Tuesday, 7 October 2014

စစ်ထောက်လှမ်းရေးတချို့အပါအ၀င် အကျဉ်းသား ၃၀၇၃ ဦး လွတ်ငြိမ်းခွင့်ပေး


သမ္မတဦးသိန်းစိန်က အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၃၀၇၃ ဦးကို 
နိုင်ငံတော် တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး အတွက် လည်းကောင်း၊ လူသားချင်းစာနာ ထောက်ထားမှူကို အလေးပေး သောအားဖြင့်လည်းကောင်း ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့မှာ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်များပေးအပ်ခဲ့ကြောင်း သိရသည်။ 

 အင်းစိန် အကျဉ်းထောင် ဂိတ်တံခါး၊ ဓာတ်ပုံ- ဧရာဝတီ

အကျဉ်းသားများထဲမှာ မြန်မာနိုင်ငံသား ၃၀၁၅ ဦး နဲ့ နိုင်ငံခြားသား ၅၈ ဦး ပါဝင်ကြောင်း ပြန်ကြားရေး ၀န်ကြီးဦးရဲထွဋ်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် သတင်းထုတ်ပြန်သည်။ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရသော အကျဉ်းသားများတွင် ထောက်လှမ်းရေးအရာရှိဟောင်းတချို့လည်း ပါဝင်ကြောင်း သိရှိရသည်။ 

အဆိုပါ လွှတ်ပေးလိုက် သူများတွင် မြင်းခြံထောင်တွင် အကျဉ်းကျခံနေရသည် ဗိုလ်မှူးချုပ် သိန်းဆွေ၊ မန္တလေး ထောက်လှမ်းရေးကွပ်မှု အဖွဲ့မှူးဟောင်း ဗိုလ်မှူးကြီးမင်းသူ၊ ဗိုလ်မှူးနိုင်ဌေး၊ ဗိုလ်မှူးကြီး အောင်ဇော် စသည့် သူများပါဝင်ပြီး၊ ဗိုလ်မှူးချုပ်သန်းထွန်းအပါအ၀င် တခြားသော ထိပ်ပိုင်း ထောက်လှမ်း အရာရှိကြီး များ ပါဝင်မှု ရှိမရှိကိုမူ အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ ထောက်လှမ်းရေးဟောင်းများ လွှတ်ပေးခြင်းမှာ ယခုတကြိမ်သည် အများဆုံးဖြစ်ကြောင်း ထောက်လှမ်းရေးအရာရှိဟောင်းတဦးကဆိုသည်။ 

No comments:

Post a Comment