Friday 24 October 2014

အသက် ၈၀ ကျော် အဘွားအို တစ်ယောက် ကိုသားသမီးတွေ ကလာ စွန့် ပစ်သွား


ယမန်နေ့ ည နေ ၆နာရီလောက်က ၈မိုင်
စမ်းချောင်းကျောင်းတိုက်လမ်း ထိပ် မှာ
အသက် ၈၀ ကျော် အဘွားအို တစ်ယောက်
 ကိုသားသမီးတွေ ကလာစွန့် ပစ်သွားပါတယ်။



အဘွားအို မှာ ရခိုင်ပြည် မာန်အောင် ကျွန်း က နေ လာခဲ့တာဖြစ်ပြီး၁၉ ရက်နေ့ က ရန်ကုန် ကို ရောက်တယ် လို့ သိရပါတယ်ရန်ကုန်မှာ သူ့  သမီးရှိလို့ ရောက် လာတာဖြစ်ပြီး ၁၉ ရက် နေ့ ညက သူ့  သမီးအိမ်မှာ အိပ်တယ် လို့ ပြောပါတယ်။

မနက် ရောက် တော့ သူ့ ကို ၈ မိုင် စမ်းချောင်းကျောင်းတိုက်လမ်းထိပ်မှာ ထားပြီး
ဒီမှာ ပဲစောင့်နေပါ လာခေါ်မယ် ဆိုပြီး ည နေ ၆နာရီ ထိမလာပါဘူး
မိုးကလည်းရွာ တော့ အဲ့ဒီအတိုင်းပဲ ထိုင် စောင့် နေပါတယ် ။

 ခြင်တွေ ကလဲကိုက်ပါတယ် မျက်စိ ကလဲမ ကောင်းရှာ ပါဘူး သူလည်းပိုက်ဆံမ တောင်းပဲ
လမ်းသွားလမ်းလာတွေ က သနားလို့  ပိုက်ဆံလေးတွေ လှုသွားကြပါတယ် ဘေးမှာလဲ ထမင်းဘူး ရေဘူးနဲ့ လမ်းဘေးမှာ ဒူးလေးထောင် ပြီးထိုင် နေ တာ သနားစရာပါ မျက် ရည် တွေ လဲကျ နေပါတယ်။

အခုအဘွား ကို ၇မိုင် သာလာဝတီလမ်း ထဲ က ၇ ရပ်ကွက် အုပ်ချုပ်ရေးမှုး
ရုံး က ခဏ ထိမ်းသိမ်း စောင့် ရှောက် ဖို့ ခေါ်သွားပါ တယ်
အဘွားက အိမ်ကိုလဲမမှတ်မိ သူ့ နာမည် တောင် မေ့ နေ တယ်လို့ ပြောပါတယ်
သူငယ်ပြန် နေ သလို တောင် ဖြစ်နေပါတယ်။

သားသမီးက မ စောင့်ရှောက် ချင် လို့ ပစ်သွားတဲ့ အဘိုးအဘွားတွေ အများကြီး
ရှိမှာ ပါ ဒါကြောင့် လမ်းမှာ ကြုံ ရင် ရှောင် လွဲမသွားပဲ အတက် နိုင် ဆုံး
ကူညီပေးကြပါ ပြီးတော့ သက် ဆိုင် ရာထိန်းသိမ်းစောင့် ရှောက် နိုင် မယ့် 
အဖွဲ့  ကို ဆက်သွယ် ပေးကြပါ အဖွဲ့ မသိရင် တောင်
ရပ်ကွက် ရုံးဖြစ်ဖြစ် ရဲစခန်းဖြစ်ဖြစ်ပေါ့



Thiri Thawtar ၏ အင်တာနက်စာမျက်နှာမှ ကူးယူဖော်ပြပါသည်။



No comments:

Post a Comment