Saturday 13 September 2014

Nokia phone တွေကို..မြန်မာစာသွင်းနည်း..

 nokia phone တွေကို မြန်မာစာသွင်းနည်းလေး လေ့လာကြည့်ရအောင်နော် ...
...Nokia Symbian ဖုန်းတွေမှာ FontZoomer သုံးပြီး ZawGyi Font ထည့်နည်း
Symbian မှာ ကိုယ်ကြိုက်တဲ့ Font ကို ထည့်သုံးနိုင်ဖို့ FontZoomer လိုဟာမျိုးတွေ အသုံးပြုရပါတယ်။
သို့မဟုတ် System file ထဲက Font လေးခုကို သက်ဆိုင်ရာ နာမည်တွေ ပြောင်းပေးပြီး Replace လုပ်လိုက်ရင် ရပါတယ်။
FontZoomer ကတော့ အလွယ်ဆုံးပါပဲ။
NokiaKeyboard တင်ထားတဲ့ ပို့စ်အောက်ကComment မှာ FontZoomer လိုချင်လို့တောင်းထားတာ ရှိပါတယ်။ Contact Form ကနေလည်း တောင်းပါတယ်။
အဓိကကတော့ Certificate Error တက်တာရယ် Trial Version ဖြစ်နေတာတွေကြောင့်ပါပဲ။ ကျွန်တော့်အနေနဲ့ Software Sharing မလုပ်ချင်ပါဘူး။
ပိုဆိုးတာက ကျွန်တော့်ဆီမှာရှိတဲ့ FontZoomer ကလည်း Cracked လုပ်ထားတဲ့ဟာပါ။
ကျွန်တော်လည်း မတတ်သာလို့ သုံးရပေမယ့် ထပ်ပြီးတော့ မမျှဝေချင်ဘူး။
သို့သော်လည်း ပို့မယ့်ပို့တော့ ကူးတို့ထိရောက်အောင် ပို့တဲ့အနေနဲ့ ဒီတစ်ခေါက်တော့ ပေးလိုက်ပါတယ်....
ဒီမှာဒေါင်းလိုက်ပါ....https://my.pcloud.com/publink/show?code=XZ00R7ZsU6e2Wfor48FfJPUlUhDH8s5sDuX
FontZoomer ကို Download လုပ်ပြီးရင် Zip ဖြေပါ။ ဖုန်းထဲကို Copy ကူးထည့်ပါ။
ဖုန်းထဲမှာ FontZoomer ဖိုင်ကိုနှိပ်ပြီး Install လုပ်ပါ။ ဒါဆိုရင် Application ထဲမှာ FontZoomer ပေါ်လာပါပြီ။
ခဏထားလိုက်ပါ။ ဖုန်းရဲ့ C: အောက်ကို သွားပါ။ Font Zoomer ဆိုတဲ့ Folder ရှိပါတယ်။ အကယ်၍ မပေါ်ပါက Application ထဲမှာ FontZoomer Software ကို ဖွင့်လိုက်ပါ။
ပြီးလျှင် ဘာမှမလုပ်ပဲ ပြန်ထွက်လိုက်ပါ။ ပြီးလျှင် C: ထဲမှာ ပြန်ကြည့်ပါ။ FontZoomer နာမည်နဲ့ Folder ပေါ်လာပါလိမ့်မယ်။
အဲဒီထဲကို မိမိပြောင်းလိုသော Font ၊ ဥပမာ Zawgyi Font ကို ကွန်ပျူတာထဲကနေ ယူပါ။ Windows key + r နှိပ်ပြီး fonts လို့ရိုက်၊ Enter ခေါက်၊ Font Folder ပေါ်လာလိမ့်မယ်၊
အဒီအောက်ဆုံးမှာ Zawgyi-One ကိုယူလိုက်ပါ ။ ယူပြီးလျှင် ခုနက ဖုန်းရဲ့ C အောက်က FontZoomer Folder ထဲကိုထည့်ပါ။
ကွန်ပျူတာနှင့် ဖုန်း ချိတ်ထားပြီးထည့်လျှင် C: အောက်သို့ ထည့်မရဘူး ဖြစ်နိုင်ပါသည်။
ထို့ကြောင့် ကူးလို့ရသော E တို့ F တို့အောက်ကို ထည့်ပါ။ ပြီးမှ ဖုန်းထဲမှာပဲ Copy Paste လုပ်ပါ။
သို့သော် . . . . .
မြန်မာစာကို အမှန်မမြင်နိုင်ပါ။ သဝေထိုး၊ ရေ့ချာ၊ ဝစ်ဆံနှစ်လုံးပေါက် များနှင့် တွဲရေးလျှင် ထပ်သွားသည်။
ထိုစာလုံးများနှင့် တွဲရေးချင်သည် ဆိုပါက Space ခြားပေးရန် လိုသည်။ ဥပမာ မောင် ကိုရိုက်ချင်လျှင်ေ+Space+မ+Space+ာ+င+-် ဖြစ်သည်။
Contact များကို မြန်မာလိုမှတ်ချင်လျှင် ထိုသို့ မှတ်ပါ။
FontZoomer ဖြင့် Zawgyi သွင်းထားပြီး Zawgyi ကို အမှန်မြင်နိုင်တာ လောလောဆယ် ကျွန်တော်တွေ့ရသလောက် ပြောရရင်တော့
Nokia Car Mode ရယ်၊ Viber မှာရယ်၊ Blob ဆိုတဲ့ ဘလော့ဂ်ရေးတဲ့ ဆော့ဖ်ဝဲလ်ထဲမှာရယ်ပါပဲ။
အင်တာနက် သုံးသူများကတော့ Opera Mini ထဲမှာ Zawgyi ကို လုံးဝ အမှန် မြင်အောင် လုပ်နိုင်ပါတယ်။
Opera mini နဲ့ အဆင်ပြေစွာ သုံးနိုင်ပါတယ်
ဒါဆိုရင် Font ထည့်ပြီးပါပြီ။ ပြောင်းပေးရပါဦးမယ်။
FontZoomer ကို ဖွင့်ပါ။ Menu ကိုနှိပ်ပါ။ Show Font List ကိုနှိပ်ပါ။
အဲဒီထဲမှာ Zawgyi-One နာမည်ကိုရှာပါ။ အမှန်ခြစ်ပေးလိုက်ပါ။ နောက်ကို ပြန်ရောက်သွားပါလိမ့်မယ်။ Back နှိပ်ပြီး ပြန်ထွက်လိုက်ပါ။
ဖုန်းကို Restart ချခိုင်းပါလိမ့်မယ်။ ချပေးလိုက်ပါ။ ဖုန်း ပြန်တက်လာလျှင် ဇော်ဂျီကို မြင်ရပါပြီ။
မှတ်ချက်.... Posted by ထိုင်းရောက် IT လူငယ်များ မှ မျှဝေခံစားထားပါသည်။
ထိုင်းရောက်itလူငယ်များဆိုဒ်အား ကျနော်နဲ့မိုဘိုင်းအဖွဲသားများအားလုံးကိုယ်စားကျေးဇူးအထူးတင်တဲ့အကြောင် ပြောလိုက်ပါတယ်ခင်ဗျား

No comments:

Post a Comment