Saturday, 11 October 2014

လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွတ် တရုတ်အကျဉ်းသား ၄၅ ဦး လွှဲပြောင်း


မြန်မာ-တရုတ် နှစ်နိုင်ငံအချင်းချင်းချစ်
ကြည်ရေး၊ မိတ်ဝတ်မပျက်ဆက်ဆံရေး
တို့ကို ရှေးရှုပြီးလားရှိုးအကျဉ်းထောင်မှာ
အကျဉ်း ကျခံနေတဲ့ တရုတ်နိုင်ငံသား
အကျဉ်းသား ၄၅ ဦးကို နိုင်ငံတော်သမ္မတရုံး
ရဲ့ ခွင့်ပြုချက်အရ ပြစ်မှုဆိုင်ရာ ကျင့်ထုံး


ဥပဒေပုဒ်မ ၄၀၁ အပိုဒ်ခွဲ ၁ နဲ့အညီ အောက်တိုဘာ ၇ ရက်နေ့က လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်ပါတယ်။


အဲ့ဒီလို လွတ်ငြိမ်းသက်သာခွင့်ရလိုက်တဲ့ တရုတ်နိုင်ငံသား အကျဉ်းသားတွေကို လားရှိုးမြို့အကျဉ်းဦးစီးဌာနကနေ ရှမ်းပြည်နယ် မြောက်ပိုင်း လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနက လွှဲပြောင်းလက်ခံယူကာ မူဆယ်မြို့ကို ပို့ဆောင်ပါတယ်။

မြန်မာ- တရုတ်နယ်စပ် နန်းတော်ဂိတ်မှာ တရုတ်နိုင်ငံ ရွှေလီနယ်စပ်ကာကွယ်စစ်ဆေးရေးဌာန အကြီးအကဲ Mr He Hiang Xing ကို အောက်တိုဘာ ၈ ရက်နေ့ ညနေ ၅ နာရီအချိန်က လွှဲပြောင်းပေးခဲ့ပါတယ်။

မြန်မာ – တရုတ် နှစ်နိုင်ငံချစ်ကြည်ရေးအရ ပြစ်ဒဏ်မျိုးမျိုးကျခံနေတဲ့ တရုတ်နိုင်ငံသား အကျဉ်းသားတွေကို လွတ်ငြိမ်းသက်သာခွင့် ပေးရာမှာ ဒီတကြိမ်ဟာ အရေအတွက် အများဆုံးဖြစ်ကြောင်းသိရပါတယ်။


No comments:

Post a Comment