Wednesday, 15 October 2014

ကျောင်းဆရာက ပထမတန်းကျောင်းသူ (၇)ဦးကို မဖွယ်မရာလုပ်


နွားထိုးကြီးမြို့နယ်၊ ဇီးကျေး ရွာမူလတန်းကျောင်း
တွင် ပထမ တန်းကျောင်းသူ (၇) ယောက်ကို
 ကျောင်းဆရာနှင့် ပညာရေးလုပ် သားတို့က
လက်သုံး၍ မဖွယ်မရာ   ကျင့်မှုဖြစ်ပွား၍
 နွားထိုးကြီးနယ် ၀က်လူးရဲစခန်းက ဖမ်းဆီးအရေး


ယူမှုကို စက်တင်ဘာ (၂၉) ရက်  က ဖြစ်ပွားသည် ယင်းတို့မှာ လူပျိုလူလွတ်များဖြစ်ကြသည်ဆို သည်။

ဖြစ်စဉ်မှာ မြ၀တီကျောင်း ဆရာဇင်မောင် (၃၁) နှစ်နှင့် ဇီး ပညာရေးလုပ်သား ညွန့်ဝင်း (၅၁) နှစ်ဆိုသူတို့သည် ဇီးကျောင်း  တွင် စာသင်ချိန် (-) ညီအစ်မ (၂) ဦးအပါအ၀င်ကျောင်းသူ (၇) ဦးကို စကတ်ချွတ်၊ လက်ဖြင့်မဖွယ် မရာပြုလုပ်ကြောင်း အဘိုးဖြစ်သူ  ဦးမြင့်ရှိန်ကသိရှိ၍ ၀က်လူးရဲစခန်း  တိုင်ကြားမှုဖြစ်သည်။ ကျောင်းသူ များမှာ ပထမတန်းကျောင်းသူ၊ အရွယ်မရောက်သေးသူများဖြစ် ပြီး မကြာခဏယင်းသို့ပြုလုပ်ခံရ သည်ဆိုသည်။

ဝက်လူးရဲစခန်းက ပ ၅၃/ ၂၀၁၄ ပုဒ်မ ၃၇၆/၅၁၁ ဖြင့် ရဲအုပ်မောင်ဝင်းကအမှုကို ဖမ်းဆီး  စစ်ဆေးနေသည်။ မြို့နယ်ပညာ ရေးဌာနကလည်း ၀က်လူးအထက်  တန်းကျောင်းအုပ်ဒေါ်ဆွေဆွေစန်း၊ အတွင်းရေးမှူး လ/ထ ပညာရေး မှူးဦးညိုအေး၊ အဖွဲ့ဝင်  ဒေါ်အိ အိချောပဲ ချက်အထက ကျောင်း အုပ်တို့ပါဝင်သော စုံစမ်းစစ်ဆေး ရေးဖြင့်ဌာနဆိုင်ရာအရေးယူထား ကြောင်း၊ မြို့နယ်ပညာရေးရုံးမှ တာဝန်ရှိသူကပြောပြသည်။

Hot News Journal

No comments:

Post a Comment