Wednesday, 8 October 2014

ရေနံတင် သင်္ဘာ ပျောက်မှု ဓားပြ လက်ချက် ဖြစ်နိုင်

တောင်တရုတ် ပင်လယ်ပြင်မှာ ပြီးခဲ့တဲ့ တပတ်က ပျောက်သွားတဲ့ ဗီယက်နမ် ရေနံတင် သင်္ဘာဟာ ပင်လယ် ဓားပြတွေရဲ့ ဖမ်းဆီးမှုကို ခံရတာ ဖြစ်နိုင်ကြောင်း ဗီယက်နမ် အရာရှိတွေက ပြောပါတယ်။

သင်္ဘာ ပျောက်ဆုံး နေတာဟာ ရာသီဥတုကြောင့် ဒါမှမဟုတ် စက် ချို့ယွင်းမှုကြောင့် ဆိုတဲ့ ဖြစ်နိုင်ခြေ တွေကိုလည်း အရာရှိတွေက ပယ်ချပါတယ်။

ဗီယက်နမ် နိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ Sunrise 689 ဆိုတဲ့ သင်္ဘာဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဓာတ်ဆီ တန်ချိန် ၅ ထောင်ကျော် တင်ဆောင်ပြီး စင်ကာပူ နိုင်ငံကနေ ထွက်ခွာ လာတာ ဖြစ်ပါတယ်။

အဲဒီနောက် မိနစ် ၄၀ လောက် အကြာမှာ သင်္ဘာနဲ့ အဆက် အသွယ် ပြတ်သွား ခဲ့တယ်လို့ ဆိုပါတယ်။

အရှေ့တောင် အာရှမှာ ရေနံတင် သင်္ဘာတွေနဲ့ ကုန်တင် သင်္ဘာတွေကို ပစ်မှတ်ထားတဲ့ ပင်လယ် ဓားပြတွေ ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ သိသိ သာသာ များပြား လာခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/10/141008_vietnam_oil_tanker

စင်ကာပူ ဆိပ်ကမ်းမှာ ဆိုက်ထားတဲ့ ရေနံတင် သင်္ဘာ တစီး

No comments:

Post a Comment