Friday 24 October 2014

မွတ်စလင် ၁၀ ဦး သတ်ဖြတ်မှု တောင်ကုတ်ဒေသခံ ၇ ဦးကို ထောင်ဒဏ်တွေ ချမှတ်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာ အစ္စလာမ်ဘာသာဝင် ၁ဝ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရ တဲ့ တောင်ကုတ်မြို့ ကန်ပိုင်ရပ်ကွက်က ဒေသခံ ၇ ဦးကို အပြင်းအထန်နာကျင်စေမှုနဲ့ သံတွဲခရိုင်တရားရုံးက ဒီကနေ့ ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်ပါတယ်။

အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဒေါ်နွဲ့နွဲ့ငြိမ်းက ပြည်နယ်တရားလွှတ်တော်ထံ အယူခံတင်သွားမယ် လို့ ပြောပါတယ်။

"ပြစ်မှုဆိုင်ရာပုဒ်မ ၃၂၅ အရ ထောင် ၁၀ နှစ်ချတဲ့ကိစ္စမှာ ကျမတို့ အယူခံဝင်ဖို့အတွက်ကို အဆင်အသင့်ပြင်ဆင်နေပါပြီရှင့်၊ ကျမတို့ တနလာင်္နေ့ကျရင် တရားလွှတ်တော်ကို အယူခံတက်မယ်"

ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် ဇွန်လ ၃ ရက်နေ့က ရန်ကုန်ကနေ ထွက်လာတဲ့ ရိုးမသစ္စာခရီးသည်တင်ကားမှာ လိုက်ပါခဲ့တဲ့ အစ္စလာမ် ဘာသာဝင် ၁ဝ ဦး ဟာ ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

အမှုမှာ ပါဝင်ခဲ့သူလို့ ယူဆရတဲ့ တောင်ကုတ်မြို့ ဒေသခံ ၇ ဦးကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ၁၇ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး လူသတ်မှု ပုဒ်မ ၃ဝ၂၊ လူသတ်ရန် လူစုလူဝေးနဲ့ ကြိုတင်ကြံစည်မှု ပုဒ်မ ၃၄ တို့နဲ့ တရားစွဲခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် စွဲချက်တင်တဲ့အခါ အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၅ နဲ့ တင်ခဲ့တာဖြစ်ပြီး ဒီကနေ့ အမိန့်ချမှတ်ခဲ့တာပါ။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

No comments:

Post a Comment