Saturday 20 September 2014

PHONE HARDWARE အပိုင်း(၄)

ဒီနေ့ တော့ကျွန်တော် ကျန်ရှိနေသေးတဲ့ SMD လေးတွေကိုတင်ပေးလိုက်ပါတယ်။
DIODE  ဒိုင်အုပ်လေးတွေရဲ့လုပ်ဆောင်ချက်ကတော့
(1)   Ac ကို Dc အဖြစ်ပြောင်းပေးနိင်ပါတယ်။
(2)   Dc current ကိုဦးတည်ချက်တစ်ဘက်တည်းသာဖြတ်စီးခွင့်ပြုပါတယ်။
ဖုန်းတွေရဲ့ power supply ပိုင်းမှာအများဆုံးအသုံးပြုထားပါတယ်။



Diode ကိုကောင်းမကောင်းသိရအောင်၊ ohm မီတာနဲ့ စစ်ဆေးနိင်ပါတယ်။
Diode ရဲ့ထိပ်နှစ်ဖက်ကို မီတာနဲ့ တိုင်းလိုက်ရင်တစ်ဖက်ပဲပြမှာပါ။အကယ်ရု
နှစ်ဖက်လုံးဘယ်လိုတိုင်းတိုင်းပြနေမယ်၊ဒါမှမဟုတ်လုံးဝအဆက်အသွယ်မပြတော့ရင်
ယင်း diode ပျက်စီးသွားပါပြီ။

ZENER DIODE
Zener diode ကတော့ circuit ပတ်လမ်းမှာတိကျတည်ငြိမ်တဲ့ volt တစ်ခုလိုအပ်တဲ့
အခါမျိုးမှာသုံးကြပါတယ်။ power supply ရဲ့အထွက် coil လေးတွေမှာအကြောင်း
အမျိုးမျိုးကြောင့်ပိုလျှံလာတဲ့ဗို့ အားတွေကိုတသပ်မတ်တည်းဖြစ်အောင်ထိန်းချုပ်ပေး
ပါတယ်။တစ်ခါတစ်ရံသေးငယ်ပြီး watt နဲတဲ့ zener diode လေးတွေဟာ short ဖြစ်ပြီး
Ground နဲ့ တစ်ဆက်တည်းဖြစ်သွားတတ်ပါတယ်။ဥပမာ huawei တွေမှာ
Power supply နဲ့ ချိတ်လိုက်ရင်အမ်ပီယာထောင်တက်သွားပြီး short circuit ဖြစ်နေ
တတ်ပါတယ်။အဲဒီလိုဖြစ်ရင်ပထမဦးဆုံး ဒီ zener diode လေးကိုရှာပြီးတိုင်းကြည့်ဖို့ 
လိုပါတယ်။ power ic PM 8029 သုံးတဲ့စက်တွေမှာ pin no-4 ရဲ့အ၀င်မှာ ground နဲ့ ခွ
ပြီးတတ်ထားလေ့ရှိပါတယ်။ 3.2v zener diode လေးပါ။
ဒီ zener လေးဟာသေးငယ်ပြီးအနက်ရောင်ရှိတဲ့အတွက် resister လေးတွေနဲ့ မှားယွင်း
နိင်ပါတယ်။
LED Light Emitting Diode
LED လေးတွေကတော့ဖုန်းရဲ့ DISPLAY PANEL မှာအများဆုံးသုံးထားပါတယ်။
အရည်အသွေးကောင်းမွန်တဲ့ LCD တွေမှာ LED ရှစ်လုံးကနေဆယ်လုံးထိ series ချိတ်

ဆက်ပြီးထည့်သွင်းထားကြပါတယ်။
 huawei,samsung ဖုန်းတွေမှာ ရေ၀င်တဲ့အခါ
Back light ပျောက်တဲ့ error အဖြစ်များပါတယ်။VCO ထောင်ပြီး LED လေးတွေ
ပြတ်သွားတတ်ပါတယ်။ပုံမှန်အားဖြင့်တော့ပြတ်ခဲပါတယ်၊ Back light ic ရဲ့ control
ငုတ်တစ်စမှာ output voltage ရဲ့အနဲအများကိုထောက်လှမ်းပေးတဲ့ feed back
ပတ်လမ်းပါဝင်ပါတယ်။ CPU နဲ့ ချိတ်ဆက်ပြီး Volt နဲနေရင်လဲ power ကို reset
ပြန်လုပ်ပေးပါတယ်။ LED လေးတွေရဲ့အလင်းထွက်ရှိမှုတသတ်မတ်တည်းဖြစ်စေရန်
Vco  voltage conteolled oscillator ပတ်လမ်းကလုပ်ဆောင်ပေးပါတယ်။
Back light ပျောက်ရင် boot up coil လေးရဲ့ output အစမှာဗို့ တိုင်းကြည့်လို့ ရပါတယ်။

