
အချိန်များတွင်ပါ ဆိုင်ကယ်ဖြင့် လုယက်မှုများ
များပြားလာပြီး ကျူးလွန်သူများကို ဖမ်း
ဆီးနိုင်ခြင်းမရှိဘဲ လွတ်မြောက်နေသေးကြောင်း
စုံစမ်းသိရှိရသည်။
လုယက်မှုများသည် လူသွားလာမှုနည်းပါးသည့် နေရာများအပြင် မန္တလေးတက္ကသိုလ်အနီးနှင့် မြို့တွင်းရပ်ကွက်များ၌လည်း ဖြစ်ပွားလာကြောင်း မြို့ခံများထံမှ သိရသည်။
“ဒီလိုလုယက်နေတဲ့ သူတွေထဲမှာ အလုပ်အကိုင်ရှိတဲ့သူတွေ ပါတယ်။ တချို့က မူးယစ်ဆေးဝါးသုံးစွဲဖို့ ငွေလိုလို့ လုပ်ကြတယ်။ တချို့က ကိုယ့်ရတဲ့ဝင်ငွေထက် ပိုမိုသုံးစွဲချင်တဲ့အတွက် လုကြတယ်။ လုယက်မှုကျူးလွန်တဲ့ သူတွေကို ဖမ်းဆီးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ ဒါပေမဲ့ ဖြစ်စဉ်တွေမှာ အရင်ကျူးလွန်ဖူးတဲ့သူတွေ မဟုတ်တာ ဖြစ်နေတယ်။ ဒီတော့ ဖမ်းဆီးဖို့က ခက်ပါတယ်” ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ အမှုလိုက်ရဲအရာရှိတစ်ဦးက ပြောကြားသည်။
လုယက်မှုကျူးလွန်သူများ အနေဖြင့် အမျိုးသမီးများအား အဓိကပစ်မှတ်ထား လုယက်လေ့ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။
“မွန်းတည့် ၁၂ နာရီလောက်မှာ စာသင်ပြီးတော့ ပြန်အလာမှာ ၆၂ လမ်းနဲ့ ၆၃ လမ်းကြား ခိုင်ရွှေဝါလမ်းမှာ ဆိုင်ကယ်နဲ့ လူနှစ်ယောက်လိုက်လာပြီး ကျွန်မပိုက်ဆံအိတ်ကို လုပြေးသွားပါတယ်။ ကျွန်မလည်း အော်ပြီး နောက်ကနေလိုက်တော့မှ ပိုက်ဆံအိတ်ကိုချပြီး ပြေးသွားတယ်” ဟု ချမ်းမြသာစည်မြို့နယ် (င)ရပ်ကွက်တွင်နေထိုင်သူ ကျောင်းဆရာမတစ်ဦးက ပြောကြားသည်။
မန္တလေးမြို့တွင် လုံခြုံရေးတင်းကျပ်စွာ ဆောင်ရွက်ထားသည်ဟု တာဝန်ရှိသူများအနေဖြင့် ပြောကြားထားသော်လည်း ယခုကဲ့သို့ ဖြစ်ပေါ်နေသည်များကို ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးမှုအပေါ် မန္တလေးမြို့ ခံများက ဝေဖန်မှုများ ရှိနေသည်။
ဆိုင်ကယ်ဖြင့် လုယက်မှုများသည် ညပိုင်းအချိန်များတွင်သာမက နေ့အချိန်များတွင်ပါ ဖြစ်ပေါ်နေခြင်းသည် မန္တလေးမြို့၏ တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်သည့်လုပ်ရပ်များဖြစ်ကြောင်း၊ မိမိကိုယ်မိမိ လုံခြုံမှုမရှိဟု ခံစားနေရကြောင်း၊ မြို့၏ပုံရိပ် အကျည်းတန်သည့် လုပ်ရပ်များကို အမြန်ဆုံး ဖမ်းဆီးဖော်ထုတ်ပေးရန် မြို့ခံများက ပြောကြားသည်။
Eleven Media Group
No comments:
Post a Comment