Tuesday 21 October 2014

ရည်းစားကို သတ်မှုဖြင့် မသန်စွမ်းပြေးခုန်ပစ်ကစားသမားကို ထောင်ဒဏ် ၅ နှစ်ချ


တောင်အာဖရိကနိုင်ငံမှာ ၂၀၁၃ ခုနှစ်က
 ရည်းစားဖြစ်သူ ရီးဗာ့ စတီးကမ့် (Reeva
 Steenkamp) ကို သတ်မှုနဲ့ တရားစွဲဆိုခံ
 ထားရတဲ့ မသန်စွမ်း ပြေးခုန်ပစ် ကစားသမား

အော်စကာ ပစ်တိုးရီးယပ်ကို ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်ပါတယ်။

ဒါ့အပြင် လက်နက် ကိုင်ဆောင်မှုနဲ့ ၃ နှစ်ဆိုင်းငံ့ပြစ်ဒဏ်ကိုလည်း ချမှတ်လိုက်ပါတယ်။ လူသတ်မှုအတွက် တာဝန်ရှိတယ်လို့ တရားသူကြီးက ဆိုပါတယ်။

ပစ်တိုးရီးယပ်ကတော့ ရည်းစားကို ပစ်သတ်ခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး ငြင်းခုံခဲ့ခြင်း မရှိသလို ကျူးကျော်ဝင်ရောက်လာတဲ့သူလို့ ထင်မှတ်ပြီး လုပ်ဆောင်ခဲ့တာလို့ ပြောဆိုခဲ့ပါတယ်။

ဒီအတွက် သူကို အကျဉ်းထောင်ကို ခေါ်ဆောင်သွားပြီ ဖြစ်ပါတယ်။ တရားလိုတွေကတော့ အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်ချမှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

DVB (မြန်မာပိုင်း)

No comments:

Post a Comment