Monday 20 October 2014

ရထားသံလမ်းပေါ်တွင် အိပ်ပျော်နေသော အမျိုးသား ရထားကြိတ်ခံရ၍ သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၀

၁၉.၁၀.၂၀၁၄ရက်နေ့ ၂၁၄၀အချိန်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်)မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၁၆)ရပ်ကွက်၊ တိုးကြောင် ကလေး ဘူတာအနီး မိုင်တိုင်အမှတ် (၇/၁၂)နှင့် (၇/၁၃)ကြားတွင် အမျိုးသား တစ်ဦး ရထားကြိတ်ခံရသဖြင့် သေဆုံးနေကြောင်း သတင်းအရ သွားရောက်စစ်
ဆေးခဲ့ပါသည်။

ဖြစ်စဉ်မှာ ရန်ကုန်မှ မော်လမြိုင်သို့ ထွက်ခွာလာသော အမှတ်(၃၅) ရန်ကုန်- မော်လမြိုင်အဆန်အထူး ရထားသည် အဆိုပါ နေရာအရောက် ရထားသံလမ်းပေါ်တွင် အိပ်ပျော်နေသော အသက်(၄၅)နှစ်ခန့်ရှိ အမည်မသိ အမျိုးသားအား ကြိတ်မိခဲ့သဖြင့် ယာလက်မောင်းရင်း ကြွေမွဒဏ်ရာ၊ ဝဲ/ယာနံစောင်း ဖူးရောင်
ပေါက်ပြဲဒဏ်ရာ၊ ဝဲပေါင်ရိုးကျိုး ဒဏ်ရာများ ရရှိကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့် ပတ်သက်၍ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၂၉/၂၀၁၄) ဖြင့် ရေးဖွင့်ကာ စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သတင်း ရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice


No comments:

Post a Comment