Saturday 20 September 2014

RESISTOR ပိုင်း

ကျွန်တော်တို့ အခန်း(၁) မှာဖုန်းတစ်လုံးမှာပါဝင်တဲ့ SMD လေးတွေကြောင်းလေ့လာခဲ့ကြပါတယ်။အဲဒီအထဲကမှ
 SMD  Capacitor လေးတွေရဲ့ အကြောင်းကိုပုံလေးတွေနဲ့ ဖြစ်တတ်တဲ့ error လေးတွေပါထည့်ပြီးပြောပြခဲ့ပါတယ်။
အပိုင်း (၂) မှာတော့ SMD Resistor လေးတွေအကြောင်းလေ့လာကြည့်ရအောင်။


ပုံမှာမြင်နေရတာကတော့ SMD Resistor လေးတွေပါ။သူ့ ရဲ့အရောင်ကတော့အမဲရောင်ဖြစ်ပါတယ်။

  • Code : 330 = 33 Ohm
  • Code : 221 = 220 Ohm
  • Code : 683 = 68000 Ohm or 68 K Ohm
  • Code : 105 = 10,00000 Ohm or 1 M Ohm
  • Code : 8R2 = 8.2 Ohm
  • Code : 1000 = 100 Ohm
  • Code : 4992 = 49900 Ohm or 49.9 K Ohm
  • Code : 16234 = 162000 or 162 K Ohm
Resistor တွေရဲ့သဘောတရားကတော့ DC volt , signal,Current တွေကိုလိုအပ်သလိုထိန်းချုပ်
ပြုပြင်ပေးကြပါတယ်။ Power ပိုင်းမှာရှိတဲ့ resistor လေးတွေဟာ၊ အ၀င် DC ဗို့ အား 5V ကို
Circuit ပတ်လမ်းမှာရှိတဲ့အိုင်စီလေးတွေရဲ့ VCC volt ဖြစ်တဲ့ 3.2 v ကိုလျှော့ချပေးပါတယ်။

ဒီပုံလေးမှာမြင်နေရတာကတော့ power supply ပိုင်းမှာ charging ic နဲ့ အခြား smd components
လေးတွေပါဝင်တဲ့ schematic diagram လေးပါ။
Resistor တွေမှာအဖြစ်များဆုံးကတော့ current တစ်ခုဖြတ်စီးတဲ့ အခါသူတောင့်ခံနှိင်တဲ့ watt ထက်
ပိုများတဲ့ current ဖြစ်နေရင် open အဖြစ်ပြတ်တောက်သွားပါတယ်၊ဥပမာ power ပိုင်းမှာ battery အ၀င်
ငုတ်နဲ့ တန်းဆက်ထားတဲ့ resistor လေးဟာ၊ battery error ကြောင့်သော်လည်းကောင်း၊power ပိုင်းမှ
Over load ဖြစ်တဲ့အခါမျိုးမှာသူ့ ကိုဖြတ်စီးတဲ့ current ampera တက်ပြီးလောင်တတ်ပါတယ်။
နောက်တစ်မျိုးက ဗို့ အားလျှော့ပေးတဲ့အပိုင်းမှာ သတ်မှတ်ထားတဲ့ resistant ထက် high resistant ဖြစ်ပြီး
Circuit အတွက်လိုအပ်တဲ့ဗို့ အားကို by pass မလုပ်ပေးနှိင်တော့ပါဘူး။တစ်ခါတစ်ရံ HUAWEI ဖုန်းတွေ
Power supply ချိတ်ပြီးနိုးလိုက်ရင် power button ကိုဖိထားတုန်း  amp လေးနဲနဲတက်ပြီးပြန်ကျသွားတတ်
ပါတယ်။ အိုင်စီအတွက်လိုအပ်တဲ့ဗို့ ကိုမရတော့တဲ့အတွက်ပါ။နောက်တစ်ခုက CPU ကနေ power ic ကို
Start signal ဖြစ်တဲ့ digital volt လှိုင်းက resistor တွေ high ဖြစ်သွားရင်၊Power button ကိုဖိရင်မနိုးပဲ
 Usb နဲ့ ချိပ်မှနိုးတဲ့ error မျိုးတွေကြုံတွေ့ ရတတ်ပါတယ်။ resistor တွေကိုလဲတဲ့အခါဘက်မှားပြီး
တတ်လု့ ၇ပေမယ့် Capacitor တွေကိုတတ်ရင်တော့ polarized မှန်အောင်ဂရုစိုက်ဖို့ လိုပါတယ်။
အ၀ါရောင်အတုန်းလေးမြင်တိုင်း dis condensor  တွေမဟုတ်ပါဘူး။ဒီလောက်ဆို
Resistor,capacitor လေးတွေရဲ့အလုပ် လုပ်ပုံကိုအကြမ်းဖျဉ်းတော့နားလည်လောက်ပါပြီ။
နောက်ဆက်ပြီးတော့ coil လေးတွေအကြောင်းဆက်ရေးသွားပါ့မယ်၊ pdf လိုချင်တဲ့
ညီငယ်တို့ အတွက်လဲအားလုံးပြီးသွားရင်တင်ပေးလိုက်ပါမယ်။
အားလုံးပဲအဆင်ပြေကြပါစေ။

No comments:

Post a Comment