
Cathy Schmitz နဲ့ အသက်(၈၁) နှစ်ရှိ
သြစတြေးလျ ဘီလျံနာသူဌေးကြီး Richard
Lugner တို့ဟာ လက်ထပ်မင်္ဂလာဆောင်
လိုက်ကြပါတယ်။ (၅၇) နှစ်ဆိုတဲ့ အသက်အရွယ်
ကွာဟမှုက သူတို့အချစ်ကို ရပ်တန့်စေနိုင်စွမ်း မရှိခဲ့ပါဘူး။
ဒီစုံတွဲဟာ Schonbrunn နန်းတော်ထဲမှာ လက်ထပ်ခဲ့ကြတာဖြစ်ပြီး သူတို့ရဲ့ ဒဏ္ဏာရီဆန်တဲ့ ဒီမင်္ဂလာပွဲမှာ Lipizzan မြင်း (၄) ကောင်နဲ့အတူ မြင်းတစ်ကောင်စွဲ မြင်းရထားတွဲတစ်စီး ပါဝင်ပြီး ခိုနှစ်ကောင်ကိုလည်း မိုးပေါ်ကို လွတ်ပေးလိုက်ကြပါတယ်။ Cathy ဟာ သမီးလေးတစ်ယောက်ရှိသူဖြစ်ပါတယ်။ သြစတြေးလျ ဘီလျံနာသူဌေးကြီး RichardLugner Richard မှာတော့ Viennese အသိုင်းအ၀ိုင်းရဲ့ ဂုဏ်ဆောင်ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။
နှစ်ယောက်အတူ ချိန်းဆိုတွေ့ဆုံဖို့ Kim Kardashian ကို ဒေါ်လာ ၅၀၀,၀၀၀ ပေးပြီးတဲ့နောက် သူမကို အနှောက်အယှက်ဖြစ်တယ်လို့ ပြောဆိုလိုက်တဲ့အချိန် လွန်ခဲ့တဲ့ ဖေဖဝါရီလတုန်းကလည်း ဒီအကြောင်းဟာ သတင်းခေါင်းကြီး တစ်ခုဖြစ်သွားခဲ့ပါသေးတယ်။ သူ့ရဲ့ ချိန်းဆိုတွေ့ဆုံမှုတွေမှာ Pamela Anderson၊ Paris Hilton၊ Nicollete Sheridan နဲ့ Carmen Electra တို့ပါဝင်ခဲ့ကြပါတယ်။ ခုတစ်ကြိမ် မင်္ဂဆောင်ခြင်းဟာလည်း Richard ရဲ့ ပဉ္စမမြောက် အကြိမ်ဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်မယ်လို့ မျော်လင့်ရတယ်လို့ သူက သတင်းသမားကို ပြောဆိုသွားခဲ့ပါတယ်။
နှစ်ယောက်အတူ ချစ်ကြိုက်ဖို့ ကြိုတင်ရည်ရွယ်ခဲ့ခြင်း မရှိပါဘူး။ သူ့ဖာသာဖြစ်လာတဲ့ အချစ်ပါ။ အချစ်မှာ အသက်အရွယ် ဆိုတာတွေ မရှိပါဘူးလို့ လည်းသတို့သမီးက ပြောဆိုသွားပါတယ်။
Source: vibenigeria
Trend Myanmar
No comments:
Post a Comment