Friday, 17 October 2014

ကိုရီးယားအလုပ်ရှင် ထွက်ပြေးသွားသော Master Sportအထည်ချုပ်စက်ရုံမှ အလုပ်သမားများ လုပ်ခလစာနှင့် နစ်နာကြေးများပြန်ပေး


ထောင်တွင်း အကျဉ်း သားဦးရေ
များပြားနေခြင်းနှင့် ထောင်တည်နေရာ
မှာ တိုးတက် လာသည့်မြို့အနေအထား
အရ မြို့လယ်ကောင်တွင် တည်ရှိနေ
 ခြင်းကြောင့် ပဲခူးတိုင်းဒေသကြီး


ဒိုက်ဦးမြို့တွင် အကျဉ်းသားတစ်ထောင်ဆံ့ အကျဉ်းထောင်အသစ် ဆောက်လုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘လက်ရှိ ပဲခူးထောင်ကရှိနေ တဲ့အကျဉ်းသားနဲ့စာရင် တော် တော်လေးကျဉ်းကျပ်နေတယ်။ ပြီးတော့ နိုင်ငံတကာစံနှုန်းနဲ့ကြည့် ရင် အကျဉ်းသားလက်ခံနိုင်တဲ့ ပမာဏထက်ကိုများနေတယ်။ ထောင်တည်နေရာက မြို့လယ် ကောင်မှာဖြစ်နေတော့ လူရှုပ်ပြီး လုံခြုံရေးကလည်း စိုးရိမ်ရတယ်။ ဒါကြောင့် ဒိုက်ဦးမြို့ပြင်ဘက်မှာ အသစ်ထပ်ဆောက်ဖို့ စီစဉ်တာ ဖြစ်တယ်’’ဟု ပြည်ထဲရေးဝန်ကြီး ဌာန၊ အကျဉ်းဦးစီးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

ပဲခူး အကျဉ်းထောင်ကို ၁၉၃၆ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ ပြီး ယခင်ရဲအချုပ်မှ အကျဉ်းသား ၂၅၀ လက်ခံနိုင်သည့် (ဃ)အဆင့်ရှိထောင်အဖြစ်  တိုးမြှင့်ခဲ့ခြင်း ဖြစ်သည်။ အကျဉ်းထောင်လက်စွဲ ဥပဒေအရ ထောင်များမှာ မြို့တွင်း သုံးမိုင်ပတ်လည် အကွာအဝေး တွင်ရှိရမည်ဖြစ်ပြီး လူနေထူထပ် သည့် နေရာလည်း မဖြစ်ရဟု ပါဝင်သည်။

‘‘ပဲခူးထောင်က အသေးဆုံး ထောင်လေးပဲ။ အခုပဲခူးက တိုင်း ဒေသကြီးအဆင့် ဖြစ်သွားတော့ (က) အဆင့် ထောင်ကိုတည် ဆောက်တာပေါ့။ သူက အင်းစိန် ထောင်နဲ့ သက်တမ်းအတူတူ လောက်ပဲ။ မူလရဲအချုပ်ကလေး ကို ထောင်အဖြစ်ဖွင့်ခဲ့တာ။ အခု လို အသစ်ဆောက်တာကောင်း ပါတယ်’’ဟု အငြိမ်းစားထောင်မှူး ကြီး ဦးခင်မောင်မြင့်က ပြောကြား သည်။ အဆိုပါ အကျဉ်းထောင်အသစ်ကို သုံးနှစ်စီမံကိန်းဖြင့် တည် ဆောက်မည်ဖြစ်ပြီး အကျဉ်း ထောင်ဆောက်လုပ်ရန် မြေနေ ရာပြုပြင်ခြင်းနှင့် တည်ဆောက် ရေးလုပ်ငန်းအတွက် လုပ်ကိုင်လို သူများကို အောက်တိုဘာ ၁၇ ရက်ထုတ် သတင်းစာများတွင် ကြော်ငြာများထည့်သွင်းခဲ့သည်။

မြန်မာနိုင်ငံတွင် အကျဉ်း သား ၅,၀၀၀ ဆံ့သည့် ဗဟို အကျဉ်းထောင်မှာ အင်းစိန် ထောင်နှင့် မန္တလေးအိုးဘိုထောင် တို့ဖြစ်ကြပြီး အကျဉ်းထောင် စုစုပေါင်း ၄၁ ခုရှိကြောင်း ပြည်ထဲရေးမှ သတင်းရရှိသည်။

လက်ရှိ အကျဉ်းထောင်အားလုံးနီးပါးမှာ သတ်မှတ်ထား သည့် အကျဉ်းသားဦးရေထက် ကျော်လွန်လက်ခံနေရပြီး အင်းစိန်အကျဉ်းထောင်ဆိုလျှင် အကျဉ်းသားဦးရေ တစ်သောင်းနီးပါး လက်ခံနေရကြောင်း သတင်းရရှိသည်။

အကျဉ်းထောင်များအပြင် ရဲဘက် စခန်းများကို ၁၉၇၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး စခန်းပေါင်း ၈၀ ကျော်အနက် ၂၀၀၄ ခုနှစ်၌ ၃၆ ခုကို ပိတ်ပစ်ခဲ့ ကြောင်း ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက အောက်တိုဘာ ၁၄ ရက်တွင်လွှတ်တော်၌ ပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment