Thursday, 16 October 2014

ကျွဲဆည်ကန်ကားကြီးဝင်းရှိ ဂီတမြို့တော်စားသောက်ဆိုင် မီးလောင်မှုဖြစ်ပွား


မန္တ လေး ပြည်ကြီးတံခွန်မြို့နယ် ချမ်း
 မြသာယာရပ်ကွက် ကျွဲဆည်ကန်(ခ)
ချမ်းမြရွှေပြည်ကားကြီးကွင်းအတွင်း
ရှိ ဂီတမြို့တော်စားသောက်ဆိုင် အ နောက်ဘက်အလုပ်သမားတန်းလျား


၌ အောက်တိုဘာ ၁၄ရက် ည ၁ဝ နာရီခွဲက ခြင်ဆေးခွေထွန်းရာမှ မီး လောင်မှုဖြစ်ပွားခဲ့ကြောင်း သိရ သည်။

မီးလောင်ရာသို့ မီးသတ်ယာဉ် အစီး ၄ဝ၊ အုပ်ချုပ်မှုယာဉ် နှစ်စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၁၉၅ ဦးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ည ၁၁ နာရီ ၁ဝ မိနစ်တွင် မီးငြိမ်းသွားခဲ့ သည်။

မီးလောင်မှုကြောင့် အလျား ၂၅ပေ၊ အနံ ၁၅ပေရှိ ထရံကာ၊ သွပ် မိုး၊ ပျဉ်ခင်းအဆောက်အအုံနှင့် ဆိုင် ကယ် လေးစီး မီးလောင်ဆုံးရှုံးခဲ့ သည်။ အဆိုပါ မီးလောင်မှုအတွက် ဆိုင်မန်နေဂျာအား ပြည်ကြီးတံခွန် မြို့နယ်ရဲစခန်းမှ (ပ)၅၆၇/၂ဝ၁၄၊ ပုဒ်မ-၂၈၅အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်းသိရသည်။


Democracytoday

No comments:

Post a Comment