Monday, 13 October 2014

စင်ကာပူမှာ မြန်မာတဦး ဒေါ်လာ ၁ သောင်းကျော် ဒဏ်ရိုက်ခံရ

စင်ကာပူနိုင်ငံမှာ အမြဲတမ်း နေထိုင်ခွင့် ရရှိထားသူ စာရင်းကိုင် မြန်မာ အမျိုးသမီးတဦးက သူ့ရဲ့ အိမ်မှာ အလုပ်လုပ်တဲ့ အိမ်ဖော် မြန်မာ အမျိုးသမီးကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ပြီး ဗီဒီယိုရိုက်ထားလို့ စင်ကာပူဒေါ်လာ ၁၂၅ဝဝ ၊ ဒဏ်ငွေ ရိုက်ခံလိုက်ရပါတယ်။ 

 မမေသူစန်းကျော်ငြိမ်း၊ ဓာတ်ပုံ- The Straits Times

အသက် ၃၄ နှစ်အရွယ် မြန်မာစာရင်းကိုင် မမေသူစန်းကျော်ငြိမ်းဟာ ၂၀၁၂ ခုနှစ် အောက်တိုဘာလတုန်း က မြန်မာနိုင်ငံ က လာရောက်ပြီး သူ့အိမ်မှာ အလုပ် လုပ်ခဲ့သူ အသက် ၂၅ နှစ်အရွယ် မြန်မာအမျိုးသမီး အိမ်ဖော်ကို ဘုရားပန်းအိုး ၊ နို့ပုလင်း စတာတွေ ဆေးကြောပေးတာ မလုပ်ဘူးလို့ စွပ်စွဲပြီး ထိုင်ထ အကြိမ် ၈၀ လုပ်ခိုင်းခဲ့တယ်လို့ စင်ကာပူအခြေစိုက် The Straits Times သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ 

အဲဒီနောက် မမေသူစန်းကျော်ငြိမ်းက အိမ်ဖော်မိန်းကလေးကို ခေါင်းကို လက်နဲ့ ရိုက်ခဲ့ပြီး သူ့ဆံပင်ကို ဆွဲခဲ့တယ်လို့လည်း သတင်းက ဆိုပါတယ်။  မြန်မာ အိမ်ဖော်မလေးက အလုပ်ဝင်စ တပတ်လောက်မှာ အဲဒီလိုဖြစ်ခဲ့တာပါ။

 အိမ်အကူ မိန်းကလေးအပေါ် အရှက်ရစေအောင် လုပ်ခဲ့သူ မမေသူစန်းကျော်ငြိမ်းဟာ တကယ်ပဲ မှားယွင်းစွာ လုပ်ဆောင်ခဲ့တယ်ဆိုတာ အထင်အရှားတွေ့ရှိတယ်လို့ ဒီကိစ္စနဲ့ပတ်သက်ပြီး စင်ကာပူ တရားရုံးတခုက ကြားနာဒဏ်ရိုက်ခဲ့တာဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။ 

အိမ့်သံစဉ် ~ 

No comments:

Post a Comment