Friday 28 November 2014

ကောသလမင်းကြီးအိပ်မက်(၁၆)ချက် ====================

မြတ်စွားဘုရားရှင်လက်ထက်တော်..အခါက..ကောသလမင်းကြီးဟာ.ညတစ်ညမှာ..ထူးဆန်းစွားအိမ်မက်တွေ
မက်တဲ့အတွက်...ဘုရားရှင်ကို..မေမြန်းလျှောက်ထောက်ချက်တွေကို...အောက်မှာဖောက်ပြ.ပေးလိုက်ပါတယ်
မေး (၁) နွာနက်လေးခု ၊ ဝှေ့မှုဟန်ပြင်၊ မဝှေ့ကြပဲ၊ ရှောင်လွဲသည်မြင်။
ဖြေ -အရှေ့အနောက်၊ တောင်မြောက်မိုးဆင်၊ ခြိမ်းသံပေး ၊ မိုးဝေး လွင့်ပျောက်စင်။
မေး (၂) မြေကမကြွ၊ ငယ်လှသစ်ပင်၊ ဖူးငုံရင့်ပြီး၊ ပွင့်သီးတွေမြင်။

အမေရိကန်တွင် ၁၈ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူ လွှတ်တော်အမတ်ဖြစ်လာ

ဗာဂျီးနီးယား နိုဝင်ဘာ ၂၈

အမေရိကန်နိုင်ငံတွင် ၁၈ နှစ်အရွယ် တက္ကသိုလ် ကျောင်းသူတစ်ဦးသည် အနောက်ဗာဂျီးနီးယားပြည်နယ် ၏ ဥပဒေပြုလွှတ်တော် အမတ်တစ်ဦး ဖြစ်လာခဲ့သည်။

သမ္မတဦးသိန်းစိန်အား လာမည့်သက်တမ်း၌ အရွေးချယ် မခံစေလိုကြောင်း အစ်ကိုဖြစ်သူပြော


ပုသိမ်၊ နိုဝင်ဘာ၂၆

သမ္မတဦးသိန်းစိန်အား လာမည့် ၂၀၁၅ ရွေးကောက်ပွဲ တွင် အရွေးချယ် မခံစေလိုဘဲ ဘာသာရေး လုပ်ငန်းများ တွင်သာ လုပ်ကိုင်စေလိုကြောင်း သမ္မတ၏ အစ်ကို ရင်းဖြစ်သူ ဦးထွန်းမြင့်က မြန်မာသံတော်ဆင့် သို့ ပြော သည်။

နွားမှ ကြွက်အထိ ကောင်ရေ ၅ သိန်း သတ်ဖြတ်ပူဇော်ပွဲ တိရစ္ဆာန်အခွင့်အရေး ကာကွယ်သူများ ဆန့်ကျင်ကန့်ကွက်

ကတ်မန်ဒူ၊ နိုဝင်ဘာ ၂၈

နိပေါနိုင်ငံ ဘာရီယာပါရွာအနီးမှ ဝေးလံခေါင်သီသော ဒေသတစ်ခုတွင် ဟိန္ဒူနတ်ဘုရား ကိုးကွယ်သူ များသည် နွားမှ ကြွက်အထိ ကောင်ရေ ၅ သိန်း သတ်ဖြတ် ယစ်ပူဇော်ပွဲကို ယနေ့စတင် ကျင်းပရာ တိရစ္ဆာန်အခွင့်အရေး ကာကွယ်လှုပ်ရှားသူများက ဆန့်ကျင်ကန့်ကွက် နေကြကြောင်း AFP သတင်း တစ်ရပ်တွင် ဖော်ပြပါရှိသည်။

ခရစ်​ဒစ်​ကတ် ခိုး​သူ ၁​ဝဝ ကျော်​ကို ဥ​ရော​ပ​ရဲ ဖမ်းဆီး

ဥရောပ ရဲတပ်ဖွဲ့ ဖြစ်တဲ့ ယူရိုပို ရဲ့ ထုတ်ပြန်ချက် အရ အခု ၂ ရက် အတွင်း ခိုးရာပါ ခရစ်ဒစ် အကြွေးဝယ် ကတ်ပြား တွေကို အသုံးပြုပြီး လေယာဉ် လက်မှတ်တွေ ဝယ်ယူခဲ့သူ အယောက် ၁၀ဝ ကျော်ကို ဖမ်းဆီး လိုက်တယ် လို့ သိရပါတယ်။

Wednesday 26 November 2014

ကြမ်းတမ်းလွန်းတဲ့ အမျိုးသမီးဘဝ..


စိတ်က မိဘအတွက်...
ကိုယ်ခန္ဓာက လင်ယောကျာ်းအတွက်...
အချိန်တွေက သားသမီးအတွက်...

တိုင်းရင်းသား အမျိုးသမီးကို စစ်တပ်က အဓမ္မပြုကျင့်ဆဲလို့ဆို

မြန်မာ စစ်တပ် အနေနဲ့ ​အမျိုးသမီး တွေကို ​စနစ်ကျစွာ ​လိင်ပိုင်း ဆိုင်ရာ ​အကြမ်းဖက်မှုတွေ ​ပြုလုပ်နေဆဲ ​ဖြစ်တယ်လို့ ​မြန်မာ အမျိုးသမီး ​သမဂ္ဂအဖွဲ့ ​WLB ​က ​ပြောပါတယ်။

ပိုက်ဆံချေးငှားမရသဖြင့် နေအိမ်ကိုမီးရှို့ပြီး ဓါးနှင့်ခုတ်သူ အရေးယူ

နေပြည်တော်၊ နိုဝင်ဘာ ၂၆

၂ဝ၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့ နေ့လယ် ၁၂ နာရီ ၅ မိနစ်အချိန် ရှမ်းပြည်နယ်၊ မိုင်းတုံမြို့၊ နောင်ပါရင်ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မိုင်းတုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

Ferguson ဆန္ဒပြမှု တနိုင်ငံလုံး ပျံ့နှံ့


လက်နက်မဲ့ လူမည်း ဆက်ကျော်သက်တဦးကို ပစ်သတ်ခဲ့တဲ့ လူဖြူရဲအရာရှိကို တရားမစွဲဖို့ ဂျူရီလူကြီးတွေပါဝင်တဲ့ အဖွဲ့တဖွဲ့က ဆုံးဖြတ်လိုက် ပြီးတဲ့နောက် အမေရိကန် ပြည်ထောင်စု၊ အနောက်အလယ်ပိုင်း Missouri ပြည်နယ်၊ Ferguson မြို့မှာ နှစ်ညမြောက် ဆက်တိုက် ရုန်းရင်းဆန်ခတ် အဓိကရုဏ်းတွေ ဖြစ်သလို နိုင်ငံတ၀ှမ်းမှာလည်း ဆန္ဒပြပွဲတွေ ဖြစ်ပါတယ်။

ဒေးလ်ကာနက်ဂျီ လူသန်းပေါင်းများစွာတို့၏ ဘ၀ကိုပြောင်းလဲစေခဲ့သူ - ဖေမြင့်

 

Tuesday 25 November 2014

ကမ္ဘာ့ဈေးအကြီးဆုံး အစားအသောက် ၁၀ မျိုး


ငွေအများကြီးရှိပြီး မည်သည့်နေရာတွင် သုံးရမှန်းမသိ ဖြစ်နေပါသလား။ အောက်တွင်ဖော်ပြထားသော အစားအသောက်များက သင်၏ သိလိုစိတ်ကို နှိုးဆွပြီး စားချင်စိတ်ဖြစ်ပေါ်လာမည်လား ကြည့်လိုက်ပါ။
(၁၀) မက်တိတ် (သို့မဟုတ်) မက်ဆူကီမှို ဒေါ်လာ ၁,၀၀၀

မသိ၍လိုချင် တပ်မက်ခြင်း



ကဲ .... မောင်လေးညီမလေးတို့ရေ ....

ငါးရောင်းဝယ်သူ ၅၀ နီးပါးကို ဘိုကိုဟာရမ် သတ်ပစ်

နိုင်ဂျီးရီးယားနိုင်ငံမှာ ​ဘိုကိုဟာရမ်လို့ ခေါ်တဲ့ ​အစ္စလာမ်မစ် ​စစ်သွေးကြွတွေက ​ငါးအရောင်း အဝယ်လုပ်သူ ​လူယောက် ​၅၀ ​နီးပါး ​ကို ​သတ်ပစ်လိုက်ပါတယ်။

တချို့လူတွေကို ​လည်လှီး သတ်ဖြတ်ခဲ့ တာဖြစ်ပြီး ​တချို့လူတွေကိုတော့ ​လက်နဲ့ ​ခြေထောက်ကို ​ကြိုးတွေနဲ့ ​တုတ်နှောင်ပြီး ​ရေထဲ ​ပစ်ချခဲ့ကြတယ်လို့ ​ဆိုပါတယ်။

ပဋိပက္ခတွေ ​ဖြစ်ပွားလေ့ရှိတဲ့ ​ဘော်နိုပြည်နယ်မှာ ​သတ်ဖြစ်မှုတွေ ​ဖြစ်ပွားခဲ့တာ ​ဖြစ်ပါတယ်။

ချက်နိုင်ငံကို ​သွားပြီး ​ငါးတွေ ​ဝယ်ဖို့ ​သွားလာသူ ​လူပေါင်း ​၄၈ ​ယောက်ကို ​ဘိုကိုဟာရမ်အဖွဲ့က ​တားဆီးပြီး ​အသံတိတ် ​သတ်ဖြတ်ခဲ့တာ ​ဖြစ်တယ်လို့ ​သိရပါတယ်။

အဲဒီအနီးနားမှာ ​ချက်နိုင်ငံ၊ ​နိုင်ဂျီးရီးယားနိုင်ငံနဲ့ ​နီဂျဲနိုင်ငံ ​စစ်သားတွေ ​ရှိနေတဲ့အတွက် ​သေနတ်တွေမသုံးပဲ ​ဓားတွေနဲ့ ​လည်လှီးသတ်ဖြတ်ခဲ့တာ ​ဖြစ်သလို ​ကြိုးတွေနဲ့ ​တုတ်နှောင်ခဲ့တာ ​ဖြစ်တယ်လို့ ​ဆိုပါတယ်။

ပြီးခဲ့တဲ့ ​ဒီဇင်ဘာလတုန်းကလည်း ​အဲဒီဒေသမှာ ​ဘိုကိုဟာရမ်အဖွဲ့က ​တိုက်ခိုက်မှုတွေလုပ်ခဲ့တဲ့အတွက် ​အိုးအိမ်တွေအများအပြား ​မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

သြဂုတ်လတုန်းကတော့ ​လူ ​၉၇ ​ယောက်ကို ​ဖမ်းဆီးပြီး ​၂၈ ​ယောက်ကို ​သတ်ဖြတ်ခဲ့ပါတယ်။

တခြားလူတွေကိုတော့ ​ကန်ထဲကို ​ပစ်ချခဲ့ပေမယ့် ​ချက်နိုင်ငံ ​စစ်သားတွေက ​လူပေါင်း ​၈၅ ​ယောက်ကို ​ကယ်ဆယ်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ​ဧပြီလတုန်းကလည်း ​ကျောင်းသူအယောက်ပေါင်း ​၂၇၆ ​ယောက်ကို ​ပြန်ပေးဆွဲထားပြီး ​အယောက်ပေါင်း ​၅၀ ​လောက်သာ ​ပြန်လည် ​လွတ်မြောက်လာခဲ့ပါတယ်။

ကျန်တဲ့ ​ကျောင်းသူတွေကို ​လွတ်ပေးဖို့ ​ဘိုကိုဟာရမ်အဖွဲ့နဲ့ ​နိုင်ဂျီးရီးယား ​အစိုးရတို့ ​ဆွေးနွေးနေဆဲ ​ဖြစ်ကြောင်းလည်း ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-11-24/1392429

(Credit: ABC licensed) 

မူစယ်သျှမ်းနှစ်သစ်ကူးပွဲ နောက်ဆုံးနေ့၌ ဗုံးတစ်လုံးပေါက်ကွဲ

နိုဝင်ဘာလ ၂၅ ရက် ၂၀၁၄

သျှမ်း/မြောက် မူစယ်မြို့ ၌ သျှမ်းနှစ်ကူးပွဲတော် နောက်ဆုံးနေ့ ကျင်းပချိန် မူစယ်ခရိုင် ဆိုင်းခေါင်ကျေးရွာ မူစယ်-နမ့်ခမ်း ကားလမ်းမပေါ်တွင် ညနေ ၆ နာရီ ခန့်က ဗုံးတစ်လုံးပေါက်ကွဲကြောင်း သတင်းရရှိသည်။

သင်မသိတဲ့ သင့်ဘဝကို သတ်နေတဲ့ အရာ

            

