Friday 24 October 2014

အိမ်ဖော်အလုပ်ရရှိမည်ဟုဆိုကာ အမျိုးသမီးငယ်တစ်ဦးအား သွေးဆောင်စည်းရုံး၍ ပြည့်တန်ဆာလုပ်ငန်းများ တွင် ခိုင်းစေခဲ့သူကို အမှုဖွင့်အရေးယူ


စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ နန္ဒ၀န်ရပ်
ကွက်၊ နယ်မြေအမှတ်(၆)နေ အသက်(၁၆)နှစ်
အရွယ် အမျိုး သမီးတစ်ဦးကို အိမ်ဖော်အလုပ်
ရရှိမည်ဟုဆိုကာ သွေးဆောင်စည်းရုံးခဲ့ပြီးနောက်
 အိမ်ဖော်အလုပ်များ စေခိုင်း ခြင်းမရှိဘဲ ပြည့်တန်ဆာလုပ်ငန်းများကိုစေခိုင်းခဲ့သည့်


အတွက် စေခိုင်းသူ အမျိုးသမီးနှစ်ဦးကို မုံရွာနယ်မြေရဲစ ခန်းက လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်များအရ အောက်တိုဘာ ၂၃ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် က အမှုဖွင့်အရေးယူလိုက်သည်။

ရဲစခန်း၏ အမှုတိုင်တန်းချက်ပါ ဖြစ်စဉ်များတွင် အောက်တိုဘာ ၁၉ ရက်နေ့ညနေ ၆ နာရီခွဲအချိန့်က မ… အသက်(၁၆)နှစ်သည် သူမတို့မိသားစုနှင့် အိမ်နီးနားချင်းဖြစ်သော ဒေါ်အေးမြ ဆိုသူ၏ နေအိမ်သို့ အလည်အ ပတ်သွားရောက်၍ တီဗီကြည့်ခဲ့သည်။

ထိုသို့ တီဗီကြည့်နေစဉ် အိမ်ရှင်ဒေါ်အေးမြ ဆိုသူမှ သူမအား ဟုမ္မလင်းမြို့နယ်၊ နမ့်တောကျေးရွာတွင် အိမ်ဖော် လုပ်ငန်းများ လုပ်ကိုင်မည်ဆိုပါက လုပ်ခလစာ တစ်လလျင် ခြောက်သောင်းကျပ်ရရှိမည်ဖြစ်ကြောင်း ပြောဆို စည်းရုံးခဲ့သည်။

ထို့ကြောင့် သူမက နေအိမ်သို့ပြန်သွားခဲ့ပြီး သူမ၏ မိခင်ဖြစ်သူထံ ပြောဆိုတိုင်ပင်ခဲ့သည်။ အိမ် ဖော်လုပ်ငန်းဖြစ်သည့်အတွက် သူမ၏ မိခင်မှ လုပ်ကိုင်ရန်သဘောတူခဲ့သည်။
ထို့နောက် သူမတို့သားအမိနှစ်ယောက်သည် အိမ်နီးနားချင်းဖြစ်သော ဒေါ်အေးမြ၏ နေအိမ်သို့သွားရောက်၍ လုပ်ငန်းသဘောသဘာဝများကိုမေးမြန်းခဲ့ကြသည်။ ထိုအချိန်တွင် အိမ်ရှင်ဖြစ်သူ ဒေါ်အေးမြမှ သူမတို့သားအမိ နှစ်ယောက်နှင့်အတူ မုံရွာမြို့ စစ်မှုဇုန်ရပ်ကွက် သမစိတ္တလမ်းရှိ ကောင်းကင်မိုး လက်ဘက်ရည်ဆိုင်သို့ ခေါ် ဆောင်သွားခဲ့သည်။


အဆိုပါ လက်ဘက်ရည်ဆိုင်သို့ သူမတို့ရောက်ရှိလာသည့်အခါ ဒေါ်အေးမြမှ ဆက်သွယ်ချိန်းဆိုထားသည့် မစံ ပယ်ဆိုသည့် အမျိုးသမီးတစ်ဦးနှင့်တွေ့ဆုံခဲ့ကြသည်။ မစံပယ်မှ အိမ်ဖော်လုပ်ငန်းရရှိမည်ဟု ပြောဆိုကာ ကြို ငွေလုပ်ခလစာ တလစာအတွက် ငွေကျပ်ခြောက်သောင်း ထုတ်ပေးခဲ့သည်။

