည့်သေးသူ မိန်းကလေးတဦးအား ကာမလိမ်လည်ရယူ ပေါင်းသင်းပြီး စွန့်ပစ်ထားခဲ့ခြင်းကို မခံမရပ်နိုင်သော ပြည်သူတဦးက Facebook စာမျက်နှာပေါ် တင်လိုက်သဖြင့် ၎င်းဖြစ်စဉ်နှင့် ပတ်သက်နေသည့် အမျိုးသားက Facebook တင်သူကို အသရေဖျက်မှုဖြင့် တရားစွဲဆိုခဲ့ကြောင်း သိရသည်။

အသက်မပြည့်သေးသူမိန်းကလေးအား ကာမလိမ်လည်ရယူပေါင်းသင်းပြီး စွန့်ပစ်ထားမှုသတင်းကို အောက်တိုဘာလ (၂၈)ရက်နေ့ထုတ် အတွဲ(၉)၊ အမှတ်(၂၃) News Watch ဂျာနယ်စာ(၂၇)တွင် သတင်းဖော်ပြခဲ့ပြီးဖြစ်သလို မြ၀တီမြို့ နယ် တရားရုံးတွင် လက်ရှိတရားရင်ဆိုင်နေသည့်အမှုလည်း ဖြစ်သည်။ အဆိုပါအမှုတွင် မိန်းကလေးဘက်မှ မခံမရပ်နိုင်ဖြစ်သော ပြည်သူတဦးက မြ၀တီမြို့၊ အမှတ် (၃)ရပ်ကွက်၊ ဗိုလ်တောက်ထိန်လမ်း အမှတ်(က/၃၈၆)နေ စာသင်ပြပေးနေသော ဦးဝင်းချိုဆိုသူ၏အမည်ဖြင့် Facebook စာမျက်နှာပေါ် တင်လိုက်ရာ ဆရာဦးဝင်းချိုမှာ ဘုမသိဘမသိဖြင့် ယခုအခါ မြ၀တီမြို့နယ်တရားရုံးတွင် ပုဒ်မ(၅၀၀)ဖြင့် အမှုရင်ဆိုင်နေရသည်ဟု ဆိုသည်။

“ကျွန်တော်က (၁၀)တန်းကလေးတွေကို စာသင်ပြပေးနေတဲ့ ဆရာတဦးလည်းဖြစ်သလို ရပ်မိ/ရပ်ဖလည်းဖြစ် တော့ ကျွန်တော့်ကို လူသိများတယ်။ ဒါကြောင့် ကျွန်တော့်အမည်ကိုအသုံးပြုပြီး ပြည်သူတဦးက မှာတင်လိုက် တာဖြစ်ပါတယ်။ ကျွန်တော်တင်တာတော့ မဟုတ်ပါဘူး။ ဒါကို အဲဒီအမှုနဲ့ပတ်သက်နေသူက ကျွန်တော်တင်ပါတယ်ဆိုပြီး အသရေဖျက်မှုနဲ့ မြို့နယ်တရားရုံးမှာ တရားစွဲတဲ့အတွက် ပုဒ်မ-၅၀၀နဲ့ အမှု ရင်ဆိုင်နေရတာပါ။ ဒီအမှုက လက်ရှိမြို့ နယ်တရားရုံးမှာ တကယ်ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ တင်တဲ့လူကလည်း လုပ်ကြံ လိမ်လည်ပြီး Facebook စာမျက်နှာမှာ တင်လိုက်တာတော့ မဟုတ်ပါဘူး။ ဒါကို တရားသူကြီးက လက်ခံလိုက်တဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်”ဟု တရားရင်ဆိုင်နေရသူ ရပ်မိ/ရပ်ဖ ဆရာဦးဝင်းချိုက News Watch သို့ ပြောသည်။

သက်ဦးနိုင်(မြ၀တီ)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal?fref=nf

Thursday 30 October 2014

ခရီးသည်တင်ယာဉ် အရှိန်မထိန်းနိုင်ဘဲ ရေမြောင်းထဲ ထိုးကျ ခြောက်ဦး သေဆုံး

မကွေးတိုင်း ဒေသကြီး ဂန့်ဂေါမြို့နယ် တောင်ခင်ရန်း ရဲကင်း စခန်းမှူး ဒုတိယ ရဲအုပ် သိန်းဇော်သည် ယမန်နေ့ နံနက် ၆ နာရီ ၄၈ မိနစ်က တာဝန်မှူး တာဝန် ဆောင်ရွက်နေစဉ် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ မြောက်ခင်ရန်း ကျေးရွာနှင့် သင်တောကျေးရွာကြား ဂန့်ဂေါ-ကလေးသွား ကားလမ်း မိုင်တိုင် အမှတ်(၃၅/ဝ)နှင့် (၃၅/၁)အကြား၌ မြောက်ခင်ရန်းကျေးရွာမှ စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့သို့ ဈေးဝယ်ရန် ခရီးသည် ၁၂ ဦးခန့် တင်ဆောင်ပြီး ယာဉ်မောင်း ပါသဲ ၂၇ နှစ် တီအိုကျေးရွာ ထန်တလန်မြို့နယ် နေသူ မောင်းနှင်သော FOTON အဖြူရောင် ခြောက်ဘီးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဘယ်ဘက် ပေ ၄ဝ ခန့်ရှိ ရေမြောင်းထဲသို့ ထိုးကျ တိမ်းမှောက်ခဲ့သည်။

ထိုသို့ ယာဉ်တိမ်းမှောက်မှုကြောင့် ပြင်ပဒဏ်ရာများ မတွေ့ရှိဘဲ သေဆုံးသူ သုံးဦး မှာ ဖိုးချက် ၃၈ နှစ်၊ မမိတိုး ၃၆ နှစ် မြိုင်မြို့နယ် ဆိပ်သား ကျေးရွာနေသူနှင့် ခင်ဇော်နိုင် သုံးနှစ် ရွာသစ်ကုန်း ကျေးရွာ ဆိပ်ဖြူမြို့နယ် နေသူ တို့ဖြစ်ကာ ပြင်ပ ဒဏ်ရာများ ရရှိ၍ သေဆုံးသူ သုံးဦးမှာ ဒေါ်ကြည်လင် ၆ဝ နှစ် တောင်ခင်ရန်း ကျေးရွာ ဂန့်ဂေါမြို့နယ် နေသူတွင် ဝဲဘက်နားထင် ဖူးယောင်ဒဏ်ရာ၊ အောင်သူလင်း ၂ဝ နှစ် တောင်ခင်ရန်းကျေးရွာ ဂန့်ဂေါမြို့နယ် နေသူတွင် ယာနားသွေးထွက် ဒဏ်ရာ၊ မခင်ဌေးကြည် ၄၁ နှစ် ရွာသစ်ကုန်း ကျေးရွာ ဆိပ်ဖြူမြို့နယ် နေသူတွင် ယာနားထင် ပေါက်ပြဲဒဏ်ရာ ရရှိကာ သေဆုံးခဲ့ပြီး ကျန်ခရီးသည် ခြောက်ဦးမှာ ဒဏ်ရာ အသီးသီး ရရှိခဲ့သည်။

ထို့ကြောင့် ယာဉ်မောင်း ပါသဲကို ဂန့်ဂေါ မြို့နယ် ကန်နယ်မြေ ရဲစခန်းက ယာဉ် (ပ)၁၅/၂ဝ၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၄-က/၃၃၈/၃၃၇ အရ အရေးယူ ထားကြောင်း သိရသည်။

မြ၀တီ
https://www.facebook.com/mwdmedia?fref=nf

စစ်သွေးကြွတွေ နှိပ်စက်ခံရတဲ့ အမျိုးသမီးတွေဘ၀ (ရုပ်/သံ)

IS စစ်သွေးကြွတွေ ဖမ်းဆီးသွားခဲ့တဲ့ ရာနဲ့ချီတဲ့ အမျိုးသမီးတွေဟာ အဓမ္မပြုကျင့်မှု၊ အတင်းအကျပ် ထိမ်းမြားလက်ထပ်မှု၊ လိင်ကျွန်အဖြစ် အသုံးချခံခဲ့ရမှုတွေနဲ့ ကြုံခဲ့ရပါတယ်။ ဗွီအိုအေသတင်းထောက် Ayesha Tanzeem သတင်းပေးပို့ထားတာကိုတော့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။ VOA Burmese

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ 


(၅)လွှာတိုက်ခန်းဝရန်တာ အုတ်ခုံပေါ်တွင်ထိုင်နေသူ အမျိုးသမီးငယ်တစ်ဦး ပြုတ်ကျသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၃၀

၂၉.၁၀.၂၀၁၄ ရက်နေ့ ၁၉၄၀ အချိန်တွင် ပန်းဘဲတန်းမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အမျိုးသမီးတစ်ဦး (၅)လွှာတိုက်ခန်းမှ ပြုတ်ကျသေဆုံးပြီး ရန်ကုန် ဆေးရုံကြီးသို့ ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ရှမ်းပြည်နယ်၊ လားရှိုးမြို့နေ မတင့်တင့်စိုး၊ (၂၀)နှစ်ဖြစ်ပြီး ၎င်းတွင် ပါးစပ်သွေးထွက်၊ မေးစေ့ကွဲ ဒဏ်ရာများ ရရှိထားသည်ကိုတွေ့ရှိ ရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူသည် လွန်ခဲ့သော(၁)လခန့်မှစတင်၍ ပန်းဘဲတန်းမြို့နယ်၊ (၁)ရပ်ကွက်၊ ရွှေတိဂုံဘုရားလမ်းရှိ အမျိုးသမီး ဘော်ဒါဆောင်သို့ ရောက်ရှိနေထိုင်ခဲ့ကြောင်း၊ ၂၉.၁၀.၂၀၁၄ ရက်နေ့
၁၉၃၀ အချိန်တွင် ၎င်းနေထိုင်သော (၅)လွှာတိုက်ခန်း ၀ရန်တာ အုတ်ခုံတန်း ပေါ်တွင်ထိုင်နေရာမှ မြေပြင်ပေါ်သို့ပြုတ်ကျခဲ့ပြီး ဒဏ်ရာများရရှိကာ သတိလစ်နေသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်စဉ် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့် ပတ်သက်၍ ပန်းဘဲတန်းမြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၃/၂၀၁၄) ဖြင့် ရေးဖွင့် ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

အိန္ဒိယ ရထား သံလမ်း ဘေးတွင် ကိုယ်လက် အင်္ဂါ ပြတ်တောက် သေဆုံး နေသည့် ဗြိတိန် နိုင်ငံသား အလောင်းတွေ့ရှိ

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒေ့ရှ်ပြည်နယ် ကမ်ပူမြို့နားက ချန်ဒါရီဘူတာရဲ့ ရထား သံလမ်းဘေးမှာ ကိုယ်လက်အင်္ဂါတွေ ပြတ်တောက်ပုံ ပျက်နေတဲ့ ဗြိတိန်နိုင်ငံသား တယောက်ရဲ့ အလောင်းကို အောက်တိုဘာ ၂၉ ရက်နေ့က တွေ့ရပါတယ်။

အိန္ဒိယအစိုးရ မီးရထားရဲတွေရဲ့အဆိုအရ ဒီသေဆုံးမှုကို ခုချိန်ထိ မတော်တဆမှုအဖြစ် သတ်မှတ်ထား ပါတယ်။

ဒီအမျိုးသားဟာ မောင်းနှင်နေဆဲ ရထားပေါ်က ပြုတ်ကျသေဆုံးပုံ ရတယ်လို့ ချန်ဒရီ မီးရထားဘူတာရဲ့ စစ်ဆေးရေးမှူး မဟာဒေ့ဗ်က ပြောပါတယ်။ သူ့ရဲ့ နိုင်ငံကူး လက်မှတ်အရ သူ့ဇာတိနိုင်ငံကိုပဲ သိသေးတယ်။

သူနိုင်ငံကူး လက်မှတ်က အသက်အရ အသက် ၅၆ နှစ်ရှိပြီလို့ သူက ဆက်ပြောပါတယ်။ သေဆုံးမှုကို အိန္ဒိယရဲတွေက စုံစမ်းစစ်ဆေးနေဆဲပါ။

By ဒီဗွီဘီ
http://burmese.dvb.no/archives/69251


ပညာရေးရံပုံငွေ သိန်း ၆၀၀ နီးပါး အလွဲသုံးမှု ပညာရေးဝန်ထမ်းများ အရေးယူခံရ


ပဲခူးတိုင်း ပြည်မြို့တွင် ပညာရေးရံပုံငွေ သိန်း
 ၆၀၀ နီးပါး အလွဲသုံးစားမှု ဖြစ်ခဲ့ပြီး ပညာရေး
ဌာနမှ တာဝန်ရှိသူ ဝန်ထမ်းများကို
 နေပြည်တော် ပညာရေးစီမံခန့်ခွဲမှု ကော်မတီ
က အရေးယူလိုက်ကြောင်း အရေးယူခံရ


သူတစ်ဦးဖြစ်သည့် လက်ထောက်မြို့နယ်ပညာရေးမှူး ဦးနိုင်အောင်ထွန်းက မဇ္ဈိမကို ပြောသည်။

“နေပြည်တော် ပညာရေးစီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ အပြစ်ပေးလိုက်တာပါ” ဟု ဦးနိုင်အောင်ထွန်းက ပြောသည်။ ဇွန်လအတွင်း ဖြစ်ပေါ်ခဲ့သည့် ယင်းအလွဲသုံးမှုကို ကော်မတီက အောက်တိုဘာ ၂၂ရက်နှင့် ၂၄ရက်တို့တွင် အရေးယူရန် အမိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

မူလတန်းကျောင်းသားများ ပညာသင်စရိတ် ထောက်ပံ့ငွေနှင့် ကျောင်းထောက်ပံ့ကြေးငွေ စုစုပေါင်း ကျပ် (၅၈၃) သိန်းကို ယခင် ပြည်မြို့နယ်တာဝန်ခံ ပညာရေးမှူး ဦးဇော်မြလက်မှတ်ဖြင့် စာရေး(၃) ဦးဌေးနိုင်က ထုတ်ယူသုံးစွဲခဲ့သည့်အတွက် ပညာရေးဌာနမှ တာဝန်ရှိသူ ၀န်ထမ်းများကို အရေးယူ ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဖြစ်စဉ်တွင် ပါဝင်သူ စာရေး(၃)ဦးဌေးနိုင်ကို ရာထူးမှထုတ်ပယ်ခဲ့ပြီး ပညာရေးမှူးဦးဇော်မြကို အောင်ဆန်းအလယ်တန်း ကျောင်းအုပ်အဖြစ် ရာထူးချ ပြစ်ဒဏ်ပေးခဲ့သည်။

ပဲခူးတိုင်းပညာရေးမှူး၊ ပဲခူးတိုင်းအနောက်တိုင်းခွဲ ပညာရေးမှူး၊ ပြည်ခရိုင်ပညာရေးမှူး တို့ကို ပြင်းထန်စွာ သတိပေးခဲ့ပြီး ပြည်မြို့နယ် ပညာရေးမှူး ဦးတင်ဦးကို ပြည်ခရိုင် ပညာရေးမှူးရုံးတွင် ဦးစီအရာရှိအဖြစ် ရာထူးတစ်ဆင့်ချပြစ်ဒဏ်ပေးခဲ့သည်။

ဒုတိယမြို့နယ်ပညာရေးမှူး ဦးသောင်ဌေးကို ရွှေတောင်မြို့နယ် ပညာရေးမှူးရုံးသို့ မူလရာထူးအတိုင်း ပြောင်းရွှေ့စေခြင်း၊ လက်ထောက်မြို့နယ် ပညာရေးမှူး ဦးနိုင်အောင်ထွန်းကို ပေါက်ခေါင်းမြို့နယ် ပညာရေးမှူးရုံးသို့ မူလရာထူးအတိုင်း ပြောင်းရွှေ့စေပြီး လက်ထောက်မြို့နယ်ပညာရေးမှူး နှစ်ဦးကိုလည်း နယ်ပြောင်းပြစ်ဒဏ်များပေးခဲ့သည်။

ထို့အပြင် ပြည်မြို့နယ်ပညာရေးမှူးရုံးမှ စာရေး (၂) ဦးဝင်းစိန်ကိုလည်း ပြင်းထန်စွာ သတိပေးခဲ့ကြောင်း အရေးယူခံရသူ လက်ထောက်မြို့နယ် ပညာရေးမှူး ဦးနိုင်အောင်ထွန်းက ပြောသည်။
၎င်းအလွဲသုံးစားမှုအတွက် ပညာရေးမှူးဟောင်း ဦးဇော်မြနှင့် စာရေး(၃)ဦးဌေးနိုင်တို့ကို ပြည်မြို့မရဲစခန်းတွင်လည်း (ပ) ၇၃၅ /၂၀၁၄ ပြစ်မှုပုဒ်မ ၄၀၉ အရ အမှုဖွင့်ထားသည်။


Mizzima News Daily



ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အထက (၃) မှ ကျောင်းတက်နေကြသည် ကျောင်းသား၊ ကျောင်းသူ ကလေးများအား တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ).

MPT၏ ပွင့်လင်းမြင်သာခြင်းမရှိမှုကို အခွင့်အရေးယူပြီး အထက်တန်းပြ ဆရာမ တစ်ဦးက ဖုန်းငွေဖြည့်ကတ် ကျပ်သိန်း တစ်သောင်းဖိုးခန့် လိမ်လည်


ကြည့်မြင်တိုင် အထက(၂)မှ အထက်တန်းပြ
ဆရာမ ဒေါ်မြစုလှိုင်က တယ်လီဖုန်း ငွေဖြည့်
ကတ် မျိုးစုံရမည်ဆိုကာ လူသုံးဦးထံမှ
ကျပ်သိန်းတစ်သောင်းခန့် လိမ်လည်မှု ဖြစ်
ပွားခဲ့သည်။ ဖြစ်စဉ်မှာ အထက်(၂) ကြည့်မြင်
တိုင် ကျောင်းစာရေးကြီးမှ သူနှင့်ခင်မင်သော


မမိုးစန္ဒာဆိုသူ အမျိုးသမီး တစ်ဦးကို သူတို့ကျောင်းမှ ဆရာမ ဒေါ်မြစုလှိုင်သည် တယ်လီဖုန်း ငွေဖြည့်ကတ်များ ဈေးသက်သာစွာ ရောင်းပေးနေသည်ဟု မိတ်ဆက်ပေးခဲ့သည်။

ထိုမိတ်ဆက် ပေးချက်အရ တယ်လီဖုန်း ငွေဖြည့်ကတ်များကို စမ်းသပ်ဝယ်ယူရာ ငွေ ၅,၀၀၀တန် ငွေဖြည့်ကတ်ကို ကျပ်၃,၉၀၀ဖြင့် လည်းကောင်း၊ ကျပ်တစ်သောင်းတန် ငွေဖြည့်ကတ်ကို ကျပ်၉,၀၀၀ဖြင့်လည်းကောင်း ၀ယ်ယူရရှိခဲ့သည်။


မမိုးစန္ဒာမှတစ်ဆင့် သူ၏ အလုပ်ရှင်ကို ပြောပြခဲ့ရာ အလုပ်ရှင်ကလည်း စိတ်ဝင်စားပြီး အဆိုပါ ဆရာမထံမှ တယ်လီဖုန်း ငွေဖြည့်ကတ်များ ၀ယ်ယူခဲ့သည်။ ထို့ပြင် အလုပ်ရှင်၏ ဆွေမျိုး ဆရာဝန် တစ်ဦးကလည်း အဆိုပါ ဆရာမထံမှ ငွေဖြည့်ကတ်များ ၀ယ်ယူခဲ့သည်။ သို့သော် ရှေ့ပိုင်းတွင် ငွေပေးလိုက်က တယ်လီဖုန်းကတ်များ ချက်ချင်းရသော်လည်း နောက်ပိုင်း တစ်ပတ်လျှင် ကျပ်သိန်း ၁၀၀ ဖိုးခန့်အထိ ၀ယ်သောအခါ ငွေကို အရင်ပေးပြီး နှစ်ရက်ခန့်နေမှ ကတ်များရခဲ့သည်။

သို့သော် ရောင်းသူများ အတွက် ငွေကြေး အမြတ်အစွန်းများသဖြင့် ဆက်လက် ၀ယ်ယူခဲ့သည်။ အဆိုပါ ဆရာမက သူ၏မောင်ဖြစ်သူ တပ်မတော် အရာရှိတစ်ဦးက ကူညီသဖြင့် တယ်လီဖုန်းကတ်များကို ဆက်သွယ်ရေးမှ ၀ယ်ယူခွင့်ရနေကြောင်း ယုံကြည်လောက်အောင် ပြောထားခဲ့သည်။