PHOTO DIODE
ဆင်ဆာလို့ အများသိကြတဲ့ပစ္စည်းလေးကတော့ photo diode လေးကိုအခြေခံပြီး
တည်ဆောက်ထားတာပါ။တစ်နည်းအားဖြင့် LDR လို့ လဲခေါ်ပါတယ်။
အလင်းရောင်ရရှိမှုအနဲအများပေါ်မူတည်ပြီး circuit ပတ်လမ်းကိုအလုပ်လုပ်ပေး
ပါတယ်။ဖုန်းတွေမှာ ဖုန်းခေါ်လိုက်ရင် display ပျောက်သွားပြီးတစ်ဖက်ကဖုန်း
မချမချင်းဘာမှလုပ်မရတော့တဲ့ error မျိုးကြုံဖူးမှာပါ။အဲဒါဟာ photo diode လို့ ခေါ်တဲ့
ဆင်ဆာပတ်လမ်းရဲ့ error ကြောင့်ပါ။ HUAWEI Y 300 ဖုန်းတွေရေ၀င်လို့ ပြင်ပြီးသွား
ရင် အဲဒီလို error အများဆုံးတွေ့ ရတတ်ပါတယ်၊ဒီနေရာမှာတစ်ခုသတိထားရမှာက
Poximity sensor ရဲ့အပေါ်မှာအုပ်ထားတဲ့ ရာဗာ အဖုံးလေးရှိပါတယ်။
Circuit ပတ်လမ်းကိုဆေးကျောသန့် ရှင်းရင်း၊အဲဒီအဖုံးလေးပြုတ်သွားတတ်ပါတယ်။
အဲဒီကောင်လေးပြန်တတ်ဖို့ မေ့သွားရင်တော့ အထက်မှာပြောခဲ့တဲ့ error မျိုးဖြစ်
တတ်ပါတယ်။ပြန်ရှာပြီးတတ်ပေးလိုက်ရင်ကောင်းသွားပါတယ်။

TRANSISTOR
SMD transistors လေးတွေကို power ပိုင်းတွေမှာ regulator အ နေနဲ့ သုံးပြီး
Digital signal  တွေကို on/off လုပ်ပေးတဲ့ switch အနေနဲ့ လဲသုံးကြပါတယ်။
နောက်တစ်ခုက amplifire အနေနဲ့  analog signal တွေကိုချဲ့ ထွင်ပေးတဲ့နေ
ရာတွေမှာလဲသုံးကြပါတယ်။ခုနောက်ပိုင်းအဆင့်မြင့်ဖုန်းတွေမှာ transistor တွေကို
အိုင်စီ တွေထဲမှာအများဆုံးထည့်သွင်းပြီးသားဖြစ်ပါတယ်။


IC  Integrated Circuit
IC တွေရဲ့အခန်းကဏ္ဍကတော့ကျယ်ပြန့် လွန်းပါတယ်။အကြမ်းအားဖြင့်ပဲ
ရေးပေးပါရစေ။
Ball Grid Array (BGA) Ic တွေဟာ၊သာမန်ပစ္စည်းလေးတွေဖြုတ်နိင်တတ်နိင်တဲ့
 Skill လောက်နဲ့ တော့အဆင်ပြေမှာမဟုတ်ပါဘူး။




CPU  central processing unit  လို့ ခေါ်တဲ့ဒီအိုင်စီဟာဖုန်းတစ်လုံးမှာမပါ
ရင်မဖြစ်တဲ့အဓိကအိုင်စီပါ။ Transistor ပေါင်းသိန်းသောင်းချီပါဝင်ဖွဲ့ စည်းထားတဲ့
အပိုင်းဖြစ်ပြီး၊ဖုန်းတစ်ခုလုံးရဲ့ data in/out နဲ့ DAC  Digital to analog  လုပ်ငန်းစဉ်
တစ်ခုလုံးကိုထိန်းချုပ်ပေးထားတာပါ။ service သမားတိုင်းကို၊ hardware ပိုင်း error
လိုလို၊ software ပိုင်း error လိုလိုအမြဲပညာပေးလေ့ရှိတဲ့ အိုင်စီပါ။
ပုံမှန်အားဖြင့် cpu တွေဟာ  low voltage သုံးတဲ့ device တွေဖြစ်တဲ့အတွက်ပျက်စီး
ခဲပါတယ်။တစ်ခြားအပိုင်းကိုပြင်ရင်း air gun တွေကနေ ovreheat ဖြစ်ပြီးပျက်စီးတာ
များပါတယ်။ cpu တွေရဲ့ orpration point ကdc3.2 v နဲ့ အလုပ်လုပ်ပါတယ်။

