Monday, 20 October 2014

Royal ဧည့်ရိပ်သာအတွင်းအမေရိကန်နိုင်ငံသားတစ်ဦး အမျိုးမည်မသိရောဂါကြောင့် ထူးဆန်းစွာ သေဆုံး


မန္တလေးမြို့ အောင်မြေ သာစံမြို့နယ် ပြည်ကြီး
ကျက် သရေအနောက်ရပ်ကွက်ရှိRoyal Guest
House တွင် ယခုလ ၁၆ ရက် နံနက် ၉ နာရီခွဲ
က အမေရိကန်နိုင်ငံ သားတစ်ဦးသေ
ဆုံးနေကြောင်း သတင်းအရ မြို့မရဲစခန်း

အောင်မြေသာစံမှ ဒုရဲအုပ် ထွန်းဇော်နှင့်မန္တလေးတိုင်းဒေသ ကြီးမှ ရဲအုပ်ဇော်မြင့်ဦးနှင့်အဖွဲ့ သည် သွားရောက်စစ်ဆေး ရာတွင် သေဆုံးသူအမေရိကန်နိုင်ငံသားမှာ Mr.Che Snut Releje အသက်(၇၇)နှစ် ဖြစ်ကြောင်းသိရသည်။

ဟိုတယ်မန်နေဂျာဦးသန်းမြတ်သူ၏ ပြောပြချက်အရ အဆိုပါအမေရိကန်နိုင်ငံသားသည် စက်တင်ဘာ ၂၈ ရက်မှစ၍ အခန်းအမှတ်(၁ဝ၁)တွင် တည်းခိုနေထိုင်သူဖြစ်ကြောင်း၊ ၄င်းသည် ယခုလ ၁၅ရက် နံနက်ပိုင်းမှစ၍ ဝမ်းပျက်ဝမ်းလျှောရောဂါခံစားနေရကြောင်း၊ ယခုလ ၁၆ရက် နံနက် ၁နာရီတွင် အဆိုပါ အမေရိကန်နိုင်ငံသားသည် ဧည့်ခန်းမဆောင်တွင်လဲနေကြောင်း CCTV တွင်တွေ့ရှိရသဖြင့် မြို့မရဲစခန်းအောင်မြေသာစံသို့ဖုန်းဆက်အကြောင်းကြားခြင်းဖြစ်ကြောင်းသိရသဖြင့် အလောင်းကို မန္တလေးဆေးရုံသို့ပို့အပ်လျက် မြို့မရဲစခန်း(အောင်မြေသာစံ)က သေမှု သေခင်းအမှတ်စဉ် ၁၁/၂ဝ၁၄ ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရသည်။

မကြောသေးမီကကလည်း ည်မသိရောဂါ ခံစားနေရသည့် နိုင်ငံခြားသားများ လေဆိပ်မှ ထွက်ပြေးသွားကြောင်း တွေ့ ရှိက အကြောင်းကြာပါရန်ဆိုသည့် စာမျိုးထုတ်ပြန်ခဲ့သည်၊
ယခုအမေရိကန်နိုင်ငံသား ဆေးရုံပင် မရောက် သေဆုံးသည်ကို တွေ့ ရသည်မှာ အလွန်ထူးဆန်းပြီး အာဏာပိုင်များဘက်မှ ပြည်သူကို မည်သည့်ရောဂါဖြင့် သေဆုံးကြောင့် အတိလင်း ဖေါ်ပြသင့်ပါသည်။

The Union Daily

No comments:

Post a Comment