
ကွင်းဘုန်ကြီးကျောင်းအနားတွင်ရှိသော
ယခင်ခေါက်ကွင်းနေရာကို ခင်စန္ဒာဝင်းခေါ်
( ဘင်္ဂလီ)မူဆလင်အမျိုးသမီးတစ်ဦးအားသက်
ဆိုင်ရာအစိုးရမှဟိုတယ်ဆောက်လုပ်ခွင့်
အားချပေးလိုက်ကြောင်းနယ်ပြည်တော်မှခိုင်လုံသောသတင်းပို့  ပေးချက်အရ သတင်းရရှိသည်။
ယမန်နေ့ ၁၆. ၁၀.၂၀၁၄ နေပြည်တော်တွင်လေလံဆွဲပုံစံဟန်ပြပုံစံတစ်ခုအားသက်ဆိုင်ရာ
အစိုးရမှတစ်ဖတ်သက်ပြုလုပ်ခဲ့ပြီးသံတွဲမြို့  ငပလီပင်လယ် ကမ်းခြေတွင် ၀ါးတောင်ကွင်း
ဘုန်ကြီးကျောင်းအနားတွင်ရှိသော ယခင်ခေါက်ကွင်းနေရာကိုဘင်္ဂလီ မူဆလင် အမျိုးသမီး
တစ်ဦးအား သက်ဆိုင်ရာ အစိုးရမှ ဟိုတယ်ဆောက်လုပ်ခွင့်ပေးခဲ့လိုက်ခြင်းဖြစ်သည်ဟု’’
လေလံတင်ပွဲသို့  သွားရောက်ခဲ့သူ တစ်ဦးမှပြောသည်။
’’ ဒီနေ့ နေပြည်တော်မှာ လေလံတင်ပွဲတစ်ခုလုပ်တယ်။သံတွဲမှာရှိတဲ့ဟိုတယ်ဆောက်
လုပ်ခွင့်မြေကတော့ (၁၃၇) ဧကရှိတဲ့ မြေကွက်ပါပဲ။ အများပိုင်လေလံတင် တယ်ပေါ့ဗျာ။
ဒါပေမယ့်သက်ဆိုင်ရာအစိုးရကသူကိုမှသီးသန့် ရွေးချယ်ပြီးတော့ ပေးတာခဲ့တယ်ဟု’’
လေလံတင်ပွဲသို့  သွားရောက်ခဲ့သူ တစ်ဦးမှပြောသည်။
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့၊ မြပြင်ရပ်ကွက် ငပလီ ပင်လယ်ကမ်းခြေရှိ စားသောက်ဆိုင် ၂၈ ဆိုင်ကို ကမ်းခြေတွင် ဈေးမရောင်းရန် ဟိုတယ်လုပ်ငန်းရှင်များက ဒေသအာဏာပိုင်များနှင့် ပူးပေါင်း၍ တားမြစ်နေကြောင်း ၁၁. ၁၀ ၂၀၁၄ နေ့  နိရဉ္စရာသတင်းဌာနတွင်ဖော်ပြခဲ့သည်။
ယခုကဲ့သို့ ဘင်္ဂလီအမျိုးသမီးတစ်ဦးဖြစ်သူခင်စန္ဒာဝင်းအားသံတွဲမြို့ငပလီကမ်းခြေ
တွင်ဟိုတယ်ဆောက် လုပ်ခြင်းပေးလိုက်ခြင်းအပေါ် သံတွဲမြို့  ဒေသခံများမှ
မကျေမနပ်ဖြစ်ကြောင်းသိရသည်။
’’ဒါကတော့ဗျာ အစိုးရကရခိုင်ပြည်သူအပေါ်မှာ ပွင့်လင်းမြင်သာမူမရှိဘဲ အခုလို
တစ်ဖတ်သက်ရွေးချယ်ပြီးဟိုတယ်ဆောက်လုပ်ခွင့်ပေးလိုက် တာဟာအကုန်လုံ
ကိုစော်ကားလိုက်တာပဲ။ ကျွန်တော်တို့  ရခိုင်စီးပွားရေးပညာရှင် သူဌေးတွေကို ဘာလို့ 
ဆောက်လုပ်ခွင့် မပေးတာလဲ။ ဒါကမရိုးသား ဘူး။ဒါကအစိုးရမှာအကြံအစည်းတစ်ခုခုရှိ
ရှိကိုရှိရမယ်။ ဒီလို ဘင်္ဂလီအမျိုးတစ်ဦးကိုသီးသန့်  ကို ဟိုတယ်ဆောက်လုပ်ခွင့်ပေးတာကို
လုံးဝကန့်  ကွက်တယ်ဟု’’ သံတွဲမြို့စီးပွားရေးလုပ်ငန်းရှင်တစ်ဦးမှပြောသည်။
အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်လူထုအကြား မကျေမနပ်ဖြစ်နေကြကြောင်းနဲ့  လူထုအားနဲ့  ထိထိရောက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယခုကဲ့သို့  ဘင်္ဂလီ မူဆလင်အမျိုးတစ်ဦး
အားမြေနေရာကို ဟိုတယ်ဆောက်လုပ်ခွင့်ချပေးခြင်းအပေါ် ကန့် ကွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်ရှိရခိုင်လူငယ် များမှပြောသည်။
သံတွဲမြို့ ငပလီ ပင်လယ်ကမ်းခြေတွင် ပြင်ပမှလာသောစီးပွားရေး လုပ်ငန်းရှင်များနှင့် ဘင်္ဂလီသူဌေးများကအများစုတို့ ဟိုတည်များပိုင်ဆိုင်ကြပြီး ဒေသခံများပိုင်ဆိုင်သော ဟိုတယ်သည်တစ်လုံးသာရှိကြောင်းသိရသည်။
ဝဏ္ဏခွာညို (ရန်ကုန်)
အများပြည်သူ အပန်းဖြေရာ သဲသောင်များထိ တိုးချဲ့ပြီး ဟိုတည်အချို့က တံတိုင်းများ
ကာရံနေသော်လည်း ဟန့်တားမယ့်သူ မရှိပါ။ (ဓါတ်ပုံ- နိရဉ္စရာ)
No comments:
Post a Comment