Monday 24 November 2014

ဂိတ်ပိတ်ထားသည့် သံလမ်းကူးနေရာတွင် မီးရထားနှင့်ဆိုက္ကားတို့ တိုက်မိမှုဖြစ်

ရန်ကုန်၊ နိုဝင်ဘာ ၂၄

၂၃.၁၁.၂၀၁၄ရက်နေ့ ၁၃၀၀ အချိန်တွင် ရန်ကုန်ဘူတာမှ မင်္ဂလာဒုံဘက်သို့ ထွက်ခွာ လာသော RBE မီးရထားသည် လှည်းတန်းဘူတာနှင့်

လေယာဉ်တင်သင်္ဘော ဆိုက်ကပ်ထားရာ ဆိပ်ကမ်းကို ဓာတ်ပုံရိုက်၍ နိုင်ငံခြားသားထံ ရောင်းချခဲ့သည့် တရုတ်နိုင်ငံသား တစ်ဦးအား ဖမ်းဆီး

ပေကျင်း ၊ ၂၄-၁၁-၂၀၁၄

တရုတ်အစိုးရ သည် နိုင်ငံအတွင်းရှိ လေယာဉ်တင် သင်္ဘော ဆိုက်ကပ်ထားရာ ဆိပ်ကမ်းကို ဓာတ်ပုံရိုက်ယူ ၍ နိုင်ငံခြားသား တစ်ဦးထံ ရောင်းချခဲ့သည့် တရုတ်နိုင်ငံသား တစ်ဦးအား ဖမ်းဆီး ခဲ့ကြောင်း Xinhua သတင်းတစ်ရပ် အရ သိရသည်။

ကိုယ်တိုင်ဇာတ်ညွှန်းရေး၊ ကိုယ်တိုင်မင်းသားလုပ်တဲ့ မြန်မာစစ်တပ်

၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကြိုးပမ်းမှုများနှင့် ပတ်သက်၍ နိုဝင်ဘာ ၁၇ရက်နေ့က အောက်လွှတ်တော်တွင် အပြင်းအထန် တင်ပြဆွေးနွေး ခဲ့ကြသည်။

မင်္ဂလာဒုံမြို့နယ် ဆိုင်ကယ်တိုက်မှု (၂)ဦးသေ (၂)ဦးဒဏ်ရာရ

ဆိုင်ကယ်မှ လမ်းဖြတ်ကူးသူအားတိုက်မိပြီး မောင်းနှင်ထွက်ပြေးရာ တဘက်ယာဉ်ကြောမှ မော်တော်ယာဉ်အား ထပ်မံတိုက်မိခဲ့သဖြင့် (၂)ဦးသေ (၂)ဦးဒဏ်ရာရ

ဟီလာရီကလင်တန်သည် ကြီးကျယ်ထင်ရှားသည့်သမ္မတဖြစ်လာမည်ဟု ဘားရက်အိုဘားမားဆို

ဟီလာရီကလင်တန်အနေဖြင့် ၂၀၁၆ တွင် သမ္မတအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်မည်ဆိုပါက လွန်စွာ ကြီးကျယ်ထင်ရှားသည့် သမ္မတတစ်ဦး ဖြစ်လာမည်ဟု သမ္မတ ဘားရက်အိုဘားမားက ထုတ်ဖော် ပြောဆို လိုက်သည်။

ဗိုလ်သင်တန်းကျောင်း ပစ်ခတ်မှု ဆွေးနွေးဖို့ KIO ကို အစိုးရကမ်းလှမ်း

သင်တန်းသား ၂၃ ယောက် ကျဆုံးခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်မှု နောက်ပိုင်းမှာ နှစ်ဖက် တွေ့ဆုံဆွေးနွေးဖို့ အစိုးရဖက်က ကချင်လွတ်လပ်ရေး အဖွဲ့ KIO ကို ကမ်းလှမ်းထားပြီး

Thursday 20 November 2014

အပျိုစင် စစ်မစစ် စစ်ဆေးမှုကြောင့် အင်ဒိုရဲတပ်ဖွဲ့ ဝေဖန်ခံနေရ


လူ့အခွင့်အရေး စောင့်ကြည့်သူများ အဖွဲ့သည် ကမ္ဘာ့မူဆလင် အများဆုံး နေထိုင်ရာ အင်ဒိုနီးရှားနိုင်ငံတွင် အမျိုးသားရဲတပ်ဖွဲ့မှ ရဲမေလောင်းများအား အပျိုစင် စစ်မစစ် စစ်ဆေးနေခြင်းသည် ယင်းအမျိုးသမီးများအတွက် အန္တရာယ်ရှိပြီး ကာယိနြေ္ဒ ထိခိုက်ပျက်ပြားစေ၍ ရပ်တန့်ရန် တိုက်တွန်းလိုက်ကြောင်း AFP သတင်းတစ်ရပ်တွင် ဖော်ပြပါရှိသည်။

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကြမ်း ပြည်သူ့လွှတ်တော်တွင် တင်သွင်း

မြန်မာပြည်ရဲ့ပထမဆုံး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေမူကြမ်းကို နိုဝင်ဘာ ၂၀ ရက်က ကျင်းပတဲ့ ပြည်သူ့ လွှတ်တော်မှာ ဥပဒေကြမ်း ကော်မတီက တင်သွင်း လိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် သီရီလင်္ကာတို့ အကြမ်းဖက်အန္တရာယ် ပိုမိုရင်ဆိုင်ရဖွယ်ရှိ

ဝါရှင်တန်၊ နိုဝင်ဘာ ၂၀

သြစတြေးလျအခြေစိုက် စီးပွားရေးနှင့် ငြိမ်းချမ်းရေး အင်စတီကျုမှ မကြားသေးမီက ထုတ်ပြန်ခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှု ညွှန်းကိန်း အစီရင်စာအရ အကြမ်းဖက်အန္တရာယ် ပိုမိုရင်ဆိုင်ရဖွင်ရှိသည့် ၁၃ နိုင်ငံ အနက် ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် သီရိလင်္ကာတို့လည်း ပါဝင်လာကြောင်း Channelnewsasia တွင် ဖော်ပြထားသည်။

အကြမ်းဖက်မှုအန္တရာယ်များသည့် ၁၃ နိုင်ငံတွင် မြန်မာပါဝင်

မြန်မာနိုင်ငံဟာ အကြမ်းဖက်မှု အန္တရာယ်များတဲ့နိုင်ငံ ၁၃ နိုင်ငံမှာ ပါဝင်တယ်လို့ မကြာသေးခင်က ထုတ်ပြန်တဲ့ ကမ္ဘာတ၀န်း အကြမ်းဖက်မှုဆိုင်ရာ ညွှန်းကိန်း Global Terrorism Index မှာ ဖော်ပြထားပါတယ်။

ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေ၏ လွှမ်းမိုးမှုမရှိတော့ဟု အာဏာရပါတီခေါင်းဆောင်ပြော

မြန်မာပြည်ရဲ့ အာဏာအရပ်ရပ်ကို နှစ်ပေါင်းများစွာ ချုပ်ကိုင်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေဟာ နိုင်ငံရေးမှာ ဦးဆောင်လွှမ်းမိုးမှု မရှိတော့ဘူးလို့ လက်ရှိအာဏာရ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ ထိပ်တန်း ခေါင်းဆောင်တဦးက ပြောကြားလိုက်ပါတယ်။

ကျွန်းသစ်မှောင်ခိုကားတိမ်းမှောက် လုံခြုံရေးယူပေးသည့် တပ်မတော်ရဲဘော် တစ်ဦးသေဆုံး

နိုဝင်ဘာ ၂၀ ရက် ၂၀၁၄

သျှမ်းပြည်တောင်ပိုင်း၊ အရှေ့တောင်ပိုင်း သံလွင်မြစ်ဝှမ်းအတွင်း ကျွန်းသစ်များ ခိုးထုတ်သည့် မှောင်ခို သစ်တင် ကားတစီး တိမ်းမှောက်ရာ လုံခြုံရေးလိုက် ယူပေး သည့် အစိုးရ တပ်မတော် ရဲဘော်တဦး သေဆုံးသည်ဟု နီးစပ် သည့်အသိုင်း အ၀ိုင်းကပြောသည်။

'' တန်ဖိုးမရှိတဲ့ပါးစပ်အသိဥာဏ်မရှိတဲ့ဦးနှောက်နဲ့ ဘာသာ သာသနာကိုစော်ကား တိုင်းပြည်ကိုဖျက်ဆီးနေသူ ''''


ဒီမိုကရေစီဗျ … ကျုပ်ပြောချင်ရာ ပြောမှာပေါ့တဲ့…
စကထဲက ယဉ်သကို ဆိုသလိုတော့ဖြစ်နေပြီ။
ဟုတ်လိုက်တာလေ…. ကြားရနာရတဲ့ စာရေး
သူတို့တောင် ကြက်သီးမွေးညှင်းထမိလေရဲ့…
ဘာဖြစ်လို့လဲဆိုတော့ စစ်ကိုင်းတိုင်း၊
 ချောင်းဦးမြို့နယ်၊ ကမ်းနိမ့်ကျေးရွာ(ခ)

Tuesday 18 November 2014

မြန်မာ့သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် နှလုံးအရေးပေါ်ခွဲစိတ်မှု အောင်မြင်


=================================================
မြန်မာ့ဆေးပညာလောကအတွက် သမိုင်းဝင်အောင်မြင်မှုမှတ်တိုင်တစ်ခုဖြစ်

နပိုလီယံ ၏ ဦးထုပ်တစ်လုံးကို ယူရို ၁ ဒသမ ၉ သန်းဖြင့် လေလံတင် ရောင်းချ

ပဲရစ် ၊ ၁၈-၁၁-၂၀၁၄

ပြင်သစ်ဘုရင် နပိုလီယံ ဘိုနာပတ် ဝတ်ဆင်ခဲ့သော ထင်ရှားသည့် ဦးထုပ်များ အနက် တစ်လုံးဖြစ်သည့် '' bicorne '' အမည်ရှိ ဦးထုပ်ကို ပဲရစ်မြို့ အပြင်ဘက်တွင် နိုဝင်ဘာ ၁၆ ရက်က ပြုလုပ်ခဲ့သော လေလံပွဲ တစ်ခု၌ ယူရို ၁ ဒသမ ၉ သန်း (အမေရိကန် ဒေါ်လာ ၂ ဒသမ ၂ သန်း ) ဖြင့် လေလံတင် ရောင်းချခဲ့ကြောင်း သိရသည်။

လှိုင်သာယာ လူဆိုးဂိုဏ်းအား ဖော်ထုတ်ဖမ်းဆီးရမိ

ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာ မြို့နယ်အတွင်း မူးယစ်ဆေးဝါး တရားမ၀င် ရောင်းဝယ်ပြီး အုပ်စုဖွဲ့ ကျူးလွန်သူများအား ဖမ်းဆီးရေး တပ်ဖွဲ့ဝင်များမှ ၀င်ရောက်ဖမ်းဆီးစဉ် ရဲတပ်ဖွဲ့ဝင်များကို ပြန်လည် ခုခံသည့် လူဆိုးဂိုဏ်းအား ဖော်ထုတ် ဖမ်းဆီးရမိ

ထိုင်းနိုင်ငံရှိ ပြတိုက်တစ်ခုမှ ခန္ဓာကိုယ်အစိတ်အပိုင်းများကို အမေရိကန်နိုင်ငံသား နှစ်ဦး ခိုးယူခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့စွပ်စွဲ

CNN ၊ နိုဝင်ဘာ ၁၈ ၊ ၂၀၁၄

အမေရိကန်နိုင်ငံသား(၂)ဦးသည် ထိုင်းနိုင်ငံ၊ ဘန်ကောက် ဆေးရုံ တစ်ရုံ အတွင်းရှိ ပြတိုက်တစ်ခုမှ အရွယ်ရောက်သူနှင့် နို့စို့အရွယ်ကလေးငယ်၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကို ခိုးယူပြီး အမေရိကန် နိုင်ငံ လော့ဘီဂတ်စ်သို့ တင်ပို့ရန် ကြိုးစားခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်သည်။

ပင်လယ်ထဲမျောပါနေသော မြန်မာအလံထောင် ငါးဖမ်းလှေတစ်စီးပေါ်မှ လူပေါင်း ၆၀၀ ကို ဘင်္ဂလာဒေခ်ျ့ရေတပ်က ကယ်တင်

ပင်လယ်ထဲ မျောပါနေသော မြန်မာအလံကို ထောင်ထားသော ငါးဖမ်းလှေတစ်စီးပေါ်မှ လူပေါင်း ၆၀၀ ကို ဘင်္ဂလာဒေခ်ျ့ ရေတပ်က ကယ်တင်ခဲ့ရသည်ဟု ယနေ့ထုတ် ဘင်္ဂလာဒေခ်ျ့မှ သတင်းစာ အများအပြား တွင် ဖေါ်ပြသည်။

ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ နှုတ်ထွက်ပေးရေး စစ်ကိုင်းမှာ တောင်းဆိုဆန္ဒပြ