 သို့သော် စက်တင်ဘာ နောက်ဆုံးအပတ်တွင် ပုံမှန်ဖောက်သည်ဖြစ်သော မမိုးစန္ဒာက ကျပ်သိန်း ၁၉၀၀ဖိုး ငွေဖြည့်ကတ် ၀ယ်ယူရန် ငွေများပေးထားသော်လည်း လကုန်သည်အထိ မရခဲ့ပေ။ အလားတူ မမိုးစန္ဒာ၏ အလုပ်ရှင်ကလည်း ကျပ်သိန်း ၁၉၀၀ဖိုး၊ ဆရာဝန် တစ်ဦးကလည်း ကျပ်သိန်း ၅၀၀၀ဖိုး ငွေပေးထားသော်လည်း ယခုအထိ မရကြောင်း သိရသည်။ မမိုးစန္ဒာတို့ သုံးဦးအပြင် အခြားသူများကလည်း အဆိုပါ ဆရာမထံမှ ငွေဖြည့်ကတ်များ ၀ယ်ယူရန် ကြိုတင်ငွေများ ပေးထားကြရာ စုစုပေါင်း ကျပ်သိန်းပေါင်း တစ်သောင်းခန့် ရှိကြောင်းလည်း သိရသည်။


ငွေများ လက်ခံရယူထားသော ဆရာမ ဒေါ်မြစုလှိုင်သည် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ငွေပေးထားသူ မမိုးစန္ဒာအား ငွေလက်ခံရရှိကြောင်းနှင့် အောက်တိုဘာလ ၃ ရက် နောက်ဆုံးထားပြီး တယ်လီဖုန်း ငွေဖြည့်ကတ်များ ပေးပါမည်ဟု စာချုပ်ချုပ်ဆိုပေးခဲ့သည်။ သို့သော် လက်မှတ်ထိုးပေးသည့် နောက်ပိုင်း ကျောင်းလည်း မတက်၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ ကျောက်စိမ်းလမ်း နေအိမ်တွင်လည်း မရှိဘဲ ပျောက်ဆုံးလျက် ရှိသည်။ ဆရာမ၏ မောင်ဖြစ်သူကို Tomorrow ဂျာနယ်က ဆက်လက်စုံစမ်းရာ အဆိုပါ သူ၏ အစ်မဖြစ်သော်လည်း သူနှင့် ယခု ကိစ္စသည် လုံးဝမပတ်သက်ကြောင်း၊ အစ်မဖြစ်သူ၏ စီးပွားရေးသာဖြစ်ပြီး မိမိကလည်း တယ်လီဖုန်း ငွေဖြည့်ကတ်ရရန် ကူညီပေးခဲ့ခြင်းမျိုး မရှိကြောင်း ဖြေကြားခဲ့သည်။

 မြန်မာ့ဆက်သွယ်ရေး အနေဖြင့် တယ်လီဖုန်း ငွေဖြည့်ကတ်များကို မည်သည့်ပုံစံဖြင့် ရောင်းချသည်ကို အများပြည်သူသိရန် ထုတ်ပြန် ကြေညာခြင်းမျိုး မရှိသည့်အတွက် ယခုကဲ့သို့ မသိနားမလည်သူများကို လိမ်ညာသည့် လူတန်းစား တစ်ရပ် ပေါ်ပေါက်လာနေကြောင်း၊ ယခုဖြစ်စဉ်ကို လေ့လာကြည့်ပါက ငွေဖြည့်ကတ်အတွက် ပေးသော ကော်မရှင်ကို ပိုပေးသည့်အတွက် လူအတော်များများက စိတ်ဝင်စားပြီး အဆိုပါ ဆရာမထံ ငွေများ ပုံပေးလိုက်ရာမှ အလိမ်ခံရခြင်း ဖြစ်သည်ကို လေ့လာတွေ့ရှိရသည်။

အလိမ်ခံရသော မမိုးစန္ဒာက သူ၏ ရွာမှ တယ်လီဖုန်းကတ် ရောင်းသော ဆွေမျိုးများ၊ အလုပ်အတွင်းမှ ၀န်ထမ်း သူငယ်ချင်းများ၊ ဆရာတော်များ၏ ဘုန်းတော်ကြီးကျောင်း ဆောက်ရန် ငွေများပါ စုပုံပေး လိုက်ရာမှ အလိမ်ခံလိုက်ရခြင်း ဖြစ်ကြောင်း Tomorrowသို့ ပြောပြသည်။

The Tomorrow Journal

မန္တလေးတိုင်း နယ်/လုံဝန်ကြီး၏မိခင် ကျပ်သိန်းသုံးဆယ်ကျော်ဖိုးရှိ စိန်ရွှေရတနာများ ခိုးယူခံရ


မန္တလေးတိုင်းဒေသကြီး နယ်စပ်ရေးရာ လုံခြုံရေး
ဝန်ကြီး၏ မိခင်ဖြစ်သူသည် အောက်တိုဘာလ
 ၂၇ ရက်နေ့ ညက ကျပ်သိန်းသုံးဆယ်ကျော်
 တန်ဖိုးရှိ စိန်၊ ရွှေရတနာနှင့် ငွေကြေးအချို့ပါ
သည့် လက်ကိုင်အိတ် ခိုးယူခံရကြောင်း မိတ္ထီ
လာခရိုင် ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။



မိတ္ထီလာမြို့တွင်း ဆုတောင်းပြည့် ဘုရားလမ်း ဆိုင်းတန်းရပ်ကွက်တွင် နေထိုင်သည့် အသက် ၈၀ ခန့် အရွယ်ရှိ ဒေါ်သန်းမြင့်သည် ပြည်သာယာ (တောင်) ရပ်ကွက် (၅) လမ်းရှိ ညီမဖြစ်သူ ဒေါ်သန်းတင့်၏ နေအိမ်သို့ ခေတ္တ လာရောက်လည်ပတ် နေထိုင်စဉ် ခိုးယူခံရခြင်း ဖြစ်ကြောင်း၊ အဆိုပါ လက်ကိုင်အိတ်အတွင်း ပတ္တမြားဆွဲသီးပါ ဆွဲကြိုးတစ်ကုံး၊ ပတ္တမြား လက်စွပ်တစ်ကွင်း၊ ပတ္တမြားနှင့် စိန်ပါ နားကပ်တစ်ရန်၊ ပတ္တမြားဆွဲပြား တစ်ခု၊ ပတ္တမြား အလွတ်အလုံးသေး ၃၀ နှင့် ငွေသား ကျပ်ခြောက်သိန်းကျော်တို့ ပါဝင်ကြောင်း မိတ္ထီလာမြို့နယ် အမှတ် (၃) နယ်မြေရဲစခန်းထံမှ သိရသည်။

ယင်းခိုးယူခံရမှုနှင့် ပတ်သက်၍ အောက်တိုဘာလ ၂၈ ရက်နေ့တွင် နယ်မြေခံ အမှတ် (၃) ရဲစခန်းသို့ အမှုဖွင့် တိုင်ကြာခဲ့သောကြောင့် (ပ) ၁၂၄/၂၀၁၄၊ ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲစခန်း တာဝန်ကျ ရဲအရာရှိက ပြောကြားသည်။

အမှုဖွင့်တိုင်ကြားသူ ဒေါ်သန်းမြင့်မှာ မန္တလေးတိုင်းဒေသကြီး နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုး၏ မိခင်ဖြစ်ကြောင်း မိတ္ထီလာမြို့နယ် ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းထံမှ သိရသည်။

The Voice Weekly

မိမိကိုယ်ကိုယ် မီးရှို့မည်ဆိုသည့်သတင်း တိုက်ခိုက်မှုဟု ဦးဝီရသူ မိန့်ကြား


မျိုးစောင့်ဥပဒေကို ပြဋ္ဌာန်း မပေးရင် မိမိ
ကိုယ်ကိုယ် မီးရှို့ ဆန္ဒပြမယ်လို့ ဦးဝီရသူ
က မိန့်ကြားကြောင်း လူမှုရေးကွန်ရက်
အင်တာနက် စာမျက်နှာပေါ်မှာ ပျံ့နှံနေတာ
ဟာ တိုက်ခိုက်မှုသာ ဖြစ်တယ်လို့ ကာယကံရှင်


ဦးဝီရသူက မိန့်ကြားပါတယ်။

အောက်တိုဘာ ၂၇ ရက်နေ့က မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်မှာ အထက်ဗမာပြည် အမျိုး ဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ရဲ့ စတုတ္တအကြိမ် စုပေါင်း စုံညီတွေ့ဆုံပွဲမှာ မျိုးစောင့်ဥပဒေပြဋ္ဌာန်းရေးကို နိုဝင်ဘာ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး မပြဋ္ဌာန်းပေးရင် ဒီဇင်ဘာ ၂ ရက်နေ့မှာ မိမိကိုယ်ကိုယ် ဓာတ်ဆီလောင်းမီးရှို့ဆန္ဒဖော်ထုတ်သွားမယ်လို့ ဦးဝီရသူက မိန့်ကြားတယ်ဆိုတဲ့ ရေးသားချက်တွေ လူမှုရေးကွန်ရက်တွေမှာ ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။

“ပြောတာလည်း မဟုတ်ပါဘူး။ ရေးတာလည်း မဟုတ်ပါဘူး။ မဟုတ်တဲ့အကြောင်းကို သူတို့သတင်းက ရေးလာတာနဲ့ တပြိုင်နက် ဦးဇင်းအကောင့်ကနေ ပြန်ချေပထားပါတယ်” လို့ ဦးဝီရသူက မိန့်ကြားပါတယ်။

အရင်က သုံးခဲ့တဲ့လူမှုရေးအကောင့်တွေက တိုက်ခိုက်ခံထားရတဲ့အတွက် မြန်မာလို ၀ီရသူ (မစိုးရိမ်) ဆိုပြီး အကောင့်တခုနဲ့ ထပ်မံဖွင့်ထားပြီး အဲဒီမှာ ရှင်းလင်းထားတယ်လို့ သူက ပြောပါတယ်။


DVB (မြန်မာပိုင်း)

အရွယ်မရောက်သေးသူအား အဓမ္မပြုကျင့်၍ ကျောက်ခဲနှင့်ထု၍ မြေမြုတ်ထားခဲ့သည့် တရားခံအား (၇)လနီးပါး ကြာသည်အထိ ကသာရဲစခန်းမှ ဖမ်းဆီးနိုင်ခြင်း မရှိ


၁၁၊၄၊၂၀၁၄ရက်နေ့က ဖြစ်ပွားခဲ့သော (၁၁)နှစ်
အရွယ် ကျောင်းသူတစ်ဦးအား တောထဲခေါ်၍
 မုဒိမ်းကျင့်ရိုက်နှက်နှိပ်စက်ပြီး မီးသွေးဖိုပျက်
အတွင်းသို့ပစ်ချ၍ မြေမြုပ်ထားခဲ့သည့် တရား
ခံအား ယနေ့အထိ ဖမ်းဆီးနိုင်ခြင်း မရှိရုံမက
အမှုတိုင်ကြားခဲ့သည့် တရားလိုအား ယနေ့တိုင်


ရဲစခန်းနှင့် တရားရုံးတို့မှ ခေါ်ယူစစ်ဆေးခြင်းပင် မရှိခဲ့သည့်အတွက် မတရားပြုကျင့်ခံခဲ့ရသည့် မိသားစုမှ ကျေနပ်မှု မရှိပါကြောင်း မီဒီယာရုံးခန်းသို့ လာရောက်တွေ့ဆုံ ပြောကြားခဲ့ကြပါသည်၊

ထိုသို့ ပြောကြားရာတွင် အမှု၏ တရားလို အဖြစ် အမှုဖွင့်ခဲ့သူ မခင်ခင်ဦး(အသက်၂၉နှစ်)အနေနှင့် ယခုဖြစ်ခဲ့သည့် ရက်စက်သည့်ဖြစ်စဉ်အပေါ် ကသာမြို့မရဲစခန်းမှ တရားခံအား
မဖမ်းနိုင်ခဲ့ခြင်းအပေါ် သူမ၏ ဖြစ်စဉ်နှင့် စိုးရိမ်စိတ်များကို ယခုလို ပြောပြခဲ့ပါသည်၊

““ ကျွန်မနာမည်က မခင်ခင်ဦးဖြစ်ပါတယ်၊ အခုလို မတရားကျင့်ခံရတဲ့ ဆဌမတန်းကျောင်းသူ မ xxxxx ရဲ့ ယောင်းမဖြစ်ပါတယ်၊ သူ့အစ်ကိုက ကျွန်မခင်ပွန်းပါ ၊ သူတို့မိသားစုတစ်ခုလုံး
ရိုးလွန်းကြပါတယ်၊ ဖြစ်တဲ့နေ့ ၁၁၊၄၊၂၀၁၄ရက်နေ့ မွန်းလွဲပိုင်းလောက် နတ်ရေတွင်းရွာမှာနေတဲ့ ကျွန်မဆီကို မ xxxxx နဲ့ အတူကစားနေတဲ့ စန်းသီတာအေး(၁၄နှစ်)နဲ့ ကျွန်မယောင်းမအငယ်ဆုံး
၈နှစ်သမီး ချိုမီသန်းတို့ လာတိုင်ကြပါတယ်၊ူ မ xxxxx ကို တစ်ရွာတည်းနေတဲ့ မင်းမင်းထွန်း(၃၀နှစ်)က တောထဲကို ဆွဲခေါ်သွားတယ် ပေါ့၊ မင်းမင်းထွန်းဆိုတာက ကျွန်မတို့ရွာကပါပဲ၊ သူ့မှာ မိန်းမရှိတယ်၊

ကလေး(၂)ယောက် ရှိတယ်၊သူ့ရဲ့ သမီးအကြီးက(၉)နှစ်ဖြစ်ပြီး သားငယ်က (၁၁)လပဲ ရှိပါသေးတယ်၊ အဲဒီလိုလာတိုင်တော့ ကျွန်မလည်း ကျေးရွာအုပ်ချုပ်ရေးမှူးဆီကို သွားပြီးပြောပါတယ်၊ပြီးတော့မှ
လူကြီးတွေနဲ့အတူ တောထဲကို လိုက်ဖို့ ရွာကနေ ထွက်လာကြပါတယ်၊ ကျွန်မတို့ ရွာအပြင်ဘက် ရောက်တဲ့အချိန်မှာပဲ တောထဲဆွဲခေါ်ခံသွားရတဲ့ မ xxxxx ကို ဒရီးဒယိုင်နဲ့ လမ်းလျှောက်ပြန်လာတာတွေ့ရပါတယ်၊

သူမျက်နှာပေါ်မှာလည်း ဒါဏ်ရာတွေ ညိုမည်းနေပြီးဆံပင်တွေလည်း မြေကြီးတွေနဲ့ ပွစာကြဲနေပါတယ်၊ တစ်ကိုယ်လံုး ဖုန်တွေသည်တွေနဲ့ အောက်ပိုင်းတစ်ခုလုံးလည်း သွေးတွေ စီးကျနေပါတယ်၊ ၊ခပ်လှမ်းလှမ်းကနေ စမြင်ရတော့ ကျွန်မယောင်းမကို ကျွန်မအပါအ၀င် ဘယ်သူမှ မမှတ်မိကြပါဘူး၊အနားရောက်မှူ မ xxxxx မှန်းသိကြရပြီး ကျွန်မက ရွာထဲအထိ ကြောပိုးပြီး ခေါ်ခဲ့ပါတယ်၊ ရွာထဲကနေတစ်ဆင့် ကသာဆေးရုံကို ပို့လိုက်ရပါတယ်၊

အဲဒီနေ့ မှာပဲ ကျွန်မ ကသာရဲစခန်းကို အမှုသွားဖွင့်ပါတယ်၊ ရဲက ကျွန်ကို စစ်ဆေးချက်ကို ရေးမှတ်ပြီး အမှုဖွင့်ပေးပါတယ်၊ နောက်ပြီးကျွန်မ ယောင်းမ တက်နေတဲ့ ဆေးရုံကို လိုက်လာပြီး စစ်ဆေးမေးမြန်းပါတယ်၊

ဆေးရုံပေါ်မှာ ကျွန်မယောင်းမလေးရဲ့ မိန်းမကိုယ်ကနေ သွေးတွေ အဆက်မပြတ်ထွက်နေလို့ ပလပ်စတစ်နဲ့ အောက်ပိုင်းကို ပတ်ထားရပါတယ်၊ ကျွန်မတို့ ဆေးရုံမှာ(၆)ရက်တက်ပြီးပြန်ဆင်း
လာတော့မှရဲတွေ ကျွန်မတို့ရွာကို ရောက်လာပြီး ကျွန်မယောင်းမ မ xxxxx ကို စစ်ချက်ထပ်ယူပါတယ်၊ ကျွန်မတို့ အရင်နေ့တွေက ဘာလုပ် မဖမ်းကြတာလဲလို့မေးတော့ ရဲတွေက သင်္ကြန်တွင်း အလုပ်ရှုပ်နေကြလို့ ဆိုပြီး ပြောပါတယ်၊

သူတို့လာတဲ့အချိန်မှာ မင်းမင်းထွန်းက ထွက်ပြေးသွားပါပြီ၊ အဲဒီနောက်ပိုင်းတော့ ကျွန်မတို့ကို ဘာမှလည်းမသိရတော့ပါဘူး၊ညီမလေး ကတော့ ဆေးရုံကဆင်းလာပြီး မကြာခင် ဆော့ကစားနေရင်း
မိန်းမမကိုယ်ထဲက သွေးတွေ ပြန်ထွက်လာလို့ ဆေးရုံကို ဒုတိယအကြိမ် တက်ရပါတယ်၊

ရဲကလည်း ဘာမှ မပြောပါဘူး၊တရားရုံးကလည်း ခေါ်မစစ်ပါဘူး၊ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းမှာတော့
ကျွန်မအဖေ(ယောက္ခထီး)က ရဲစခန်းမှူးဆီသွားမေးပါတယ်၊ (၄)လကျော်တဲ့အထိ ဘာမှန်း မသိရလို့ပေါ့၊ ရဲစခန်းမှူးက အခြားစခန်းတွေကို စာထုတ်ပြီး တရားခံဖမ်းပေးဖို့ အကြောင်းကြားစာ ပို့ထားတယ်ဆိုတာပဲ ပြောတယ်၊

ကျန်တာတော့ ဘာမှ မသိရပါဘူး၊ အခုအထိလည်း တရားရုံးတို့ ရဲစခန်းတို့ ဘယ်ကမှ ခေါ်စစ်တာ မေးတာ မရှိပါဘူး၊ အခုဆို(၇)လပြည့်တော့မယ်၊ တရားခံလည်း မမိဘူး၊ ဘာမှန်းလည်း မသိရဘူး၊ ကျွန်မတို့ မိသားစုအခုဖြစ်နေရတဲ့ ခံစားမှုက တထိတ်ထိတ်နဲ့ ကျီးလန့်စာစားနေ နေရပါတယ်၊ ကိုယ့်သမီးတွေ ယောင်းမတွေရဲ့ ဘ၀ဟာ မလုံခြုံသလို ခံစားနေရပါတယ်၊ ကျွန်မကတော့ ဒီလောက်ကြီး ရက်စက်တဲ့အမှုကို ကျူးလွန်သွားတဲ့တရားခံကို ရဲက မိအောင် မဖမ်းနိုင်ဘူးဆိုတော့ ရဲတွေညံ့လွန်းလို့ မကျေနပ်လို့ အခုလို ဆရာဟာဂျူလီကို လာတွေ့ပြီး ရင်ဖွင့်ရတာပါ”” ဟု ပြောဆိုပါသည်၊

မ xxxxx နှင့် အတူ ကစားနေခဲ့သည်ဆိုသည့် စန်းသီတာအေး(၁၄နှစ်)ကလည်း သူမ၏ ထိုနေ့ကဖြစ်ပျက်ခဲ့သည့် ဖြစ်စဉ်အပေါ် ယခုလို ပြောပြပါသည်၊

““ သမီးရယ် နဲ့ မ xxxxx ရယ် ချိုမီသန်း( မတရားပြုကျင့်ခံရသူ၏ ညီမ) အတူကစားနေကြတာပါ၊ အဲဒီအချိန်မှ ဦးမင်းထွန်းရောက်လာပြီး တောထဲမှာ သိကြားသီး သွားခူးစားကြရအောင်လို့ ပြောပါတယ်၊ကျွန်မတို့ကလည်းကိုယ်နဲ့ တစ်ရွာထည်းသား သိလည်း သိနေတော့ လိုက်သွားကြပါတယ်၊ တောအတော်နက်နက်သွားပြီး ဦးကျော်ဝင်းလှိုင်ရဲ့ ခြံနားရောက်တော့ နင်တို့ နေခဲ့တော့ဆိုပြီး ကျွန်မနဲ့ချိုမီသန်းကို ဒီနေမှာပဲ နေခဲ့ဆိုပြီးမ xxxxx ကိုပဲ ဆွဲခေါ်သွားပါတယ်၊

