တောင်ကိုရီးယားနိုင်ငံ ဆွန်နမ်းမြို့ Seongnamမှာ မနေ့က ပြုလုပ်တဲ့ လေဟာပြင် ပေါ့တေး
ဂီတပွဲတခုမှာ မတော်တဆဖြစ်ပြီး ပရိသတ်
၁၆ ဦး သေဆုံးသွားတယ်လို့ အရာရှိတွေ
က ပြောပါတယ်။
လေ၀င်လေထွက်စနစ် အဖုံးအပေါ်မှာ လူတွေ အမြောက်အမြား မတ်တပ်ရပ်နေ တာကြောင့် အဖုံး ကျွံကျသွားတာလို့ မျက်မြင်တဦး က ပြောပါတယ်။
လူ ၁၅ ဦးလောက် ဟာ လေ၀င်လေ ထွက်စနစ်ထဲ ၃၂ ပေလောက်အထိ ပြုတ်ကျသွားတယ်လို့ တောင်ကိုရီးယားသတင်းတွေမှာ ဖော်ပြပါတယ်။ ၁၀ ဦးလောက် ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။
ဈေးဝယ်ကုန်တိုက်တခုအနီးမှာ ပြုလုပ်တဲ့ ဂီတပွဲမှာ 4Minute အဖွဲ့က ဖျော်ဖြေခဲ့တာဖြစ်ပြီး ပရိသတ် ၇၀၀ လောက် အားပေးခဲ့ကြပါတယ်။
4Minute အဖွဲ့နဲ့အတူ “Gangnam Style” သီချင်းမှာ ပါဝင်ဖျော်ဖြေရင်း နာမည်ကျော်လာတဲ့ Hyuna လည်း ဖျော်ဖြေနေတဲ့ အချိန်မှာ မတော်တဆမှု ဖြစ်တာပါ။
မတော်တဆဖြစ် တဲ့ နေရာကို အောက် တို ဘာ ၁၇ ရက်နေ့ နှောင်းပိုင်း မှာ တောင်ကိုရီးယား ၀န်ကြီးချုပ်ကိုယ်တိုင် သွားကြည့်ခဲ့ပြီး တာဝန်ရှိသူတွေက ရှင်းပြတာကိုလည်း နားထောင်ခဲ့ပါတယ်။
တောင်ကိုရီးယားမှာ ဒီနှစ်အတွင်း လူ ၃၀၀ ကျော် သေဆုံးခဲ့တဲ့ သင်္ဘောနစ်မြှုပ်မှုအပါအ၀င် မတော်တဆမှုတွေ ဆက်တိုက်ကြုံနေရချိန်မှာ အခု ဂီတပွဲမှာလည်း လူသေတဲ့အထိ ဖြစ်ရပြန်လို့ ပြည်သူ ဘေးကင်း လုံခြုံရေးစံချိန်စံညွှန်းတွေအပေါ် မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
DVB (မြန်ာပိုင်း)
No comments:
Post a Comment