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးကို တာဝန်ကနေ ရပ်ဆိုင်းပေးဖို့ စစ်ကိုင်းမြို့မှာ ဒေသခံ ၂၀ ခန့်က ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ထိုင်းစစ်ရဟတ်ယာဉ် ပျက်ကျ၊ ၉ ဦး သေဆုံး

ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ စစ်ရဟတ်ယာဉ်တစီး ပျက်ကျခဲ့လို့ လိုက်ပါလာသူ စစ်တပ် အရာရှိကြီးတွေ အပါအ၀င် ရဟတ်ယာဉ်ပေါ်ပါသူ ၉ ဦးစလုံး သေဆုံး ခဲ့ပါတယ်။

လမ်းဖြတ်ကူးသူတစ်ဦး ယာဉ်တိုက်ခံရသဖြင့် သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၈

၁၇.၁၁.၂၀၁၄ရက်နေ့ ၁၉၂၀အချိန် လှည်းကူးမြို့နယ်၊ ရန်ကုန်-ပဲခူးလမ်း အတိုင်း ပဲခူးဘက်မှ ရန်ကုန်ဘက်သို့ ရွှေပြည်သာမြို့နယ်နေ ယာဉ်မောင်း ကိုချိုသန်း (၄၃)နှစ် မောင်းနှင်လာသော 9C---Hilux Surf ခဲရောင်ယာဉ်သည် ဒရယ်ဘိုကျေးရွာ၊ လမ်းလယ်ကျွန်းအမှတ်(၁၅၀)အရောက် လမ်းဖြတ်ကူးသူ ကိုအောင်နိုင် (၄၈)နှစ်အား ဝင်ရောက်တိုက်မိ ခဲ့ပါသည်။

လွှတ်တော်အမတ်များကို အနိမ့်ဆုံးလစာ ကျပ် ၁၀ သိန်းပေးရန် အတည်ပြု

လွှတ်တော် ကိုယ်စားလှယ်တွေ အတွက် ချီးမြှင့်ငွေစရိတ် အဆောင်အယောင်ဆိုင်ရာ ဥပဒေကို ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ အတည်ပြု လိုက်ပါတယ်။

နည်းပညာ တက္ကသိုလ် ကျောင်းသားတစ်ဦး စာမေးပွဲကျလို့  ကြိုးဆွဲချသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၈

၁၇.၁၁.၂၀၁၄ ရက်နေ့ ၁၈၃၀ အချိန်တွင် အင်းစိန်မြို့မ ရဲစခန်းမှတပ်ဖွဲ့ ဝင်များသည် အင်းစိန်မြို့နယ်၊ (က+ခ)ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် လူငယ် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးနေကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူမှာ အသက်(၂၀)နှစ်အရွယ်ရှိ လူငယ်တစ်ဦး ဖြစ်ကြောင်း သိရှိရပါသည်။

သက်ငယ်မုဒိန်းမှု ကျောက်တံတားမြို့နယ်တရားရုံး၌ နိုဝက်ဘာ ၁၉ ရက်တွင် အမိန့်ချမည်

လွန်ခဲ့သော တစ်နှစ်ကျော်က ကျောက်တံတားမြို့နယ် အမှတ် (၃)ရက်ကွက်အတွင်း ဖြစ်ပွားခဲ့သော သက်ငယ်မုဒိန်းမှုကို နိုဝင်ဘာ၁၉ရက်နေ့တွင် ရန်ကုန်အနောက်ပိုင်းခရိုင် ကျောက်တံတား မြို့နယ်တရားရုံး၌ စီရင်ချက်ချ တော့မည်ဖြစ်ရာ အမှုကို မှန်ကန်စွာဆုံးဖြတ် ပေးစေလိုကြောင်း မုဒိန်း ကျူးလွန်ခံရသူ အသက် ၆ နှစ် ခွဲကျော် ပထမတန်း ကျောင်းသူ၏ မိခင်က ပြောသည်။

Sunday 16 November 2014

ချောင်းသာကမ်းခြေတွင် ရေနစ်သေဆုံး

ပုသိမ် နိုဝင်ဘာ ၁၅

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့နယ် ချောင်းသာကမ်းခြေ အမှတ်(၁) ရက်ကွက် အုန်းတော အတွင်းရှိ တည်းခိုခန်းတွင် ရောက်ရှိ တည်းခိုလျက်ရှိသော မောင်---(၂ဝ)နှစ် ရန်ကုန်မြို့ သင်္ဃန်းကျွန်း မြို့နယ်နေသူသည်

မကွေးမြို့နယ် ကန်ပြားကျေးရွာ အောင်ရတနာဓာတ်ဆီဆိုင် မီးလောင်မှုဖြစ်ပွား

မကွေး နိုဝင်ဘာ ၁၅

မကွေးမြို့နယ် ကန်ပြားကျေးရွာ အုပ်စု ကန်ပြားကျေးရွာရှိ အောင် ရတနာဓာတ်ဆီဆိုင်တွင် ယမန်နေ့ မွန်းလွဲ ၁၂ နာရီ မိနစ် ၄ဝ က ပီပါ များအတွင်းသို့ ဆီလှယ်ထည့်စဉ် မီးလောင်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ဂါလန် ၂၈ဝဝ ဆံ့ ဆီဘောက်ဆာအတွင်းမှ ပီပါများ အတွင်းသို့ ဆီလှယ်ထည့်စဉ် တည် ငြိမ်လျှပ်စစ်ဖြစ်ပေါ်ကာ မီးလောင်မှု ဖြစ်ပွားခြင်းဖြစ်သည်။

သပိတ်မှောက် ကျောင်းသားများ ဆက်လက်ဆန္ဒပြ

အမျိုးသား ပညာရေး ဥပဒေကို သပိတ်မှောက်နေကြတဲ့ ကျောင်းသားတွေဟာ သပိတ်တိုက်ပွဲ ဒီနေ့ကျရောက်တဲ့ အမျိုးသားနေ့မှာ တတိယနေ့အဖြစ် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ကြေးသွန်း ဘုရားရှေ့ကနေ မနက် ၁၀ နာရီခွဲက စတင်ကာ ရွှေတိဂုံ ဘုရားဆီ ဆန္ဒပြ ချီတက် နေကြပါတယ်။

မန်မာနိုင်ငံတွင် ရိုဟင်ဂျာမရှိကြောင်း ကမ္ဘာသို့ချပြမည်ဟု သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ဝန်ကြီးချုပ်ဆို

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမရှိကြောင်း ကမ္ဘာသို့ ခိုင်ခိုင်မာမာ ချပြသွားမည်ဟု ရခိုင်ပြည်နယ်ဝန် ကြီးချုပ်ဦးမောင်မောင်အုန်းက ထုတ်ဖော် ပြောကြား လိုက်သည်။

သိန္နီမြို့တွင် အကြမ်းဖက်သမားဟု ယူဆရသူ ၄ ဦး ဖမ်းမိ

ရှမ်းပြည်နယ်၊ သိန္နီမြို့က အေးရှားဝေါ တိုးဂိတ်မှာ နိုဝင်ဘာ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက အကြမ်းဖက်သမား လို့ ယူဆရသူ ၄ ဦးကို ဖမ်းမိပြီး အဲ့ဒီသူတွေကို ပြည်နယ်အထူး သတင်းတပ်ဖွဲ့ဝင်တွေက ညတွင်းချင်း မန္တလေးကို ခေါ်ဆောင်သွား ပါတယ်။

Saturday 15 November 2014

ခြောက်စက္ကန့်လျှင် လူတစ်ဦး ဆီးချိုသွေးချိုရောဂါကြောင့် သေဆုံးနေ

နေပြည်တော် နိုဝင်ဘာ ၁၄

ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားမှု သည် ကြောက်ခမန်းလိလိ တိုးတက် များပြားနေကြောင်း၊ ကပ်ရောဂါ ကဲ့သို့ တစ်ကမ္ဘာလုံးတွင် ပျံ့နှံ့ဖြစ်ပွား နေကြောင်း၊ လူ ၁ဝဝ လျှင် ခြောက်ဦး နှုန်းဖြစ်ပွားလျက်ရှိပါကြောင်း ကျန်းမာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်က အဆိုပါ ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီတွင် ကျင်းပသည့် ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့ အထိမ်း အမှတ်ဖွင့်ပွဲအခမ်းအနား၌ ပြောကြားသည်။

ခင်ပွန်းဖြစ်သူ အရက်သောက်လို့  ဇနီးအဆိပ်သောက်သေဆုံး

တိုက်ကြီးမြို့နယ်တွင် အမျိုးသမီးတစ်ဦးအဆိပ်သောက်သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၅

၁၄.၁၁.၂၀၁၄ ရက်နေ့ ၁၅၀၀ အချိန်တွင် တိုက်ကြီးမြို့မ ရဲစခန်းမှ တပ်ဖွဲ့ ဝင်များသည် တိုက်ကြီး ဆေးရုံသို့ အမျိုးသမီးတစ်ဦး အဆိပ်သောက် သေဆုံး ရောက်ရှိလာကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူမှာ တိုက်ကြီးမြို့နယ်နေ အသက်(၁၈)နှစ်အရွယ် အမျိုးသမီး ငယ်တစ်ဦး ဖြစ်ကြောင်း သိရှိရပါသည်။

ဇနီးနှင့်သမီးများကို ရဲဒင်းဖြင့်ခုတ်သူအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းမိ

နေပြည်တော်၊ နိုဝင်ဘာ ၁၅

၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ ည ၈ နာရီအချိန်ခန့်က ရှမ်းပြည်နယ်၊ တာချီလိတ် မြို့နယ်၊ တာလေမြို့နယ်ခွဲ၊ မဟိုဆန်ဒါ(၁)ရွာနေ လောဖ(၄၀)နှစ်မှ အရက်မူးပြီး ဇနီးဖြစ်သူ မမိဂျူ(၃၉)နှစ်၊ သမီးများဖြစ်ကြသည့် မအစူးစာ(၄)နှစ်နှင့် မမာလိယာ(၂)နှစ်တို့အား ရဲဒင်းဖြင့်ခုတ်၍

ရန်ကုန်မှာ ကျောင်းသားတွေ ဆက်လက်သပိတ်မှောက်ဆန္ဒပြ

ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြဌာန်းခဲ့တဲ့ အမျိုးသားပညာရေး ဥပဒေကို ဒီနေ့ ကျောင်းသား ကျောင်းသူ ၃၀၀ ကျော်လောက်က ရန်ကုန်မြို့မှာ ဆက်လက်သပိတ်မှောက် ဆန္ဒပြနေကြပါတယ်။

ကားမှောက် ရေနစ် (၂)ဦး သေဆုံး

လမ်းအကွေ့တွင် အရှိန်မထိန်းနိုင်သောယာဉ် ဆည်ရေမြောင်းအတွင်းသို့ထိုးကျတိမ်းမှောက်၍ (၂)ဦးရေနစ်သေဆုံး

Friday 14 November 2014

ဘင်္ဂါလီများကို နိုင်ငံသားဖြစ်ခွင့်ပေးရန် သမ္မတဦးသိန်းစိန်ကို တိုက်တွန်းသွားမည်ဟု ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းပြော


နိုဝင်ဘာ ၁၃ရက်တွင် နိုင်ငံတော်သမ္မတ
ဦးသိန်း စိန်နှင့် တွေ့ဆုံပြီး ရခိုင်ပြည်နယ်
ရှိ ဘင်္ဂါလီများကို နိုင်ငံသားဖြစ်ခွင့်ပေး ရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း ကွန်ဗင်းရှင်း
 ဗဟိုဌာနတွင် ပြုလုပ် သော သတင်းစာရှင်း


လင်းပွဲတွင် ဘန် ကီမွန်းက ပြောကြားသည်။

Father Land ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်ကို ကျောက်တံတားတရားရုံးက ဖမ်းဝရမ်းထုတ်ထား


Great Father Land Construction&
Decoration ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်ကို
 ပန်းဆိုးတန်းအလယ် ဘလောက်ရှိ MEI
Business Tower ဆောက်လုပ်ရာ၌ စာချုပ်ပါ
အချက်အလက်များ ဖောက်ဖျက်မှု၊ မြေရှင်လက်

ကံလှည့်စားမှုကြောင့် ပြဇာတ်ဆန်စွာ လွဲချော်ခဲ့သည့် ကျပ်သိန်း ၁ ထောင်တန် ထီဆုလက်မှတ်


၃၁၀ ကြိမ်မြောက် အောင်ဘာလေ
 ထီဆုဖွင့်ပွဲတွင် ကျပ်သိန်း ၁ ထောင်တန် ထီဆုလက်မှတ်တစောင်သည် ပြဇာတ်ဆန်စွာ
 လွဲချော်မှုဖြစ်ပွားခဲ့ပြီး အံ့သြစရာကောင်းသည့်
ကံတရားအကြောင်းကို တွေ့မြင်ခဲ့ရသည်။

ကြေးမုံသတင်းစာ သတင်းထောက်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် တံခါးပိတ်ကာ ဝိုင်းရိုက်၍ ရေနွေးပူနှင့် လောင်းဟုဆို


ပဲခူးမြို့နယ်၊ ဥဿမြို့သစ်၊ အမှတ် (၂) ရပ်ကွက်
 အုပ်ချုပ်မှူးရုံးတွင် နိုဝင်ဘာလ ၁၁ ရက် ည ၈
နာရီခန့်က ကြေးမုံသတင်းစာတိုက်မှ အလွတ်
သတင်းထောက် ကိုမိုးဝင်းသူကို ရပ်ကွက်အုပ်
ချုပ်ရေးမှူး အပါအဝင် အဖွဲ့ဝင်လေးဦးက

သမ္မတကြီး ဦးသိန်းစိန် မြန်ုမာနိုင်ငံကို ကယ်တင်နေသည်


သမ္မတကြီး ဦးသိန်းစိန် မြန်ုမာနိုင်ငံကို ကယ်
တင်နေသည်မြန်မာနိုင်ငံကို ယနေ့ အချိန်အခါ
တွင် အကောင်းဆုံးနာမည်ပျက် ဖြစ်အောင်
 ပြုလုပ်နေသူများမှာ မူဆလင်ဘာသာဝင် သမိုင်းလိမ်ဘင်္ဂလီများဖြစ်သည် ။

ပီနန်းတွင်မြန်မာတစ်ဦးထပ်မံအသတ်ခံရ မြန်မာ သေဆုံးသူ ၂၀ ပြည့်


မလေးရှား (ဘတ်တာဝေါ့)
 မလေးရှားနိုင်ငံ ပီနန်း ၊ ဘတ်တာဝေါ့တွင် မြန်မာနိုင်ငံသားတစ်ဦးထပ်မံအသတ်ခံခဲ့
ရကြောင်း ယနေ့ထုတ် မလေရှားသတင်း
ဌာနများတွင် တင်ဆက်ထားသည်ကိုတွေ့
ရသည် ။


မိမိ၏ခလေးအားမိုက်ကရိုဝေ့အပူပေးစက်အတွင်းသို့ ထည့်၍ သတ်ခဲ့သူအားသေဒဏ်ချမှတ်


အမေရိကန်နိုင်ငံတွင် မိမိခလေးအား မိုက်က
ရိုဝေ့ အပူပေးစက်အတွင်းသို့ ထည့်၍
 သွေးအေး အေးဖြင့် အပူပေး သတ်ခဲ့သူ
မိန်းခလေးတဦးအား ကယ်လီဖိုးနီးယားပြည်
နယ် တရားရုံးမှ သေဒဏ်ချမှတ်လိုက်သည်။

ရွှေတိဂုံဘုရားပေါ်မှာ အရက်သေစာ သောက်စားမူးယစ်နေသည့် သံဃာအတု ၁ ပါး ဖမ်းမိ

ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့ နယ်ရှိ ရွှေတိဂုံ စေတီတော် ရင်ပြင်ပေါ်မှာ  အရက်သေစာ သောက်စား မူးယစ်နေသူ သံဃာတု တစ်ပါး ဖမ်းဆီး မိကြောင်း သစ်ထူးလွင် မှ သတင်းရရှိပါတယ်။

Wednesday 12 November 2014

ဒီလို လူ (၁၀)မျိုး ကိုတွေ့ ခဲ့ရင် တန်ဖိုး ထားပါ


================================
၁။ကိုယ်တစ်ကယ်ချစ်တဲ့သူကိုတွေ့ခဲ့ရင် သူနဲ့ဘ၀တစ်လျှေက်လုံးလက်တွဲသွားဖို့အခွင့်အရေးရအောင်ကြိုးစားပါ။ ဘာကြောင့်လဲဆိုတော့သူထွက်သွား တဲ့အခါအရာအား လုံးနောက်ကျသွားပါလိမ့်မယ်။

အမြန်လမ်းမကြီးတွင် လိုက်ထရပ်ယာဉ်သုံးစီး ဆင့်တိုက် ၆ ဦးသေဆုံး၊ ၆ ဦးဒဏ်ရာရ

အုတ်တွင်း နိုဝင်ဘာ ၁၁

ပဲခူးတိုင်း ဒေသကြီး အုတ်တွင်း မြို့နယ် အမြန်လမ်းမကြီး မိုင်တိုင် အမှတ် ၁၄၂ မိုင်တွင် နိုဝင်ဘာ ၁၁ ရက် နံနက် ၅ နာရီခွဲခန့်က လိုက်ထရပ် ယာဉ်တစ်စီးမှာ ဘီးပေါက်ပြီး ယာဘက်နံဘေး ချရပ်ထားသည့် လိုက်ထရပ်ယာဉ်နှစ်စီးအား ဝင်တိုက် မိရာမှ ယာဉ်သုံးစီး ဆင့်တိုက်မှုဖြစ်ပွား ခဲ့ရာ လူခြောက်ဦးသေဆုံး၊ ခြောက်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရသည်။

မာစီဒီးကားစီးနိုင်သော တောင်းစားသည့်အမျိုးသမီး

ကိုယ်ဝန်ဆောင် အမျိုးသမီးနှင့် သူမ၏ သားငယ်ဖြစ်သူတို့ လမ်းသွား လမ်းလာများထံမှ ငွေကြေးများ တောင်းခံပြီးနောက် မာစီဒီးဘန့်ဇ် ပေါ်သို့ တက်သွားသည့် မြင်ကွင်းက ဈေးဝယ်သူ တစ်ဦးကို တုန်လှုပ်သွားစေခဲ့သည်ဟု သိရသည်။

ရန်ကုန်- မန္တလေး အ မြန် လမ်း မ ကြီး ပေါ် တွင် ယာဉ်တစ်စီးနှင့် တစ်စီး ကျော်တက် မောင်းနှင်ရာမှ လေးခွနှင့် ပစ်ခတ်မှု ဖြစ်ပွား

ယမန်နေ့ နံနက် ၃နာရီ ၁ဝမိနစ်က ကျောက်တံခါးမြို့နယ် မြို့ချောင်း အမြန်လမ်း ရဲစခန်းအပိုင် ရန်ကုန်- မန္တလေး အမြန်လမ်း မိုင်တိုင် အမှတ် ၈၄/ဝ အနီး၌ ယာဉ်တစ် စီးအား လေးခွနှင့် ပစ်ခတ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Tuesday 11 November 2014

ဓမ္မစေတီဆယ်ယူမှု နိုင်ငံတော်လိမ်လည်မှုဖြစ်ခြင်းကြောင့် အရေးယူပေးရန် တောင်းဆို

ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူမှုဟာ နိုင်ငံတော်လိမ်လည်မှုတခု ဖြစ်တာကြောင့် အစိုးရ အနေနဲ့ စုံစမ်းဖော်ထုတ် အရေးယူပေးဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။

အမြန်လမ်းတွင် မှန်လုံယာဉ်တိမ်းမှောက် ခရီးသည် ၁၁ ဦးဒဏ်ရာရ

အုတ်တွင်း နိုဝင်ဘာ ၁ဝ

အင်းလေးမှ ရန်ကုန်မြို့သို့ပြေးဆွဲ နေသော စိန်အိုးစည် ခရီးသည်တင် ယာဉ်သည် အမြန်လမ်းမကြီးအတိုင်း ရန်ကုန်မြို့သို့ မောင်းနှင်လာစဉ်

အသက် ၁၀၀ ပြည့်မွေးနေ့ပွဲကို ကောင်းကင်မှ ဒိုင်ဗင်ထိုး ကျင်းပသည့် အမျိုးသမီး

နယူးယောက် ၊ ၁၁-၁၁-၂၀၁၄

အမေရိကန်ြ ပည်ထောင်စုမှ အမျိုးသမီးကြီး တစ်ဦးသည် ၄င်း၏ အသက် ၁ဝဝ ပြည့် မွေးနေ့ပွဲကို ကောင်းကင်မှ ဒိုင်ဗင်ထိုး၍ ကျင်းပ ခဲ့ကြောင်း သိရသည်။

မန်မာ့သူခိုးည သူခိုးက အိမ်ရှင်ကိုရိုက်နှက် တရားစွဲ

နိုဝင်ဘာ ၁၁ ရက် ၂၀၁၄

တန်ဆောင်မုန်း လပြည့်ည မြန်မာ့ရိုးရာ သူခိုးညက သျှမ်းပြည်တောင်ပိုင်း လဲချားမြို့သို့ အုတ်ရိုက် အငှားလိုက်နေထိုင်သည့် အောက်ပြည်သား လေးဦးက ရွာတွင်းကြက်များ လိုက်ခိုးရာ အိမ်ရှင်နှင့်တိုး၍ ရိုက်နှက်မှုဖြစ်ပွားပြီး ဆေးရုံတင်လိုက်ရသည့် အိမ်ရှင်အား သူခိုးကပြန်လည် တရားစွဲသည် ဟုသိရသည်။

ယာဘဆေးသုံးစွဲသူ မိမိနေအိမ်အား မီးရှို့ဖျက်ဆီး

၂၀၁၄ နိုဝင်ဘာလ ၁၁ ရက်

သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့တွင် ယာဘစိတ်ကြွဆေးပြား သုံးစွဲသူတဦးက မိမိနေအိမ်အား မီးရှို့ ဖျက်ဆီးသည့် ဖြစ်ရပ်တခု ယနေ့ ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းသတင်းအရ သိရှိရသည်။

တောင်ကိုရီးယားသင်္ဘောကပ္ပတိန် ထောင်ဒဏ် ၃၆ နှစ် ချမှတ်ခံရ

ဧပြီလအတွင်းက တောင်ကိုရီးယား ကူးတို့ သင်္ဘောကြီး Sewol နစ်မြုပ်မှုတွင် တာဝန်လစ်ဟင်းမှု၊ လျစ်လျူ ရှုမှု တို့ဖြင့် သင်္ဘောကပ္ပတိန် ဖြစ်သူကို ထောင်ဒဏ် ၃၆ နှစ် ချမှတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

မလေးရှားတွင် မြန်မာတဦး သတ်ခံရ

မလေးရှားနိုင်ငံ ပီနန်မှာ မြန်မာ အလုပ်သမား တဦး အလောင်းကို တွေ့ရှိတယ်လို့ မလေးရှားနိုင်ငံထုတ် သည်စထရိတ်တိုင်မ်း သတင်းစာက ရေးပါတယ်။

အိုဘားမားခရီးစဉ်အတွက် လေယာဉ်၁၅စင်းဖြင့် လုံခြုံရေး ပစ္စည်းများ ရန်ကုန် သို့ေ၇ာက်ရှိ

ရန်ကုန် နိုဝင်ဘာ ၁ဝ

အမေရိကန်နိုင်ငံ သမ္မတအိုဘားမား ခရီးစဉ်အတွက် လုံခြုံရေးပစ္စည်း များကို လေယာဉ် ၁၅ စင်းဖြင့် ရန်ကုန်သို့ တင်ပို့ထားကြောင်း ရဲမှူး ချုပ်တစ်ဦးက ပြောကြားသည်။

Sunday 9 November 2014

“လူ့ဘ ဝ၏ အောင်မြင် တိုးတက် ခြင်း သို့သွား ရာ လှေခါး (၃၀)”



                                 

၁။ ကတိအပေးနည်းပါစေ။

၂။ အမှန်ကို အမြဲပြောပါ။

၃။ မိတ်ကောင်းဆွေကောင်းထားရှိပါ။

၎။ သူတစ်ပါး မကောင်းကြောင်း ဘယ်အခါမှ မပြောနှင့်။

၅။ မိမိဝင်ငွေနှင့် လောက်ငှအောင် သုံးစွဲပါ။ှ

မိန်းကလေးများ ကျန်းမာ ရေး ထိခိုက် စေနိုင် သော အချက် များ



============================================

မိန်းကလေး တွေဟာ အလှအပ နောက်ကို လိုက် ရင်း ကျန်းမာရေး ထိခိုက် စေနိုင်တာ တွေကို အ လေး မထား မိတာမျိုး ဖြစ်တတ် ကြပါတယ်။

သီတဂူဆရာတော်၏ ထေရုပ္ပတ္တိ

                          
 


Saturday 8 November 2014

ဝန်ဆောင်မှုလုပ်ငန်းတိုင်း သိထားသင့်သည့် အွန်လိုင်းမားကတ်တင်း




ထူးခြားဆန်းပြား ကမ္ဘာတစ်လွှားမှ ရေတံခွန်များ


ကမ္ဘာတစ်လွှားမှ အလွန်လှပသော ရေတံခွန် ၁၀ ခုကို ဖော်ပြပေးလိုက်ရပါတယ်။

အစားအစာ ပူပူကို ပလတ်စတစ် ပန်းကန် ခွက်ယောက် များတွင် ထည့်သွင်း စားသုံးခြင်းက ကျောက်ကပ် ကျောက်တည် စေနိုင်



