Thursday, 16 October 2014

Season Hotal ဟိုတယ်တွင် မီးလောင်မှုဖြစ်

ရန်ကုန်၊ အောက်တိုဘာ ၁၆


၁၆.၁၀.၂၀၁၄ရက်နေ့ ၁၆၄၅အချိန် မင်္ဂလာဒုံမြို့နယ်၊ အနန်းပင်ရပ်ကွက်၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှေ့ရှိ Season Hotal အခန်းအမှတ် ၂၂၈တွင် မီးလောင်မှု ဖြစ်ပွားကြောင်း သိရှိရပါသည်။

မီးလောင်ရာသို့ မီးသတ်ယာဉ်(၁၀)စီး၊ အုပ်ချုပ်မှုယာဉ် (၂)စီးတို့ မီးငြှိမ်းသတ်ခဲ့ရာ ၁၆၅၅အချိန်တွင် မီးငြိမ်းသွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် တာဝန်ရှိ သူများ ရောက်ရှိ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice




No comments:

Post a Comment