Friday, 17 October 2014

Breaking News ဦးဆန်းဆင့်ကို ထောင်ဒဏ် ၁၃ နှစ်နှင့် ဒဏ်ငွေတစ်သိန်း ချမှတ်


သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်
ကို နေပြည်တော် ဒက္ခိဏသီရီခရိုင်တရား
ရုံးက ယနေ့နံနက်တွင် ထောင်ဒဏ် ၁၃
 နှစ်နှင့် ဒဏ်ငွေ ကျပ်တစ်သိန်း ကျခံရန် 
အမိန့်ချမှတ်လိုက်သည်။
နိုင်ငံပိုင်ငွေ အလွဲသုံးစားလုပ်မှုပုဒ်မ (၄၀၉)ဖြင့် ထောင်ဒဏ်သုံးနှစ်၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄(က)ဖြင့် ဒဏ်ငွေတစ်သိန်းနှင့် ထောင်ဒဏ် ၁၀ နှစ်ကျခံစေရန် ယနေနံနက် ၁၁ နာရီဝန်းကျင်တွင် ဒက္ခိဏခရိုင်တရားသူကြီးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။


ဦးဆန်းဆင့်ကို နိုင်ငံပိုင်ငွေအလွဲသုံးစားလုပ်မှုဖြင့် ၂၀၁၄ ဇွန်လ ၁၉ ရက်တွင် စတင်ဖမ်းဆီးစစ်ဆေးခဲ့ပြီး၊ တရားရုံးတင်စစ်ဆေးစဉ် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မဖြင့် ထပ်မံတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။


စတင်ဖမ်းဆီးစစ်ဆေးတရားစွဲဆိုပြီး လေးလအကြာတွင် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ၎င်းအား ပြစ်မှုများရုပ်သိမ်းပေးရန် လွှတ်တော်ကိုယ်စားလှယ် ၅၁ ဦးက လက်မှတ်ရေးထိုးတောင်းဆိုထားပြီး ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက သမ္မတဦးသိန်းစိန်နှင့် ပြည်ထောင်စုတရားသူကြီးချုပ်ထံသို့ အဆိုပါတောင်းဆိုထားချက်နှင့်ပတ်သက်၍ သဝဏ်လွှာပေးပို့ထားသည်။
7Day News Daily

No comments:

Post a Comment