ပလတ်စတစ် အသုံးဆောမင်ျားသည် လွယ်လင့်တကူ အသုံးပြုနိုင်ခြင်း၊ စွန့်ပစ် နိုင်ခြင်းကြောင့် ယေန့ခေတ် ကာလတွင် တွကင်ျယ် လာသော ပစ္စည်းများ ဖြစ်သည်။

မြတ်ဗုဒ္ဓ၏ အံ့ဖွယ်ရာ (၁၈) ပါး။

                           


▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼
(၁) မြတ်စွာဘုရားရှင် ၀တ်ရုံတော်မူသည့် သင်္ကန်းတော်သည် ဟောင်းနွမ်းခြင်း၊ ဂျီးတင်ခြင်း၊ လျှော်ဖွယ်ရခြင်း မရှိခြင်း တည်းဟူသော အံ့ဖွယ်ရာ တစ်ပါး။

ဖားကန့် ကျောက်စိမ်းမှော် မြေစာပုံကြား အပိုင်းပိုင်း ပြတ်နေသည့် လူသေအလောင်း ဓါတ်ပုံများ (ထိတ်လန့် တက်သူများ ၊ နှလုံးရောဂါရှိသူများ မကြည့်ရ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းဒေသ ကျောက်စိမ်းမှော်မှာ နိုဝင်ဘာလ ၂ ရက်နေ့ မနက်ပိုင်းက မြေစာပုံကြားကနေ ခန္ဓာကိုယ် အပိုင်းပိုင်း ပြတ်နေတဲ့ လူသေအလောင်း တွေ့ရှိခဲ့ပါတယ်။

Constipation ဝမ်းချုပ်ခြင်း

ကျွန်တော့်ဇနီးက ဝမ်းနည်းနည်းချုပ်နေတာ ဝမ်းသွားတော့ သွေးအနည်းငယ်ပါတယ်ဆရာ။ ဝမ်းက တစ်နေ့ တစ်ကြိမ်ကို သွားဖို့ အတော်ခက်နေပါတယ်ဆရာ။

မြန်မာ-ဂျပန်ချစ်ကြည်ရေး ဇာတ်ကားတွင် မြန်မာအမျိုးသမီးတို့၏ ဝတ်စားဆင်ယင်ထုံးစံများ ပြသရဦးမယ့် သရုပ်ဆောင် အိချောပို


ဂျပန်နိုင်ငံမှ နာမည်ကြီးသရုပ် ဆောင် ဆန်နီချီးဘား မင်းသားကြီး နှင့်အတူ ဂျပန်နိုင်ငံမှ အနုပညာ ရှင်များ၊ မြန်မာနိုင်ငံမှ အကယ်ဒမီမို့မို့မြင့်အောင်၊ အိချောပိုနှင့် အနုပညာရှင်များ စွာပါဝင်သော မြန်မာ

မအိပ်မနေ အလုပ်လုပ်သူများ ဦးနှောက်ရင့်ရော်မှု မြန်ဆန်လာ

Constipation ဝမ်းတလုံးကောင်း ခေါင်းမခဲ

ဝမ်းချုပ်တာ အကျင့်ဖြစ်တယ်။ ရေ-အရည် များများသောက်တာ၊ အသီးအရွက် များများစားတာကနေ ဝမ်းလွယ်စေတာ မှန်တယ်။ မန်ကျီးမှည့်၊ သဘောင်္သီးမှည့်တွေက ဝမ်းသက်စေတာ မှန်တယ်။ Purgatives ဝမ်းနုတ်ဆေးကို တခါတလေသာ အားကိုးပါ။ ဘယ်ဝမ်းနုတ်ဆေးမဆို သောက်ရင် အကျင့်ဖြစ်နိုင်တယ်။ ဝမ်းနုတ်ဆေး တလွဲသုံးတယ် Abuse of laxatives ဆိုတာ ရှိတယ်။ မလိုဘဲနဲ

Pregnancy Myths ကိုယ်ဝန်ဆောင် အယူအဆ အလွဲအမှားများ

1. ဆရာ သမီးနာမည်က့ ပါ။ ကိုယ်ဝန်က ၄ လရှိပါပြီ။ သူများတွေကပြောတယ် နွားနို့သောက်ရင် အထဲကကလေး မွေးလာရင် အသားဖြူ တယ်ဆိုတာဟုတ်ပါသလားဆရာ။
2. ကျွန်မအသက်က၂၃ နှစ်ပါဆရာ အခုကိုယ်ဝန် လွယ်ထားပါတယ်ဆရာ။ မီးတွင်းထဲမှာ ဘယ်လို နေထိုင်သင့်လဲဆိုတာ သိချင်လို့ပါဆရာ။ လူကြီးတွေကပြောတယ်

Pregnancy and HIV ကိုယ်ဝန်နှင့် HIV

1. HIV ရှိသော အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်သင့်ပါသလား ကျေးဇူးပြု၍ ဖြေပေးပါဆရာ။
2. HIV ပိုး ရှိနေသူ ယောက်ျားနှင့် ပိုးမရှိသူ မိန်းမတို့ လိင်ဆက်ဆံပြီး ကိုယ်ဝန်ရခဲ့ရင် ကလေးမှာ ကူးစက်နိုင်ပါသလား။ ကိုယ်ဝန်ဆောင်လို့ ရ/မရ သိချင်ပါတယ်။ ဘယ်လိုအန္တရာယ် ရှိနိုင်ပါသလဲ။

Polycystic Ovarian Syndrome (PCOS) ရာသီမမှန်ရင် ဖတ်ပါ

1. ဆရာရှင့် သမီးရိုသေစွာစာရေးလိုက်ပါတယ်။ သမီးရောဂါ pcos ရောဂါပါရှင် ခုလောလောဆယ် metformin 500mg ကို တစ်ရက် ၂ လုံးသောက်နေပါတယ်။ သမီးရာသီလဲမလာနိုင်ပါ။ သမီးသိချင်တာကသားသမီးရနိုင်မရနိုင်ကိုပါရှင့်။

ပွင့်ဖြူတွင် ရေကြောင့် ရွာလုံးကျွတ် သွားရောဂါဖြစ်ပွား

မကွေးတိုင်း ပွင့်ဖြူမြို့နယ်ရှိ ကန်ပြည့်ကျေးရွာတွင် ရေတွင်ဖလို ရိုက်ဓာတ်ပါဝင်မှု အလွန်မြင့်မား နေသောကြောင့် ကလေးဘ၀မှပင် သွားပျက်ဆီးမှု စတင်ဖြစ်ပွားပြီး အရွယ် တန်ချိန်တွင်သွားများ အားလုံး ပျက်ဆီးနေကြောင်း စလင်းမြို့မှ သွားဘက်ဆိုင်ရာ ဆရာဝန်တစ်ဦး၏ သတင်းပေးမှုကြောင့် ယင်းကျေးရွာ သို့ သွားရောက် သတင်းရယူစဉ် တွေ့ရှိခဲ့ရသည်။

ဦးပါကြီး အလောင်း တူးဖော်မှု (ရုပ်/သံ)

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ နယ်မြေခံတပ် ဖမ်းဆီးထားစဉ် သေဆုံးခဲ့တဲ့ ကိုပါကြီးရဲ့ အလောင်းကို ဒီကနေ့ နေ့လည် ၂ နာရီကျော်မှာ တူးဖော်ဆောင်ပြီးတဲ့အချိန် တွေ့မြင်ချက်အရ ကိုပါကြီးဟာ နှိပ်စက်ညှဉ်းပန်း ခံခဲ့ရမှန်း ပေါ်လွင်နေတယ်လို့ သွားရောက် ကြည့်ရှုခဲ့သူ ဦးနေမျိုးဇင်က ပြောပါတယ်။

အာရှတိုက်၏ အချမ်းသာဆုံး လုပ်ငန်းရှင် က ခရီးသည်တင် ဂျက်လေယာဉ် အစင်း ၆၀ ၀ယ်ယူရန်စီစဉ်

ဟောင်ကောင် ၊ ၆-၁၁-၂၀၁၄

အာရှတိုက် ၏ အချမ်းသာဆုံး လုပ်ငန်းရှင်ကြီး တစ်ဦးသည် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိ ခရီးသည်တင် ဂျက်လေယာဉ် အစင်း ၆ဝ ကို ဝယ်ယူရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

NLD အပြတ်အသတ်မနိုင်အောင် PR စနစ်ကြိုးပမ်းတာလို့ ဒေါ်အောင်ဆန်းစုကြည် ပြော

PR ခေါ် အချိုးကျကိုယ်စားပြုစနစ်ကျင့်သုံးဖို့ ကြိုးပမ်းနေတာဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ ဆန္ဒမဲတွေ ပြန့်သွားအောင်လုပ်ပြီးတော့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပြတ်အသတ် အနိုင်မရအောင်လုပ်နေတာလားဆိုပြီး စဉ်းစားစရာဖြစ်လာတယ်လို့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

အိုဘားမားအရေး နှင့် မြန်မာ့အရေး

အမေရိကန်ကို ရန်လုပ်တဲ့ စစ်အာဏာရှင်စနစ် ကွယ်ပျောက်ပြီး အမေရိကန်နဲ့ လက်တွဲလိုတဲ့ အစိုးရ မြန်မာပြည်မှာ ပေါ်ထွက်လာ တာဟာ နိုင်ငံခြားရေး လမ်းစဉ် အောင်မြင်မှု တခု ဖြစ်တယ်လို့ သမ္မတ အိုဘားမား က လွန်ခဲ့တဲ့ မေလကုန်ပိုင်းက West Point စစ်တက္ကသိုလ်မှာ ပြောသွား ပါတယ်။ အိုဘားမားရဲ့  ပထမနဲ့ ဒုတိယ မြန်မာနိုင်ငံ ခရီး စဉ်အကြား (၂) နှစ်ကာလမှာ မြန်မာ့ အခြေအနေဟာ တိုးတက်တာ ရှိသလို၊ ရပ်တန့်နေတာနဲ့ ဆုတ်ယုတ်သွား တာလဲ ရှိပါတယ်။ အခြေအနေ အမျိုးမျိုးကို အိုဘားမား အစိုးရက အမျိုးမျိုး တုန့်ပြန် နေပါတယ်။ ထိရောက်တာတွေ ရှိသလို၊ မထိရောက်တာ တွေလည်း ရှိပါတယ်။

ကိုပါကြီးသတ်ဖြတ်ခံရမှု စစ်တပ်အရာရှိ ၃၀ ကျော်ကို စစ်ဆေးမေးမြန်း

အလွတ်သတင်းထောက် ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင် သေဆုံး ခဲ့ရတဲ့ အမှုနဲ့ ဆက်နွယ်ပြီး မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်က ခြေမြန်တပ်ရင်း၂၁ဝ၊ ၂ဝ၄၊၂ဝ၈နဲ့ ခြေလျင်တပ်ရင်း ၈၁ က အရာရှိ ၃ဝ ကျော်ကို မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က စစ်ဆေး မေးမြန်း ခဲ့ပါတယ်။

ဦးသိန်းစိန်နဲ့ ဒေါ်စုကို အိုဘားမား တွေ့ဆုံမည်

အမေရိကန် သမ္မတ ဘရတ်အိုဘားမား ဟာ ရှေ့သီတင်းပတ်ထဲ မြန်မာနိုင်ငံကို သွားဖို့ရှိနေပြီး အာဆီယံနဲ့ အရှေ့ အာရှ ထိပ်သီး ညီလာခံတွေကို တက်ရောက် မှာဖြစ်သလို သမ္မတ ဦးသိန်းစိန် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ လူမှု အဖွဲ့အစည်းက ခေါင်းဆောင်တွေကို လည်း တွေ့ဆုံဖို့ရှိပါတယ်။ မြန်မာနိုင်ငံ မှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာစေဖို့၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှု ကို သေသေချာချာ ဆောင်ရွက်ဖို့ လိုအပ်ကြောင်း သမ္မတ အိုဘားမားက တိုက်တွန်းဖို့ ရှိတဲ့အကြောင်း သောကြာနေ့က သမ္မတ အိမ်ဖြူတော် မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ အပြည့်အစုံ ကိုတော့ ဒေါ်ခင်မျိုးသက်က ပြောပြပေးပါမယ်။

Thursday 6 November 2014

ဧရာဝတီနှင့် ရန်ကုန် မိုးကြီး


ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း
မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်
ဝန်းကြောင့် ဧရာဝတီိတိုင်းနဲ့ ရန်ကုန်တိုင်းဒေ
သကြီးတို့မှာ အခုရက်ပိုင်း မိုးကြီးနိုင်တယ်လို့
 မြန်မာနိုင်ငံ မိုးလေ၀သဌာနက

အမျိုးသမီးများမီးဖွားစဉ်နာကျင်မှုဝေဒနာ အမျိုးသားများ ခံစားနားလည်စေမည့် ကိရိယာတီထွင်

