Saturday 20 September 2014

capacitor အကြောင်း


ကျွန်တော်တို့ ဖုန်းတစ်လုံးကိုဖွင့်လိုက်ရင်မြင်တွေ့ ရမယ့် components လေးတွေရဲ့အလုပ်လုပ်ပုံနဲ့ အခေါ်အဝေါ်လေးတွေဖြစ်တတ်တဲ့ error လေးတွေကိုမျှဝေပေးလိုက်ပါတယ်။--ပုံမှာမြင်တွေ့ ၇တာကတော့ SMD Components လေးတွေဖြစ်တဲ့၊ capacitor ,resistor ,coil, လေးတွေပါ။

 



SMD ဆိုတာ Surface Mount Device သေးငယ်တဲ့ပန့် ပိုးပစ္စည်းလေးတွေပါ။အရင်ဆုံး Smd capacitor လေးတွေအကြောင်းပြောပြချင်ပါတယ်။ Capacitor လေးတွေဟာ pbc board ပေါ်မှာအ၀ါရောင်၊မီးခိုးရောင်နဲ့ အညိုရောင်အတုံးလေးတွေပါ။ဒီကောင်လေးတွေက power ပိုင်းနဲ့  network ပိုင်းတွေမှာအများဆုံးသုံးကြပါတယ်။ DC ဗို့ ဟာ capacitor ကိုဖြတ်ပြီးမစီးနှိင်ပါဘူး။ capacitor လေးတွေက circuit ပတ်လမ်းမှာရှိတဲ့ DC ဗို့ ကိုတည်ငြိမ်အောင်ပံ့ပိုးပေးပါတယ်။ဗို့ လှိုင်းရဲ့ အပေါင်းနဲ့ အနှုတ်ကိုခွပြီးတတ်ဆင်ထားတဲ့ အတွက်၊powerပိုင်းက capacitor လေးတွေ ယိုစီးတဲ့အခါ၊ဖုန်းအားသွင်းရင်ပုံမှန်ထက်ပူလာတာတို့ ၊ battery ကြာကြာမခံပဲပူနေတာတို့ ၊ filter capacitor ရှော့ဖြစ်ပြီးလုံးဝ power မတက်တော့တာ၊စတဲ့  error မျိုးတွေဖြစ်တတ်ပါတယ်။ဒါကြောင့်power ပိုင်းမှာ ပျက်စီးပြီးရောက်လာတဲ့ဖုန်းတွေကို အိုင်စီအရင်ဆုံးမဖြုတ်သေးပဲ၊ components လေးတွေကိုအရင်စစ်ကြည့်ဖို

့လိုပါတယ်။ဒီနေရာမှာတစ်ခုပြောချင်ပါတယ်။


Hardware ပိုင်းနဲ့ ပတ်သက်ရင် ပုံသေနည်းဆိုတာမရှိပါဘူး၊ ဖြစ်နှိင်ခြေရှိတာကိုသိထားရင် error ရှာတဲ့အခါအထောက်အကူပြုပါတယ်။တစ်ခါတစ်ရံမှာ components တွေကောင်းပြီး အိုင်စီလဲမှကောင်းမယ့်အနေအထားတွေလဲရှိပါတယ်၊အတွေ့ အကြုံကသင်ပေးသွားမှာပါ။တစ်ခါတစ်ရံမှာ Backlight ဗို့ တွေပျောက်ရင် lcd မှာဘာမှမတွေ့ ရတော့ပါဘူး။ဒီလိုအအြေနေမျိုးတွေမှာ back light ic နဲ့  ဘေးနားက Components လေးတွေစစ်ရပါမယ်၊အထူးသဖြင့် boot coil ရဲ့  osc အနှိမ့်အမြင့်ကို ဒီ capacitor လေးတွေကထိန်းချုပ်ပေးတာပါ။ပုံမှန်အလုပ်လုပ်တဲ့အချိန်မှာ boot coil ရဲ့ အထွက်ပိုင်းမှာ ac ဗို့ 8 to 12 ထိရှိတတ်ပါတယ်။ lcd panel မှာအလင်းပေးတဲ့ led လေးတွေကို series ,parallel နှစ်မျိုးနဲ့ ဖွဲ


့စီးထားကြပါတယ်။အဖြစ်များဆုံးက ရေ၀င်တဲ့ဖုန်းတွေဆို osc ထောင်ပြီး led လေးတွေ ပျက်စီးတတ်ပါတယ်၊အဲဒီလိုဖြစ်သွားရင်တော့ lcd အသစ်လဲမှပဲရတော့မှာပါ။Network ပိုင်းမှာလဲ capacitor လေးတွေအများကြီးရှိပါတယ်။ဒီအပိုင်းက capacitor တွေက low voltage နဲ့ သိပ်မသက်ဆိုင်ပါဘူး၊ signal ပိုင်းတွေဖြစ်တဲ့ RF signal တွေကိုစစ်ယူ၊ကန့် သတ်၊ဆက်သွယ်ပေးတဲ့အပိုင်းတွေကိုတာဝန်ယူပေးတာပါ။ဒီအပိုင်းကိုတော့ဖြစ်နှိင်ရင်မထိစေချင်ပါဘူး၊ signal ပိုင်းနဲ့ ပတ်သက်တဲ့ အတွက် ကျွန်တော်တို့ မှာ frequency တိုင်းတဲ့ scope တွေရှိမှာမဟုတ်ပါဘူး

 ic ကိုအပူလေးနဲနဲပေးကြည့်တာလောက်ပဲလုပ်သင့်ပါတယ်၊ဆက်ပြီးတော့လဲတင်ပေးသွားပါ့မယ်။
ကျွန်တော်တင်ပေးတာလေးတွေဖတ်ပြီးတစ်ခုခုအကြံပေးချင်ရင်လဲလွတ်လွတ်လပ်လပ်ရေးပေးနှိင်ပါတယ်။
အခြေခံအဆင့်လောက်ကိုလေ့လာချင်တဲ့ညီငယ်လေးတွေအတွက်ရည်ရွယ်ပြီးတင်ပေးတာဖြစ်လို့ ဆရာသမားများက
လဲနားလည်ပေးပါလို
့တောင်းပန်ပါတယ်ခင်ဗျာ။

No comments:

Post a Comment