ကျွန်မတို့ လိုက်မယ်လုပ်တော့ ဦးမင်းထွန်းက ကျွန်မတို့ကို ဆဲပြီး မောင်းထုတ်တဲ့အတွက် ကျွန်မတို့ ကြောက်ပြီး ရွာကို ပြန်ခဲ့ကြပါတယ်၊ရွာရောက်တော့ အစ်မခင်ခင်ဦးကို သွားတိုင်ကြပါတယ်””


ဟု ပြောပြခဲ့ပါသည်၊ မတရားပြုကျင့်ခံခဲ့ရသူ (၁၁)နှစ်အရွယ် မ xxxxx ကလည်း သူမအပေါ် ရက်စက်စွာ ပြုကျင့်ခဲ့ပုံကို ယခုလို ပြောပြပါသည်ဓ““ သမီးတို့(၃)ယောက် နေ့လည်ပိုင်း ထိုင်ပြီး ကစားနေကြတုန်း ဦးမင်းထွန်းရောက်ပြီး ခြံထဲမှာ သိကြားသီးသွားခူးစားကြဖို့ ခေါ်ပါတယ်၊ကျွန်မတို့ကလည်း သိကြားသီးစားချင်လို့ လိုက်သွားပါတယ်၊တောထဲရောက်တော့ စန်းသီတာအေးနဲ့
ညီမလေးကို ဆက်မလိုက်ခဲ့ဖို့ ပြောပြီး သမီးကို တောထဲ အတင်းဇွတ် လက်ဆွဲ ခေါ်သွားပါတယ်၊နောက်တော့ သမီးကို တွန်းလဲပြီး အပေါ်ကနေ လုံးပါတယ်၊သမီးက ကယ်ကြပါဦးလို့ အတင်းအော်တော့ လည်ပင်းညစ်ပြီး မျက်နှာတွေကို ရိုက်ပါတယ်၊


နောက်တော့ ပါးစပ်ပိတ်ပြီး မတရားကျင့်ပါတယ်၊ နောက်ပြီးတော့မှ ကျွန်မမျက်နှာကို ရိုက်လည်း ရိုက်တယ်၊ ကျောက်ခဲနဲ့ လည်း ထုပါတယ်၊ ကျွန်မက မေ့ချင်ယောင်ဆောင် နေလိုက်ပါတယ်၊ ဦးမင်းမင်းထွန်းက ကျွန်မကိုမီးသွေးဖိုပျက်( ယခင်မီးသွေးများ ဖုတ်သည့်တွင်း)ထဲ ဆွဲခေါ်သွားပါတယ်၊ ပြီးတော့မှ ခေါင်းကိုအရင် မြေကြီးထဲ ချပါတယ်၊ ပြီးမှ ခြေထောက် ကို ပစ်ချပါတယ်၊ ကျွန်မက ငြိမ်နေတော့ မြေကြီးတွေ သဲတွေ ဖုန်းပါတယ်၊

ကျွန်မကအသက် အောက်ပြီးနေပါတယ်၊အတောကလေးကြာတော့မှ မြေကြီးတွေကို ခြေထောက်နဲ့ တအားကန်ထုတ်ပြီး ရုန်းထွက်ခဲ့ပါတယ်၊ ကျွန်မ အပေါ်ရောက်လို့ နားနေတဲ့အချိန် ဥိးမင်းမင်းထွန်း နောက်တစ်ခေါက် ပြန်ရောက်လာပြီး“ဟေ့ .နင့်ကို ဘယ်သူတွင်းထဲက ထုတ်ပေးတာလဲ” လို့မေးလို့ ဟိုအခင်းထဲကက ဦးလေးကြီး ထုတ်ပေးတာ၊ အခု ခင်ဗျားကို ခုတ်ဖို့ တဲထဲမှာ ဒါးသွားယူနေတယ် လို့ ညာပြောလိုက်တော့ ဦးမင်းမင်းထွန်း တောထဲ ၀င်ပြေးသွားပါတယ်၊

နောက်တော့ ကျွန်မလည်း ခေါင်းတွေ မူးပြီး ရွာကို ရောက်အောင် ကြိုးစားပြီး ပြန်လာပါတယ်၊ ချောင်းတစ်ခုကျော်လာတော့ အစ်မ ခင်ခင်ဦးတို့နဲ့ တွေ့ပြီး ကြောပိုးခေါ်သွားခဲ့ပါတယ်၊”” ဟု ပြောဆိုခဲ့ပါသည်၊

မ xxxxx ၏ ဖခင် ဦးစိုးဝင်းမြင့် မှလည်း...“ ကျွန်တော်မှာ သားသမီး(၅)ယောက်ရှိပြီး အငယ်ဆုံး(၂)ယောက်က သမီးတွေပါ၊ အမျိုးသမီးကတော့ မနှစ်ကပဲ ဆု့းသွားခဲ့ပါပြီ၊
သမီးလေး အစော်ကားခံလိုက်ရတဲ့နေ့က ကျွန်တော်က ကသာမြို့ရဲ့ တစ်ဖက်ကမ်းမှာ တောင်ယာသွားလုပ်နေပါတယ်၊

နတ်ရေတွင်းကနေ ဖုန်းဆက်လို့ ကသာကို ပြန်လာပြီး ဆေးရုံကိုသွားခဲ့ပါတယ်၊ သမီးချွေးမက အမှုဖွင့်ထားပါတယ်၊ ၄/၅လ ကြာတဲ့အထိ အမှုလည်း မဖြစ် ၊တရားခံလည်း မဖမ်းမိလို့ (၁၆၊၈၊၁၄)ရက်နေ့ ညနေ(၃)နာရီလောက်ရဲစခန်းကို သွားပြောတော့ ပထမအင်တင်တင် လုပ်နေပါတယ်၊

အင်တာနက်ပေါ်တင်မယ်ပြောတော့မှ စခန်းမှူးက အခြားရဲစခန်းတွေကို စာထုတ်ပြီး တရားခံကို တွေ့ရင် ဖမ်းပေးဖို့ စာတွေပို့ထားကြောင်း ပြောပြပါတယ်၊

အခုအထိ တရားရုံးကလည်း မခေါ်သေးပါဘူး၊ရဲကလည်း မခေါ်သေးပါဘူး၊ တရားခ့လည်း မမိသေးပါဘူး၊ ကျွန်တော် ခံစားချက်ပြောရရင်တော့ ကသာရဲတွေကို စိတ်ကုန်တယ်၊ စိတ်ပျက်တယ်၊ညံ့ဖျင်းလွန်းတယ်လို့ပဲပြောလိုက်ချင်ပါတယ်၊”” ဟု ပြောဆိုခဲ့ပါသည်၊

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ကသာမြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းစုံစမ်းခဲ့ရာ လာတိုင်သည် ၁၁၊၄၊ ၂၀၁၄ရက်နေ့ကတည်းက ကသာရဲစခန်း(ပ)၆၂/၁၄ ၊ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ထားပြီး
တရားခံထွက်ပြေးတိမ်းရှောင်သွားသောကြောင့် အမှုမှာ ကြန့်ကြာနေခြင်းဖြစ်ကြောင်း၊

ယခု ကသာတရားရုံးသို့ ၂၉၊၈၊၁၄ရက်နေ့(ဦးစိုးဝင်းမြင့် ရဲစခန်းသို့ သွားပြောပြီး၁၃ရက်အကြာ) တရားခံပြေးအဖြစ်စွဲတင်ထားပြီးကသာတရားရုံးမှလည်း ရာသေးအမှတ်(၅၂)ဖြင့် အမှုလက်ခံထားကြောင်း ပြောဆိုခဲ့ပါသည်၊ ကသာမြို့မရဲစခန်းအပိုင်အတွင် ဖြစ်ခဲ့သည့် အမှုကြီး အချို့မှာ တရားခံ မပေါ်ခဲ့မှုများ ရှိနေကြောင်း ပြီးခဲ့သည့်(၃)လခန့်ကဖြစ်ပေါ်ခဲ့သော သိန်း(၄၇၀)ဖေါက်ထွှင်းမှုတရားခံကိုလည်း မပေါ်ပေါက်သဖြင့် CID မှလွဲပြောင်း စစ်ဆေးနေရပါသည်၊

ထိုဖြစ်စဉ်အပေါ် အသက်(၇၀)အရွယ်အငြိမ်းစား ရဲအရာရှိတစ်ဦးမှ ပြောကြားသည်မှာ
“ အရင် ဘကြီးတို့ ခေတ်ကတော့ ကိုယ့်အပိုင်ထဲမှာ အမှုကြီးဖြစ်ရင် အရေးယူခံရတာပဲ၊ အဲ တရားခံများ မပေါ်ရင်တော့ သေပြီဆရာပဲပေါ့၊

အပွင့်တွေ လျှော နယ်တွေပြောင်း ဖြစ်ကြရတော့ တရားခံ မပေါ် ပေါ်အောင်မမိ မိအောင် လိုက်စုံစမ်း လိုက်ဖမ်းကြရတာကိုး၊ အခုခေတ်ကတော့ အမှုကြီးတွေ မပေါ်လည်း ဘာမှ ဖြစ်သံ မကြားရတော့ စခန်းမှူးတွေ မြို့နယ်မှူးတွေလည်း အလုပ်တွေ ပေါ့လာထာ ဖြစ်နိုင်တာပေါ့” ဟု
သုံးသတ် ပြောဆိုသွားခဲ့ပါသည်။

(ဟာဂျူလီ-ကသာ)

မှန်လုံယာဉ် ၀င်တိုက် သဖြင့် ကားစောင့် နေသည့် ခရီးသည် (၄) ဦးသေ၊ (၅) ဦး ဒဏ်ရာရ

ဝက်လက်မြို့နယ်၊ ရွာသာကြီး ကျေးရွာအနီး
 ရွှေဘို-မန္တလေး ကားလမ်းမကြီး ပေါ်၌ ယခုလ
 (၂၆) ရက်နေ့၊ နံနက် (၇း၁၅) နာရီ အချိန်က
 မန္တလေးမြို့မှ ရွှေဘိုမြို့သို့ ထွက်ခွာလာသည့်
ခရီးသည် တင်ကားမှာ မိုင်တိုင် အမှတ်



 (၅၀/၂) နှင့် (၅၀/၃) အကြားတွင် ကားစောင့် နေသည့် ခရီးသည် များအား ၀င်ရောက် တိုက်မိခဲ့ သဖြင့် ခရီးသည် လေးဦး သေဆုံးခဲ့ပြီး ငါးဦးမှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည့် အတွက် ရွှေဘိုမြို့ ဆေးရုံကြီးတွင် အရေး ပေါ် ကုသပေးနေ ရကြောင်း ရွှေဘို မြို့မ ရဲစခန်းမှ သိရသည်။





မန္တလေးမြို့မှ ရွှေဘိုမြို့သို့ မောင်းနှင်လာသည့် အောင်နိုင်မန်း ခရီးသည်တင် မှန်လုံယာဉ် ၅ခ/၈၆၀၂ သည် ၀က်လက် မြို့နယ် ရွာသာကြီး ကျေးရွာ အနီး ရွှေဘို-မန္တလေး ကားလမ်းမကြီး ပေါ်၌ ရှေ့ကားကို ကျော်တက်နေစဉ် လမ်းဝဲ ဘက်ခြမ်းမှ ကားစောင့်နေသည့် ဆိုင်ကယ်၊ စက်ဘီးနှင့် ခရီးသည် များအား ၀င်ရောက်တိုက်မိ ခဲ့ခြင်း ဖြစ်ကြောင်း ပထမ သတင်းပေးချက် အရ သိရသည်။




ရှေ့ကားအား ကျော်တက်စဉ် လမ်းဘေး ၀ဲယာတွင် စောင့်ဆိုင်းနေသည့် ခရီးသည် များအား ၀င်ရောက် တိုက်မိခဲ့သည့် အတွက် ဆိုင်ကယ် တစ်စီး၊ စက်ဘီး တစ်စီးတို့မှာ ကျိုးကြေ ပျက်စီး သွားခဲ့ပြီး ခရီးသည် အမျိုးသမီး သုံးဦးနှင့် အမျိုးသား တစ်ဦးတို့ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး အရှိန်ဖြင့် ၀င်ရောက် တိုက်မိခဲ့သည့် အတွက် ခရီးသည် အမျိုးသမီး ငါးဦးမှာ ဒဏ်ရာများ ပြင်းထန်သဖြင့် ရွှေဘိုမြို့ ဆေးရုံကြီးတွင် အရေးပေါ်ကုသမှုများ ခံယူနေရကြောင်း သက်ဆိုင်ရာ မှုခင်း မှတ်တမ်းများ အရ သိရသည်။


ယင်းသို့ ကားစောင့်နေသည့် ခရီးသည်များအား ၀င်ရောက်မိခဲ့သည့် အောင်နိုင်မန်း ခရီးသည် ယာဉ်မောင်းနှင်သူ ယာဉ်မောင်း ဦးကိုလေး (၅၀) နှစ်အား ယာဉ်မဆင်မခြင် မောင်းနှင်မှုဖြင့် ရွှေပန်းကုံး နယ်မြေ ရဲစခန်းမှ ယာဉ်(ပ) ၂၂/၂၀၁၄ ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၄(က) /၃၃၇/၃၃၈ အရ အမှုဖွင့် အရေးယူ ထားကြောင်းလည်း ရွှေဘို မြို့မရဲ စခန်းမှ တာဝန်ရှိသူများ ထံမှ သိရသည်။

Messenger News Daily

တောထဲမှာတစ်ပါးတည်းသီတင်းသုံးနေတဲ့ကိုယ်တော် တစ်ပါးကိုရက်ရက်စက်စက်သတ်ဖြတ်

၂၉့ ၁၀့ ၂၀၁၄ရက်နေ့ က တောထဲမှာ တစ်ပါး
တည်းသီတင်းသုံးနေတဲ့ ကိုယ်တော်တစ်ပါးကို
  ရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့ကြောင်း
ထိုင်းဘုန်းတော်ကြီး Facebook စာမျက်နှာတွင်ဖော်ပြ
ထားသည်။




အဆိုပါသတင်းနဲ့ ပတ်သက်လို့  ထိုင်းဘုန်းဘုန်းFacebook စာမျက်နှာတွင်အကျယ်
တစ်ဝန်းဖော်ပြထားသည်။

အဆိုပါဘုန်းဘုန်းမှ အင်္ဂလိပ်ဘာသာ၊ ထိုင်းဘာသာတို့ ဖြင့် ရေးသားထားတွေ့ ရသည်။

၎င်းဘုန်းဘုန်း၏စာမျက်နှာ







The merit journey to heaven.
May we rejoice our merit with the monk who died during the merit journey.

อนุโมทนาบุญกับ พระธุดงค์ พระกฤษดา เอาชีวิตเป็นเดิมพันเดินธุดงค์จนมรณภาพ'...

กุศลผลบุญอันใดที่ท่านปฏิบัติใว้ดีแล้ว.....ขอจงส่งผลให้ท่านก้าวข้ามวัฏสงสาร....สู่นิพพานเถิด.....

"27 ต.ค.57 กู้ภัยจังหวัดเลย รับแจ้ง พบศพพระกฤษดา ศึกษา อายุ 33 ปี วัดศรีสุทธาวาส (ธ) อ.เมือง เลย นอนคว่ำหน้ามรณภาพบนสันเขื่อนห้วยเลย อ.ภูหลวง เลย ลักษณะสะพายบาตร-ย่าม-กลด เดินธุดงค์ มีเลือดกำเดาไหลทางปากจมูก มรณภาพไม่น้อย 2 วัน คาดว่าเพราะโรคลมร้อนและขาดน้ำ"

ข้อมูล : ไทยรัฐ 27 ต.ค.57,
ภาพ : Ajshariya Punnawas (4 photos)
To express gratitude to the monks in his life as krisada stake hike to die ' travel ranging from dehydration ... any results of your charity boon for their good performance and result, he shall request ..... move saṃsāra .... to Nirvana gland ..... "27. Oct 57 Loei province notified rescue I found the bodies of 33-year-old student kritsada sutthawat WAT SI Muang Loei (Dec) to die face down on a ridge in front of the Huai. Phu Luang district at shoulder style bat-yam-kamdao be surrounded with a halo of blood flow are the monks ' journey through the mouth and nose to die not less 2 days is expected because of heat and lack of water, "machon. news thanks to information: Thai Government Oct. 27 57, image: Ajshariya Punnawas. (Translated by Bing)