တရုတ်နိုင်ငံတွင် အမျိုးသမီးများ မီးဖွားစဉ်
ခံစားရသည့် ဝေဒနာကို အမျိုးသားများ
ခံစားသိရှိနိုင်ငံပြီဖြစ်ကြောင်း သိရသည်။
 တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ်

အရှေ့ဒဂုံတွင် (၆)နှစ်အရွယ် မြန်မာကျောင်းသူကလေးကို မွတ်ဆလင်ကုလားမှ မုဒိန်းကျင့်


Muslim teenager rapes minor girl, 6, at his home
A six-year-old girl was raped allegedly by a Muslim teenager in East Dagon on Oct 23.
The girl, Moe Myat Thu, a resident of 1082/A in Razakomma Street, was subjected to medical tests and

မုန်တိုင်းအရှိန်ကြောင့် မိုး သုံးရက်ဆက် ရွာမည်


ဘင်္ဂလားပင်လယ်အော်  မှ လေဖိအား
နည်းရပ်ဝန်းသည် မုန်တိုင်းငယ်အဆင့်
 ဖြစ်လာပြီးယင်းအရှိန်ကြောင့် နေရာအချို့
တွင် မိုးသုံးရက်ဆက်ရွာသွန်းနိုင်ကြောင်း
 မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနမှ


သတင်းထုတ်ပြန်သည်။

ရည်းစားစကား အပြောခံရတဲ့ မိန်းကလေးနှစ်ဦး ရဲစခန်းတိုင်၍ အသတ်ခံရ


စစ်ကိုင်းတိုင်း ဒေသကြီး၊ ကန့်ဘလူမြို့ ၌
 နိုဝင်ဘာ ၃ ရက် ည ၉ နာရီက သမီးရည်း
စား စကား လိုက်ပြောစဉ် လက်မခံဘဲ
ရဲစခန်း သို့ တိုင်ကြားခြင်း အပေါ် မကျေနပ်
၍ ဓားဖြင့် ခုတ်သဖြင့် အမျိုးသမီး နှစ်ဦး


အခင်းဖြစ် နေရာတွင် သေဆုံး သွားကြောင်း သိရသည်။

Tuesday 4 November 2014

အိုဘားမားနဲ့အတူမြန်မာပြည်လာဖို့ သတင်းသမားတဦး $ 60,000 ကုန်မယ်

ဒီလထဲ  မြန်မာ အပါအဝင် အာရှဒေသတချို့ကို လာရောက်မယ့် အိုဘားမားရဲ့ ခရီးစဉ်မှာ လိုက်ပါလိုတယ်ဆိုရင်ဖြင့် သတင်းသမားတဦးကို ဒေါ်လာ ၆ဝ,ဝဝဝ  (ခြောက်သောင်း) ကျသင့်မယ်လို့ ဆိုတယ်။




အိုဘာမား(ဓာတ်ပုံ-Eric Lalmand/AFP/Getty Images)

ဒါဟာ လေယာဉ်စရိတ်ပဲ ရှိပါသေးတယ်။ တည်းခိုစရိတ်၊ စားစရိတ်တွေ၊ တခြားစရိတ်တွေ မပါသေးဘူး တဲ့။
တခြားစရိတ်ဆိုတာ ဟိုဟိုဒီဒီ သွားရေးလာရေး၊  သတင်းခန်းအဖြစ်သုံးမယ့် ဟိုတယ်ခန်းမ ငှားရမ်းရေး စသဖြင့်ပေါ့။

ဘယ်တော့မှ မရပ်လိုက်ပါနဲ့


              
အသက် ၃၀ ၀န်းကျင်လောက်တုန်းက ဘ၀ရဲ့ အပြောင်းအလဲအချိုးအကွေ့ကြမ်
းကြမ်းနဲ့ ကျမ ကြုံခဲ့ရပါတယ်။

ပြန်တွေးကြည့်ရင်တော့ အဲဒီတုန်းကတော့ အလုပ်က ရပ်ပစ်လိုက်ရတယ်။ နောက် ကျမနာမည်နဲ့ ဘယ်သတင်းဂျာနယ်မှာမှ စာရေးလို့မရလောက်အောင်လည်း တားမြစ်ခံနေရတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ခင်ပွန်းသည်ကလည်း နိုင်ငံခြားမှာသွားပြီး စာသင်နေတဲ့အချိန်၊လုပ်ငန်းလေး ရပ်သွားတဲ့အတွက် ၀င်ငွေကျသွားပြီး၊ ပင်ပန်းဆင်းရဲခြင်းဆိုတဲ့ ခက်ခဲခြင်းမျိုးစုံတဲ့ အချိန်ကာလနဲ့အတူ ဘ၀ရဲ့ အပြောင်းအလဲအချို့ကို ခပ်ကြမ်းကြမ်းဖြတ်သန်းရတော့တာပါပဲ။

ဆံပင်ကျွတ်ခြင်း၊ ထိပ်ပြောင်ခြင်း (Alopecia)




     ဆံပင်ကျွတ်ခြင်းလို့ အလွယ်ပြောလိုက်ပေမယ့် အမှန်တော့ဆံပင်တင်မက ကျန်တဲ့အမွေးအမျှင်တွေပါ ကျွတ်တာကိုဆိုလိုပါတယ်။ အမွေးအမျှင်ကျွတ်တာက အကြမ်းဖျင်းအားဖြင့် ခွဲရင်တော့ ၂မျိုးပဲခွဲခြားလို့ရပါတယ်။ အဲဒီ၂မျိုးကတော့ non scarring alopecia (အမာရွတ်မကျန်ဘဲ အမွေးအမျှင်ကျွတ်ခြင်း) နဲ့ scarring alopecia (အမာရွတ်ကျန်ခဲ့တဲ့ အမွေးအမျှင်ကျွတ်ခြင်း)

သွားကိုက်လို့ စိတ်ညစ်နေကြသူများအတွက်

* Health Knowledge of the Day (1) *
======================
*** သွားကိုက်လို့ စိတ်ညစ်နေကြသူများအတွက် ***

dental pulp(ခေါ်)သွားအတွင်းပိုင်းဆုံးနေရာရှိ ပျော့ပျောင်းတဲ့တစ်ရှုးလေးနာကျင် ကိုက်ခဲခြင်းကို "သွားကိုက်တယ်" လို့ ခေါ်ပါ တယ်။ ထိုတစ်ရှုးလေးက သွေးကြောများသာမက၊ အခြားအာရုံခံအင်္ဂါအဖွဲ့ အစည်းများနဲ့ ဆက်စပ်နေတာကြောင့် သွားကိုက်တဲ့ အခါ မခံမရပ်နိုင်အောင်နာကျင်လို့  အရည်/အဖတ်/အပူ/အအေး ဘာမှစားမ၀င်တော့ဘဲ၊ အချို့ သူများတွင် မျက်နှာတခြမ်း လုံးရောင်ကိုင်းရုံသာမက၊ အအိပ်ပျက်၊ အစားပျက်၊ အလုပ်ပျက် ကြရပါတယ်။

သွားဘာကြောင့်ကိုက်ရတယ်….။

(၁) သွားပိုးစားခြင်း (၂) ပိုးစား၍သွားအပေါက်ဖြစ်ခြင်း (၃) ယခင်သွားအပေါက်ဖာစဉ်က မသေသပ်၍ အစာဟောင်းများကျန်ခဲ့ ခြင်း (၄) မတော်တဆထိခိုက်ရိုက်မိခြင်း (၅) သွားနဲ့ ခြင်း/သွားကျိုးခြင်း (၆) သွားဖုံးနာခြင်း (၇) ပြည်တည်နာဖြစ်ခြင်း (၈) နှာ ခေါင်းပေါက်နဲ့ ဆက်သွယ်ထားသော ဦးခေါင်းခွံအတွင်းလေလမ်းကြောင်း ပိုးဝင်၍ရောင်ကိုင်းခြင်း (၉) သွားဖုံးမှာအနာဖြစ်ခြင်း/ သွားဖုံးပြည်တည်ခြင်း (၁၀) ဦးခေါင်းခွံနဲ့ မေးရိုးကြားရှိအရိုးအဆက်မှာ ထိခိုက်ဒဏ်ရာရခြင်း (၁၁) ကလေးငယ်များသွားစပေါက် ခြင်း/လူကြီးများအံဆုံးပေါက်ခြင်း…..စသည်တို့ ကြောင့်သွားကိုက်လေ့ရှိပါတယ်။
သွာဆရာဝန်နဲ့ ကုသမှုခံယူသင့်သောအချိန်…။
(၁) အပေါ့စားနာကျင်ကိုက်ခဲမှုအတွက် အကိုက်ခဲပျောက်ဆေးများဖြစ်သော paracetamol, ibuprofen တို့ သောက်ခြင်းဖြင့် သက်သာစေပါတယ်။ aspirin ဆေးဝါးများက ဘေးထွက်ဆိုးကျိုးတွေဖြစ်စေလို့  ရှောင်ရှားရပါမယ်။ (၂) ၁ရက်(သို့ မဟုတ်)၂-ရက်ထက်ပို၍ကိုက်ခဲပါလျှင်၊ သွားဆရာဝန်နဲ့ ကုသမှုခံယူသင့်ပါပြီ။ (၃) အထက်ဖော်ပြပါ ရောဂါအခြေအနေ အမျိုးအစားပေါ်မူ တည်ပြီး၊ သွားဓာတ်မှန်ရိုက်ခြင်း၊ သွားအပေါက်ဖာခြင်း၊ သွားအကြောသတ်ပေးခြင်း၊ အမြစ်ဂလိုက်ပေါက်ပိုးဝင်ခြင်းအတွက် ပိုး သတ်ပေးခြင်း တို့ ပြုလုပ်ပေးပါလိမ့်မယ်။ (၄) အကယ်၍ မည်သို့ မျှ ဆေးဖြင့်ထိန်းမထားနိုင်တဲ့အခါမှာတော့ ဆရာဝန်က သွား နှုတ်ပေးပါလိမ့်မယ်။
ကြိုတင်ကာကွယ်သင့်…..။
ကုသခြင်းကကာကွယ်မှုထက်ပိုမိုထိရောက်ပါတယ်။ (၁) fluoride ပါသော သွားတိုက်ဆေးသုံး၍ တစ် နေ့ ၂-ကြိမ် သွားတိုက်ပါ။ သွားတိုက်ရင်း၊ လျှာကို ခပ်ဖွဖွတိုက်ပေးဖို့ မမေ့ပါနဲ့ ။ (၂)သွားတိုက်တံသုံးတိုင်း သွားကြားထဲရှိအစာ ဟောင်းများ ကုန်စင်သွားပြီ် လို့ မယူဆသင့်ပါဘူး။ သွားတိုက်ပြီးနောက် dental floss(ခေါ်)သွားပွတ်ကြိုးကိုသုံးပါ။ လိုအပ်ပါက mouthwash(ခေါ်)ခံတွင်း သန့် စင်ရည်သုံးပါ။ (၃) အချိုဓာတ်ကဲသောအစားအစာများ၊ အချိုရည်များလျော့သောက်ပါ။ (၄) ဆေးလိပ်မသောက်ပါနဲ့ ။ (၅) ကလေးများကို သွားဆရာဝန်ဖြင့် ၆-လမှာတစ်ကြိမ် သွားစစ်ဆေးမှုခံယူသင့်ပြီး၊ လူကြီးများက ၁-နှစ် မှာတစ်ကြိမ် စစ်ဆေးမှု ခံယူပါ။
အိမ်တွင်းကုထုံးလေးများ…..။

