Thursday 18 September 2014

phone hardware အစိတ်အပိုင်းများ (၁)


 
ကျွန်တော်တို့ နေ့ စဉ် အသုံးပြုနေတဲ့ ANDROID ဖုန်းတွေမှာ အဓိကအားဖြင့် အပိုင်းနှစ်ပိုင်း ပါဝင်ပါတယ်။
(၁) Hardware 
(၂) Software 
ဆိုပြီးနှစ်ပိုင်း ခွဲထားပါတယ်။နှစ်ပိုင်း ခွဲထားတယ် ဆိုတာကလဲ စတင်လေ.လာတဲ့ သူတွေ လွယ်ကူအောင်
ခွဲခြားပေးထားတာပါ။ တကယ်တန်းက hardware ရော software ပါ ကောင်းမွန်နေမှ ပုံမှန်အလုပ်လုပ်နိင်
မယ်ဆိုတာ သိထားသင့်ပါတယ်။
ပထမဆုံး hardware ပိုင်းမှာပါဝင်တဲ့ components လေးတွေကို အရင်ပြောပြပါ့မယ်။
မိုဘိုင်းဖုန်းတွေမှာ တတ်ဆင်ထားတဲ့ ပစ္စည်းသေးသေး လေးတွေကိုခြုံပြီး SMD လို့  အတိုကောက်
ခေါ်ပါတယ်။ အပြည့်အစုံက SURFACE MOUNT DEVICE ပါ။
တစ်ခုခြင်းစီခွဲခြားပြီးပြောရရင်
(၁) SMD Resistor 
ပုံမှာပြထားတာကတော့ smd resistor လေးတွေပါ။ circuit board ပေါ်မှာ အမဲရောင်နဲ့ အဖြူရောင်
အတုံးသေးလေးတွေ အဖြစ်မြင်တွေ့ ရပါမယ်။ အဖြူရောင်လေးတွေကတော့ fuse အနေနဲ့ အသုံးများပါတယ်။
resistor လေးတွေကို ပတ်လမ်းတစ်လျှောက် စီးဆင်းနေတဲ့ဗို့ လမ်းကြောင်းတွေ၊ အင်တာနာတိုင်ကို
ရိုက်ခပ်ပြီးပုံစံမျိုးစုံနဲ့ ဝင်လာတဲ့ RF signal တွေကို လိုအပ်သလို အလျှော့အတိုး လုပ်ချင်တဲ့နေရာတွေမှာ
သုံးကြပါတယ်။ ဗို့ လမ်းကြောင်းပေါ်မှာ ဆိုရင် battery အပေါင်းဗို့ အ၀င်ငုတ်လေးရဲ့ဘေးမှာ R200 ဆိုတဲ့
resistor လေးတစ်လုံးအထင်အရှားတွေ့ ရပါမယ်။ charging ပတ်လမ်းလေးနဲ့ဆက်သွယ်နေပြီး 
battery ကိုအားသွင်းတဲ့ လျှပ်စီးကြောင်းကို ကန့် သပ်ပေးပါတယ်။ ဒါကြောင့်တစ်ခါတစ်ရံ အားသွင်းတဲ့
ပုံပေါ်ပြီးအားမ၀င်တဲ့အခါ အဲဒီ R200 လေးကို စစ်ကြည့်သင့်ပါတယ်။ အခြား R လေးတွေကတော့ အရွယ်အစား
သေးငယ်ပါတယ်။ သူတို့ မှာလဲ သတ်မှတ်ထားတဲ့ ohm တန်ဖိုးလေးတွေ အသီးသီးရှိကြပါတယ်။
ဒီကောင်လေးတွေကို မီတာနဲ့ တိုင်းမယ်ဆိုရင် အရင်ဆုံး မီတာကို ohm စကေးဖြစ်တဲ့ x1 မှာထားပြီး
R လေးရဲ့ ခြေတောက်နှစ်ဖက်ကို အပြန်လှန်တိုင်းကြည့်ပါ။ တူညီတဲ့ ohm တန်ဖိုးပြနေရင်အဲဒီ R လေး
ကောင်းမွန်ပါတယ်။ တကယ်လို့ လုံးဝမပြရင်တော့ ပျက်စီးနေပါပြီ၊ အထူးသဖြင့် ရေ၀င်တဲ့ဖုန်းတွေမှာ
ဆားပွင့်ပြီး R လေးတွေ ပြတ်နေတတ်ပါတယ်။ 8813 လိုဖုန်းတွေမှာ touch ic ကိုပေးထားတဲ့
Vreg 3vလမ်းကြောင်းမှာ ခံပေးထားတဲ့ R လေးပြတ်နေရင် touch အလုပ်လုပ်နိင်မှာ မဟုတ်တော့ပါဘူး။
အဲဒီလိုပဲ wifi,Bluetooth တို့ ရှိတဲ့ သံပြားအဖုံးလေးထဲ ရေ၀င်သွားရင် Rလေးတွေ ဆားပွင့်ပြီးပြတ်နေတတ်တယ်။
R လေးတွေကတော်ရုံနဲ့ ပျက်ခဲပါတယ်။ ရေ၀င်တာတို့  charging ဗို့ များသွားတာတို့  စသဖြင့်
အကြောင်းအရာတွေရှိမှပဲ ပျက်စီးတတ်တာပါ။ အစားထိုးဖို့ ကတော့ အလားတူ စက်ပြားအဟောင်းလေး
ရှိရင်အကောင်းဆုံးပါပဲ။ စက်ပြားတူမရှိရင်တော့ ပတ်လမ်းနေအထားကို ကြည့်ပြီးခန့် မှန်းထဲ့ကြရပါတယ်၊
ဥပမာ ဗို့ လမ်းကြောင်းမှာ drop လုပ်ပေးတဲ့ R ဆိုရင် 100 ohm,200ohm ၀န်းကျင်ပေါ့
တကယ်လို့  RF ပိုင်းက R တွေဆိုရင် 10k,20k,လိုohm တန်ဖိုးများတဲ့ R တွေ အသုံးများပါတယ်။
အချုပ်အားဖြင့်ပြောရရင် resistor ဆိုတာ ခုခံမှုတစ်ခုကို ပြုလုပ်ပေးတာပါ။ ပတ်လမ်းပေါ်မှာရှိနေတဲ့
resistor တိုင်းဟာ ohm တန်ဖိုး မတူညီကြပေမယ့် အလုပ်လုပ်ဆောင်မှုကတော့ အတူတူပါပဲ။
ခုခံမှုအားတစ်ခုကို ဖန်တည်းပြီးလျှော့ချပေးတဲ့ ပစ္စည်းလေးပဲဖြစ်ပါတယ်။
ဒီနေ့ တော့ ဒီလောက်ပါပဲနောက်နေ့ တွေအချိန်ရရင် ထပ်ပြီးတင်ပေးသွားပါ့မယ်။ ဖုန်းတစ်လုံး အလုပ်လုပ်
ပုံကိုချုံငုံပြီးပြောပြသွားပါမယ်။
အားလုံးကိုခင်မင်လျှက် 
ကိုအောင်
‎BEGINNING OF MOBILE HARDWARE AND SOFTWARE

No comments:

Post a Comment