Saturday, 18 October 2014

အာဆီယံနိုင်ငံတွေထဲမှာ ထိုင်းနိုင်ငံဟာ ထောင်သား အများဆုံးနိုင်ငံဖြစ်နေ

ထိုင်းနိုင်ငံက အကျဉ်းထောင် တွေထဲမှာ အကျဉ်းသား ၃ သိန်းကျော် ရှိနေတဲ့ အတွက် အရှေ့တောင် အာရှ အာဆီယံနိုင်ငံတွေထဲမှာ အကျဉ်းသား အများဆုံး ထောင်တွေ ဖြစ်နေကြောင်း ထိုင်းအကျဉ်း ဦးစီးဌာန ညွန်ကြားရေးမှူး ဗိတယ ဆူရီယဝေါင်းက ပြောကြားလိုက်ပါတယ်။

ဒီလို အကျဉ်းသားများနေတဲ့အတွက် ထိုင်းဝန်ကြီးချုပ်က စိုးရိမ်ကြောင်းပြောကြားထားပြီး တစ်နှစ် အတွင်း အကျဉ်းသား ၁ သိန်းအထိ လျော့ချဖို့ ပြောကြားထားတယ်လို့ ဆိုပါတယ်။

လောလောဆယ် ထိုင်းနိုင်ငံမှာ လစဉ် အကျဉ်းသားသစ် ၁ သောင်း ၄ ထောင် အကျဉ်းကျနေပြီး လစဉ် လွှတ်ပေးတဲ့ အကျဉ်းသား ဦးရေဟာ ၁ သောင်း ၁ ထောင်သာဖြစ်လို့ လစဉ် အကျဉ်းသား ၃ ထောင်နှုန်း တိုးနေတယ်လို့ သိရပါတယ်။

ဒီအထဲမှာ ၅ နှစ်အောက် အကျဉ်းသားက ၁ သိန်းခန့်ရှိပြီး အများစုဟာ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ကျနေသူတွေလို့ ဆိုပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf

No comments:

Post a Comment