Thursday 18 September 2014

phone hardwarre ပိုင်းပါဝင်သောအစိတ်အပိုင်းများ(၂)

ဒီနေ့ တော့ ကျွန်တော် Capacitor လေးတွေ အကြောင်း ပြောပြပါ့မယ်။ လျှပ်သိုလို့ ခေါ်တဲ့C လေးတွေဟာ electronic circuit တိုင်းမှာ မပါရင် မပြီးတဲ့ ပစ္စည်းလေးပါ။ အသုံးများသလို အပျက်လဲ များပါတယ်။ ဖုန်းတစ်လုံး
ရှော့ဖြစ်ပြီဆို ၇၀% လောက်က
C တွေရှော့ဖြစ်နေ တတ်တာပါ။ အထူးသဖြင့် battery အ၀င်ငုတ်ဘေးနားက C လေးတွေ pmu ဘေးနား Cလေးတွေ charging ic ဘေးနားက Cလေးတွေ ရှော့ဖြစ်ပြီး ရောက်ရောက်လာတာ နေ့ စဉ်နဲ့အမျှ ဆိုသလိုပါပဲ။
capacitor လေးတွေဟာ ဖုန်းတစ်လုံးမှာ နေရာအနံ့ ပါရှိနေပြီး အဓိကလုပ်ငန်းစဉ် 
သုံးမျိုးခွဲခြားပြီး တာဝန်ယူပေးကြပါတယ်။ အဲဒါတွေကတော့ 
(၁) Filter capacitor 
(၂) Coupling capacitor 
(၃) Bypass capacitor တို့ ပဲဖြစ်ပါတယ်။ 
Filer capacitor တွေကတော့ ပါဝါအိုင်စီကို အ၀င်ဗို့ ပေးသွင်းတဲ့ လမ်းကြောင်းတစ်လျှောက်နဲ့ loading ပိုင်းလို့
ခေါ်တဲ့ အထွက်ပိုင်း လမ်းကြောင်းတွေမှာဗို့ လမ်းကြောင်းရဲ့ အပေါင်းဗို့ နဲ့ အနှတ်ဗို့ (ground)လိုင်းတွေကို 
ခွပြီး တတ်ဆင် ထားပါတယ်။
အဲဒီC လေးတွေက အ၀င်ဗို့ နဲ့ အထွက်ဗို့ တွေမှာ တည်ငြိမ်တဲ့ဗို့ အားတစ်ခုအဖြစ် အားဖြည့်ပေးပါတယ်။
ဖုန်းပတ်လမ်းထဲမှာဆိုရင် အညိုရောင်နဲ့ အ၀ါရောင် အတုံးလေးတွေ အဖြစ်တွေ့ ရပါတယ်။ အပျက်အများဆုံး C
အမျိုးအစားပါ။ ဒီကောင်လေးတွေ ပျက်ရင်များသောအားဖြင့် ရှော့ဖြစ်သွား တတ်ပါတယ်။
ဒါကြောင့်ဗို့ လမ်းကြောင်းကို အပေါင်းနဲ့ အနှတ်ရှော့ တိုက်ပေးသလို ဖြစ်သွားပြီးပါဝါ သေသွားတာပါ။ အဲဒီ C လေးတွေ ကောင်းမကောင်း ပတ်လမ်းပေါ်မှာပဲ မီတာကို အသုံးပြု
ပြီးရှာနိင်ပါတယ်။ မီတာကို x1 စကေးမှာထားပြီး C လေးရဲ့ ငုတ်နှစ်ဖက်ကို တိုင်းကြည့်ပါ။
မီတာတံ အဆုံးထိပြနေရင် အဲဒီကောင်လေး ရှော့ဖြစ်နေပါပြီ။ သေခြာအောင် အပြင်မှာဖြုတ်တိုင်း ကြည့်ပါ။နောက်တစ်နည်းက 5A power supply ကိုသုံးပြီး ရှာရင်ပိုလွယ်ကူ ပါတယ်။ရှော့ဖြစ်နေတဲ့ အလုံးလေးဟာ သိသိသာသာ ပူလာပါတယ်။ 
အဲဒီအချိန်မှာ မီတာနဲ့တိုင်းကြည့်လိုက်ရင် သေခြာပေါက် အဆုံးထိပြနေမှာပါ။ တစ်ချို့  C လေးတွေကို ဖြုတ်ပြီးပြန်မတတ်ရင် ရပေမယ့်တစ်ချို့အလုံးတွေကြတော့ ပြန်တတ်ပေးမှ အဆင်ပြေတာမျိုးလဲ ရှိပါတယ်။
Coupling capacitor ကတော့ပတ်လမ်းမှာပါဝင်တဲ့ section တစ်ခုနဲ့အခြားတစ်ခု ချိတ်ဆက်ပေးတဲ့နေရာတွေမှာသုံးကြပါတယ်။သူကတော့ signal နဲ့  data ပိုင်းလောက်ပဲချိတ်ဆက်ပေးရတဲ့အတွက်အပျက်အစီးနဲပါတယ်။ရေ၀ငိတဲ့ဖုန်းတွေမှာ
display ဖွေးနေတာ၊အသံမလာတာ၊ touch မရတာ စတဲ့ error မျိုးတွေတော့ဖြစ်တတ်ပါတယ်။
Bypass capacitor ကတော့ network ပိုင်းတွေမှာ အများဆုံးသုံးကြပါတယ်။
RF signal တွေထဲမှာရောထွေးနေတဲ့ radio frequency တွေကို လိုအပ် baseband 
ကိုက်ညီလာတဲ့အထိ sawfilter တွေ bypass capacitor တွေနဲ့ အဆင့်ဆင့်ခံပြီး network ပိုင်းအဆင်ပြေပြေလုပ်နိင်ဖို့ အားဖြည့်ပေးပါတယ်။ အဲဒီကောင်လေးတွေကတော့ အပူရယ် high frequency ဖြတ်စီးတာတွေကြောင့် coupling ထက် ပိုပျက်စီးတတ်ပါတယ်။ ရေ၀င်တဲ့ဖုန်းတွေ ဆိုရင်တော့ ဖုန်းခေါ်မရတဲ့ ပြစ်ချက်မျိုးတွေဖြစ်တတ်ပါတယ်။
အချုပ်အားဖြင့်ပြောရရင် capacitor တွေရဲ့သဘောသဘာဝကို နားလည်ထားရင်သူတို့ 
ပျက်စီးတဲ့ အခါဖြစ်လာနိင်တဲ့ error တွေကို အချိန်တိုတိုနဲ့ ရှာတွေ့ နိင်မှာ ဖြစ်ပါတယ်၊ ပုံမှာမြင်တွေ့ နေရတာက
SMD capacitor လေးတွေရဲ့ ပုံလေးပါ။
အားလုံးပဲ အဆင်ပြေကြပါစေ။
ကိုအောင်
BEGINNING OF MOBILE HARDWARE AND SOFTWARE

No comments:

Post a Comment