"ကထိန်သင်္ကန်းအလှူဒါနနှင့် ကထိန်အကြောင်း သိကောင်းစရာ " ♫


http://2.bp.blogspot.com/-2tj3YSujs6Q/UJZ8KDzt9wI/AAAAAAAAvsM/UJXrwDUvIEk/s1600/ka+htein.jpg
ကထိနသည် ပါဠိဝေါဟာရဖြစ်ပါသည်။ ကထိနဟူသော ပါဠိစကားလုံးမှ န-အပေါ်အသတ်တင်၍ (န်) ကထိန်ဟု ခေါ်ဝေါ်ကြခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ကထိန်ဟူသော စကားလုံးသည် ပါဠိမှဆင်းသက်လာကာ မြန်မာမှု ပြုထားသော ပါဠိသက်စကားလုံး ဖြစ်ပါသည်။ ခိုင်မြဲ၍အဓွန့်ရှည်သော ကုသိုလ်ဟု အဓိပ္ပါယ်ရပါသည်။ ဗုဒ္ဓ မြတ်ဘုရားနှင့်သူတော်စင်တို့ချီးကျူးအပ်သောကြောင့် အလွန်မွန်မြတ်သည့်အလှူလည်း မည်ပါသည်။
ကထိန်ကို မြတ်စွာဘုရားသခင်က ကောသလမင်းကြီးနှင့်အဖေတူအမေကွဲ ညီအစ်ကိုများဖြစ်ကြသော ဘဒ္ဒဝဂ္ဂီမင်းမျိုးမင်းနွယ်ဝင်ရဟန်းအပါး(၃၀)တို့ အပေါ် ကရုဏာတော်ထား၍ပထမဆုံးခွင့်ပြုခဲ့ခြင်းဖြစ်ပါသည်။ ထိုရဟန်းတော်များသည် ဓုတင်ဆောင် သောအရိယသူတော်စင်များဖြစ်ကြသော်လည်း ရဟန္တာများမဟုတ်ကြသေးပါ။ ထိုရဟန်းများသည် အနာထပိဏ် သူဋ္ဌေးကြီး၏ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူသော မြတ်စွာဘုရားကို ဖူးမြော်ပူဇော်ကြရန်အတွက် ၎င်းတို့ သီတင်းသုံးရာဇာတိနေရပ်ဖြစ်သော ပါဝါမြို့တော်မှ သာဝတ္ထိမြို့ သို့ခရီးထွက်လာခဲ့ကြသည်။
သို့သော်ထိုရဟန်းတော်များသည် သာဝတ္ထိမြို့တော်သို့မိုးရာသီအစ ဖြစ်သောဝါဆိုလတွင် မရောက်ရှိနိုင်ကြပေ။ ထိုအချိန်ကမိုးရာသီကာလတွင်ရဟန်းသံဃာတော်များသည် ခရီးသွားရန် မလွယ်ကူကြပါ။ ထို့ကြောင့်ရဟန်းများသည်ဝါဆိုဝါကပ်ရက်ရောက်နေသဖြင့် ဝါတွင်းသုံးလတွင်သာကေတ၌သီတင်းသုံးနေထိုင်ခဲ့ ကြရပြီးမှ ခရီးဆက်ခဲ့ကြရပါသည်။
သံဃာတော်များသည် ခြိုးခြံကျင့်ကြံတော်မူသော ရဟန်းတော်များဖြစ်ကြသောကြောင့် သင်္ကန်းများစွာပိုင်ဆိုင်ခွင့်မရှိပါ။တိစီဝရိတ်မည်သော သင်းပိုင်၊ ကိုယ်ဝတ်ဧကသီနှင့်ဒုကုဋ်နှစ်ထပ် သင်္ကန်း စုစုပေါင်းသုံးထည်ကိုသာသုံးခွင့်ရှိပါသည်။ မိုးပြင်းများ၊ စပါးခင်းများ ၊ မြစ်ချောင်းများ၊ ကိုဖြတ်သန်းခရီးနှင်ခဲ့ကြရသည့်ထိုရဟန်းတော်များသည် မြတ်စွာဘုရားကိုဖူးမျှော်ရန်သာဝတ္ထိသို့ ရောက်ရှိကြသည့်အခါတွင် ထိုရဟန်းတို့၏သင်္ကန်းများသည် ရွှံ့နွံများပေကျံကာရွှဲနစ်လျက်ရှိသည်။ မြတ်စွာဘုရားသိတော်မူသည့်အခါ ရှေးဘုရားတို့လည်းခွင့်ပြုတော်မူခဲ့ကြသည့်အတိုင်း ‘‘အနုဇာနာမိ ဘိက္ခဝေ ဝဿံဝုဋ္ဌာနံ ဘိက္ခုနံ ကထိနံ အတ္ထရိတုံ’’စသည်ဖြင့် အကျိုးငါးပါးတို့ကို ခိုင်မြဲစွာရနိုင်သော ကထိန်ခင်းခြင်းအမှုကိုပါဝေယျကတိုင်းသား ရဟန်းများကို အကြောင်းပြု၍ ခွင့်ပြုတော်မူခြင်းကြောင့် ကထိန်သည်ဖြစ်ပေါ်လာခဲ့၏။
မြတ်စွာဘုရားသခင်သည် ရဟန်းများ၏ကြံ့ကြံ့ခံနိုင်မှုကိုကရုဏာထားတော်မူလျက် အလှူရှင် ဒါယိကာ၊ဒါယိကာမ များကို ကြီးမြတ်တော်မူသော ကုသိုလ်ကောင်းကျိုးကို အပြည့်အဝရရှိစေနိုင်သည့် ကထိန်သင်္ကန်းများကို ရဟန်းသံဃာတော်များအား မိုးရာသီကုန်ဆုံးသည့်လပြည့်နေ့မှ နောက်လပြည့်နေ့အတွင်း ကထိန်သင်္ကန်းများလှူဒါန်းဆက်ကပ်ရန် ခွင့်ပြုတော်မူခဲ့သည်။အချိန်ကာလအားဖြင့်အောက်တိုဘာလနှင့်နိုဝင်ဘာ လများအတွင်းဖြစ်သည်။
ကထိန်သင်္ကန်းလှူဒါန်းနိုင်သူ
------------------------------
လူဖြစ်စေ၊ နတ်ဖြစ်စေ၊ ရဟန်း၊ ရဟန်းမ၊ သာမဏေ၊ သာမဏေမ၊ သိက္ခမာန်မဖြစ်စေ၊ မည်သူမဆို ကထိန်ကာလ၌သင်္ကန်းကိုလှူဒါန်းနိုင်၊ ကထိန်ဒါယကာပြုလုပ်နိုင်ကြ၏။
ကထိန်ခင်းသောကာလ
---------------------------
ဘုရားရှင်သည် ကထိန်ခင်းခြင်းအမှုကို ခွင့်ပြုခဲ့သော်လည်း၊ ကထိန်ခင်းခြင်းကို ရာသီမရွေး အချိန်အခါ မရွေး ခင်းချင်တိုင်းတော့ မခင်းရပါ။
ကထိနဿ အတ္ထာရမာသော ဇာနိတဗ္ဗောတိ။
ဝဿာနဿ ပစ္ဆိမော မာသော ဇာနိတဗ္ဗော။ [ပရိဝါ ပါဠိ၊ ကထိန ဘေဒ]
အထက်ပါ ပရိဝါ ပါဠိတော်ကထိနဘေဒ၌ လာသည့်အတိုင်း ကထိန်ခင်းထိုက်သောကာလဟူသည် မိုးလ၏နောက်ဆုံးတစ်လဟုဆို၏။ မိုးဥတု၏နောက်ဆုံးတစ်လကား သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှစ၍ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လသည်သာကထိန်ခင်းအပ်သော ကာလဖြစ်၏။ ထိုကာလတစ်လအတွင်း ကထိန်သင်္ကန်း ဖြစ်ပေါ်ရာ၊ ကထိန်ခင်းရန် သင်္ကန်းရသောနေ့၌ပင် ကထိန်ခင်းရသည်။ ကထိန်ခင်းခြင်းကို တစ်နှစ်မှာ တစ်လသာ တစ်လတွင်း၌ပင်၊ တစ်ရက်တည်းလည်း ကျောင်းတိုက်တစ်တိုက်တွင် တစ်ကြိမ်သာ ခင်းအပ်၏။ တစ်နှစ်တွင် ကျောင်းတိုက်တစ်တိုက်အတွင်း နှစ်ကြိမ်မခင်းအပ်ပါ။
ကထိန် အကျိုးကျေးဇူး
ကထိန်ခင်းမှုကြောင့် ရဟန်းတော်တို့အား ရအပ်သော အာနိသင်အကျိုးတရားတို့ သည် (၅)ပါးဖြစ်ကုန်၏ ။ ခင်းပြီးကထိန်မနှုတ်မခြင်း ကာလတိုင်အောင် လည်းကောင်း၊ တန်ဆောင်မုန်းလပြည့်ကျော် (၁) ရက်နေ့မှတပေါင်းလပြည့်အထိ (၅) လတိုင်တိုင် ထိုကထိန် အာနိသင်အကျိုးတရား ငါးပါးတို့ကို ကထိန်ခင်းသည့် ရဟန်း၊ ကထိန်အနုမောဒနာပြုသည့် ရဟန်းများရှိကြလေကုန်၏။
ရဟန်းတော်တို့ ရအပ်သော ကထိန်အကျိုး(၅)ပါး
-----------------------------------------------
(၁) အနာမန္တစာရ-ထင်ရှားရှိသောရဟန်းကို မပန်ကြားဘဲ ရပ်ရွာအတွင်းသို့ သွားနိုင်ခြင်းအကျိုး။
(၂)အသမာဒါနစာရ-အဓိဋ္ဌာန်တင်ထားသော နှစ်ထပ်သင်္ကန်းကြီးနှင့် ညဥ့်ကင်းနေနိုင်ခြင်းအကျိုး။
(၃) ဂဏဘောဇန- [မအပ်မရာပင့်ဖိတ်သည့်] ဂဏဘောဇဉ်ကို ဘုန်းပေးသော်လည်း အာပတ်မသင့်ခြင်း အကျိုး။
(၄) ယာဝဒတ္ထစီဝရ- အဓိဋ္ဌာန်ဝိကပ္ပနာမပြုဘဲ သက်န်းကို အလိုရှိသလောက် ထားနိုင်ခြင်း။
(၅) ယောစတတ္ထစီဝရုပ္ပါဒ- ကထိန်ခင်းရာကျောင်း၌ ဖြစ်ပေါ်သော သံဃိက သင်္ကန်းကိုရပိုင်ခွင့်ရျိသောအကျိုး။
အတ္ထတကထိနာနံ ဝေါ ဘိက္ခဝေ ပဉ္စာနိသံသာ ကပ္ပိဿန္တိ အနာမန္တစာရော၊ အသမာဒါနစာရော ၊ ဂဏဘောဇနံ ၊ ယာဝဒတ္ထ ၊ စီဝရံ ၊ ယောစ တတ္ထ စီဝရုပ္ပါ ဒေါ ၊ သော နေသံ ဘဝိဿတီတိ။ [မသာဝါ ပါဠိတော်]
ကထိနအလှူဒါန၏ထူးခြားချက်
------------------------------------
ဗုဒ္ဓဘာသာတွင်အကျိုးဖြစ်ထွန်းစေသောအလှူဒါနများစွာရှိပါသည်။ ယေဘုယျအားဖြင့် လှူဒါန်းသူကိုသာ အကျိုးဖြစ်ထွန်းစေပါသည်။ ကထိန်သင်္ကန်းလှူဒါန်းသော ကထိန ဒါနသည် လှူဒါန်းသောအလှူရှင်ကိုသာမက အလှူဒါနလက်ခံသော ရဟန်းကိုပါ ဆုံးစမရှိသောကုသိုလ်အကျိုး ဖြစ်ထွန်းစေခြင်းကြောင့် ထူးခြားသော အလှူဒါနဖြစ်ပါသည်။ ဗုဒ္ဓသာသနာတွင် အလှူရှင်များအနေဖြင့် ရဟန်းသံဃာတော်များ၏ဝိနည်းသိက္ခာမှ ကင်းလွတ်စေပြီး သက်တောင့်သက်သာ ဖြစ်စေနိုင်သော အလှူမှာ ကထိနဒါန အလှူသာရှိပါသည် ၊ ထို့ကြောင့်ကထိနဒါနသည် အလွန်မွန်မြတ်သော၊ အထူးသဖြင့် ဗုဒ္ဓမြတ်စွာဘုရား၏ ချီးကျူးမှုရရှိသော အလှူဒါနဖြစ်ပါသည်။
ကထိန်ခင်းခြင်းအကြောင်း
----------------------------
ဗုဒ္ဓဘာသာဝင်ပုဂ္ဂိုလ်တို့သည် ကထိန်ခင်းခြင်း, ကထိန်အလှူပွဲပြုလုပ်ခြင်းတို့ကို အလွန်ပင် စိတ်ဝင်စားကြ ပေသည်၊ ကထိန်အလှူများသို့ မိသားစုတို့ တပျော်တပါး သွားလေ့ရှိကြပေသည်၊ ကထိန်အလှူရှင်များကလည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆို ကျွေးမွေးလေ့ရှိကြပေသည်၊ စားဖွယ်သောက်ဖွယ်တို့ကို အထူးစီမံ၍ ကျွေးမွေးလေ့ရှိကြပေသည်၊ ကထိန်အလှူပွဲသို့ လာရောက်ကြသူများကလည်း ပျော်ပျော်ပါးပါး သုံးဆောင် မှီဝဲစားသောက်ကြပေသည်၊ ကထိန်တရားကိုလည်း ကထိန်အလှူရှင်များနှင့် အတူ နာယူလေ့ရှိကြပေသည်၊ ၁-နှစ်မှ တကြိမ် လှူဒါန်းခွင့်ရသောကြောင့် အလွန်အကျိုးကြီးမြတ်သည်ဟု ယုံကြည်ကြပေသည်၊ သင်္ကန်းမှာ ကထိန်, ကျောင်းမှာ သိမ်-ဟူ၍ပင် ဆိုရိုးပြုကြပေသည်။
ကထိန်နှင့်စပ်၍ သိဖွယ်ရာများမှာ-
၁။ ကထိန်ဆိုသည့်စကား၏ အဓိပ္ပါယ်
၂။ ခင်းဆိုသည့် စကား၏ အဓိပ္ပါယ်
၃။ ကထိန်ခင်းရခြင်း အကြောင်း
၎။ ကထိန်ခင်းရခြင်း အကျိုး
၅။ ကထိန်အလှူ မွန်မြတ်သည်ဟု ဆိုရခြင်း ဤ ၅-မျိုးမှာ သိဖွယ်ရာကောင်းလှပေသည်။
၁။ ကထိန်-ဟူသောစကားသည် ကထိန-ဟူသော ပါဠိစကားမှ သက်ဆင်းဖြစ်ပေါ်လာသော စကား ဖြစ်ပေသည်၊
ကထိန်-ဟူသောပါဠိက မြဲခြင်း-ဟူသော အနက်ကို ဟောပါသည်။
မြဲခြင်းအမျိုးမျိုးတို့တွင် အချိန်ကာလ မြဲခြင်းနှင့် အကျိုးတရား မြဲခြင်းတို့ကို ဟောပါသည်၊
ကထိန်-ဟူသည် အချိန်ကာလအားဖြင့်လည်း မြဲ၏။ အကျိုးတရားအားဖြင့်လည်း မြဲ၏-ဟု အဓိပ္ပါယ်ရပါသည်။
( အချိန်ကာလမြဲပုံ )
မြတ်စွာဘုရား သတ်မှတ်ပေးထားသော အချိန်ကာလအတွင်းမှာသာ ကထိန်ခင်းခြင်းကို ပြုလုပ်ကြရ သောကြောင့် ကထိန်သည် အချိန်ကာလအားဖြင့် မြဲပေသည်။
သီတင်းကျွတ် လပြည့်ကျော် ၁-ရက်နေ့မှစ၍ တန်ဆောင်မုန်း လပြည့်နေ့တိုင်အောင် တလအတွင်းမှာသာ ကထိသင်္ကန်းလှူခြင်း၊ ကထိန်ခင်းခြင်းကို ပြုလုပ်ရမည်ဟု မြတ်စွာဘုရား၏ အမိန့်အာဏာတော်ဖြင့် ပိုင်းခြားသတ်မှတ်ပေးထားသောကြောင့် တလအတွင်းမှာသာ ကထိန်ခင်းခြင်းကို ပြုလုပ်ကြရပေသည်၊ အခြားသော နတ်တော် ပြာသိုလ် တပို့တွဲ စသော လများသို့ ပြောင်းရွှေ့ကာ ကထိန်ခင်း၍ မရကြပေ၊ သို့ဖြစ်၍ ကထိန်သည် အချိန်ကာလအားဖြင့် မြဲခြင်းဖြစ်ပေသည်။
ဆောင်။ ။ အချိန်ကာလ, ပြောင်းမရ, မြဲလှကထိန်မည် ။
( အကျိုးမြဲပုံ )
ကထိန်ခင်းသောကျောင်းတိုက်၌ နေထိုင်ကြသည့် (ပုရိမ၀ါမှ ထသော) ရဟန်းတော်တို့သည် ကထိန်အကျိုး ၅-ပါးကို ရရှိစေ-ဟု မြတ်စွာဘုရား ခွင့်ပြုပေးသနားတော်မူသော အကျိုးတရား ၅-ပါးကို သီတင်းကျွတ်လပြည့်ကျော် ၁-ရက်နေ့မှစ၍ တပေါင်းလပြည့်နေ့တိုင်အောင် ၅-လအထိ မြဲစွာတည်နေ၏၊ တပါးသောလများသို့ ကထိန်အကျိုးတရားများ ပြောင်းသွားခြင်း ရွေ့သွားခြင်း မရှိပေ၊ သို့ဖြစ်၍ ကထိန်သည် အကျိုးတရားအားဖြင့်လည်း မြဲခြင်းဖြစ်ပေသည်။
ဆောင်။ ။ အကျိုးတရား, ရွေ့မသွား, မြဲငြား ကထိန်မည်။
၂။ ခင်းခြင်းဟူသည်-ကထိန်အကျိုးများကို ကျယ်ပြန့်သွားအောင် ပြုလုပ်ခြင်းပင် ဖြစ်ပေသည်၊
ကထိန်မခင်းသော ကျောင်းတိုက်၌ နေထိုင်ကြသော ရဟန်းတော်တို့သည် သီတင်းကျွတ်လပြည့်ကျော် ၁-ရက်မှစ၍ တန်ဆောင်မုန်းလပြည့်နေ့အထိ ၁-လသာ ကထိန်အကျိုးကို ရရှိကြပေသည်၊
ကထိန်ခင်းသော ကျောင်းတိုက်၌ နေထိုင်ကြသော ရဟန်းတော်တို့သည် ၁-လမှ ၅-လအထိ ကျယ်ပြန့်၍ အကျိုးတရားများကို ရရှိကြပေသည်။
ဆောင်။ ။ တလကျိုးကား, ငါးလပွား, ပြန့်သွား ခင်းသည်မည်။
ဥပမာ-မိမိတို့အိမ်သို့ ဧည့်သည်များ ရောက်ရှိလာ၍ ငါးခေါက်ခေါက်ထားသော ကော်ဇောကြီးကို
ခင်းချ ဖြန့်ချလိုက်သောအခါ တဆမှ ငါးဆသို့ ကျယ်ပြန့်သွားသကဲ့သို့ ထို့အတူ ဒကာ ဒကာမများက ကထိန်သင်္ကန်းကို လှူဒါန်းလိုက်သောအခါ သံဃာတော်များက ဝိနည်းကံဖြင့် ကထိန်ခင်းလိုက်သည်ရှိသော် သီတင်းကျွတ်လပြည့်ကျော် ၁-ရက်နေ့မှစ၍ တန်ဆောင်မုန်းလပြည့်နေ့အထိ ၁-လသာ ရရှိသော အကျိုးမှ တပေါင်းလပြည့်နေ့တိုင်အောင် ၅-လအထိ ကထိန်အကျိုးတရားများ ကျယ်ပြန့်သွားပေသည်၊ ကထိန်အကျိုးတရား ၅-ပါးကို ရဟန်းတော်များ ၁-လမှ ၅-လအထိ ကျယ်ပြန့်စွာ ခံစားခွင့် ရရှိကြပေသည်။
ဤကဲ့သို့ ဒကာ ဒကာမများက သင်္ကန်းလှူ၍ ဆရာတော် သံဃာတော်များက ၁-လမှ ၅-လအထိ ကထိန်အကျိုးတရား ကျယ်ပြန့်သွားအောင် ဝိနည်းကံဖြင့် ပြုလုပ်ခြင်းကိုပင် ခင်းသည်ဟု ဆိုရပါသည်။
၃။ ကထိန်ခင်းရခြင်းအကြောင်းမှာ-
မြတ်စွာဘုရားလက်ထက်တော်အခါက ပါဝေယျကတိုင်းသား ရဟန်း (၃ဝ) တို့သည် မြတ်စွာဘုရားကို ဖူးမြင်ဖို့ရာ ရောက်လာကြရာတွင် သင်္ကန်းကို မိုးစိုး၍ သင်္ကန်းဖြင့် ပင်ပန်းနေကြသောကြောင့် ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူခဲ့ပါသည်။
ပါဝေယျကတိုင်းသား ရဟန်း (၃ဝ)တို့၏ ရဟန်းဖြစ်လာရခြင်းအကြောင်းမှာ-
မြတ်စွာဘုရား ဘုရားဖြစ်ပြီး၍ တဝါရပြီးသောအခါ ဗာရာဏသီပြည်မှာ ကျွတ်ထိုက်ကြသော ဝေနေယျများကို ထောက်ထားရှုမျှော်ကာ အလိုတော်အတိုင်း သီတင်းသုံးနေထိုင်တော်မူပြီးနောက် ဥရုဝေလတောသို့ ကြွသွားတော်မူ၍ သစ်ပင်ရင်းတခုမှာ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ ကောသလမင်းကြီးနှင့် ဘတူမိကွဲ ဘဒ္ဒဝဂ္ဂီ ညီနောင် (၃ဝ)တို့သည် ဥရုဝေလတောထဲသို့ ဇနီးမယားတို့နှင့်တကွ ဥယျာဉ်ကစား ပျော်ပါးဖို့ရာ ရောက်လာကြပေသည်၊ ထိုညီနောင် ၃-ကျိပ်တို့အနက် မင်းသားတယောက်မှာ ဇနီးမယား မရှိ၍ ပြည့်တန်ဆာမကို အငှါးမယားအဖြစ် ခေါ်ခဲ့ရသည်၊ ထိုပြည့်တန်ဆာမသည် မင်းသားတို့ မေ့မေ့လျော့လျော့ဖြစ်၍ ပျော်ပါးကစားနေကြစဉ် မင်းသား၏ ပစ္စည်းဥစ္စာဘဏ္ဍာများကို ခိုးယူ၍ ထွက်ပြေးသွားလေသည်၊ မင်းသား ၃ဝ-တို့သည် ခိုးယူထွက်ပြေးသွားသော အမျိုးသမီးကို လိုက်ရှာကြရာ မြတ်စွာဘုရားကို တွေ့မြင်ကြလေ၏၊ မြတ်စွာဘုရားထံ ချဉ်းကပ်၍
(ဘန္တေ ဘဂဝါ ဧကံ ဣတ္ထိံ ပေဿယျ အပိ) ရှင်တော်မြတ်ဘုရား အမျိုးသမီးတယောက်ကို တွေ့မြင်မိပါသလားဘုရား-ဟု လျှောက်၏။
မြတ်စွာဘုရားက-(ကိံ ပန ဝေါ ကုမာရာ ဣတ္ထိယာ-) မင်းသားတို့ သင်တို့သည် အမျိုးသမီးကို ဘယ်အတွက် လိုက်ရှာနေကြပါသနည်း-ဟုမေးသော်
မင်းသားတို့က-(ဣဓ မယံ ဘန္တေ တိံသမတ္တာ ဘဒ္ဒဝဂ္ဂိယာ သဟာယကာ သပဇာပတိကာ ဣမသ္မိံဝနသဏ္ဍေ ပရိစာရိမှာ၊ ဧကဿ ပဇာပတိ နာဟောသိ၊ တဿ အတ္ထာယ ဝေသီ အာနီတာ အဟောသိ၊ အထ ခေါ သာ ဘန္တေ ဝေသီ အမှေသု ပမတ္တေသု ပရိစာရေန္တေသု ဘဏ္ဍံ အာဒါယ ပလာယိတ္ထ၊ တေ မယံ ဘန္တေ သဟာယကာ သဟာယကဿ ဝေယျာဝစ္စံ ကရောန္တာ တံ ဣတ္ထိံ ဂဝေသန္တာ ဣမံ ဝနသဏ္ဍံ အာဟိဏ္ဍာမ-)
ရှင်တော်မြတ်ဘုရား တပည့်တော်တို့သည် မိမိတို့ဇနီးမယားနှင့်အတူ ဤတောအုပ်၌ ထိုထိုဤဤ လှည့်လည်ကုန်လျက် ပျော်ပျော်ပါးပါး ခံစားခဲ့ကြပါကုန်သည်ဘုရား၊ တပည့်တော်တို့ ၃-ကျိပ်တို့အနက် မင်းသားတယောက်မှာ ဇနီးမရှိပါဘုရား၊ ထိုမင်းသားအတွက် ပြည့်တန်ဆာမတယောက်ကို ခေါ်ဆောင်ခဲ့ပါသည်ဘုရား၊ ယခု ထိုပြည့်တန်ဆာမက တပည့်တော်တို့ မေ့လျော့ပျော်ပါးနေကြစဉ် ဘဏ္ဍာကိုယူ၍ ထွက်ပြေးသွားပါသည်ဘုရား၊ ထိုအမျိုးသမီးတယောက် ပျောက်သွားသဖြင့် လိုက်ရှာရသည့်အကြောင်း လျှောက်ထားကြလေသည်။
ထိုအခါ မြတ်စွာဘုရားက-(တံ ကိံ မညထ ဝေါ ကုမာရာ၊ ကတမံ နုခေါ တုမှာကံ ဝရံ၊ ယံ ဝါ တုမှေ ဣတ္ထိံ ဂဝေသေယျာထ၊ ယံ မယံ အတ္တာနံ ဂဝေသေယျာထ)
မင်းသားတို့ ယခုငါပြောမည့်စကားကို သင်တို့ ဘယ်လိုမှတ်ထင်ကြသနည်း-သင်တို့သည် ပျောက်သွားတဲ့ မိန်းမကို ရှာခြင်းနှင့် မိမိကိုယ်ကို ရှာခြင်းတို့တွင် အဘယ်ရှာခြင်းက ပိုမြတ်ပါသနည်း-ဟု မေးတော်မူ၏၊ ပါရမီရင့်နေကြသော မင်းသားတို့က မိမိကိုယ်ကို ရှာခြင်းက ပို၍မြတ်ပါသည်ဘုရား-ဟု လျှောက်ထားကြလေ၏၊
ဤကဲ့သို့ မိမိကိုယ်ကို ရှာခြင်းက ပိုမြတ်တယ်ဆိုရင် သင်တို့ ထိုင်ကြကုန်လော့၊ သင်တို့အား ငါဘုရား တရားဟောမည်-ဟု မိန့်တော်မူပြီး
၁။ ဒါနကထာ-ဒါနနှင့်စပ်သောစကား
၂။ သီလကထာ-သီလနှင့်စပ်သောစကား
၃။ သဂ္ဂကထာ-နတ်ပြည်နှင့်စပ်သောစကား
၎။ ကာမာနံ အာဒီနဝကထာ-ကာမဂုဏ်တို့၏ အပြစ်နှင့်စပ်သောစကား
၅။ နေက္ခမ္မေ အာနိသံသကထာ-ကာမဂုဏ်တို့မှ ထွက်မြောက်ခြင်း၌ အကျိုးနှင့်စပ်သောစကား
ဤဒေသနာတော်အစဉ်ကို ဟောတော်မူ၏။
တရားတော်ကို နာကြားရသဖြင့် မင်းသားတို့စိတ်သည် နူးညံ့လျက် နီဝရဏကင်းစင် စိတ်ထားကြည်လင်နေကြ သည်ကို သိတော်မူသော ဘုရားရှင်သည် ဒုက္ခ, သမုဒယ, နိရောဓနှင့် မဂ္ဂ-ဟူသော သစ္စာလေးပါး တရားတော်ကို ဟောဖော်ညွှန်ပြတော်မူလေ၏။
ထိုအခါ မင်းသားတို့၏ သန္တာန်အသီးသီးဝယ် ညစ်ကြေးမတင် သန့်ရှင်းစင်ကြယ်သော အဝတ်ဖြူ၌ ဆိုးရေသည် ကောင်းစွာစွဲသကဲ့သို့ ဒိဋ္ဌိ ဝိစိကိစ္ဆာ-စသော မြူအညစ်အကြေးကင်းသော ဓမ္မဉာဏ်မျက်စိ ဖြစ်ပေါ်လာလေ တော့၏။
အချို့က သောတာပတ္တိမဂ်, အချို့က သကဒါဂါမိမဂ်, အချို့က အနာဂါမိမဂ်ကို ရကြလေသည်။
ဓမ္မမျက်စိ ရပြီးကြသော မင်းသား ၃-ကျိပ်တို့သည် ဘုရားရှင်ထံ ရှင်ရဟန်းအဖြစ်ကို လျှောက်ထား တောင်းပန်ကြ ကုန်၏။
မြတ်စွာဘုရားက-ဧထ ဘိက္ခဝေါ-ဟု ခေါ်တော်မူကာ ဧဟိ ဘိက္ခု-ရဟန်းပြုပေးတော်မူ၏၊
ဧဟိ ဘိက္ခု-ရဟန်း လာလော့, ကောင်းစွာ ဆင်းရဲ၏အဆုံးကို ပြုဖို့ရန် မြတ်သောအကျင့်ကို ကျင့်လှည့်လော့-ဟု ဘုရားရှင်ခေါ်တော်မူသည်နှင့် တပြိုင်နက် လူ့အသွင်ကွယ်ပျောက်၍ အလိုအလျောက် ခေါင်းတုံးရိတ်ပြီး သင်္ကန်းတို့ကို ဝတ်ရုံလျက် သပိတ်ကိုလွယ်ကာ ဖြစ်ပေါ်လာ၏။
မြတ်စွာဘုရား သာဝတ္ထိမြို့တော်၏ တောင်ဘက်ရှိ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် အာရညကင်ဓုတင်, ပိဏ္ဍပါတ်ဓုတင်, ပံသုကူဓုတင်, တိစီဝရိတ်ဓုတင်များကိုဆောင်ကြသော ပါဝေယျက တိုင်းသား ဘဒ္ဒဝဂ္ဂီ ညီနောင်သုံးကျိပ် ရဟန်းတော်တို့သည် ၁၃-နှစ်တိုင်တိုင် တောအရပ်၌ နေကြပြီးသောအခါ မြတ်စွာဘုရားကိုဖူးမြင်ရန် သာဝတ္ထိမြို့တော်သို့ အလာဝယ် ဝါဆိုဝါကပ်ရာနေ့ နီးလွန်း၍ သာဝတ္ထိမြို့တော်သို့ ဝါဆိုအမီ ရောက်ဖို့ကား မစွမ်းနိုင်ကြသောကြောင့် လမ်းခရီးအကြားရှိ သာဝတ္ထိနှင့် ၆-ယူဇနာကွာဝေးသော သာကေတမြို့၌ ဝါကပ်ခဲ့ကြရကုန်၏။.
ဤသာကေတမြို့မှ ၆-ယူဇနာမျှသာ ကွာဝေးသော သာဝတ္ထိမြို့တော်၌ ဘုရားရှင် သီတင်းသုံးတော် မူနေသော်လည်း ဘုရားရှင်ကို ဖူးမြင်ခွင့် မရကြကုန်-ဟု တွေးကြံကြပြီး ငြီးငွေ့လျက် မိုးလပတ်လုံး နေကြရကုန်၏။ မိုးလလွန်၍ ပဝါရဏာပြုပြီးကြသော် ခရီးဆက်လက်ကြွတော်မူကြရာ လမ်းခရီးအကြား၌ မိုးကြီးသည်းထန်စွာ ရွာသွန်းမှုကြောင့် သင်္ကန်းများ မိုးစို ရွှံ့ညွှန်များပေကျံ၍ ပင်ပန်းစွာ မြတ်စွာဘုရားထံသို့ ရောက်လာကြကုန်၏။
ထိုအခါ ဘုရားရှင်က-ချစ်သားရဟန်းတို့ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ညီညီညွတ်ညွတ် မျှမျှတတ ရှိကြလျက် ခရီးလမ်းပန်း ပင်ပန်းမှုမရှိဘဲ လာခဲ့ကြရကုန်သလော-စသည်ဖြင့် နှုတ်ဆက်စကား မိန့်ကြားသော် ရဟန်းသုံးကျိပ်တို့သည် ကျန်းမာ မျှတ ညီညွတ်ကြပါသည်ဘုရား၊ သို့သော် တပည့်တော်များ ဘုရားဖူရန် အလာဝယ် သာဝတ္ထိမြို့တော်သို့ ဝါဆိုမီရောက်ဖို့ရန် မစွမ်းနိုင်သောကြောင့် သာကေတမြို့၌ ဝါကပ်ခဲ့ကြပါသည်ဘုရား။
မိုးလလွန်၍ ပဝါရဏာပြုပြီးသော် ခရီးဆက်လက် လာခဲ့ကြရာ လမ်းခရီးအကြား၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သင်္ကန်းများ မိုးစို ရွှံ့ညွှန်များပေကျံ၍ လေးလံသောသင်္ကန်းများဖြင့် ပင်ပန်းစွာ လာခဲ့ရပါသည်ဘုရား။
ထိုအခါ ဘုရားရှင်သည် ဘဒ္ဒဝဂ္ဂီညီနောင်သုံးကျိပ် ရဟန်းတော်တို့၏ ဖြစ်ကြောင်းကုန်စင်ကို ထောက်ရှုတော်မူလျက် အစမထင် သံသရာတခွင်၌ ဖြစ်ခဲ့သော အကြောင်းအရာနှင့်စပ်သော တရားတော် (သံယုတ္တနိကာယ် နိဒါနဝဂ္ဂ အနမတဂ္ဂသံယုတ် တိံသမတ္တသုတ်) ကို ဟောတော်မူလျှင် ထိုရဟန်းတော်တို့သည် တရားတော်၏ ပြီးဆုံးချိန်၌ ရဟန္တာဖြစ်သွားကြလေ၏။
ထို့နောက် ဘုရားရှင်သည် အနုဇာနာမိ ဘိက္ခဝေ ဝဿံ ဝုဋ္ဌာနံ ဘိက္ခူနံ ကထိနံ အတ္ထရိတုံ-ရဟန်းတို့ မိုးလပတ်လုံး နေပြီးသော (ပုရိမဝါမှ ထကုန်သော) ရဟန်းတို့အား ကထိန်ခင်းခြင်းငှါ ငါဘုရား ခွင့်ပြုတော် မူ၏-ဟု ကထိန်ခင်းရန် ခွင့်ပြုတော်မူခဲ့ပါသည်။
၎။ ကထိန်ခင်းရခြင်း အကျိုးမှာ-
ဒကာ ဒကာမများက ကထိန်သင်္ကန်းလှူဒါန်းသဖြင့် ရဟန်းတော်များက ၀ိနည်းကံဖြင့် ကထိန်ခင်းလိုက်သော အခါ သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှစ၍ တပေါင်းလပြည့်နေ့တိုင်အောင် ကထိန်အကျို (၅)မျိုးကို ရဟန်းတော်များ ရရှိကြပေသည်။ ကထိန်သင်္ကန်း လှူဒါန်းကြသော ဒကာ ဒကာမတို့သည်လည်း ရဟန်းတော်များရရှိသော အကျိုး(၅)ပါးနှင့် လျော်ညီစွာ အကျိုး(၅)ပါး ရရှိကြပေသည်။
(၁) အနာမန္တစာရ-ပင့်ဖိတ်ထားသော ဆွမ်းရှိပါလျက် ထင်ရှားရှိသော ရဟန်းကို မပန်ကြားဘဲ အရပ်တပါးသို့ သွားသော်လည်း အာပတ်မသင့်ခြင်း အကျိုးကို ရဟန်းတော်များ ရရှိကြပေသည်။
ဆောင်ပုဒ်။ ။ မပန်မကြား၊ လိုရာသွား၊ ပြစ်များ မသင့်ပြီ။
ကထိန်သင်္ကန်းလှူဒါန်းကြသော ဒကာ ဒကာမတို့သည်လည်း ဖြစ်လေရာ ဘ၀တိုင်း ဘ၀တိုင်း၌ အရပ်ဒေသ တပါးသို့ သွားလိုသောအခါ သူတပါးတို့ တားဆီးခြင်းမပြုနိုင်။ လွတ်လပ်စွာ သွားနိုင်ခြင်းအကျိုးကို ရရှိကြပေသည်။
ဆောင်ပုဒ်။ ။ တားဆီးကင်းကွာ၊ လွတ်လပ်စွာ၊ လိုရာသွားနိုင်သည်။
(၂) အသမာဒါနစာရ-တိစီဝရိတ် အဓိဋ္ဌာန်တင်ထားသော သင်္ကန်းသုံးထည်တို့တွင် တထည်ထည်ကို ထားလိုရာ အရပ်၌ထားကာ သွားသော်လည်း အာပတ်မသင့်ခြင်းအကျိုးကို ရဟန်းတော်များ ရရှိကြပေသည်။
ဆောင်ပုဒ်။ ။ သုံးထည်ထဲမှာ၊ ထားလိုရာ၊ ထားကာ သွားနိုင်သည်။
ကထိန်သင်္ကန်းလှူဒါန်းကြသော ဒကာ ဒကာမတို့သည်လည်း ဖြစ်လေရာ ဘ၀တိုင်း ဘ၀တိုင်းတို့၌ အရပ်တပါးသို့ သွားလာခြင်းကိစ္စ၊ အလုပ်အကိုင်ကိစ္စတို့ကို ပြုလုပ်သောအခါ တာဝန်ကိစ္စများ မလေးပါဘဲ ပေါ့ပေါ့ပါးပါး လွယ်လွယ်ကူကူနှင့် ပြီးမြောက်ခြင်းအကျိုးကို ရရှိကြပေသည်။
ဆောင်ပုဒ်။ ။ တာဝန်ကိစ္စ၊ မလေးရ၊ ပေါ့လှလေတော့သည်။
(၃) ဂဏဘောဇန- ၄-ပါး ၄-ပါးထက် ပိုလွန်သော ရဟန်းတော်တို့ကို ထမင်းစား လာခဲ့ပါ၊ ဟင်းစား လာခဲ့ပါ၊ မုန့်စား လာခဲ့ပါ စသည်ဖြင့် မအပ်သော ဖိတ်ခြင်းဖြင့် ဖိတ်အပ်သော ဆွမ်းဘောဇဉ်များကို စားလိုက လိုက်၍ စားသော်လည်း အာပတ်မသင့်ခြင်းအကျိုးကို ရဟန်းတော်များ ရရှိကြပေသည်။
ဆောင်ပုဒ်။ ။ လေးပါးတူပင်၊ ဂိုဏ်းဘောဇဉ်၊ စားချင် စားနိုင်သည်။
ကထနိသင်္ကန်း လှူဒါန်းကြသော ဒကာ ဒကာမတို့သည်လည်း ဖြစ်လေရာ ဘ၀တိုင်း ဘ၀တိုင်း၌ စားလိုရာ အာဟာရအမျိုးမျိုးတို့ကို စားချင်တိုင်း စားပါသော်လည်း ဗိုက်နာခြင်း၊ ၀မ်းလျှောခြင်း၊ အဆိပ်ဖြစ်ခြင်း စသော ဘေးဖြစ်ခြင်းမည်သည် မရှိ၊ စားသမျှ ကြေညက်ခြင်းအကျိုးကို ရရှိကြလေသည်။
ဆောင်ပုဒ်။ ။ စားလိုရာများ၊ စားသော်ငြား၊ ဘေးကားမဖြစ်ပြီ။
(၄) ယာဝဒတ္တစီဝရ-များစွာသော သင်္ကန်းတို့ကို အဓိဋ္ဌာန်မတင်၊ ၀ိကပ္ပနာမပြုပါဘဲ သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှစ၍ တပေါင်းလပြည့်နေ့တိုင်အောင် ငါးလအထိ သိမ်းဆည်းထားပါသော်လည်း အာပတ်မသင့်ခြင်း အကျိုးကို ရဟန်းတော်များ ရရှိကြပေသည်။
ဆောင်ပုဒ်။ ။ သင်္ကန်းများစွာ၊ ငါးလမှာ၊ သိမ်းကာထားနိုင်သည်။
ကထိန်သင်္ကန်း လှူဒါန်းကြသော ဒကာ ဒကာမတို့သည်လည်း ဖြစ်လေရာ ဘ၀တိုင်းဘ၀တိုင်း၌ စိန်၊ ရွှေ၊ ငွေ၊ ပတ္တမြား စသည် များစွာသော ရတနာတို့ကို သိမ်းဆည်းထားပါသော်လည်း ရန်သူမျိုး(၅)ပါး ဘေးရန်များ မရှိပါဘဲ ကောင်းမွန်စွာ သိမ်းဆည်းထားနိုင်ခြင်းအကျိုးကို ရရှိကြပေသည်။
ဆောင်ပုဒ်။ ။ ပစ္စည်းအများ၊ သိမ်းပိုက်ထား၊ ဘေးကား မရှိပြီ။
(၅) ယောစတတ္ထ စီဝရုပ္ပါဒ-ကထိန်ခင်းပြီးသည်မှနောက်၌ ကထိန်ခင်းသော ကျောင်းတိုက်သို့ တပါးသော ကျောင်းတိုက်က သံဃာတော်များ လာရောက်နေထိုင်ကြရာတွင် သံဃာအားလုံးအတွက် သင်္ကန်းလှူဒါန်း ပါသော်လည်း မူလ ကထိန်ခင်းထားသော ကျောင်းတိုက်က သံဃာတော်များကသာ ပိုင်ဆိုင်ရရှိခြင်း အကျိုးကိုလည်း ရရှိပေသည်။
ဆောင်ပုဒ်။ ။ သံဃာလှူငြား၊ သင်္ကန်းများ၊ သူ့အားသာ ဖြစ်သည်။
ကထိန်သင်္ကန်းလှူဒါန်းကြသော ဒကာ ဒကာမတို့သည်လည်း ဖြစ်လေရာ ဘ၀တိုင်း ဘ၀တိုင်း၌ ကိုယ့်ပစ္စည်းများကို ကိုယ်မပေးလိုက ဘယ်လို တန်ခိုးအာဏာ ကြီးမားသူကမှ အနိုင်အထက်ပြု၍ မယူနိုင်။ ကိုယ်ကပေးမှသာ ယူလို့ရခြင်းအကျိးကို ရရှိကြပေသည်။
ဆောင်ပုဒ်။ ။ ကိုယ့်ပစ္စည်းများ၊ သူတပါး၊ ယူသွားကင်းပသည်။
( သဒ္ဓမ္မရံသီ ဆရာတော် )
သိကောင်းစရာ ဓမ္မပဒေသာ-ပထမတွဲ စာမျက်နှာ ၁၃၂-မှ ကူးယူဖော်ပြသည်။
credit to - အရိပ်စစ်
မေတ္တာဖြင့် ဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ

Saturday 25 October 2014

စတိုးဆိုင်ပိုင်ရှင်အား ဓါးဖြင့်ထောက်ကာ ငွေနှင့်ပစ္စည်းများ လုယက်မှုဖြစ်

ရန်ကုန်၊ အောက်တိုဘာ ၂၅

၂၄.၁၀.၂၀၁၄ရက်နေ့ ၀၃၁၅အချိန် အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ အောက် မင်္ဂလာဒုံ လမ်းနေ ဦးမျိုးသွင်မှ ၎င်းသည် နေအိမ်တွင်(၂၄)နာရီဖွင့်လှစ် ထားသော စတိုးဆိုင်၌ ဈေးရောင်းနေစဉ် အသက် (၃၀)နှစ် ၀န်းကျင်ခန့်ရှိ အမျိုးသား (၃)ဦးမှ ဆိုင်အတွင်းသို့ ရောက်ရှိလာပြီး ဘီယာဝယ်လိုကြောင်း ပြောသဖြင့် ၎င်းမှ ရေခဲသေတ္တာ အတွင်းရှိ ဘီယာဗူးအား လှည့်၍ ယူခဲ့ကြောင်း၊ ထိုစဉ် အဆိုပါ အမျိုးသား (၃)ဦးမှ ၎င်း၏ လည်ပင်းနှင့် နံကြားသို့ ဓါးဖြင့်ထောက်ကာ အော်ဟစ်ပါက ဓါးဖြင့် ထိုးမည်ဟု ခြိမ်းခြောက်၍ ပါးစပ်အား တိပ်အဝါဖြင့် ကပ်ပိတ်ပြီး လက်နှစ်ဖက်အားလည်း နောက်ပြန်ကပ်ချည် ခဲ့ကြောင်း၊ ထို့နောက် ဆိုင်ကောင်တာ အတွင်းရှိ ငွေကျပ်(၄)သိန်း၊ တယ်လီနောဆင်းကတ် (၂၄)ကတ်၊ Portable TV (၁)လုံး၊ အင်ဗာတာနှင့် ဘက္ထရီ (၁)လုံး၊ မုန့်ခြင်း (၁)ခြင်း၊ ပဲနို့ (၁)ဖာ၊ ကျွဲရိုင်း (၁)ဖာ၊ Black Label (၁)လုံး၊ Red Label (၁)လုံး၊ စုစုပေါင်း တန်ဖိုးငွေကျပ် (၇၁၅၀၀၀)တို့အား ယူဆောင် ပြီးနောက် ၎င်းအား နေအိမ် နောက်ခန်း အတွင်းသို့ ခေါ်ဆောင်လှဲချကာ ရှပ်အင်္ကျီစဖြင့် ဦးခေါင်းအား အုပ်ချည်ပြီး ခြေထောက်ကိုလည်း ချည်နှောင်၍ ဆိုင်အတွင်းမှထွက်ပြေး သွားခဲ့ကြကြောင်းနှင့် ထိုသို့ ဓါးဖြင့်ထောက်ကာ ငွေနှင့်ပစ္စည်းများ ယူဆောင်သွားသူ အမျိုးသား(၃)ဦးအား စုံစမ်း အရေးယူပေးရန် တိုင်တန်းလာခဲ့ကြောင်း သိရှိရပါသည်။