(၁) ရေနွေးဖြူ တဖန်ခွက်ထဲမှာ၊ ဆား စားပွဲတင်ဇွန်း ၁-ဇွန်း မောက်မောက်ရောကာ၊ ငုံနိုင်သမျှကြာကြာငုံထားပြီး အာလုပ် (ပလုပ်)ကျင်းပါ။ (၂) ရေခဲအိတ်ဖြင့် ကိုက်နေတဲ့ သွားရဲ့  ပါးပြင်ပေါ်ကိုကပ်ပေးပါ။ (၃) ကြက်သွန်နီထဲရှိ သဘာဝ antimicrobial အစွမ်းက သွားနာကျင်ကိုက်ခဲမှုကိုသက်သာစေလို့  ကြက်သွန်နီ လတ်လတ်ဆတ်ဆတ်ကို အကွင်းလိုက်ခပ်ထူထူလှီးပြီး၊ ကိုက် နေတဲ့သွားပေါ်ဖိ၍ငုံထားပါ။ (၄) အရက်ထဲမှာပါတဲ့ အယ်လ်ကိုဟောလ်က သွားကိုက်ခြင်းကိုသက်သာစေလို့ ၊ အရက်ငုံပေးပါ။ (သို့ မဟုတ်)အယ်လ်ကိုဟောလ်များများပါသော ခံတွင်းသန့် စင်ရေငုံပါ။ (၅) ဂျင်းကို အခွံနွှာ ခပ်ပါးပါးလှီးပြီး ၀ါးစားပေးပါ။ (၆) ကြက်သွန်ဖြူထဲမှာပါရှိတဲ့ allicin ဓာတ်က ပိုးသတ်ဆေးသဖွယ်အစွမ်းထက်လို့  ကြက်သွန်ဖြူကိုကြိတ်ထောင်း၍ ကိုက်နေတဲ့ သွား၏ ပါးဆောင်မှာငုံထားပါ။ (၇) အာလူးလတ်လတ်ဆတ်ဆတ်ကို အခွံနွှာခပ်ပါးပါးလှီးပြီး၊ ငုံထားပါ။(သို့ မဟုတ်)အာလူး ကို ကြိတ်ချေ၍ ကိုက်နေတဲ့သွားနဲ့ သွားဖုံးတို့ ကို အုပ်လိမ်းပေးပါ။ (၈) သံပုရာသီးကို အစိပ်ကလေးစိပ်ပြီး ကိုက်နေသောသွားမှာ ပွတ်ပေးပါ(သို့  မဟုတ်)သွားတစ်ချောင်းလုံးကို သံပုရာရည်လူးပေးပါ။ (၉) သွားကိုက်ခြင်း၊ သွားဖုံးယောင်ခြင်းအတွက် သခွား သီးကို ခပ်ပါးပါးလှီး၍ကိုက်ထားပါ။ သွားကိုက်၍ ပါးရောင်ကိုင်းခြင်းအတွက်လည်း သခွားသီးပါးပါးလှီး၍ ပါးပေါ်တင် ကပ်ပေးနိုင် ပါတယ်(ရေခဲသေတ္တာထဲ့ထားတဲ့ သခွားသီးအေးအေးက ရောင်ကိုင်းနာကျင်မှုအတွက် ပိုမိုထိရောက်စေပါတယ်) (၁၀) သွားအ ခေါင်းပေါက်ထဲကို အမည်းရောင်ငရုပ်ကောင်းမှုန့် သိပ်ပါ။ဆားရောထဲ့၍သုံးနိုင်ပါတယ်။ (၁၁) ရေနွေး ၁-ဖန်ခွက်ထဲမှာ မုန့် လုပ် ဆော်ဒါ စားပွဲတင်ဇွန်း ၁-ဇွန်းမောက်မောက်ရော၍ သမအောင်မွှေပြီးနောက်၊ ခပ်ကြာကြာငုံ အာလုပ်(ပလုပ်ကျင်း)ပါ။ (၁၂) လ္ဘက်ခြောက်ထဲမှာပါရှိတဲ့  tannins ဓာတ်များက ပိုးသေတဲ့အစွမ်းရှိလို့  ရေနွေးကြမ်းလ္ဘက်ရည်ပူပူကို ဖန်ရည်အဖြစ်ငုံပေးပါ။ (၁၃) ပူစီနံရွက်ဝါးစားပါ။ ပူစီနံရွက်အဆီ(သို့ မဟုတ်)ယပန်းဆီ(သို့ မဟုတ်)လိမ္မော်ခွံဆီ(သို့ မဟုတ်) ထင်းရူးဆီတို့ ကို ၀ါဂွမ်း မှာစိမ်ပြီးနောက် သွား/သွားကြားနဲ့ သွားဖုံးများကို လိမ်းပေးပါ။(သို့ မဟုတ်)ရေနွေးပူပူထဲမှာ ထိုအဆီထဲ့၍ငုံပေးပါ။ (၁၄) ငရုပ်သီး မှုန့် ကိုရေဖြင့် ပျစ်ပျစ်ဖျော်၍ သွားပေါ်အုံထားပေးပါ။ (၁၅) လေးညှင်းပွင့်ထဲမှာ anti-oxidant, anti-inflammatory, anti-bacteria အစွမ်းများ ပါရှိလို့  ရှေးနှစ်ပေါက်းများစွာကတည်းက လေးညှင်းပွင့်ကို သွားနှင့် ခံတွင်းရောဂါ အမျိုးမျိုးတို့ အတွက် အိမ်တွင်းသမားတော် အဖြစ်သုံးစွဲလာခဲ့ကြပါတယ်။ လေးညှင်းပွင့်ကို ကိုက်ဝါးခြင်း၊ ငုံခြင်း၊ လေးညှင်းပွင့်ဆီကို ရေနွေးဖြင့်ရော၍ အာလုပ်(ပလုပ်) ကျင်းပေးပါ။ (၁၆) ဌက်ပျောရွက်ဝါးပေးပါ။

(ပေါက်ပေါက်….မျှဝေသည်)

(မှီငြမ်း Homade Tooth Ache Relief )

14-10-2013 နေ့ ထုတ် ပြည်ထောင်စု နေ့ စဉ်သတင်းစာ (စာမျက်နှာ ၁၀) မှာ ဖော်ပြခံရတဲ့ ဆောင်းပါးလေးပါ။ FB မိတ်ဆွေများ ကျမ္မာသုတရစေဖို့  မျှဝေလိုက်ရပါတယ်ရှင်။ (စေတနာများစွာဖြင့်....ပေါက်ပေါက်)
++++++++++++++++++++++++++
      dental pulp(ခေါ်)သွားအတွင်းပိုင်းဆုံးနေရာရှိ ပျော့ပျောင်းတဲ့တစ်ရှုးလေးနာကျင် ကိုက်ခဲခြင်းကို "သွားကိုက်တယ်" လို့ ခေါ်ပါ တယ်။ ထိုတစ်ရှုးလေးက သွေးကြောများသာမက၊ အခြားအာရုံခံအင်္ဂါအဖွဲ့  အစည်းများနဲ့ ဆက်စပ်နေတာကြောင့် သွားကိုက်တဲ့ အခါ မခံမရပ်နိုင်အောင်နာကျင်လို့  အရည်/အဖတ်/အပူ/အအေး ဘာမှစားမ၀င်တော့ဘဲ၊ အချို့ သူများတွင် မျက်နှာတခြမ်း လုံးရောင်ကိုင်းရုံသာမက၊ အအိပ်ပျက်၊ အစားပျက်၊ အလုပ်ပျက် ကြရပါတယ်။

ကျန်းမာရေးအတွက် ဆီးသွားခြင်း၏ သိကောင်းစရာများ


                              
မကြာခဏ ဆီးမသွားပါနှင့်

မကြာခဏ ဆီးသွားလွန်းတာကြောင့် ဆီးအိမ်ကြွက်သားတွေ ပင်ပန်းပြီး ဆီးအိမ် အားနည်းတတ်ပါတယ်။ ဆီးမကြာခဏ သွားတတ်တဲ့ အမျိုးသမီး တွေဟာ ဆီးကုန်စင်အောင် မစွန့်ထုတ်နိုင်တာကြောင့် ရောဂါပိုး ဝင်ရောက်နိုင် ခြေ မြင့်မားပါတယ်။

သွားရောဂါ နှင့် ချောင်းဆိုးအတွက် နနွင်း


နနွင်းကို သွားရောဂါအတွက် ကုသနိုင်ပါတယ်

နနွင်းဟာ တကယ်ကို တန်ဖိုးရှိသော ဆေးဘက်ဝက် အပင်တစ်မျိုး ဖြစ်ပါတယ်။
ရောဂါအမျိုးမျိုးကို သက်သာပျောက်ကင်းစေနိုင်ပြီး အဲဒီ အထဲကမှ သွားရောဂါ
အတွက် ကုထုံးလေး တစ်မျိုးကို မျှဝေပေး လိုက်ရပါတယ်။

မိခင်နှင့်ကလေး အသက်ပေါင်းသန်းနှင့်ချီကယ်တင်နိုင်မယ့် ကရိယာတစ်မျိုး

 

အံ့သြစရာ စက်မှုပညာရှင်ရဲ့ဆေးဘက်ဆိုင်ရာတီထွင်မှုတစ်ခု
!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

ဒါကတော့ အာဂျင်တီးနားနိုင်ငံမှ အသက် ၅၉နှစ်အရွယ်ကားMechanic ပညာရှင်တစ်ယောက်ဖြစ်တဲ့ Jorge Odon တီထွင်လိုက်တယ့်မိခင်နှင့်ကလေး အသက်ပေါင်းသန်းနှင့်ချီကယ်တင်နိုင်မယ့် ကရိယာတစ်မျိုးဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်တို့ အတွက် သိမှတ်ဖွယ်များ

 
Monday, August 12, 2013

ကိုယ်ဝန်ဆောင်တဲ့ကာလ ဟာ အလွန်အရေးကြီးတဲ့ ကာလတစ်ခုပါ။ လူကြီးတွေအတွက် ရင်သွေး ရတနာလေး ၊ မိမိတို့ မျိုးဆက်လေး ရနိုင် ဖို့ကာ လအခိုက်အတန့်လေး တစ်ခုဖြစ်သလို သန္ဓေသားကလေး တွေ အ တွက်လည်း ဘ၀သစ်တစ်ခု စတင်ဖို့အတွက် အရှိန်ယူနေတဲ့ စတင် တည်ဆောက် နေတဲ့ ကာလလေး ဖြစ်လို့ပါပဲ။ဒီလို အရေးကြီးတဲ့ကာ လလေး ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ဖို့အတွက် ပညာရှင်တွေက ဒီလို အချက် သုံးချက်နဲ့ အကြံပေးထားပါတယ်။

၁။ အခြေခံလိုက်နာရ မည့် အချက်အလက်များ

၂။ ညီညွတ်မျှတတဲ့ စားသောက်မှုပုံစံ နှင့်
၃။ လေ့ကျင့်ခန်းတို့ပဲ ဖြစ်ပါတယ်။

ကျပ် သိန်း ၁၉၀ တန် စိန်နားကပ် ခိုးယူသောနိုင်ငံခြားသားနှစ်ဦး ဖမ်းမိရေး ပြည်သူများကူညီရန် ရဲတပ်ဖွဲ့ မေတ္တာရပ်


ရတနာဆိုင်မှ စိန်ထည်ပစ္စည်းခိုးယူခဲ့သော
 နိုင်ငံခြားသား နှစ်ဦးကို ပြည်သူများပူးပေါင်း
ပါဝင် ဖော်ထုတ်ရန် နိုဝင်ဘာ ၂ ရက်ကမေတ္တာ
ရပ်ခံထားကြောင်း ရန် ကုန်တိုင်းရဲတပ်ဖွဲ့မှ
သတင်းရရှိသည်။


အောက်တိုဘာ ၁၇ ရက်ကလမ်းမတော်မြို့နယ်၊ မဟာဗန္ဓုလလမ်းရှိ Diamond & Me ရတနာဆိုင်၌ နိုင်ငံခြားသားနှစ်ဦးသည် ကျပ်သိန်း ၁၉၀ တန်ဖိုးရှိ စိန်နားကပ် တစ်ရန်ကို လေး၊ ငါးကြိမ်ခန့် တောင်းယူကြည့်ရှုခဲ့ပြီး ရတနာဘူးအတွင်း ပြန်ထည့် ကာဆိုင်မှ ပြန်ထွက်သွားခဲ့သည်။ ယင်းနောက် ရတနာဘူးကို ပြန်လည်စစ်ဆေးကြည့်ရာ စိန်နားကပ် ပျောက်ဆုံးနေ၍ လမ်းမတော်ရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

အဆိုပါနိုင်ငံခြားသား နှစ်ဦး ကို တိုင်းရဲတပ်ဖွဲ့က လိုက်လံဖမ်း ဆီးစုံစမ်းလျက်ရှိရာ ယခုအခါ ဟို တယ်၊ မိုတယ်၊ တည်းခိုခန်းများ နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ အဝေးပြေးကားဂိတ် များသို့  သတင်းဖြန့်ဝေထားပြီး လူမှုကွန်ရက်မှတစ်ဆင့်လည်း စုံစမ်းနေကြောင်း သတင်းရရှိသည်။

7Day News Daily

အမျိုးသားများ တစ်ကိုယ်ရည် အာသာဖြေခြင်း၏ ကောင်းကျိုး ဆိုးကျိုး အပေါင်းအနှုတ် လက္ခဏာများ


Sunday, September 15, 2013

တစ်ကိုယ်ရည် အာသာဖြေခြင်းကို အရွယ်ရောက်ပြီး အမျိုးသားတိုင်းနီးပါး သိကြပြီး အများစုက ပြုလုပ်ကြလေ့ ရှိကြပါတယ်။ ဒီကိစ္စဟာ ဘယ်လို ဆိုးကျိုး ကောင်းကျိုးတွေ ရှိသလဲဆိုတာ ဂဃနဏ သိတဲ့သူ တော်တော်နည်းပါတယ်။ ကိုယ့်ထက်ကြီးတဲ့သူတွေ အပေါင်းအသင်းတွေ ပြောတာကိုပဲ ဟုတ်နိုးနိုးနဲ့ လက်ခံနေရတာ များပါတယ်။ ဒီတော့ ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ အမျိုးသားကျန်းမာရေး ဆိုင်ရာ အထူးကျွမ်းကျင်ပညာရှင်များက အမျိုးသား သန်းပေါင်းများစွာ (အာရှ၊ ဥရောပ၊ အမေရိကနဲ့

