နေပြည်တော်၊ အောက်တိုဘာ ၁၇
၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၉ နာရီ ၃ မိနစ်အချိန် မြန်မာနိုင်ငံ ဆိုင်ရာ ဂျာမနီသံရုံး တာဝန်ရှိသူ တစ်ဦးမှ ဂျာမနီနိုင်ငံသူ Ms. Grafin Plessen Louise Pantanta Ellisabeth Vicitiora မှာ ၉-၁၀-၂၀၁၄ ရက်နေ့တွင် ကလောမြို့၌ ပျောက်ဆုံးနေပြီး ၎င်း၏မိဘများနှင့် အဆက်အသွယ် မရရှိ သဖြင့် ကူညီ စုံစမ်း ရှာဖွေပေး ပါရန် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့စု (ရန်ကုန်)သို့ ဖုန်းဆက်၍ အကူအညီ တောင်းခံ ခဲ့သည်။
ယင်းသို့ အကူအညီတောင်းခံမှုနှင့်ပတ်သက်၍ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုံခြုံရေးရဲတပ်ဖွဲ့ မှူးရုံး၏ တာဝန်ပေးချက်အရ တပ်ဖွဲ့စု(ရှမ်း)မှတပ်ဖွဲ့ဝင်များက ကလောမြို့ပေါ်ရှိဟိုတယ်များသို့ လိုက်လံ စုံစမ်းခဲ့ရာ Ms. Grafin သည် ၁၀-၁၀-၂၀၁၄ ရက်နေ့တွင် ကလောမြို့၊ ““ရွှေကလော””ဟိုတယ်တွင် တစ်ညတည်းခို၍ ၁၁-၁၀-၂၀၁၄ ရက်နေ့ ၀၈၀၀ အချိန် ပြင်သစ်နိုင်ငံသား ကျား(၁)ဦး၊ မ(၄)ဦးတို့နှင့် အတူ လမ်းပြဖြစ်သူ ကိုစည်သူ လိုက်ပါလျက် ညောင်ရွှေသို့ လမ်းလျှောက်ခရီးစဉ်ဖြင့် ထွက်ခွာသွား ကြောင်း သိရှိခဲ့ရသည်။
ကိုစည်သူအား ဆက်သွယ်စုံစမ်းချက်အရ ၁၃-၁၀-၂၀၁၄ ရက်နေ့ ၁၄၀၀ အချိန် ညောင်ရွှေမြို့သို့ရောက်ရှိခဲ့ပြီး Ms. Grafin အား Aquirus Inn သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသဖြင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုံခြုံရေးရဲတပ်ဖွဲ့စု(ရှမ်း)မှတပ်ဖွဲ့ဝင်များက Aquirus Inn သို့ သွားရောက်ရှာဖွေရာ ၁၄-၁၀-၂၀၁၄ ရက်နေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန်တွင် Ms. Grafin နှင့် တွေ့ရှိခဲ့ပြီး ၎င်းအား မိခင်ဖြစ်သူမှ အဆက်အသွယ်မရသဖြင့် စိတ်ပူနေကြောင်းနှင့် အဆက်အသွယ် ပြုလုပ်ရန် ပြောဆိုခဲ့ရာ Ms. Grafin မှ အဆက်အသွယ်ပြုလုပ်ပါကြောင်း၊ အင်တာနက်လိုင်းများ မကောင်းသဖြင့် အဆက်သွယ်မရခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ လာရောက်ကူညီဆောင်ရွက်ပေးမှုအတွက် အထူးကျေးဇူးတင်ရှိပါကြောင်း ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ရဲဇာနည်
https://www.facebook.com/yezarnimedia
No comments:
Post a Comment