EMMC လို့ အများသိကြတဲ့အိုင်စီကတော့ဖုန်းတစ်လုံးရဲ့ os ပိုင်းတွေရယ်၊
Memory ပိုင်းတွေရယ်၊ media ပိုင်းတွေဖြစ်တဲ့ game,app,vedio, ပိုင်းတွေကို
ထိန်းချုပ်ပေးတဲ့အပိုင်းတွေပါ ပါတယ်။
EMMC ရဲ့စာလုံးအပြည့်စုံကတော့ Embedded Multi Media Controller ပါ။
ဒီအပိုင်းမှာတော့ os တွေကို up grate/ down grate တွေလုပ်ရင်း၊
Os ရဲ့ fault ကြောင့်ဖြစ်စေ၊ flash memory မှာ partation ခွဲနေတုန်းမှာ
ကွန်ပြူတာနဲ့ ချိတ်ဆက်ထားတဲ့ usb ကြိုးပြုတ်သွားတာတို့ ၊ရုတ်တရက်မီး
ပျက်သွားတာတို့ ဖြစ်ခဲ့ ရင်၊ os partation ကို cpu ကမသိနိင်တော့ပါဘူး။
အဲဒီမှာ error မျိုးစုံတက်တော့တာပါပဲ။ Soft brick ဖြစ်တယ်။ dead boot
ဖြစ်တယ်၊စသဖြင့်ပြောကြပါတယ်။ဒီပြသနာကိုဖြေရှင်းဖို့ ၊software သမားက
 Box နဲ့ ပြန်ရေးကြတယ်၊ box တွေ data တွေတော့ရင်းထားရတာပေါ့။
Hardware သမားကလဲ emmc ကိုဖြုတ်လဲကြပါတယ်၊တကယ် skill ကောင်း
တဲ့ service သမားဆိုရင်နာရီဝက်လောက်အချိန်ပေးလိုက်ရင်ရပါပြီ။
ကျွန်တော်တော့မရသေးပါ။
ကျန်တဲ့အိုင်စီတွေလဲရှိပါသေးတယ်၊အထူးသဖြင့် power ic,wifi ic,back light ic
လေးတွေဟာအပျက်များပါတယ်။ဒီအဆင့်တွေရောက်ဖို့ ကတော့ကြိုးစားကြပေါ့ဗျာ။
အခုကျွန်တော်ရေးတင်ထားတဲ့အချက်လေးတွေဟာလဲအခြေံအဆင့်မှာ
မဖြစ်မနေသိထားသင့်တဲ့အချက်လေးတွေပါပဲ။
နာမည်ကြီးသင်တန်းတွေလဲအခုမှစပြီးသင်မယ့်သူဆိုရင်၊ဒီအကြောင်းကလွဲပြီး
ထွေထွေထူးထူးမရှိပါဘူး။လက်တွေ့ ပိုင်းကတော့မိမိတို့ ဘာသာ ဖန်တည်း
ယူကြရမျာလေ။ကျွန်တော်ရေးထားတာဖတ်ပြီးဖုန်းတစ်လုံးကလိလိုက်လို့ 
ပျက်သွားရင်တော့ ၀ိုင်းမဆဲကြပါနဲ့ လို့ ကြိုတင်ပြောပါရစေ။
နောက်အခန်းတွေမှာတော့လက်တွေ့ ဖြုတ်နေတတ်နေတဲ့ညီငယ်တွေအတွက်
Internet ကနေဒေါင်းထားတဲ့ပုံလေးတွေကိုနမူနာကြည့်ပြီးကျွန်တော့ရဲ့
အတွေ့ အကြုံလေးနဲ့ ပေါင်းစပ်ပြီး error ရှာနည်းလေးတွေကိုမျှဝေပေးသွားပါ့မယ်။
အားလုံးပဲအဆင်ပြေကြပါစေဗျာ။

3 comments:

  1. ကျေးဇူးပဲ ဆရာ ဆရာပို့အတွက်ကျေးဇူးအထူးတင်ပါတယ်

    ReplyDelete
  2. ပုံမမြင်​ရဘူး

    ReplyDelete
  3. bdf ဖြစ်​ပြုလုပ်​​ပေးပါလား

    ReplyDelete