 ထို့နောက် ဒေါ်အေးမြနှင့် မစံပယ် တို့သည် သူမအား ညတွင်းချင်ခေါ်ဆောင်ကာ ဟုမ္မလင်းမြို့နယ်၊ နမ့်တောကျေးရွာသို့သွားရောက်ချင်းမဟုတ် ဘဲ သပိတ်ကျင်းမြို့နယ်၊ ကျည်တောက်ပေါက် ကျေးရွာဘက်သို့ ဆိုင်ကယ်ဖြင့် ခေါ်ဆောင်သွားခဲ့သည်။

၎င်းကျည်တောက်ပေါက်ကျေးရွာသို့ ရောက်ရှိသည့်အခါ ဒေါ်အေးမြထံ မစံပယ်မှ ငွေကျပ်တစ်သိန်းထုတ်ပေး ကာ မုံရွာသို့ပြန်လွှတ်ခဲ့သည်။ အဆိုပါ မစံပယ်၏နေအိမ်တွင် အမျိုးသမီးငယ်(၁၄)ဦးရှိနေပြီး ပြည့်တန်ဆာလုပ် ငန်းများကို လုပ်ကိုင်နေခြင်းဖြစ်သည်။

အိမ်ဖော်လုပ်ငန်းများရရှိမည်ဟုဆိုကာ ခေါ်ဆောင်လာသည့် သူမကို လည်း ပြည့်တန်ဆာလုပ်ငန်းများအတွက် အတင်းအကြပ်စေခိုင်းခြင်းခံခဲ့ရသည်။ ထို့ကြောင့် သူမမှာ နှစ်ရက်အ တွင်း အမျိုးသား(၇)ဦးဖြင့် ပြည့်တန်ဆာလုပ်ငန်းအတွက် အခန်းဝင်ခဲ့ရသည်။


အဆိုပါ မစံပယ်၏ ပြည့်တန်ဆာလုပ်ငန်းများအား ရဲတပ်ဖွဲ့မှစောင့်ကြပ်ဖမ်းဆီးမှုများရရှိသဖြင့် အောက်တိုဘာ (၂၃) ရက်နေ့က မစံပယ်မှ သူမ၏သားဖြစ်သူ မောင်ရဲလင်းကို ဆိုသူ၏ ဆိုင်ကယ်ဖြင့် သူမအား မုံရွာမြို့သို့ ပြန် လည်ပို့ဆောင်ပေးခဲ့သည်။ ထိုသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ရာတွင် ထိုနေ့မနက်(၇)နာရီအချိန်က မုံရွာမြို့၊ ထန်း တောရပ်ကွက်၊(၁၀)ပေချောင်၊ ကန်ပတ်လမ်းအနီးတွင် ပို့ဆောင်ချထားခဲ့သဖြင့် သူမမှ ၎င်းအနီးရှိ နယ်မြေမှူး ဦးကျော်မြင့်ထွန်း၊ ရာအိမ်မှူး ဦးအေးတို့ထံ အကူအညီတောင်းခံခဲ့ရသည်။ ထို့ကြောင့် နယ်မြေမှူးနှင့်အဖွဲ့မှ သူမ အား နေအိမ်သို့ လိုက်လံပို့ဆောင်၍ ကူညီပေးခဲ့သည်။


ထို့နောက် သူမသည် နေအိမ်သို့ရောက်ရှိသည့်အခါ မိခင်ဖြစ်သူအား အကြောင်းစုံဖွင့်ဟပြောဆိုပြီးနောက် မုံရွာ နယ်မြေရဲစခန်းသို့ သွားရောက်တိုင်တန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုင်တန်းချက်ကို ရဲစခန်းက(ပ) ၃၆၁/ ၂၀၁၄ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ အမှုလက်ခံခဲ့ပြီး အမှုစစ်တာဝန်များကို ဒုရဲအုပ် ဇော် ဇော်မှ လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။



သတင်း၊ ကိုတိုးကြီး
မုံရွာ၊ အောက်တိုဘာ ၂၄

No comments:

Post a Comment