တိုင်တန်းချက်အရ ဓါးဖြင့်ထောက်ကာငွေနှင့် ပစ္စည်းများ လုယက်ယူဆောင်သွားသူ အမျိုးသား(၃)ဦး အား အင်းစိန်မြို့မရဲစခန်း(ပ)၁၁၀၆/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်လှစ်ပြီး ဖမ်းဆီးရမိရေးစုံစမ်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

ရန်ကုန်မြို့ Diamond & Me ရတနာရွှေဆိုင်တွင် စိန်ထည် ခိုးယူမှုဖြစ်ပွား

 ရန်ကုန် ၊ ၂၅-၁၀-၂၀၁၄

ရန်ကုန်တိုင်း ဒေသကြီး ၊ လမ်းမတော် မြို့မ ရဲစခန်းရှေ့ရှိ  Diamond & Me ရတနာ ရွှေဆိုင်၌ စိန်ထည် ခိုးယူမှု ဖြစ်ပွားသဖြင့် သံသယရှိသူ စင်ကာပူ နိုင်ငံသား နှစ်ဦးအား တစ်ဖက် နိုင်ငံသို့ ထွက်ပြေး လွတ်မြောက်မှု မရှိစေရန် လေဆိပ်နှင့် နယ်စပ်ဂိတ် များ၌ စစ်ဆေးမှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း လမ်းမတော် မြို့မရဲစခန်း မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

လက်ရှိတွင် ၄င်း ရွှေဆိုင်မှ တပ်ဆင် ထားသည့် CCTV ကင်မရာမှ တစ်ဆင့် ရရှိထားသော မှတ်တမ်း ဓာတ်ပုံနှင့် အထောက်အထား များတွင် တရားခံ ဟု ယူဆရသူ များကို ပြည်ပ နိုင်ငံများသို့ ထွက်ပြေး လွတ်မြောက်မှု မရှိစေရေး အတွက် စနစ်တကျ စစ်ဆေး အရေးယူ နိုင်ရန် စီစဉ် ထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇ ရက် မွန်းလွဲ ၁ နာရီခွဲတွင် လမ်းမတော် မြို့နယ်ရှိ Diamond & Me ရတနာရွှေဆိုင် ၌ စင်ကာပူ နိုင်ငံသား တရုတ်လူမျိုး နှစ်ဦးမှ ငွေကျပ်သိန်း ၁၉ဝ တန်ဖိုးရှိ စိန်နားကပ် တစ်ရန်ကို ကြည့်ရှုသဖြင့် အရောင်း စာရေး က ပြသခဲ့ရာ ငါးကြိမ်ခန့် ကြည့်ရှုပြီးနောက် မည့်သည့် ပစ္စည်းမှ ဝယ်ယူခြင်း မရှိဘဲ ပြန်လည် ထွက်ခွာ သွားခဲ့ကြောင်း သိရသည်။ ယင်းနောက် ၄င်းတို့ ပြန်သွားပြီး နောက် ၄င်းတို့ ကြည့်ခဲ့သော စိန်နားကပ်မှာ မရှိတော့ သဖြင့် လမ်းမတော် ရဲစခန်း၌ တိုင်တန်း ခဲ့သောကြောင့် အမှုဖြစ်စဉ် များကို စစ်ဆေးပြီး တရားခံ များအား အမြန်ဆုံး ဖမ်းမိနိုင်ရန် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ လမ်းမတော်မြို့မ ရဲစခန်းမှ (ပ)၂၃၅/ ၂ဝ၁၄ ပြစ်မှု ပုဒ်မ ၃၈ဝ ဖြင့် အမှုဖွင့်ကာ ပြစ်မှု ကျူးလွန်သူ များအား ဖမ်းဆီး ရမိရေး ဆောင်ရွက် နေပြီး လေဆိပ်၊ နယ်စပ်ဂိတ် နှင့် တိုးဂိတ်များ တွင်လည်း တရားခံအဖြစ် ယူဆရသူ များ၏ ဓာတ်ပုံနှင့် အထောက် အထားများကို ဖြန့်ဝေ ထားကြောင်း၊ အဆိုပါ ပြစ်မှု ကျူးလွန်သူ များသည် စင်ကာပူ နိုင်ငံသား တရုတ် လူမျိုးများ ဖြစ်နိုင်သည်ဟု ယူဆ ရကြောင်း သိရသည်။

စိုးမိုး

#PyiChitThar
http://www.pyichitthar.com/2014/10/diamond-me.html

စာပေအပေါ် တန်ဖိုးဖြတ်ဝေဖန်ရဲသူ ဆရာကြီး ဦးအောင်သင်းကွယ်လွန်

ဆရာဦးအောင်သင်းသည် အောက် တိုဘာ ၂၅ ရက်နေ့ နံနက် ၁၁ နာရီအချိန် တွင် စမ်းချောင်းမြို့နယ် ဓမ်္မိက၀တီလမ်း နေအိမ်တွင် ၉၆ ပါးသောရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီး ကွန်လွန်ချိန်၌ အသက် (၈၈) နှစ် ပြည့်ပြီးဖြစ်သည်။

စာပေပညာရှင်ဆရာကြီး ဦးအောင် သင်း၏ ဝေဖန်သုံးသပ်ချက်များကြောင့် မဂ္ဂဇင်းဝတ္ထုနှင့် စာဖတ်သူများ စိတ်ဝင်စား မှု ပိုမိုရှိလာပြီး စာရေးသူများကို အထောက် အကူပြုစေခဲ့ကြောင်း ထုတ်ဝေသူ၊ အယ် ဒီတာ၊ စာရေးဆရာဖေမြင့်က ပြောသည်။

ဆရာဦးအောင်သင်းသည် စာပေ ပညာနှင့် ပတ်သက်၍ စနစ်တကျ လေ့လာပြီး မဟာဝိဇ္ဇာစာတမ်းပြုစုခဲ့သူ တဦးဖြစ်ကာ စာပေခွဲခြမ်းစိတ်ဖြာသည့် အတတ်ပညာနှင့် မဂ္ဂဇင်းပါဝတ်္ထုများကို ပိုင်နိုင်စွာ ဝေဖန်သုံးသပ်ခဲ့ကြောင်၊ ယင်း အပြင် ၀တ္ထုမဂ္ဂဇင်းများအပေါ် အကဲဖြတ်ခြင်း တန်ဖိုးဖြတ်မှုကိုလည်း လုပ်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

““မြန်မာဝတ္ထုတို့ကို တော်တော်ထင် ထင်ရှားရှားနဲ့ အများစိတ်ဝင်စားမှုရှိလာပြီး တော့ ၀တ္ထုတိုခေတ်ကောင်းခဲ့တယ်။ တချို့ က ရွှေခေတ်လို့ ပြောခဲ့ကြတယ်””ဟု ဆရာဖေမြင့်က ပြောသည်။

ထို့ပြင် ဆရာသည် စာပေဟောပြောပွဲများတွင် အဟောအပြောကောင်း သည့် စာရေးဆရာတယောက်ဖြစ်ပြီး ပြောစရာရှိ၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ခေတ်နှစ်နှင့် ပတ်သက်ပြီး ဝေဖန်သုံးသပ် သည့်နေရာတွင်လည်း ရဲရဲတင်းတင်း ပွင့်ပွင့်လင်းလင်း ဝေဖန်သုံးသပ်ခဲ့တာကြောင့် ပိုပြီးထင်ရှားကြောင်း ၎င်းက ပြောသည်။

“ဖေဖေကွယ်လွန်တော့ ဒီလိုပါပဲ။ လူတွေ အများကြီးက နှမြောတာပေါ့။ အန်တီကတော့ လောကအမြင်နဲ့ဆိုရင် အန်တီ အသက် (၅၀) မှာ မေမေဆုံးသွား တော့ အသက် ၅၀ အထိ မိစုံဖစုံနဲ့ နေရတာ ကံကောင်းသေးတယ်ပေါ့နော်။ အခု ဖေဖေဆုံးသွားပြီဆိုတော့ တအား နှမြောတယ်။ စိတ်မကောင်းဖြစ်ပါတယ်” ဟု ဆရာကြီး ဦးအောင်သင်း၏ သမီးကြီး ဖြစ်သူ ဒေါ်မော်မော်သင်းက ပြောသည်။

ဆရာကြီးသည် လူငယ်များနှင့်ပတ်သက်၍ လူငယ်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ ပညာရေး အပေါ် တန်ဖိုးထားစေရန်အတွက် စာတွေရေးခဲ့၊ စာပေဟောပြောပွဲများတွင် ဟောပြောခဲ့သူ ဖြစ်တဦးဖြစ်သည်။

လင်းလင်းအောင်

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

Friday 24 October 2014

အိမ်ဖော်အလုပ်ရရှိမည်ဟုဆိုကာ အမျိုးသမီးငယ်တစ်ဦးအား သွေးဆောင်စည်းရုံး၍ ပြည့်တန်ဆာလုပ်ငန်းများ တွင် ခိုင်းစေခဲ့သူကို အမှုဖွင့်အရေးယူ


စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ နန္ဒ၀န်ရပ်
ကွက်၊ နယ်မြေအမှတ်(၆)နေ အသက်(၁၆)နှစ်
အရွယ် အမျိုး သမီးတစ်ဦးကို အိမ်ဖော်အလုပ်
ရရှိမည်ဟုဆိုကာ သွေးဆောင်စည်းရုံးခဲ့ပြီးနောက်
 အိမ်ဖော်အလုပ်များ စေခိုင်း ခြင်းမရှိဘဲ ပြည့်တန်ဆာလုပ်ငန်းများကိုစေခိုင်းခဲ့သည့်


အတွက် စေခိုင်းသူ အမျိုးသမီးနှစ်ဦးကို မုံရွာနယ်မြေရဲစ ခန်းက လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်များအရ အောက်တိုဘာ ၂၃ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် က အမှုဖွင့်အရေးယူလိုက်သည်။

ရဲစခန်း၏ အမှုတိုင်တန်းချက်ပါ ဖြစ်စဉ်များတွင် အောက်တိုဘာ ၁၉ ရက်နေ့ညနေ ၆ နာရီခွဲအချိန့်က မ… အသက်(၁၆)နှစ်သည် သူမတို့မိသားစုနှင့် အိမ်နီးနားချင်းဖြစ်သော ဒေါ်အေးမြ ဆိုသူ၏ နေအိမ်သို့ အလည်အ ပတ်သွားရောက်၍ တီဗီကြည့်ခဲ့သည်။

ထိုသို့ တီဗီကြည့်နေစဉ် အိမ်ရှင်ဒေါ်အေးမြ ဆိုသူမှ သူမအား ဟုမ္မလင်းမြို့နယ်၊ နမ့်တောကျေးရွာတွင် အိမ်ဖော် လုပ်ငန်းများ လုပ်ကိုင်မည်ဆိုပါက လုပ်ခလစာ တစ်လလျင် ခြောက်သောင်းကျပ်ရရှိမည်ဖြစ်ကြောင်း ပြောဆို စည်းရုံးခဲ့သည်။

ထို့ကြောင့် သူမက နေအိမ်သို့ပြန်သွားခဲ့ပြီး သူမ၏ မိခင်ဖြစ်သူထံ ပြောဆိုတိုင်ပင်ခဲ့သည်။ အိမ် ဖော်လုပ်ငန်းဖြစ်သည့်အတွက် သူမ၏ မိခင်မှ လုပ်ကိုင်ရန်သဘောတူခဲ့သည်။
ထို့နောက် သူမတို့သားအမိနှစ်ယောက်သည် အိမ်နီးနားချင်းဖြစ်သော ဒေါ်အေးမြ၏ နေအိမ်သို့သွားရောက်၍ လုပ်ငန်းသဘောသဘာဝများကိုမေးမြန်းခဲ့ကြသည်။ ထိုအချိန်တွင် အိမ်ရှင်ဖြစ်သူ ဒေါ်အေးမြမှ သူမတို့သားအမိ နှစ်ယောက်နှင့်အတူ မုံရွာမြို့ စစ်မှုဇုန်ရပ်ကွက် သမစိတ္တလမ်းရှိ ကောင်းကင်မိုး လက်ဘက်ရည်ဆိုင်သို့ ခေါ် ဆောင်သွားခဲ့သည်။


အဆိုပါ လက်ဘက်ရည်ဆိုင်သို့ သူမတို့ရောက်ရှိလာသည့်အခါ ဒေါ်အေးမြမှ ဆက်သွယ်ချိန်းဆိုထားသည့် မစံ ပယ်ဆိုသည့် အမျိုးသမီးတစ်ဦးနှင့်တွေ့ဆုံခဲ့ကြသည်။ မစံပယ်မှ အိမ်ဖော်လုပ်ငန်းရရှိမည်ဟု ပြောဆိုကာ ကြို ငွေလုပ်ခလစာ တလစာအတွက် ငွေကျပ်ခြောက်သောင်း ထုတ်ပေးခဲ့သည်။

 ထို့နောက် ဒေါ်အေးမြနှင့် မစံပယ် တို့သည် သူမအား ညတွင်းချင်ခေါ်ဆောင်ကာ ဟုမ္မလင်းမြို့နယ်၊ နမ့်တောကျေးရွာသို့သွားရောက်ချင်းမဟုတ် ဘဲ သပိတ်ကျင်းမြို့နယ်၊ ကျည်တောက်ပေါက် ကျေးရွာဘက်သို့ ဆိုင်ကယ်ဖြင့် ခေါ်ဆောင်သွားခဲ့သည်။

၎င်းကျည်တောက်ပေါက်ကျေးရွာသို့ ရောက်ရှိသည့်အခါ ဒေါ်အေးမြထံ မစံပယ်မှ ငွေကျပ်တစ်သိန်းထုတ်ပေး ကာ မုံရွာသို့ပြန်လွှတ်ခဲ့သည်။ အဆိုပါ မစံပယ်၏နေအိမ်တွင် အမျိုးသမီးငယ်(၁၄)ဦးရှိနေပြီး ပြည့်တန်ဆာလုပ် ငန်းများကို လုပ်ကိုင်နေခြင်းဖြစ်သည်။

အိမ်ဖော်လုပ်ငန်းများရရှိမည်ဟုဆိုကာ ခေါ်ဆောင်လာသည့် သူမကို လည်း ပြည့်တန်ဆာလုပ်ငန်းများအတွက် အတင်းအကြပ်စေခိုင်းခြင်းခံခဲ့ရသည်။ ထို့ကြောင့် သူမမှာ နှစ်ရက်အ တွင်း အမျိုးသား(၇)ဦးဖြင့် ပြည့်တန်ဆာလုပ်ငန်းအတွက် အခန်းဝင်ခဲ့ရသည်။


အဆိုပါ မစံပယ်၏ ပြည့်တန်ဆာလုပ်ငန်းများအား ရဲတပ်ဖွဲ့မှစောင့်ကြပ်ဖမ်းဆီးမှုများရရှိသဖြင့် အောက်တိုဘာ (၂၃) ရက်နေ့က မစံပယ်မှ သူမ၏သားဖြစ်သူ မောင်ရဲလင်းကို ဆိုသူ၏ ဆိုင်ကယ်ဖြင့် သူမအား မုံရွာမြို့သို့ ပြန် လည်ပို့ဆောင်ပေးခဲ့သည်။ ထိုသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ရာတွင် ထိုနေ့မနက်(၇)နာရီအချိန်က မုံရွာမြို့၊ ထန်း တောရပ်ကွက်၊(၁၀)ပေချောင်၊ ကန်ပတ်လမ်းအနီးတွင် ပို့ဆောင်ချထားခဲ့သဖြင့် သူမမှ ၎င်းအနီးရှိ နယ်မြေမှူး ဦးကျော်မြင့်ထွန်း၊ ရာအိမ်မှူး ဦးအေးတို့ထံ အကူအညီတောင်းခံခဲ့ရသည်။ ထို့ကြောင့် နယ်မြေမှူးနှင့်အဖွဲ့မှ သူမ အား နေအိမ်သို့ လိုက်လံပို့ဆောင်၍ ကူညီပေးခဲ့သည်။


ထို့နောက် သူမသည် နေအိမ်သို့ရောက်ရှိသည့်အခါ မိခင်ဖြစ်သူအား အကြောင်းစုံဖွင့်ဟပြောဆိုပြီးနောက် မုံရွာ နယ်မြေရဲစခန်းသို့ သွားရောက်တိုင်တန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုင်တန်းချက်ကို ရဲစခန်းက(ပ) ၃၆၁/ ၂၀၁၄ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ အမှုလက်ခံခဲ့ပြီး အမှုစစ်တာဝန်များကို ဒုရဲအုပ် ဇော် ဇော်မှ လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။



သတင်း၊ ကိုတိုးကြီး
မုံရွာ၊ အောက်တိုဘာ ၂၄

ဗြိတိန်နိုင်ငံက ATM စက်တွေမှ စတာလင်ပေါင် ၁.၆ သန်း ခန့် ခိုးယူသွားသူတစ်ဦးကို ဖမ်းမိ


ဗြိတိန်နိုင်ငံမှာရှိတဲ့ အလိုလျောက်ငွေထုတ်
စက်(ATM) ပေါင်းများစွာမှ စတာလင်ပေါင်
 ၁.၆ သန်း ခန့် ကို ဆိုက်ဘာတိုက်ခိုက်မှု ပြု
လုပ်ပြီး ခိုးယူသွားတဲ့ အသက် ၃၇ နှစ် အရွယ်


အမျိုးသားတစ်ယောက်ကို ဖမ်းမိလိုက်ပြီလို့ ဗြိတိန် ရဲတပ်ဖွဲ့က ဆိုပါတယ်။

ဗြိတိန်မှာရှိတဲ့ ATM တွေ ချိတ်ဆက်မှု ထဲကနေ အင်္ဂါရပ် ၇ခု ပျောက်ဆုံးနေတာကြောင့် ခိုးယူမှုကို စတင်သတိထားမိခဲ့ပြီး Portsmouth မြို့က ရဲအရာရှိတွေက ခြေရာခံ ဖမ်းမိခဲ့တာဖြစ်ပါတယ်။ ATM တွေကနေ ခိုးယူမှုတွေ လုပ်ယူနိုင်ရန် ဥရောပ အရှေ့ပိုင်းက အဆင့်မြင့် ဒုစရိုက် အဖွဲ့တစ်ခုက Brighton၊ London နဲ့ Liverpool အပါအ၀င် နေရာ တော်တော်များများ က ATM စက်တွေထဲကို ကွန်ပျူတာ ဗိုင်းရပ်စ်ပိုးတွေ ထည့်ခဲ့ကြောင်းကိုလည်း ဗြိတိန်နိုင်ငံက ရဲအရာရှိတွေက ယုံကြည်နေကြပါတယ်။

Blackpool၊ Doncaster နဲ့ Sheffield မြို့တွေကိုလည်း ပစ်မှတ်ထားထားတယ်လို့ သိရပါတယ်။ ထို အဆင့်မြင့် ဒုစရိုက်အဖွဲ့ရဲ့ စစ်ဆင်ရေးကတော့ ATM စက်တွေရဲ့ ချိတ်ဆက်ကြိုးတွေထဲကို USB ကိရိယာတွေနဲ့ ချိတ်ဆက်ပြီး ကုဒ် နံပါတ်များ ထည့်သွင်းကာ ပိုက်ဆံ ပမာဏ များများကို ထုတ်ယူသွားတာဖြစ်တယ်လို့ သိရပါတယ်။

Ref:dailymail.co.uk

Treand Myanmar

ဇာဇာထက် ဘာကြောင့် ၀တ်လစ်စားလစ်ဓာတ်ပုံမော်ဒယ် ဖြစ်လာသလဲ


“ပိုက်ဆံပေးပြီးတော့ ရိုက်ပါရစေဆို တာတောင်
 နင့်ရုပ်နဲ့ ဖြစ်နိုင်ပါ့မလား။ စဉ်းစားဦး၊ အဲလိုမျိုး
အရမ်းနှိမ်တာ…”
ပညာရေးအတွက် ဂျပန်သွားဖို့ ရည် ရွယ်ပြီး
 ဂျပန်သံရုံးမှာ ဂျပန်စာသင်နေရင်း Sexy ဓါတ်
ပုံများနဲ့ အောင်မြင်နေတဲ့ မော်ဒယ်များကို အား


