Monday 6 October 2014

အမေရိကန်နိုင်ငံက အီဘိုလာရောဂါသည် အခြေအနေ ဆိုးရွား


အမေရိကန်မြေပေါ်မှာ အီဘိုလာရောဂါကို
ပထမဆုံး စစ်ဆေးတွေ့ရှိခဲ့တဲ့ လိုင်ဘေးရီး
ယား နိုင်ငံသားရဲ့ ရောဂါအခြေအနေဟာ
ဆိုးတဲ့အခြေအနေကနေ အသည်းအသန်
အခြေအနေ ရောက်ရှိလာတယ်လို့


ဒါလက်စ်မြို့ ဆေးရုံပြောခွင့်ရက ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်နေ့က ပြောဆိုပါတယ်။

လိုင်ဘေးရီးယားနိုင်ငံကနေ ရောဂါကူးစက်ခံလာရတဲ့ သော်မတ်စ် အဲရစ် ဒွန်ကန်T(homas Eric Duncan)ဟာ ဒါးလက်စ်ဆေးရုံမှာ ဆေးကုသမှု ခံယူဖို့ သွားရောက်ခဲ့ပေမယ့်လည်း ဆေးရုံက လက်မခံခဲ့ပဲ နောက် ၂ ရက်နေမှ ပြန်လက်ခံခဲ့တာလို့ ဆေးရုံက ၀န်ခံထားပါတယ်။

ဒွန်ကန်ကို ဒါးလက်စ်ဆေးရုံမှာ သီးသန့် ကုသပေးနေပြီး သူနဲ့ အတူနေခဲ့တဲ့ လူ ၁၀ ဦးဟာလည်း အီဘိုလာရောဂါ ကူးစက်ခံရဖို့ အခွင့်အရေးများတယ်လို့လည်း အမေရိကန် ကူးစက်ရောဂါဌာန (စီဒီစီ) က ပြောဆိုပါတယ်။

ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန ညွန်ကြားရေးမှူး ဖရိုင်းဒင်း(Frieden)က အရင် အီဘိုလာ စမ်းသပ်ဆေးတွေ လောလောဆယ် ပြတ်နေတာကြောင့် ဒုတိယစမ်းသပ်ဆေးနဲ့ ကုသသင့်၊ မသင့် ဆွေးနွေးနေတယ်လို့ ပြောဆိုပါတယ်။

စမ်းသပ်ဆဲအဆင့် ဆေးတွေဟာ ရောဂါရဲ့ အခြေအနေကို ပိုပြီး ဆိုးဝါးစေနိုင်တာကြောင့် ဆရာဝန်တွေနဲ့ ရောဂါရှင်မိသားစုတွေက ဆုံးဖြတ်ကြမယ်လို့လည်း ဖရိုင်းဒင်းက ဆိုပါတယ်။

ဖရိုင်းဒင်ရဲ့ ရောဂါအခြေအနေဟာ အီဘိုလာရောဂါအပေါ်မှာ အမေရိကန် လူထုကျန်းမာရေးစနစ် ဘယ်လောက်တုံ့ပြန်နိုင်မလဲ အနီးကပ်စောင့်ကြည့်ခံနေရတာလည်း ဖြစ်ပါတယ်။

DVB (မြန်မာပိုင်း)

No comments:

Post a Comment