အိမ်ထောင်သည်မိန်းမများ မိမိယောင်္ကျားကို ဒါတွေကျွေးပါ



အမျိုးသား အများစုက အစာကို စနစ်တကျ ရွေးချယ်ပြီး စားလေ့ မရှိကြပါဘူး။ ဒါ့အပြင် ကျန်းမာရေးကိုလည်း ဂရုမစိုက်ဘဲ လျစ်လျူရှုထားလေ့ ရှိကြပါတယ်။ ဒီအချက်ဟာ အမျိုး သားတွေ ရဲ့ သက်ရှည် ကျန်းမာရေးကို အဟန့် အတား ဖြစ်စေတဲ့ အချက်တစ်ခု ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဇနီးမယားတွေကပဲ သင့်အမျိုးသား အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေ ပါဝင်အောင် ပြင်ဆင်ပေးသင့်ပါတယ်။

မဖြူနှင်းထွေး ထပ်မံတရားစွဲဆိုခံရ

မကြာသေးခင်က အချုပ်အနှောင်ကနေ လွတ်မြောက်ခဲ့သူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်း သား သမဂ္ဂများအဖွဲ့ချုပ်က မဖြူနှင်းထွေးကို စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီး ရဲစခန်းက ခွင့်ပြုချက်မရဘဲ စီတန်း လှည့်လည်ခွင့် ပုဒ်မ ၁၈ နဲ့ တရားစွဲပါတယ်။

သူဟာ လက်ပံတောင်းဒေသခံတွေနဲ့အတူ ၀မ်ပေါင်ကုမ္ပဏီရှေ့မှာ ဆန္ဒပြလို့ တရားစွဲခံ ရတာဖြစ်ပါတယ်။

အသက် ၂၅ နှစ် ကျော်လာချိန်မှာ

                          

သင့်အသက် ၂၅ နှစ် ရှိနေပြီလား။ ဒီအချိန်ဟာ ခန္ဓာကိုယ်တွင်း စနစ်တွေ အားလုံး အပြည့်အဝ ဖွံ့ဖြိုးပြီး အမြင့်မားဆုံး စွမ်းဆောင်နိုင်တဲ့ အချိန် ဖြစ်ပါတယ်။ ဒီအချိန်ဟာ သင်ရဲ့ ကျန်းမာရေးကို ကောင်းမွန်အောင် လုပ်ဖို့ အကောင်းဆုံး အချိန် ဖြစ်တာကြောင့် သင့်ကျန်းမာ ရေးနဲ့ သင့်အနာဂတ်ကို တည်ဆောက်ဖို့ အကောင်းဆုံး အချိန်လည်း ဖြစ်နေပါတယ်။

စီးကရက်စက်ရုံ မီးလောင်မှုဖြစ်ပွားရာ ငွေကျပ် ၇၈ သိန်းကျော်ဖိုး ဆုံးရှုံး

မူဆယ် ၊ ၄-၁၁-၂၀၁၄

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့တွင် နိုဝင်ဘာ ၂ ရက်ည ၁၁ နာရီ ၁၅ မိနစ်က စီးကရက်စက်ရုံ တစ်ရုံ မီးလောင်မှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုင်ဝင်ဘာ ၂ ရက်ည ၁၁ နာရီ ၁၅ မိနစ်က မူဆယ်မြို့ ၊ စွမ်စော်ရပ်ကွက် ၊ အနောက်ဘက် တစ်မိုင်ခန့် အကွာရှိ ကိုးကန့် စီးကရက် စက်ရုံတွင် မီးလောင်မှု ဖြစ်ပွားရာ မီးသတ် တပ်ဖွဲ့ဝင် များက မီးသတ်ယာဉ် ၁၆ စီးဖြင့် ငြှိမ်းသတ်ရာ နိုဝင်ဘာ ၃ ရက် နံနက် ၂ နာရီ ၁ဝ မိနစ်တွင် မီးငြိမ်းသွား ခဲ့သည်။

ဗိုလ်တထောင်ဘုရားမုခ်ဦးရှေ့တွင် ရထားနှင့် မော်တော်ယာဉ်တို့ တိုက်မိမှုဖြစ်

ရန်ကုန်၊ နိုဝင်ဘာ ၎

၃.၁၁.၂၀၁၄ ရက်နေ့ ၀၃၁၅ အချိန်တွင် ဆိပ်ကမ်းမြို့နယ်၊ ရဲရိပ်သာရပ်ကွက်၊ ကမ်းနားကွန်ကရစ် လမ်းပေါ်ရှိ ရထားသံလမ်း၊ ဗိုလ်တထောင်ဘုရား မုခ်ဦးရှေ့တွင် ဗိုလ်တထောင်မြို့နယ်၊ သန်လျက် စွန်းဘက်မှ ဗိုလ်တထောင်ဘုရား ဘက်သို့ မောင်းနှင်လာသော မလွှကုန်း-၀ါးတန်း တွဲလွတ်ပို့ဆောင်သည့် ရထားနှင့် ဘုရားမုခ်ဦးဘက်သို့ ဖြတ်သန်းမောင်းနှင်သည့် ယာဉ်မောင်း ကိုကောင်းဆက်မော် မောင်းနှင်လာသော 9H---- ကိုရိုနာ အဖြူရောင်ယာဉ်တို့ တိုက်မိခဲ့ပါသည်။

ဆီဆိုင်တွင် တပ်မတော်သားအုပ်စုဖွဲ့ ရိုက်နှက်မှုကြောင့် လူငယ် ၃ ဦးဒဏ်ရာရ


ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့မှာ အောက်
တိုဘာ ၃၁ရက်နေက ည ၁၀ နာရီခန့်မှာ
 မြို့မဈေးအနီးက တောင်ကြီး-ဟိုပုံး-ဆီဆိုင်
 လမ်းမပေါ်မှာ ခမရ ၄၂၄ စစ်တပ်က အရာ
ရှိတွေနဲ့ ရဲဘော်တွေက အုပ်စုလိုက် ၀ိုင်းရိုက်
တဲ့အတွက် လူငယ် ၃ ဦး ဆေးရုံမှာ

ဆေးကုသခံနေရ ပါတယ်။

ရင်သားဆိုတာ မိန်းကလေး တစ်ယောက်ရဲ့ ခန္ဓာကိုယ် အလှအပကို ဖော်ဆောင်ပေး

                             
 


မိန်းကလေး တစ်ယောက် ကြည့်ကောင်း တယ်လို့ သတ်မှတ်ခံရတဲ့ အခါမှာလည်း ရင်သား အလှဟာ ပါဝင် ပတ်သက် နေပါတယ်။ ရင်သားလှတဲ့ မိန်းကလေးတွေဟာလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေတတ်ကြပါတယ်။ ဒါကြောင့် မိန်းကလေး တစ်ယောက် အတွက် ရင်သားအလှ မထိခိုက်စေဖို့နဲ့ ရင်သား ကျန်းမာရေး ကောင်းမွန် နေစေဖို့ အတွက် သိထားသင့်တဲ့ လမ်းညွှန်ချက်တွေကို ဖော်ပြ ပေးလိုက်ပါတယ်။

Monday 3 November 2014

အင်းစိန်မြို့နယ်ရှိ ဆုံဆည်းရာစားသောက်ဆိုင်တွင် အနုကြမ်းစီးမှုဖြစ်ပွား


အင်းစိန်မြို့နယ် ပြည်တော်သာလမ်းပေါ်ရှိ ထရိုင်စတားတာယာစက်ရုံအနီးရှိ ဆုံဆည်း
ရာစားသောက်ဆိုင်တွင် နိုဝင်ဘာ ၃ ရက်
 နံနက် ၂ နာရီခန့်က အနုကြမ်းစီးမှုဖြစ်ပွား
ခဲ့ကြောင်း အင်းစိန်မြို့မရဲစခန်းမှူး ဒုရဲမှူးမျိုးမြင့်ကြိုင်
က အတည်ပြုပြောကြားသည်။



အနုကြမ်းစီးကာ ပစ္စည်းများယူဆောင်ထွက်ပြေးသွားမှုကျူးလွန်ရာတွင် အမျိုးသားလေးဦးပါဝင်ပြီး ၎င်းတို့သည် ကျူးလွန်စဉ်အတွင်း ဓားကိုင်ဆောင်ထားကြောင်း သိရသည်။

World Trade Center မိုးမျှော်အဆောက်ဦးသစ်ကြီး ၁၃ နှစ်အကြာ ပြန်ဖွင့်

စက်တင်ဘာ (၁၁) ရက် New York မြို့က ကမ္ဘာ့ ကုန်သွယ်ရေး ဗဟိုဌာန မျှော်စင်အဆောက်အုံကြီး အကြမ်းဖက် တိုက်ခိုက်ဖျက်ဆီး ခံခဲ့ရပြီးနောက် ၁၃ နှစ်ခန့်အကြာ အသစ်ဆောက်လုပ်တဲ့ ကမ္ဘာ့ကုန်သွယ်ရေးဗဟိုဌာန အဆောက်အုံကို New York မြို့တော်မှာ ပြန်လည် ဖွင့်လှစ်လိုက်ပါတယ်။

၁၇၇၅ ပေအမြင့်ရှိတဲ့ မိုးမျှော် အဆောက်အုံကြီးရဲ့တန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၃ ထောင့် ၉ ရာ ဖြစ်ပြီး ထင်ရှားလူသိများတဲ့ နယူးယောက် မန်ဟက်တန် ရပ်ကွက်ကြီး အုပ်မိုးနေသလို၊ ဒီအဆောက်ဦကြီးဟာ မြောက်အမေရိကတခွင်မှာ အမြင့်မားဆုံးဖြစ်ပါတယ်။

နိုင်ငံတော်အကြီးအကဲ၏ ဂုဏ်သိက္ခာနှင့် အခွင့်အရေးကို ထိခိုက်စေသည့်အတွက် မြန်မာသံတော်ဆင့် ဂျာနယ်အား တရားဥပဒေနှင့်အညီ တရားစွဲဆိုမည်

၁။ ၉-၈-၂ဝ၁၄ ရက်နေ့ ထုတ်ဝေသော မြန်မာသံတော်ဆင့် ဂျာနယ် အတွဲ ၃၊ အမှတ်(၂၂) စာမျက်နှာ (၃ဝ) ပါ အံ့ခေါင်မင်း၏ နိုင်ငံရေးတွေ့ဆုံ မေးမြန်းခြင်း ကဏ္ဍတွင် ကောက်စာနှင့် အတွင်းစာသားတို့၌ နိုင်ငံတော်သမ္မတအား ဂုဏ်သိက္ခာ ထိခိုက်စေပြီး၊ အကြည်ညို ပျက်စေသည့်''နိုင်ငံတော် သမ္မတသည် အထွတ်အထိပ်၊ အဲဒီပုဂ္ဂိုလ်တစ်ယောက်ရဲ့ စကားက ကပြောင်းကပြန်၊ ဗလောင်းဗလဲ၊ ဟိုပြောဒီပြော၊ ဘရွတ်ရွှတ်တ၊ ပေါက်ပန်းလေးဆယ်၊ ကလေကချေ၊ ကလေကဝ၊ ကျွန်တော်စကားလုံး ထပ်ရှာလို့ရရင် အကုန် ထည့်သုံးမှာ၊ အရည်မရ၊

CDMA 800 MHz ၇၃ ဖုန်းများ ပြန်သိမ်းဖွယ်ရှိနေ ပြန်သိမ်းပါက နစ်နာမှုမရှိစေရန် ဆောင်ရွက်မည်ဟုဆို


=============================================
ရန်ကုန်၊ နိုဝင်ဘာ ၂
ပြောင်းလဲ လာသော နည်းပညာအပြောင်းအ လဲအရ ၇၃ ဖြင့်စသည့် စီဒီအမ်အေ မိုဘိုင်းဖုန်းများကို မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းက ပြန်လည်သိမ်းဆည်း သွားဖွယ်ရှိနေကြောင်း ဆက်သွယ်ရေး နှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။
ဆက်သွယ်ရေးနက်ဝပ်ခ်ပိုင်း နှင့်ပတ်သက်၍ ကျွမ်းကျင်သည့် အင်ဂျင်နီယာတစ်ဦးက''နည်းပညာ ပိုင်းအရဆိုရင် ၇၃ ဖုန်းတွေက Upgrade လုပ်ဖို့ သိပ်အဆင်မပြေ တာမျိုးရှိတယ်၊ နောက်ပိုင်းနည်း ပညာမြင့်လာတာနဲ့အမျှ စနစ်တွေ က အားလုံးပြောင်းလဲသွားမှာပဲ၊ နိုင်ငံတကာသုံးနေတဲ့ ဂျီအက်စ်အမ် စနစ်ကိုပဲ သွားမှာဖြစ်တယ်'' ဟုပြော သည်။