Saturday, 11 October 2014

အရက်မူးနေတဲ့အချိန်မှာ စားသုံးသင့်တဲ့ အစားအစာများ


အရက်သောက်တတ်သူ ဘယ်သူ့ကိုမဆို
 မေးကြည့်ပါက အရက်သေစာကို ပို
မိုသောက်လေ အစာစားချင်စိတ်တိုး
လာလေဖြစ်ကြောင်း သဘောတူ အတည်ပြုပေး
ကြပါလိမ့်မယ်။ အံ့သြစရာမရှိတာက


အရက်သေစာကြောင့် အဆီဓာတ်မြင့်မားပြီး ဆားငန်ဓာတ်များစွာပါဝင်တဲ့ အစားအစာတွေ စားချင်စိတ်ဖြစ်လာတတ်တာပါပဲ။

အဲဒီလို အငန်ဓာတ်များတဲ့ အစားအစာတွေက အရက်သေစာကြောင့် ဖြစ်တဲ့ ရေဓာတ်ခမ်းခြောက်မှု အကျိုးဆက်တွေကို ပိုမြှင့်ပေးလိုက်သလို ဖြစ်စေပြီး အဆီဓာတ်များတဲ့ အစားအစာတွေကြောင့် အစာချေဖျက်မယ့်အချိန် ပိုကြာမြင့်စေပါတယ်။ ဒါ့ကြောင့် သင့်ခန္ဓာကိုယ်မှာ အရက်သေစာရဲ့ အာနိသင်ကို စုပ်ယူမယ့်အစား အစာချေဖျက်တဲ့ အလုပ်ကို ပိုမိုလုပ်ဆောင်နေရပါတယ်။ ဒါ့ကြောင့် အရက်သောက်ထားတဲ့အချိန်၊ မူးနေချိန်မှာ စားသင့်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

ထမင်း

စေးကပ်နေတဲ့ ဆန်တွေဟာ အစာချေဖျက်ဖို့အတွက် အလွန်လွယ်ကူပါတယ်။ နောက်တစ်နေ့အတွက် ရည်ရွယ် ပြင်ဆင်ချက်လုပ်ထားသည့် ထမင်းကြော်နဲ့ နှမ်းဆီနဲ့ ချက်ပြုတ်ထားတဲ့ ကြက်သားလို ပမာဏများပြားတဲ့ ဟင်းတွေကို သိမ်းဆည်းထားပါ။

ဘိန်းမုန့်

သင်ဟာ အရက်သောက်တတ်သူ တစ်ယောက်ဖြစ်ရင် မနက်စာ အဆာပြေအဖြစ် ထမင်းကိုသာစားပေးပါ။ ဘိန်းမုန့် စားသုံးပေးမယ်ဆိုရင်လည်း သိပ်တော့မဆိုးလှပါဘူး။

ဝေဖာမုန့်

ဝေဖာမုန့်ဟာ  စားလို့လည်း အရမ်းကောင်းသလို အရက်သေစာစုပ်ယူနိုင်တဲ့ ကာဗွန်စဟိုက်ဒရိုက်တွေနဲ့ ပြုလုပ်ထားတာပါ။

စွပ်ပြုတ် သို့မဟုတ် ဟင်းရည်

ကိုယ်ကြိုက်တဲ့ ဟင်းချိုသောက်နိုင်တယ်ဆိုပေမယ့် ပြောင်းဖူးကို ငါးနဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ကျိုထားတဲ့ ဟင်းချို မျိုး၊ မှိုနဲ့ ချက်ပြုတ်ထားတဲ့ ဟင်းချိုမျိုးတွေကို ရှာင်ပါ။ သူတို့မှာ ခေါက်ဆွဲ၊ အသီးအရွက်နဲ့ ပဲ စတာတွေနဲ့ လုပ်ထားတဲ့အစားအစာတွေလို  အဆီဓာတ်ပိုမိုမြင့်မားစွာပါဝင်ပါတယ်။

ဌက်ပျောသီး

ဌက်ပျောသီးမှာ ပိုတက်ဆီယမ် နဲ့ အရက်သေစာ အလွန်အကျွံသောက်သုံးမိသည့်အခါ အရက်အာနိသင်လျော့ချသက်သာစေမယ့် အီလက်ထရိုလိုက်များရရှိနိုင်တဲ့ ပင်မအရင်းအမြစ်ကြီးတစ်ခုဖြစ်တယ်။

ရေ

ရေက အစားအစာတစ်မျိုးတော့ မဟုတ်ပါဘူး။ သို့ပေမဲ့ ရေကိုသောက်တာ၊ ကယ်လိုရီးလျော့နည်းတဲ့ အချိုရည်များ သို့မဟုတ် အရည်ကျဲကျဲ သစ်သီးဖျော်ရည် ( လိမ္မ်ာရည်တစ်ဝက်၊ ရေတစ်ဝက်) က ခန္ဓာကိုယ်ကို လိုအပ်တဲ့ အကျိချွဲဓာတ်တွေအတွက် အထောက်အပံ့ဖြစ်စေမှာဖြစ်ပြီး ဆိုဒီယမ် နဲ့ ပိုတက်ဆီယမ်လို အီလက်ထရိုလိုက်တွေကို အစားထိုးပေးပါလိမ့်မယ်။ ကော်ဖီ သို့မဟုတ် ကဖင်းဓာတ်ပါတဲ့ ဆိုဒါကို ရှောင်ပါ။

Source: Cosmopolitan
Treand Myanmar

No comments:

Post a Comment