
ကျူးလွန်ခဲ့သော ပြစ်မှုများကို ဆန့်ကျင်ကန့်
ကွက်ခဲ့သည့် အီရတ်လူမျိုး အမျိုးသမီးပါမော
က္ခတစ်ဦးသည် သူမ၏ သားသမီး
များရှေ့မှောက်တွင်ပင် IS ဆွန်နီအစ္စလာမ်
အကြမ်းဖက်အဖွဲ့၏ ခေါင်းဖြတ်သတ်ခြင်းကို ခံခဲ့ရသည်။
IS အကြမ်းဖက်များမှ တက္ကသိုလ်ပါမောက္ခဟောင်းတစ်ဦးဖြစ်သူ ဟန်နာ အယ်လ်ဘဂ္ဂဒက်ဒီ ကို ကြာသပတေး(အောက်တိုဘာ ၁၆)နေ့ မနက်က ခေါင်းဖြတ်သတ်ခဲ့သည်။ IS အကြမ်းဖက်များက သူမ၏ မိသားစု နှင့် သားသမီးများကိုလည်း သူမအား ၎င်းတို့မှ ခေါင်းဖြတ်သတ်နေစဉ် ထိုရက်စက်လှသည့်အမှုကို ကြည့်ရှုစေခဲ့သည်။
ဟန်နာ အယ်လ်ဘဂ္ဂဒက်ဒီသည် IS အကြမ်းဖက်အဖွဲ့၏ အပြစ်မဲ့ပြည်သူများအပေါ် ပြုမူသော ဆိုးဝါးလှသော ရက်စက်မှုများကို သူမ၏ ဖေ့စဘုတ်စာမျက်နှာ၌ ပို့စ်တင်ဝေဖန်ခဲ့သဖြင့် ယင်းသို့ ခေါင်းဖြတ်အသတ်ခံခဲ့ရခြင်း ဖြစ်သည်။
မျိုးမင်းသန့်  ဘာသာပြန်ဆိုသည်။
မူရင်းလင့်
No comments:
Post a Comment