ကျပြီး ဆရာဂျွန်လွင် ဆီမှာ သင်တန်းတက်ဖြစ်ခဲ့ပါတယ်။ သင်တန်းကာလတလျှောက် သင်ခန်းစာများကို စိတ်မ၀င်စားခဲ့ဘဲ ပေါ့ပေါ့ပါးပါးဖြတ်သန်းခဲ့ကာ သင်တန်းဆင်းပြီး ကျောင်းဆက်တက်ခဲ့ပါတယ်။

၂၀၁၁ မှာတော့ မိခင်ဖြစ်သူ လေဖြတ်ရောဂါခံစားခဲ့ ရခြင်းကြောင့် ဂျပန်သွားမည့် အစီအစဉ်ကို လက်လျှော့ကာ မော်ဒယ်လောကထဲ ခြေစုံပစ်ဝင်ခဲ့ပြီး ယနေ့မှာတော့ Sexy များနဲ့ Sexy Party များမှာ မပါမပြီး ဇာဇာထက်ဆိုတဲ့ နာမည်တခုကို ရယူပိုင် ဆိုင်နေပြီဖြစ်တဲ့ မော်ဒယ် ဇာဇာထက်က သူမအတွက် ကြိုးစားချင်စိတ်နဲ့ မခံချင်စိတ်တွေ အဓိကဖြစ်စေခဲ့တာ နာမည်ကြီး ဓာတ်ပုံဆရာတယောက်ကြောင့်လို့ ဆိုပါတယ်။

“ဇာ ဒီနှစ်ပိုင်းထဲမှာ Sexy ပုံတွေ Sexy Party တွေနဲ့ ပိုပေါက်လာခဲ့တယ်။ နောက် ဇာ ယုံကြည်တာက ဇာ့ကျောမှာ နေ့နံ မကိုက်ပေမယ့် ဇာကြိုက်လို့ထိုးထားခဲ့တဲ့ ကျားရုပ်လေးကြောင့်လို့လည်း ထင်တယ်။ ဇာ စလုပ်တုန်းကတော့ ကော့မန့်တွေ အများကြီးရတာပေါ့နော်။ တင်ကကြီး တယ်၊ ခါးကကြီးတယ်၊ ဘောလုံးသမား ဆိုဒ် အမျိုးမျိုးပေါ့။ ဒါတွေကို ဇာ ဘယ်လိုမှ မခံစားရဘူး။

ဒါပေမဲ့ နာမည်ကြီး ဓာတ်ပုံဆရာတယောက်ပဲ မောင်နှမလိုကို ခင်တာ။ သူက နွယ်နွယ်ထွန်းတို့ ပေါက်နေ တဲ့အချိန်မှာ ရိုက်ပြီးရင် ဘယ်သူက ဘယ်လိုလှတာ… ဖြူဖွေးနုဖက်နေတာပဲ … ဘယ်လို Sexy ဖြစ်တာဆိုပြီး လာလာပြော တယ်။ အဲတော့ ဇာလည်း ရိုက်ချင်တာပေါ့ နော်။ ပိုက်ဆံပေးပြီးတော့ ရိုက်ပါရစေဆို တာတောင် နင့်ရုပ်နဲ့ ဖြစ်နိုင်ပါ့မလား။ စဉ်းစားဦး၊ အဲလိုမျိုး အရမ်းနှိမ်တာ…


အခု ဇာ ကြိုးစားခဲ့တယ်။ ဖြစ်လာတယ်။ အဲတော့ ကျွန်မ ဖြစ်နေပြီဆိုပြီး သူ့ဖေ့စ်ဘွခ်မှာ သွား Add တယ်။ အရင်ကဆို သိပ်ခင်ခဲ့ကြတာ။ ဒါပေမဲ့ ဇာ့ကို Sexy Model အနေနဲ့ တကယ့်ကို ရွံရွံရှာရှာပုံစံမျိုးနဲ့ ကြည့်ခဲ့တာ။ သူသာ ဇာ့ကို ခုချိန်မှာ ရိုက် ပါမယ်လို့ဆိုခဲ့ရင် ဇာ အခုမပြောနဲ့ နောင် တသက်လုံးလည်း သူ့ကိုဆိုရိုက်ပေးမှာ မဟုတ်ဘူး။ သူက ဘာကို Jealousy ဖြစ်ပြီးတော့ ဇာ့ကို မုန်းနေမှန်း မသိဘူး။

သူက ဇာ့ကို ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး၊ ဖြစ်လာရင် လည်ဖြတ်ခံလိုက် မယ်ဆိုပြီးပြောခဲ့တာ။ ရိုက်လည်း ဇာ့ပုံနဲ့ ဘယ်လိုမှ ထွက်မှာမဟုတ်ဘူးဆိုပြီး ပြောခဲ့တာ။ လူတိုင်းကို သူအဲလိုထင်လို့မရဘူး ဆိုတာ ဇာပြချင်တာ။ သူပြောခဲ့တဲ့စကား တခွန်းက ဇာ့အတွက် တွန်းအားတွေ ဖြစ်စေခဲ့ပြီး ဇာအခုလိုဖြစ်လာတော့ သူမခေါ် ရဲတော့ဘူး” လို့ ရင်ဖွင့်ခဲ့ပါတယ်။


ဇာဇာထက်က ဓာတ်ပုံဆရာ နာမည်ပြောဖို့ ငြင်းဆန်ခဲ့ပေမယ့် သူ့ကို ၀တ်လစ်စားလစ်မော်ဒယ်ဖြစ်အောင် တွန်းပို့ပေးလိုက်သူက နာမည်သုံးလုံးနဲ့ လူငယ်ပိုင်းထဲက နာမည်ကြီး ဓာတ်ပုံဆရာလို့သာ ပြောခဲ့ပါတယ်။

MYN

News Watch Journal



ချစ်သူက သူနဲ့အတူ မအိပ်တော့ဘူးလို့ အပြောခံလိုက်ရတာကြောင့် အမျိုးသားတစ်ဦး သူ့လိင်တံ သူကိုယ်တိုင်ဖြတ်ပစ်


သူနဲ့ အတူ အိပ်ရတာ မပျော်တော့ဘူးလို့
 အပြောခံရတာကြောင့် အသက် ၂၂ နှစ်ရှိသူ
 Oliver LLic ဆိုသူက သူ့လိင်တံကို သူဖြတ်
ပစ်ပြီး အမှိုက်ပုံးထဲ ပစ်လိုက်တယ်လို့
သိရပါတယ်။



လိင်တံကို ဖြစ်ထုတ်လိုက်တယ်။ သူ့ချစ်သူနဲ့ ပတ်သက်စရာမရှိတော့တဲ့ အကြောင်းရင်းကြောင့် အဲဒီလို လုပ်လိုက်တာလို့ ဆရာဝန်တွေကို ပြောပြခဲ့တယ်လို့ သိရတယ်။

သူဘယ်လိုမှ သွေးတိတ်အောင် မလုပ်နိုင်တဲ့အခါ LLic က အရေးပေါ်လူနာဌာနကို အကြောင်းကြားပြီး Kocani မြို့လေးဖြစ်တဲ့ အရှေ့ Macedonian မြို့က ဆေးရုံကိုအပို့ခံလိုက်ရပါတယ်။

ရဲတွေက သူ့အိမ်ထဲ မွှေနှောက်ရှာဖွေတော့ ဘရိတ်ဓားနဲ့ တစ်ချက်တည်း ပိုင်းထားတဲ့ လိင်တံကို အမှိုက်ပုံးထဲ အလျားလိုက် ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ပထမမှာ ဆရာဝန်တွေက သူ့လိင်တံကို ပြန်မဆက်နိုင်တော့တာကြောင့် သူ့ကို Skopje ဆေးရုံသို့ လွှဲပေးပြီး အဲဒီနေရာတွင် ၅ နာရီကြာ ခွဲစိတ်မှုပြုလုပ်ပြီး ပြန်ဆက်ပေးခဲ့ပါတယ်။

သို့ပေမဲ့ ဒီအော့ပရီးရှင်း အောင်မြင်၊ မအောင်မြင် နဲ့  နဂိုအတိုင်း ပြန်အသုံးပြုလို့ရ၊ မရကို ပြောဖို့တော့ အချိန်စောနေသေးတယ်လို့  ဆရာဝန်တွေက ပြောဆိုထားပါတယ်။

မကြာသေးမီအချိန်ကလည်း အသက် ၄၀ အရွယ် မက်ဆီဒိုးနီးယမ်း အမျိုးသားတစ်ဦးက သူ့လိင်တံကို သူဖြတ်ပြီး အိမ်သာထဲ ဆွဲချခဲ့ပါသေးတယ်။

Source: Metro

Treand Myanmar

သတင်းထောက် သေဆုံးမှု စစ်တပ်အား ကျန်ရစ်သူမိသားစု တရားစွဲမည်


တလ နီးပါးကြာ ပျောက်ဆုံးနေသည့် အလွတ်
တန်း သတင်းထောက် ကိုအောင်ကျော်နိုင်(ခ)
ကိုပါကြီးမှာ သေဆုံးသွားပြီဟု ထုတ်ပြန်
ချက်ကြောင့် မြန်မာစစ်တပ်အား ကျန်ရစ်သူ
မိသားစုက တရားစွဲဆိုသွားမည်ဟု သတင်း
ရရှိသည်။



ကိုပါကြီးအား မြန်မာ စစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားစဉ် ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွား ကြောင်း ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၃ ရက် နေ့စွဲတပ်ထားသော သတင်း ထုတ်ပြန် ကြေညာချက်တစောင်ကို မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)မှ တဆင့် ဖြန့်ဝေခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်ကို မည်သည့်ဝန်ကြီးဌာနက တာဝန်ခံ ထုတ်ပြန်ကြောင်း တရားဝင် စာအမှတ်နှင့် စည်းတံဆိပ်များ မပါဝင်ပါ။

ယင်းသတင်းကို ယနေ့ ပထမဦးစွာ ပုံနှိပ်ဖော်ပြခဲ့သော The Voice Daily သတင်းစာကမူ
 “တပ်မတော်”မှ ထုတ်ပြန်ကြောင်း ရေးသားဖော်ပြထားသည်။ ကာကွယ်ရေးဝန်ကြီးဌာနသို့ ယင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍သဘောထားမေးမြန်းရာ ရုံးအဖွဲ့မှူး ဒု ဗိုလ်မှူးကြီး ကျော်သူက “လုံးဝ” မသိရှိကြောင်း ဖြေဆိုသည်။

သို့ရာတွင် စာနယ်ဇင်းကောင်စီမှ တဆင့် ရရှိသော ထုတ်ပြန်ချက်အရ ၂၀၁၄ ခုနှစ် ၊ စက်တင်ဘာလ ၃၀ ရက်နေ့က ကျိုက်မရောမြို့ လုံခြုံရေးအတွက် မြို့စက်လှေဆိပ် အ၀င်/အထွက်များအား မြန်မာစစ်တပ်က စစ်ဆေးနေစဉ် စက်လှေတစီးပေါ်တွင် ရေစိုလျက် ရွှံ့ဗွက်များ ပေကျန်နေသော ကိုပါကြီးအား တွေ့ရှိ၍ နယ်မြေခံ အမှတ် (၂၀၈)ခြေမြန်တပ်ရင်းသို့ လွှဲပြောင်းစစ်ဆေးရာ KKO ခေါ် ကလိုထူးဘော ကရင်အဖွဲ့အစည်းမှ ပြန်ကြားရေး တာဝန်ခံ ဗိုလ်ကြီးအဆင့်ရှိ အောင်နိုင် အဖြစ်ဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း၊
ဖမ်းဆီး ထိန်းသိမ်းထားစဉ် လုံခြုံရေး စစ်သည်တဦး၏ သေနတ်အား လုယူ ထွက်ပြေးသဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ရကြောင်း သိရသည်။ သို့သော် အသေးစိတ် ရှင်းလင်းမှု မရှိပေ။

ကိုပါကြီး၏ ဇနီး ဒေါ်သန္တာက ကိုပါကြီး ပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ အောက်တိုဘာလ ၂၁ ရက်နေ့က ရန်ကုန်မြို့တွင် မီဒီယာ များနှင့်တွေ့ဆုံပြီး သတင်းစာ ရှင်းလင်းပွဲတခု ပြုလုပ်ခဲ့ပြီး ထိုသတင်းစာ ရှင်းလင်းပွဲပြုလုပ်အပြီး ၂ ရက်အကြာ အောက်တိုဘာလ ၂၃ ရက်နေ့တွင် ယခုကဲ့သို့ ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိနေသော ကိုပါကြီး၏ ဇနီး ဖြစ်သူ ဒေါ်သန္တာက မြန်မာနိုင်ငံသို့ ပြန်လာပြီး ခင်ပွန်းဖြစ်သူ ကိုပါကြီးအား စစ်တပ်က မတရား ညှင်းပန်းနှိပ်စက်မှုဖြင့် တရားစွဲသွားမည့် အပြင် ကိုပါကြီး၏ အလောင်းအား ပြန်လည် တောင်းယူမည် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“ အခု ဒီသတင်းက သေချာတယ်ဆိုရင် ကျမ ခင်ပွန်းသည်ရဲ့အလောင်းကို ကျမ ပြန်တောင်းမယ်။ ဘယ်လို ပုံစံမျိုးပဲ ရှိရှိ ကျမ ပြန်တောင်းမယ်။ ပြီးရင် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုနဲ့ ဆက်ပြီး တရားစွဲမယ် ။  ကျမ ဒီလောက်ပဲဖြေချင်ပါတယ် ” ဟု ဒေါ်သန္တာက ဧရာဝတီသို့ ဖြေဆိုသည်။

သေဆုံးသွားသူ ကိုပါကြီးမှာ အသက် ၄၉ နှစ် ရှိပြီ ဖြစ်ပြီး သမီးအရင်း တယောက်နှင့် မွေးစားသား ၂ ဦး ကျန်ရစ်ခဲ့သည်။

ကိုပါကြီး၏ ဇနီး ဒေါ်သန္တာ၏ အဆိုအရ ကိုအောင်ကျော်နိုင်(ခ) ကိုပါကြီးသည် လက်ရှိ ဖြစ်ပွားနေသည့် အစိုးရစစ်တပ်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော်(DKBA) တိုက်ပွဲ အတွင်း စစ်ရေး သတင်း ဓာတ်ပုံများ ရရှိရန် မွန်ပြည်နယ်သို့ သွားရောက်စဉ် ပျောက်ဆုံးသွားခြင်း ဖြစ်ပြီး အဆက်အသွယ် မရသည်မှာ တလခန့် ရှိလာသဖြင့် လိုက်လံ စုံစမ်းကြည့်ရာ ကျိုက်မရော မြို့နယ် အစိုးရ စစ်တပ်က ဖမ်းဆီးထားသည်ဟု သိရှိခဲ့ရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် စစ်တပ်အား တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း သိရသည်။

“တပ်မတော်” မှ ထုတ်ပြန်သည်ဟု ဆိုသော ကြေညာချက်တွင်မူ ကိုပါကြီး၏ အလောင်းကို ကောင်းမွန်စွာ မြေမြှုပ် သင်္ဂြိုဟ်ထားပြီးဖြစ်ကြောင်း၊ သေဆုံးသူ၏ မိန်းမဖြစ်သူကို အသိပေးပြီး ကူညီထောက်ပံ့မှုများ ပေးအပ်မည်ဟု ဆိုသည်။

DKBA ၏ နိုင်ငံရေးအဖွဲ့ခွဲ ဖြစ်သော KKO ၏ အတွင်းရေးမှူး စောလုံ့လုံကမူ ကိုပါကြီးသည် KKO အဖွဲ့ဝင် မဟုတ်သလို KKO အဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူလည်း လုံးဝ မဟုတ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“ သူက သတင်းထောက် သက်သက်ပါ။ ကျနော်တို့က သူ သတင်း လာယူတဲ့အခါ ကူညီပေးပါတယ်။ ဒီလောက်ပါပဲ ” ဟု စောလုံ့လုံက ပြောဆိုသည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီကမူ ကိုပါကြီးမှာ မည်သူဖြစ်ကြောင်း “မရှင်းလင်းသေး”သဖြင့်  ယခုကိစ္စနှင့် ပတ်သက်၍ သဘောထား မှတ်ချက် ပေးရန် “စောလွန်း”နေသည် ဟု ပြောဆိုသော်လည်း  အမေရိကန် အခြေစိုက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ(CPJ)၏ အရှေ့တောင်အာရှ ကိုယ်စားလှယ် ရှောင်ခရစ်စပင်က “သတင်းထောက် အောင်ကျော်နိုင်ကို တပ်က ဖမ်းဆီးချုပ်နှောင်ထားစဉ်မှာ အသတ်ခံခဲ့ရတယ်ဆိုတဲ့ ရှေ့ပြေးသတင်းပေးပို့ချက်တွေအပေါ် ကျနော်တို့ အလွန်အမင်း စိုးရိမ်မိပါတယ်။
အစိုးရ တာဝန်ရှိသူတွေအနေနဲ့ ဒီသတင်းတွေကို စုံစမ်း စစ်ဆေးရမယ်။ သူ့သေဆုံးမှု နောက်ကွယ်က အကျိုးအကြောင်း တွေ့ရှိချက်တွေကိုလည်း အများပြည်သူသိအောင် ထုတ်ပြန်ပေးရမှာ ဖြစ်တယ်” ဟု  ဧရာဝတီသို့ ပြောဆိုသည်။

ကိုပါကြီးကိစ္စမှာ ထူးခြားဖြစ်စဉ် ဖြစ်သဖြင့် အမျိုးသား လူ့အခွင့်အရေးကော်မရှင်ထံသို့ တင်ပြလာပါက စုံးစမ်းစစ်ဆေးပေးသွားမည်ဖြစ်ကြောင်း ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်ကလည်း ဧရာဝတီသို့ ပြောသည်။

“ ကော်မရှင်က မတင်ပြတဲ့ တချို့ကိစ္စတွေကိုလည်း စစ်ဆေးမှုတွေ လုပ်ပါတယ်။ ဒါပေမယ့် ဒီလို ထူးခြားတဲ့ ဖြစ်စဉ်ဆိုရင်တော့ ကာယကံရှင် မိသားစု ဒါမှမဟုတ် လူမှုအဖွဲ့အစည်းတခုခုက တင်ပြလာရင် ပိုကောင်းပါတယ်။ ကျနော်တို့ စုံစမ်းစစ်ဆေးပေးလို့ ရပါတယ် ” ဟု ဦးစစ်မြိုင်က ပြောသည်။

ကိုပါကြီး မှာ ၂၀၁၀ခုနှစ် ၀န်းကျင်တွင် အလွတ်တန်း သတင်းထောက် အဖြစ် စတင်လုပ်ကိုင်ခဲ့ပြီး ရန်ကုန်တိုင်းမ်ဂျာနယ်တွင် အောင်ကြီးနာမည်ဖြင့် သတင်းများ ဖော်ပြခံရဖူးကြောင်း၊  အလဲဗင်း သတင်းစာကိုလည်း နာမည်မပါဘဲ သတင်း ရောင်းဖူးကြောင်း၊ စစ်တပ်က ထုတ်ပြန်သလို DKBA နှင့် ဆက်စပ်မှု မရှိဘဲ DKBA မှ ဗိုလ်မှူး စောဆန်းအောင်နှင့် ပုဂ္ဂိုလ်ရေး ခင်မင်မှုသာ ရှိကြောင်း  ကိုပါကြီး၏ မိတ်ဆွေ ယမုံနာက ပြောသည်။

မော်လမြိုင်ဒေသခံ သတင်းထောက် တဦးကလည်း ကိုပါကြီးသည် ထိုင်း-မြန်မာ နယ်စပ် သတင်းဆောင်းပါးများကို ရေးသား၍ ပြည်တွင်းမီဒီယာများသို့ ပေးပို့သူ ဖြစ်ပြီး အောင်ကြီး၊ ပါကြီး စသည့်ကလောင်အမည်များဖြင့် ရေးသားသူ တဦးဖြစ်ကြောင်း ပြောသည်။

ကိုပါကြီး၏ မိတ်ဆွေ ဦးဘမြင့်ကလည်း “ ပါကြီးရဲ့ သဘောထားက ပျော့ပျော့ ပြောင်းပြောင်းရှိပါတယ်။ ယဉ်ကျေးသိမ်မွေ့တယ်။ နိုင်ငံရေး လုပ်ခဲ့တာမိုလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ် လုံခြုံရေးလည်း လုပ်ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထဲမှာနေတဲ့ အချိန်တုန်းကလည်း တော်တော်လေး အပင်ပန်းခံပြီး ဒေါ်အောင်ဆန်းစုကြည် သွားတဲ့ နေရာလိုက်တဲ့ လူငယ်တယောက်ပဲ။ သူတို့ လင်မယားက နိုင်ငံရေးဆိုရင် ထဲထဲဝင်ဝင် လုပ်တယ်။ သူတို့ကို သုံးရောင်ခြယ် ဆိုပြီး သိထားကြတယ် ” ဟု ဧရာဝတီသို့ ပြောသည်။

