Thursday 18 September 2014

Phone Hardware အစိတ်အပိုင်းများ(၃)


ဒီနေ့ တော့ ကျွန်တော် diode လေးတွေအကြောင် ပြောပြပါ့မယ်။ ဖုန်းတွေမှာပါဝင်တဲ့ diode အမျိုးအစား
တွေထဲမှာ လူသိအများဆုံး ကတော့ rectifier diode ,zener diode နဲ့  led လို့ အများသိကြတဲ့ 
light emitting diode တို့ ပဲဖြစ်ကြပါတယ်။ 
Back light အုပ်စုမှာ ပါဝင်တဲ့ diode ကို schottky diode လို့ ခေါ်ပါတယ်။ sensor လို့ အများသိကြတဲ့
အရာလေးတွေထဲမှာ photo diode လေးတွေ ပါဝင်ပါတယ်။ RF ပိုင်းတွေမှာ သုံးတဲ့ diode ကြတော့
Tunnel diode လို့ ခေါ်ပါတယ်။ အခြား DAC ပတ်လမ်းတွေမှာ data switch တွေလုပ်ပေးတဲ့ diode 
ကြတော့ switching diode လို့ ခေါ်ပါတယ်။
မည်သည့် diode မဆို မီတာနဲ့ တိုင်းလျှင် တစ်ဖက်တည်းသာ ပြပါတယ်။ အကယ်ရ်ျ နှစ်ဖက်စလုံး ပြနေရင်တော့
ရှော့ဖြစ်နေပါပြီ။
Diode ကို တစ်ပိုင်းလျှပ်ကူးအနေနဲ့  P-Type, N-Type semiconductors လို့ သီအိုရီတွေမှာ ဖော်ပြပါတယ်။
P-Type ဘက်အခြမ်းကို anode လို့ ခေါ်ပြီး N-Type ဘက်ကိုတော့ cathode လို့ ခေါ်ပါတယ်။
diode တွေဟာ လျှပ်စီးကြောင်းကို တဘက်တည်းသာ ဖြတ်စီးခွင့် ပေးပါတယ်။ အပေါင်းဗို့ အားကို anode 
ဖက်ကထဲ့ပြီး cathode ဖက်ကို ဖြတ်စီးခွင့်ပြုပါတယ်။
ac လျှပ်စီးကို diode ထဲဖြတ်စီးပေးလိုက်ရင် တစ်ဖက်က ထွက်လာတဲ့ဗို့ ဟာ dc အဖြစ်အသွင်ပြောင်းပေး
နိင်စွမ်းလဲရှိပါတယ်။ ဒါတွေကတော့ အခုမှလေ့လာတဲ့ ညီလေးတွေ ဗဟုသုတ ရဖို့ ပြောပြပေးရုံ သက်သက်ပါ။
ဖုန်းတွေရဲ့ ပတ်လမ်းမှာ diode လေးတွေ အရွယ်အစား မျိုးစုံတွေ့ ရတတ်ပါတယ်။ ဒီအထဲမှာ zener diode
ကိုခွဲခြားသိထားဖို့ လိုအပ်ပါတယ်။ အကြောင်းကတော့ zener diode လေးတွေဟာ ဗို့ လမ်းကြောင်းရဲ့
အပေါင်းလိုင်းနဲ့  ground ကိုခွပြီး တတ်ထားပါတယ်။ လိုအပ်တဲ့ဗို့ အားတစ်ခုကို တည်ငြိမ်မှုရှိအောင် zener
diode ကို အသုံးပြုကြပါတယ်။ zd တွေမှာ သတ်မှတ်ထားတဲ့ အညွန်းဗို့ အားဆိုတာ ရှိပါတယ်။ ဥပမာ
3.0Vzd ဆိုလျှင်သူ့ရဲ့အညွန်းဗို့ အားဟာ 3v ဖြစ်တဲ့အတွက် အ၀င်ဗို့ ကျော်လွန်နေသော်လည်း
အထွက်ဗို့ ကို 3v မှာတည်ငြိမ်အောင် ထိန်းပေးထားနိင်ပါတယ်။ 3v ထက်ပိုလာသမျှ ဗို့ အားတွေကို
ground ထဲချပေးလိုက်ပါတယ်။ တကယ်လို့ များ ဒီဒိုင်အုပ်လေးမှာ ခံနိင်ရည်ထက် ကျော်လွန်တဲ့ဗို့ 
တစ်ခုဖြတ်စီးခံရမယ် ဆိုရင်ရှော့ဖြစ်သွား ပါတယ်။ အဲဒီလို zd ရှော့ဖြစ်ရင် ပတ်လမ်းရဲ့ အပေါင်းလိုင်းနဲ့ 
ground ကိုပူးပေးလိုက်သလိုဖြစ်သွားတဲ့အတွက် ပါဝါမတက်နိင်တော့ပါဘူး။ zener diode နဲ့ 
ရိုးရိုး diode ကို မီတာနဲ့ ခွဲခြားနိင်ပါတယ်။ zener diode တွေဟာ ဗို့ လမ်းကြောင်းကိုခွထားတဲ့အတွက်
ဒိုင်အုပ်ရဲ့ခြေတောက်နှစ်ဖက်ကိုမီတာ တံတစ်ခုစီဖြင့်အပေါင်းလိုင်းနှင့် အနှတ်လိုင်းတို့ ဖြင့်အပြန်အလှန်တိုင်း
ကြည့်ပါ။ အပေါင်းလိုင်းအနှတ်လိုင်းတို့ နဲ့  ဆက်စပ်နေတဲ့ diode ဟာ zener diode ဖြစ်ပါတယ်။
led လေးတွေဟာလဲ diode အနွယ်ဝင်ပဲဖြစ်ပါတယ်၊ မီတာကိုx1 စကေးမှာ ထားတိုင်းကြည့်လိုက်၇င် မီတာရဲ့
reverse volt ကြောင့် dc3v ထွက်လာပါတယ်။ led လေးတစ်လုံးလင်းနိင်ဖို့  ac /dc 3v လိုအပ်ပါတယ်။
backlight volt တွေ ဖုန်းတစ်လုံးနဲ့တစ်လုံး မတူညီကြတဲ့ အကြောင်းအရင်းက led လေးတွေပါဝင်မှု အနဲအများနဲ့ 
တန်းဆက်(သို့ )ပြိုင်ဆက် ဆက်သွယ်ထားခြင်းအပေါ်မှာ မူတည်နေပါတယ်။ တန်းဆက် ၅လုံ့းဆက်ထားရင်
၃x၅=၁၅ဗို့ အနဲဆုံး ပေးသွင်းနိင်မှ မီးလုံးလေးတွေ လင်းနိင်မှာပါ။ပြိုင်ဆက် ဆိုရင်တော့ ၃ဗို့ ပဲလိုအပ်ပါတယ်။
အချုပ်အားဖြင့်ပြောရရင်တော့diode လေးတွေဟာလဲ ဖုန်းတစ်လုံးမှာ အရေးပါတဲ့ပစ္စည်းလေးတွေမို့ 
အသေခြာသဘောပေါက်အောင် လေ့လာသင့်တယ်လို့ ပြောချင်ပါတယ်။ 
ဒါကတော့ SMD Diode လေးတွေရဲ့ပုံပါ။


ကိုအောင်
‎ref;BEGINNING OF MOBILE HARDWARE AND SOFTWARE

No comments:

Post a Comment