Thursday, 30 October 2014

မန္တလေးတိုင်း နယ်/လုံဝန်ကြီး၏မိခင် ကျပ်သိန်းသုံးဆယ်ကျော်ဖိုးရှိ စိန်ရွှေရတနာများ ခိုးယူခံရ


မန္တလေးတိုင်းဒေသကြီး နယ်စပ်ရေးရာ လုံခြုံရေး
ဝန်ကြီး၏ မိခင်ဖြစ်သူသည် အောက်တိုဘာလ
 ၂၇ ရက်နေ့ ညက ကျပ်သိန်းသုံးဆယ်ကျော်
 တန်ဖိုးရှိ စိန်၊ ရွှေရတနာနှင့် ငွေကြေးအချို့ပါ
သည့် လက်ကိုင်အိတ် ခိုးယူခံရကြောင်း မိတ္ထီ
လာခရိုင် ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။



မိတ္ထီလာမြို့တွင်း ဆုတောင်းပြည့် ဘုရားလမ်း ဆိုင်းတန်းရပ်ကွက်တွင် နေထိုင်သည့် အသက် ၈၀ ခန့် အရွယ်ရှိ ဒေါ်သန်းမြင့်သည် ပြည်သာယာ (တောင်) ရပ်ကွက် (၅) လမ်းရှိ ညီမဖြစ်သူ ဒေါ်သန်းတင့်၏ နေအိမ်သို့ ခေတ္တ လာရောက်လည်ပတ် နေထိုင်စဉ် ခိုးယူခံရခြင်း ဖြစ်ကြောင်း၊ အဆိုပါ လက်ကိုင်အိတ်အတွင်း ပတ္တမြားဆွဲသီးပါ ဆွဲကြိုးတစ်ကုံး၊ ပတ္တမြား လက်စွပ်တစ်ကွင်း၊ ပတ္တမြားနှင့် စိန်ပါ နားကပ်တစ်ရန်၊ ပတ္တမြားဆွဲပြား တစ်ခု၊ ပတ္တမြား အလွတ်အလုံးသေး ၃၀ နှင့် ငွေသား ကျပ်ခြောက်သိန်းကျော်တို့ ပါဝင်ကြောင်း မိတ္ထီလာမြို့နယ် အမှတ် (၃) နယ်မြေရဲစခန်းထံမှ သိရသည်။

ယင်းခိုးယူခံရမှုနှင့် ပတ်သက်၍ အောက်တိုဘာလ ၂၈ ရက်နေ့တွင် နယ်မြေခံ အမှတ် (၃) ရဲစခန်းသို့ အမှုဖွင့် တိုင်ကြာခဲ့သောကြောင့် (ပ) ၁၂၄/၂၀၁၄၊ ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲစခန်း တာဝန်ကျ ရဲအရာရှိက ပြောကြားသည်။

အမှုဖွင့်တိုင်ကြားသူ ဒေါ်သန်းမြင့်မှာ မန္တလေးတိုင်းဒေသကြီး နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုး၏ မိခင်ဖြစ်ကြောင်း မိတ္ထီလာမြို့နယ် ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment