ခါကာဘိုရာဇီတောင်တွင် ပျောက်ဆုံးလေယာဉ်နှင့်အတူ လိုက်ပါသွားသည့် မြန်မာလေ
ယာဉ်မှူး ဦးအောင်မြတ်တိုးမှာ တောတွင်း
တစ်နေရာတွင် ကွယ်လွန်နေသည်ကို အောက်
တိုဘာ ၉ရက် ညနေ ၄နာရီက ထူးဖောင်ဒေး
ရှင်း၏ ကယ်ဆယ်ရေးအဖွဲ့က တွေ့ရှိခဲ့
သည်ဟု ထူးဖောင်ဒေးရှင်း၏ ပြန်ကြားရေးတာဝန်ခံ ဦးဖြိုးကိုကိုသက်က မဇ္ဈိမကို ပြောသည်။
တောတွင်းတစ်နေရာတွင် ၎င်းရှိနေသည်ဟု ထုတ်ပြန်ထားသည့် ဂူ၏ အနီးတစ်ဝိုက်တွင် အလောင်းအား တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အလောင်းအား ရန်ကုန်သို့ ပြန်သယ်မည် မသယ်မည်ကိုမူ မိသားစုဆန္ဒရယူပြီးမှ ဆုံးဖြတ်မည်ဟု ၎င်းက ပြောသည်။
ဓာတ်ပုံ- ထူးဖောင်ဒေးရှင်း
Mizzima News Daily
No comments:
Post a Comment