ကိုပါကြီးသည် ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလတွင် ဖွဲ့စည်းခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လူငယ်) ၏ ပထမဦးဆုံး ဗဟိုလူငယ် ၁၉ ဦးတွင် ပါဝင်ခဲ့ပြီး ကရင်ပြည်နယ် တာဝန်ခံအဖြစ် ၁၉၈၉ ခုနှစ် မေလ အထိ တာဝန်ယူခဲ့သူဖြစ်သည်။ ယင်းနောက်ပိုင်းတွင် သုံးရောင်ခြယ် အဖွဲ့ဝင်အဖြစ် တပ်ဦးတာဝန်များကို ထမ်းဆောင်ခဲ့သူ တဦးလည်း ဖြစ်ကြောင်း ၎င်းနှင့်
နီးစပ်သူများထံမှ သိရှိရသည်။

ယခု ကိုပါကြီး သေဆုံးမှုသည် သတင်းသမားများကို အစိုးရက ဖမ်းဆီး အရေးယူထောင်ချမှုများ ပြုလုပ်နေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

(ဧရာဝတီ)

မွတ်စလင် ၁၀ ဦး သတ်ဖြတ်မှု တောင်ကုတ်ဒေသခံ ၇ ဦးကို ထောင်ဒဏ်တွေ ချမှတ်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာ အစ္စလာမ်ဘာသာဝင် ၁ဝ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရ တဲ့ တောင်ကုတ်မြို့ ကန်ပိုင်ရပ်ကွက်က ဒေသခံ ၇ ဦးကို အပြင်းအထန်နာကျင်စေမှုနဲ့ သံတွဲခရိုင်တရားရုံးက ဒီကနေ့ ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်ပါတယ်။

အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဒေါ်နွဲ့နွဲ့ငြိမ်းက ပြည်နယ်တရားလွှတ်တော်ထံ အယူခံတင်သွားမယ် လို့ ပြောပါတယ်။

"ပြစ်မှုဆိုင်ရာပုဒ်မ ၃၂၅ အရ ထောင် ၁၀ နှစ်ချတဲ့ကိစ္စမှာ ကျမတို့ အယူခံဝင်ဖို့အတွက်ကို အဆင်အသင့်ပြင်ဆင်နေပါပြီရှင့်၊ ကျမတို့ တနလာင်္နေ့ကျရင် တရားလွှတ်တော်ကို အယူခံတက်မယ်"

ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် ဇွန်လ ၃ ရက်နေ့က ရန်ကုန်ကနေ ထွက်လာတဲ့ ရိုးမသစ္စာခရီးသည်တင်ကားမှာ လိုက်ပါခဲ့တဲ့ အစ္စလာမ် ဘာသာဝင် ၁ဝ ဦး ဟာ ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

အမှုမှာ ပါဝင်ခဲ့သူလို့ ယူဆရတဲ့ တောင်ကုတ်မြို့ ဒေသခံ ၇ ဦးကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ၁၇ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး လူသတ်မှု ပုဒ်မ ၃ဝ၂၊ လူသတ်ရန် လူစုလူဝေးနဲ့ ကြိုတင်ကြံစည်မှု ပုဒ်မ ၃၄ တို့နဲ့ တရားစွဲခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် စွဲချက်တင်တဲ့အခါ အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၅ နဲ့ တင်ခဲ့တာဖြစ်ပြီး ဒီကနေ့ အမိန့်ချမှတ်ခဲ့တာပါ။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

လင်မယားချင်း စကားများရာမှ အိမ်ထဲသို့ဗုံးပစ်သွင်း၍သုံးဦးသေ၊ နှစ်ဦးဒဏ်ရာရ


ကျိုင်းတုံခရိုင် မိုင်းယန်းမြို့နယ်တွင် လင်မ
ယားနှစ်ဦး ရန်ဖြစ်ရာမှ နေအိမ်အတွင်း ဗုံး
ကွဲ၍ ၎င်းတို့ နှစ်ဦးစလုံး ဒဏ်ရာရပြီး ဧည့်
သည်သုံးဦး သေဆုံးခဲ့သည်။


အောက်တိုဘာ ၂၃ ရက်က မိုင်းယန်းမြို့နယ်အတွင်း၌ လင် မယားနှစ်ဦး စကားများသဖြင့် မြို့ နယ်တရားရုံးမှ အပြန်တွင် ခင်ပွန်း ဖြစ်သူက ၎င်း၏ နေအိမ်အတွင်း သို့ လက်ပစ်ဗုံးနှစ်လုံး ပစ်သွင်းခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။

အဆိုပါဗုံးခွဲမှုကြောင့် အိမ် ပေါ်ရှိ ဧည့်သည်သုံးဦး သေဆုံးကာ အဆိုပါ လင်မယားနှစ်ဦးမှာ ဒဏ်ရာများ ရရှိသွားကြောင်း ကျိုင်းတုံမြို့နယ် စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့က အတည်ပြုပြော ကြားသည်။

 သို့သော် အခြေအနေ အ သေးစိတ်ကိုမူ မသိရှိရသေးဘဲ စုံ စမ်းဆဲဖြစ်ကြောင်း စစ်ဘက်ရေး ရာ လုံခြုံရေးအဖွဲ့က ပြောကြား သည်။

မိမိနေအိမ်အတွင်းသို့ ကိုယ် တိုင် လက်ပစ်ဗုံးပစ်သွင်းသူ ဦး သိန်းဇော်သည် စည်ပင်ဝန်ထမ်း တစ်ဦးဖြစ်ပြီး ယခုအခါ စည်ပင် ၀န်ထမ်းဗုံးခွဲသူ ဦးသိန်းဇော်ကိုကျိုင်းတုံအချုပ်ခန်းသို့ ပို့ဆောင် ထား၍ ဇနီးဖြစ်သူ ဒေါ်နန်းနုကိုလည်း မိုင်းယန်းဆေးရုံသို့ ပို့ဆောင်ကုသထားကြောင်း ရှမ်းသံတော်ဆင့် သတင်းတွင် ဖော်ပြထားသည်။

7Day News Daily

လေယာဉ်ပျံထဲက မြန်မာမင်္ဂလာပွဲ






နာရီပိုင်းအတွင်းမှာပဲ အချစ်ဟာ လေထဲမှာ ရှိလာလိမ့်မယ်လို့ Golden Myanmar လေကြောင်းလိုင်း ဖေ့စ်ဘုတ်မှာ ပြီးခဲ့တဲ့ သောကြာနေ့ (အောက်တိုဘာ ၁၇ ရက်နေ့)က ရေးပါတယ်။

ဘာကြောင့် အဲဒီလို ရေးရသလဲ ဆိုတော့ သူတို့လေယာဉ်ပျံထဲ မင်္ဂလာပွဲဆင်နွဲသူ ရှိလို့ပါပဲ။
နောက်တနေ့မှာ အထက်ဖော်ပြပွဲ မင်္ဂလာပွဲပုံ တက်လာပါတယ်။
လေကြောင်းလိုင်း ဖော်ပြချက်အရ ဆိုရင် သတို့သား၊ သတို့သမီးက Ko Dmo နဲ့ Ma Shweyi တို့ ဖြစ်ပါတယ်။

အမြင့်ပေ 27,000 မှာ လေယာဉ် ပျံသန်းတုန်း ကျင်းပ ပြုလုပ်တဲ့ မင်္ဂလာဆောင်ဖြစ်ကြောင်း လေကြောင်းလိုင်းက ရေးထားတာပါ။
ဘယ်မြို့နဲ့ ဘယ်မြို့ကြား ပျံသန်းတဲ့ ခရီးစဉ်လဲ ဆိုတာတော့ ဖော်ပြမထားပါဘူး။
လေယာဉ်ထဲ ကျင်းပတဲ့ပွဲ ဆိုတော့ ဧည့်သည် အရေအတွက် အင်မတန် အကန့်အသတ်နဲ့ပဲ ပြုလုပ်ခဲ့တာ ဖြစ်ပါလိမ့်မယ်။

ဒါကတော့ အမှတ်တရ ဖြစ်စရာ မင်္ဂလာပွဲလေးအကြောင်းပါ။
ကဲ...အနာဂတ်မှာ မင်္ဂလာပွဲကျင်းပမယ့်အစီအစဉ်ရှိသူတွေ ဘယ်လို စိတ်ကူးထားပါသလဲ။
ရန်ကုန်မှာ ဆောင်မယ် ဆိုရင်တော့ လေအေးစက်တပ် မြို့ပတ်ရထားတွဲက ဖြစ်နိုင်ချေတခုပါ။ ဘယ်သူမှ မလုပ်ကြသေးဘူးလို့ ယူဆရပါတယ်။
 ရန်ကုန်မြစ် တလျှောက် အထူးသင်္ဘောငှားမယ် ဆိုရင် အကုန်အကျ များပေမယ့် ငွေကုန်ခံနိုင်သူတွေ စဉ်းစားကြပါလိမ့်မယ်။

မင်္ဂလာပွဲ အခင်းအကျင်းတွေက တဖြည်းဖြည်း ပြောင်းလဲနေပါပြီ။

မောင်ရင်မောင် မမယ်မတို့ မင်္ဂလာပွဲက အိမ်မှာပဲ မဏ္ဍပ်ထိုးပြီး ဆောင်ခဲ့ကြတာပါ။
ချမ်းသာမယ် မိတ်ဆွေများမယ် ဆိုရင် မဏ္ဍပ်ကြီးကြီးထိုးမယ်၊ အဲဒီနှစ်ခုမဟုတ်ဘူးဆိုရင်တော့ မဏ္ဍပ်ကြီးချင်မှ ကြီးပါလိမ့်မယ်။

အိမ်ပိစိ၊ အခန်းပိစိတွေနဲ့ နေရတဲ့ ရန်ကုန်လိုမြို့ကြီးမှာတော့ မဏ္ဍပ်ထိုးဖို့ အခက်အခဲ ရှိပါတယ်။ ဒီလိုနဲ့ ရန်ကုန်မင်္ဂလာဆောင်အများအပြားကို ဘုန်းကြီးကျောင်းတချို့မှာ ကျင်းပကြပါတယ်။
ဘုန်းကြီးကျောင်းမှာ မင်္ဂလာဆောင်တယ် ဆိုတာ ကုန်းဘောင်ခေတ်တုန်းက စဉ်းစားမိကြမယ် မထင်ပါဘူး။

သို့သော်လည်း အဲဒါက အခုခေတ် ရန်ကုန်မှာတော့ အစဉ်အလာတခု ဖြစ်လာပါပြီ။ ရက်ချိန်းရဖို့တောင် အခက်အခဲ ရှိလာပါပြီ။

တရားသူကြီးရှေ့  လက်ထပ်စာချုပ် ချုပ်ပြီး မင်္ဂလာဆောင်မယ်၊ ရင်းနှီးသူတချို့ကို ဆိုင်မှာ ခေါ်ကျွေးမယ် ဆိုတဲ့ အကျဉ်းနည်း မင်္ဂလာဆောင်လည်း ရတာပါပဲ။

သတို့သမီး သတို့သား အဲဒီလို စာချုပ် ချုပ်စရာ လိုသလားလို့ မောင်ရင်မောင် မမယ်မတို့ အံ့သြတကြီး မေးခွန်းထုတ်ကောင်း ထုတ်နိုင်ပါတယ်။

စာချုပ် လိုတယ်ရယ်လို့လည်း မဟုတ်ပါဘူး၊  စက္ကူပေါတဲ့ခေတ်၊ စာရွက်စာတမ်းကိစ္စတွေ လုပ်ရတဲ့ခေတ် ဖြစ်လာပြီဆိုတော့ စာချုပ်ချုပ်သူတွေ များလာပြီလို့ ဖြေရပါလိမ့်မယ်။

အခုလည်း လေထဲ ပျံဝဲပြီး မင်္ဂလာဆောင်တယ် ဆိုတော့ မောင်ရင်မောင် မမယ်မတို့သာမက ဧရာဝတီဘလော့ http://blog.irrawaddy.org ကို ရောက်လာသူတွေလည်း အံ့သြကြပါလိမ့်မယ်။

ကဲ...မင်္ဂလာပွဲ ဘယ်မှာ ဆင်နွဲကြမလဲ စိတ်ကူးလိုက်ကြပါအုံး။


http://blog.irrawaddy.org/2014/10/blog-post_162.html

ဘန်ကောက်တွင် မြန်မာအလုပ်သမားများထံ ငွေလိမ်ခဲ့သည့် ကုမ္ပဏီကို ၀င်ရောက်စီးနင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မြန်မာ အလုပ်သမား တွေဆီက ဘတ်ငွေ သန်းပေါင်း ၃၀ နီးပါး လိမ်လည်ခဲ့တဲ့ ကုမ္ပဏီကို သက်ဆိုင်ရာ စစ်တပ်နဲ့ ရဲတွေက ၀င်ရောက် ဖမ်းဆီး ခဲ့ပါတယ်။

ထိုင်းနိုင်ငံ စီးပွားရေး ဆိုင်ရာ ဒုစရိုက်မှုနှိမ်နင်းရေး ဌာနက တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်နဲ့ မြန်မာ အလုပ်သမားကူညီရေးအဖွဲ့အစည်းက ကိုယ်စားလှယ်တွေ ပါဝင်တဲ့ အင်အား ၃၀ နီးပါးဟာ ဘန်ကောက် ဖလမ်းဆောင်နယ်မြေ ဒီကေအိမ်ယာမှာရှိတဲ့ စန်ကျောက်ပင်း (Sun Jao Ping) ကုမ္ပဏီကို အောက်တိုဘာ ၂၃ ရက် ညနေ ၃ နာရီလောက်မှာ ၀င်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။

ဒီစီးနင်းမှုမှာ မြန်မာနိုင်ငံသား ကုမ္ပဏီဝန်ထမ်းတွေအပါအ၀င် ၁၅ ဦးကို ကုမ္ပဏီရောင်း ကုန်ပစ္စည်းတွေနဲ့ အတူ ဖမ်းထားတယ်လို့ တွဲလက်ညီအလုပ်သမားအဖွဲ့ဝင် ကိုကျော်လင်းဦးက ဒီဗွီဘီကို ခုလို ပြောပြပါတယ်။

“တာဝန်ရှိတဲ့ ၀န်ထမ်းတွေနဲ့အတူ ကျနော်ပါ ပါသွားပါတယ်ခင်ဗျ။ တာဝန်ရှိသူတွေက ကုမ္ပဏီထဲဝင်ပြီး ဘယ်သူမှထွက်ပြေးလို့မရအောင် တံခါးပိတ်လိုက်တယ်။ အထဲက ၀န်ထမ်းတွေကို စစ်ဆေးမေးမြန်းတယ်။ ရုံးခန်းထဲက စာရွက်စာတမ်းတွေ ၊ ကွန်ပြူတာ၊ ရောင်းကုန်ပစ္စည်းတွေ ပက်ပ်စီ ဘီယာတွေရော အားလုံးကို သိမ်းဆည်းလိုက်ပါတယ် ၊ အားလုံး ၁၅ ယောက်၊ မြန်မာက ၁၃ ယောက် အဓိကက ကိုလေးတို့ ကိုသိုက်တို့ ခေါင်းဆောင်တဲ့အဖွဲ့ပေါ့။ ဒီလူတွေကို မနေ့ညက ဒုစရိုက်နှိမ်နင်းရေးဌာနမှာဘဲ ထိန်းသိမ်းထားပါတယ်။ ကုမ္ပဏီပိုင်ရှင်ကို တော့ သိထားပြီးပြီ။ တွေ့ထားပြီးပြီ။ ၀ရမ်းစာမရသေးလို့ မဖမ်းသေးဘူးလို့ ပြောပါတယ်။”

ဖမ်းထားတဲ့သူတွေကို မနေ့ညက ဒုစရိုက်နှိမ်နင်းရေးဌာနမှာဘဲ ထိန်းသိမ်းထားပါတယ်။

အဆိုပါ ကုမ္ပဏီဟာ အလုပ်သမားတွေကို အစုဝင်ရှယ်ယာ ဘတ်ငွေ ၁ သောင်းစီ ရောင်းချပေးခဲ့ပြီး ၄ လ ကြာရင် အမြတ်အစွန်း ၄ ဆ ရမယ်လို့ ပြောခဲ့ပေမယ့် ၄ လကျော်တဲ့ထိ အရင်းရော အမြတ်ပါ မရလို့ အလုပ်သမားတွေက သက်ဆိုင်ရာကို တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

အစုရှယ်ယာ ၀ယ်ယူသူ မြန်မာအလုပ်သမားပေါင်း ၂ ထောင်ကျော်ရှိပြီး ဆုံးရှုံးငွေ ဘတ်သန်းပေါင်း ၃၀ နီးပါး ရှိတယ်လို့ ငွေလိမ်ခံရသူတွေက ပြောပါတယ်။

ဒုစရိုက်နှိမ်နင်းရေးဌာနက ကုမ္ပဏီပိုင်ဆိုင်မှုတွေကို သိမ်းဆည်းရောင်းချပြီး သူတို့ ဆုံးရှုံးငွေတွေ ပြန်လျော်ပေးမယ်လို့ ကိုကျော်လင်းဦးက ပြောသွားပါတယ်။

By နန်းမြနဒီ (ဒီဗွီိဘီိ)
http://burmese.dvb.no/archives/68749

ဓာတ်ပုံ - MAT

ဘဲခြံပိုင်ရှင် ထိုင်းလင်မယားကို သတ်သူ မြန်မာ နှစ်ဦး ဖမ်းမိ

ဘဲခြံပိုင်ရှင် ထိုင်းလင်မယားကို သတ်သူ မြန်မာ နှစ်ဦး ဖမ်းမိ

ထိုင်းနိုင်ငံ၊ ရတ်ခ်ျ ဘူရီ ခရိုင်၊ ဖိုထာရမ်းမြို့မှာ ဘဲမွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေကြသူ ထိုင်းအမျိုးသားနဲ့ မြန်မာ အမျိုးသမီး ဇနီးမောင်နှံ အသတ်ခံခဲ့ရတဲ့အမှုမှာ၊ ဘဲခြံမှာ လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမား ၄ ယောက် ကျူးလွန်ခဲ့ကြတာဖြစ်ပြီး၊ အဲ့ဒီထဲက မြန်မာ အမျိုးသားနှစ်ယောက်ကို ဖမ်းမိထားကြောင်း ထိုင်း ရဲတပ်ဖွဲ့က ကြေညာပါတယ်။

ရတ်ခ်ျ ဘူရီ ခရိုင် ရဲအရာရှိတစ်ဦးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ရာမှာ အမှု နဲ့ပတ်သက်ပြီး အသက် ၂၆ နှစ် နဲ့ ၁၆ နှစ်အရွယ် မြန်မာအလုပ်သမားနှစ်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း၊ သူတို့ရဲ့ထွက်ဆိုချက်အရ ဘဲခြံပိုင်ရှင်တွေဟာ ဘဲဥရောင်းရငွေ ဘတ်ငွေ တစ်သိန်းခွဲ ရရှိထားတာသိရတဲ့အတွက် ငွေလိုချင်လို့ ကျူးလွန်ခဲ့ကြတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

သေဆုံးသူတွေဟာ အောက်တိုဘာ ၁၉ ရက်နေ့က သူတို့ရဲ့ အိပ်ခန်းထဲမှာ ဓား ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ကြတာဖြစ်ပြီး၊ ဘတ်ငွေ တစ်သိန်းခွဲနဲ့ ဆိုင်ကယ်တစ်စီး ပျောက်ဆုံးခဲ့ပါတယ်။

ကျူးလွန်သူ လေးယောက်ဟာ ပိုင်ရှင်ရဲ့ ဆိုင်ကယ်နဲ့ ထွက်ပြေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ညနေပိုင်းမှာ အဲ့ဒီဆိုင်ကယ်ကို ဓါတ်ဆီဆိုင်တစ်ဆိုင်မှာ ရပ်ထားခဲ့ပြီး၊ ငှားရမ်းထားတဲ့ ကားတစ်စီးနဲ့ ကန်ချနဘူရီခရိုင်၊ ဆန်ခလဘူရီကို သွားခဲ့ကြပါတယ်။ အဲ့ဒီမှာ လူချင်းခွဲကြပြီး၊ ဘန်ကောက်ကိုထွက်ပြေးသူနှစ်ဦးက အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။

ကျန်တဲ့နှစ်ယောက်ကတော့ မနေ့ကအထိ လွတ်မြောက်နေဆဲဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf