15October 2014ယနေ့ မလေးရှားနိုင်ငံ Machang Bubuk မှာ
မြန်မာနိုင်ငံသား အလုပ်သမားတစ်ဦးကို
ဓါးဒဏ်ရာ အများအပြားနဲ့ သေဆုံးနေတာ
ကို တွေ့ရှိခဲ့တယ်လို့ မလေးရှားရဲတပ်ဖွဲ့က
သတင်းထုတ်ပြန်ထားကြောင်း The Sun Daily သတင်းဌာနမှာ ဖော်ပြပါရှိပါသည်။
သေဆုံးသူ၏ အမည်မှာ ကိုထူးအောင်ဖြစ်ပြီး အသက် ၃၀ ပတ်ဝန်းကျင်ရှိမည်ဟု ရဲက ဆိုသည်။ ကိုထူးအောင်မှာ Baya Lepas ရှိ စက်ရုံတစ်ရုံတွင် အလုပ်လုပ်ကိုင်နေသူဖြစ်တယ်လို့ ရဲက ပြောသည်။
သူ၏ အလောင်းကို သန်းခေါင်ယံ ၁၂ နာရီ ၄၅ မိနစ်ခန့်က လမ်းသွားလမ်းလာများက တွေ့ရှိပြီး ရဲအား အကြောင်းကြားခဲ့ခြင်း ဖြစ်တယ်လို့ ရဲက ပြောသည်။
ကိုထူးအောင်မှာ အလုပ်မှ ညဖက်ပြန်လာချိန်တွင် လူတစ်စုမှ အုပ်စုဖွဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရတာ ဖြစ်နိုင်တယ်လို့ ရဲက သုံးသပ်ထားပါသည်။
သူဟာ သေဆုံးချိန်မှာ တီရှပ်အပြာ၊ ဂျင်းဘောင်းဘီနှင့် စက်ရုံဝတ် ဖိနပ်အမာ တို့ကို ၀တ်ဆင်ထားတယ်လို့ ဆိုပါသည်။
ကိုထူးအောင်မှာ ဓါးဒဏ်ရာအများအပြားကို ရင်ဘတ်၊ ဗိုက်၊ ပုခုံးနှင့် လည်ပင်းတွေမှာ တွေ့ရှိရကြောင်း The Sun Daily သတင်းတွင် ဖော်ပြ ထားပါသည်။
ရဲက ကိုထူးအောင်ကို သတ်ဖြတ်သူများကို ဖမ်းဆီးဖော်ထုတ်နိုင်အောင် ကြိုးပမ်းသွားမယ်လို့ ဆိုပါသည်။
သတင်း - ဓါတ်ပုံ - The Sun Daily
မျိုးမင်းသန့်  ဘာသာပြန်ဆိုသည်။
No comments:
Post a Comment