Wednesday 17 September 2014

Iphone,Ipad,Ipods တို့ကို ကိုယ်တိုင် Version မြှင့်မယ်


ဒါကတော့မိမိ Iproducts များကို ကိုယ်တိုင် Version မြှင့်နိုင်မယ့် နည်းလမ်းပဲဖြစ်ပါတယ်။

အရေးကြီးဆုံးကတော့ Iproducts တခုခုရှိဖို့လိုတာပေါ့နော် :D

ပထမ ဦးဆုံး မိမိ ကွန်ပြူတာမှာ Itunes ရှိဖို့လိုပါတယ်။

Download ITunes

ထိုနောက် Version မြှင့်ဖို့အတွက် Firmware လိုပါတယ်။ Apple က များသောအားဖြင်တော့ သူတို့ ထုတ်ထားတဲ့ နောက်ဆုံး Version ကိုပဲ ပေး မြှင့်လေ့ရှိပါတယ်။ဒါ့အပြင် အဆင်းကိုလည်း သူတို့ သတ်မှတ်ထားတဲ့အထိပဲပေးဆင်းပါတယ်။

လို အပ်တဲ့ Firmware များကို http://www.felixbruns.de/iPod/firmware/ မှာ ဒေါင်းနိုင်ပါတယ် ခင်ဗျာ။ အဲ Website မှာ ကိုယ့် ဖုန်းနဲ့ ကိုက်ညီ မဲ့ Version ကို ရွေးပြီး ဒေါင်းယူနိုင်ပါတယ်။

Firmware ရယ် Itunes ရယ် ဖုန်း ရယ် ကြိုးရယ် ကွန်ပြူတာရယ် :D ရှိပြီဆိုရင် စလို့ရပါပြီဗျာ

အရင်ဆုံးတော့ Backup လုပ်ထားရင်တော့ပိုသေချာတာပေါ့ဗျာ။Backup ကို ITools (သို့) IFunbox တခုခုနဲ့ လုပ်နိုင်ပါတယ်။

ပထမ ဦးဆုံး ဖုန်းနဲ့ ကွန်ပြူတာကို ချိတ်လိုက်ပါ။အဲနေရာမှာ Iproducts တွေရဲ့ အားသာချက်ကဘာလဲဆိုတော့ Driver မလိုတာပါပဲ။သူက Itunes ရှိရင် ကွန်ပြူတာက ဖုန်းကို သိပြီဗျ။

ဆက်ပြောရအောင်ဗျာ Computer နဲ့ ဖုန်းကို ချိတ်ထားပြီးပြီဆိုရင် Itunes ကို ဖွင့်လိုက်ပါ။

Itunes ကို ဖွင့်လိုက်ပါ ထို့နောက် Iphone Tab ထဲဝင်ပြီး

ပုံထဲက အတိုင်း နှိပ်လိုက်ပါ။
အောက်ပါပုံအတိုင်းပေါ်လာပါလိမ့်မယ်။
File Name နေ၇ာ ကွက်လပ်မှာ ကို Download လုပ်ထားတဲ့..File (Firmware) ကို ထည့်ပေးလိုက်ပါ။
ITunes ကသူ့အလိုလို ဆက်ပြီးလုပ်ဆောင်ပါလိမ့်မယ်။
ထို့နောက် ပန်းသီးပုံလေး နှင့် အတန်းလေးပေါ်လာကာ...ထို အတန်းလည်း ၂ ခါ ဆက်ပြည့်သွားပါက Firmware တင်လို့ပြီးသွားပါပြီဗျာ။
Activate လုပ်ရင်တော့ Internet connection လိုပါတယ်ခင်ဗျာ။

No comments:

Post a Comment