Monday 20 October 2014

လမ်းကူးသူ အမျိုးသား(၃)ဦး ယာဉ်တိုက်ခံရသဖြင့် (၁)ဦးသေ၊ (၂)ဦးဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၂၀

၁၉.၁၀.၂၀၁၄ရက်နေ့ ၀၀၃၀အချိန် သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန် လမ်းအတိုင်း ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်နေ ကိုအောင်ကျော်မိုး (၃၁)နှစ် မောင်းနှင်လာသော 4F--- Lite Ace အဖြူရောင် ယာဉ်သည် ကုလားစုမှတ်တိုင် အနီးအရောက် လမ်းဖြတ်ကူးသူများ ဖြစ်ကြသည့် အသက် (၃၀)နှစ်ခန့် အမည်
မသိအမျိုးသား(၁)ဦး၊ အသက် (၂၅)နှစ်ခန့်ရှိ အမည်မသိအမျိုးသား (၁)ဦးနှင့် ရန်ကင်းမြို့နယ် နေ မောင်ဟိန်းအောင်ထွဋ် (၂၀)နှစ်တို့ (၃)ဦးအား ဝင်ရောက် တိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် အမည်မသိ အသက်(၃၀)နှစ်ခန့်ရှိ အမျိုးသားမှာ နှာခေါင်းနှင့် ဝဲနားတို့တွင် သွေးထွက်ဒဏ်ရာများ ရရှိခဲ့သဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ပြီး အသက် (၂၅)နှစ်ခန့်ရှိ အမည်မသိ အမျိုးသားတွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာနှင့် မောင်ဟိန်းအောင်ထွဋ်တွင် ရင်ဘတ်နာကျင်ဒဏ်ရာများ ရရှိခဲ့သဖြင့် သင်္ဃန်းကျွန်း စံပြဆေးရုံကြီး၌ အတွင်းလူနာ(စိုးရိမ်ရ)များ အဖြစ် တင်ပို့ကုသခဲ့ရပါသည်။

ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ကိုအောင်ကျော်မိုးအား သင်္ဃန်းကျွန်းမြို့မ ရဲစခန်းယာဉ် (ပ)၃၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

No comments:

Post a Comment