ဒဂုံဆိပ်ကမ်းမြို့တွင် ဖြစ်ပွားခဲ့သည့် အဓ္ဓမမုဒိန်းမှုကို အမှန်တရား ပေါ်ပေါက်ရေး အတွက် ဆန္ဒထုတ် ဖော်ရန် ခွင့်ပြုချက် တောင်းခံ ခဲ့သော်လည်း မရရှိခဲ့သဖြင့် ခွင့်ပြုချက်မဲ့ ဆန္ဒထုတ်ဖော်ခဲ့မှုကြောင့် ပုဒ်မ ၁၈ဖြင့် တရားစွဲဆိုခံထာရသော မောင်နေလင်းစိုးအား အထက်ပါတိုင်း ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။
“၂၀၁၅ နီးလာလေ နိုင်ငံရေးတတ်ကြွလှုပ်ရှားသူတွေကို ဖိနှိပ်တာ အရမ်းကို ပြင်းထန်တယ်လို့ ထင်ရတယ်၊ ဘာဖြစ်လို့ ကျွန်တော်တို့ နိုင်ငံရေးတတ်ကြွလှုပ်ရှားသူတွေကို ထိုးနှက်မှုတွေ လုပ်နေရတာလဲ”ဟု တကိုယ်တော်ဆန္ဒထုတ်ဖော်သူ မောင်နေလင်းစိုးက ၎င်း၏ထင်မြင်ချက်ကို ပြောကြားသည်။
မောင်နေလင်းစိုးသည် တကိုယ်တော်ဆန္ဒထုတ်ဖော်မှုကိ ကျောက်တံတားတရားရုံုးအပြင် ဒဂုံတောင်တရားရုံးရှေ့တွင်လည်း ပြုလုပ်ခဲ့သေးကြောင်း သိရသည်။
လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal?fref=nf
No comments:
Post a Comment